← Chapters

အခန်း ၂၈၅

Vol. 29 Ch. 285

အခန်း ၂၈၅

Vol. 29 Ch. 285

အခန်း (၂၈၅) မရဏကိုးထပ် နတ်ဆိုးသတ်ဖြတ်ခြင်း တေးသွား

နန်ကုန်းယွီ၏ အမူအရာကို မြင်ချိန်တွင် အကြီးအကဲ ချင်၏ မျက်နှာက ပြောင်းလဲသွားပြီး သူ၏ အမူအရာက ပို၍ ရှုပ်ထွေးလာသည်။

"မိတ်ဆွေက ဘယ်အဖွဲ့အစည်းက လာတာလဲဆိုတာ မေးခွင့်ပြုပါ..."

နန်ကုန်းယွီက လှောင်ပြုံးပြုံးလိုက်သည်။

"ဒီအကြောင်းကို လွယ်လွယ်ကူကူ မပြောဖို့ ငါ့ဆရာက တားမြစ်ထားတယ် ဒါပေမဲ့ မင်းတို့ရဲ့ သန့်စင်သောကြာပန်း ဂိုဏ်းက ရန်စဖို့ တတ်နိုင်တဲ့ အရာတော့ လုံးဝ မဟုတ်ဘူးလို့ ငါထင်တယ်..."

"မင်း!"

အကြီးအကဲ ချင်၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်

"ငါတို့ သန့်စင်သောကြာပန်း ဂိုဏ်းက တာအို ဝင်ရောက်ခြင်း အဆင့် ကျွမ်းကျင်သူ နှစ်ယောက် စောင့်ကြပ်နေတဲ့ ပထမတန်းစား အင်အားစုတစ်ခုပဲ …စံအိမ်ဆိုတဲ့ နာမည်နဲ့ ထိပ်တန်းအင်အားစုတစ်ခု ရှိတယ်ဆိုတာကို ငါ တစ်ခါမှ လုံးဝ မကြားဖူးပါဘူး..."

"ဟား ဟား..."

နန်ကုန်းယွီက ရယ်မောလိုက်ပြီး လှောင်ပြောင်လိုက်သည်။

"အဲဒါက မင်း အသိပညာနည်းလို့ပဲလေ သေချာတာပေါ့…ငါ သခင်လေး ပါဝင်တဲ့ အဖွဲ့အစည်းက လောကကြီးထဲမှာ ပေါ်လာခဲတယ်လေ…ဒါကြောင့် မင်းလို အဆင့်နိမ့် ကျင့်ကြံသူတစ်ယောက်က မသိတာ ပုံမှန်ပါပဲ..."

"ငါ..."

အကြီးအကဲ ချင်က စကားပြောရန် ပါးစပ်ဟလိုက်သော်လည်း မည်သို့ ပြန်လည်ချေပရမည်ကို မသိခဲ့ပေ။

အကြီးအကဲ ချင်၏ စိတ်ထဲတွင် အတွေးများ လျင်မြန်စွာ ပြေးလွှားသွားသည်။ သူက ကျောက်ခွမ်းနှင့် အခြားသူများကို တစ်ချက်ကြည့်လိုက်ပြီးနောက် ရှန်ကွမ်ယွဲ့ရှီးဘေးရှိ မိန်းကလေးငယ်ကို ကြည့်လိုက်သည်။

ထို့နောက် သူက ချက်ချင်း စကားပြောလာသည်။

"ဒီမှာ... တာအိုမိတ်ဆွေ…ငါ့တပည့်တွေက လူမှားသွားတာ ဖြစ်ပုံရတယ် ငါတို့က တိုက်ခိုက်ရင်းနဲ့ ရင်းနှီးသွားကြပြီပဲ ပြဿနာတွေကို ကြီးထွားလာခွင့်ပေးတာထက် ဖြေရှင်းလိုက်တာက ပိုကောင်းပါတယ် ငါတို့ ထွက်သွားလို့ရမလား..."

ယင်းအင်အားစုက အစစ်အမှန်ဖြစ်စေ၊ အတုအယောင်ဖြစ်စေ နတ်ဆိုးဖြစ်သည်ဟု သံသယရှိရသော မိန်းကလေးငယ်တစ်ဦးကြောင့် အစွမ်းထက်သည့် အင်အားစုတစ်ခုကို ရန်စမိမည်ဆိုပါက ယင်းက ဆုံးရှုံးရမည့် အခြေအနေသာ ဖြစ်ပေလိမ့်မည်။

ထိုသို့ပြောရင်း သူက ကျောက်ခွမ်းနှင့် အခြားသူများဘက်သို့ လှည့်ကာ ဆူပူလိုက်သည်။

း"ဟွန့် ဒီကောင်မလေးက နတ်ဆိုးမျိုးနွယ်နဲ့ ဆက်နွှယ်နေတယ်ဆိုတာ လုံးဝ သေချာမှုမရှိဘဲနဲ့ မင်းတို့က လူတွေကို မဆင်မခြင် ဖမ်းဆီးပြီး ပြဿနာရှာတယ် ငါတို့ ပြန်ရောက်တဲ့အခါ မင်းတို့ကို အပြစ်ပေးရမယ်..."

ကျောက်ခွမ်းနှင့် အခြားသူများမှာ အံ့အားသင့်သွားကြသည်။

"ဒါကို အကြီးအကဲ အမိန့်ပေးခဲ့တာ မဟုတ်ဘူးလား..."

သူတို့က ရှင်းပြလို၍ မော့ကြည့်လိုက်သော်လည်း အကြီးအကဲ ချင်၏ အေးစက်စူးရှသော အကြည့်ကို ခံစားလိုက်ရသဖြင့် ပါးစပ်ပိတ်နေရုံမှလွဲ၍ ရွေးချယ်စရာ လုံးဝ မရှိခဲ့ပေ။

သူတို့သာ အပြစ်ကို ခံယူသင့်သည်။

အကြီးအကဲ ချင်က ခေါင်းလှည့်လိုက်ချိန်တွင် နန်ကုန်းယွီ၏ အဓိပ္ပာယ်ဖော်ရခက်သော အပြုံးနှင့်သာ ဆုံတွေ့လိုက်ရသည်။

သူ စကားပြောရန် ပြင်လိုက်ချိန်တွင် နန်ကုန်းယွီ၏ မျက်နှာက အေးစက်သွားသည်ကို မြင်လိုက်ရသည်။

"ဒီမှာ... အဘိုးကြီးစုတ် မင်းက အရှက်မရှိတာပဲ တကယ်လို့ မင်းက ငါ့ကို နိုင်မယ်ဆိုရင် ပုရွက်ဆိတ်လို့ ခေါ်တယ်…မနိုင်တော့ဘူးဆိုတော့ တာအိုမိတ်ဆွေလို့ ခေါ်ပြန်တယ် မင်း မရှက်ဘူးလား..."

"မင်း!"

အကြီးအကဲ ချင်၏ အမူအရာက တောင့်တင်းသွားပြီး သူ၏ မျက်လုံးများထဲတွင် မှိုင်းညို့သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသော်လည်း သူက အတင်းအကျပ် ပြုံးကာ ပြောလိုက်သည်။

"တာအိုမိတ်ဆွေ၊ ဒီလောက်ထိ မျက်နှာမထောက်တာတော့ မလွန်ဘူးလား။”

နန်ကုန်းယွီက နှုတ်ခမ်းကို ကွေးကာ လှောင်ပြုံးပြုံးလိုက်သည်။

"မျက်နှာ ဟုတ်လား မင်းမှာ မျက်နှာ လုံးဝ မရှိဘူး ခုနကတင် ငါ့ ကို ပုရွက်ဆိတ်လို့ ခေါ်ပြီး တိုက်ခိုက်ချင်နေခဲ့တာ အခုကျတော့ ငါ့ဆီက မျက်နှာသာ ပေးတာကို လိုချင်နေတယ်ပေါ့ မင်းက ဘယ်လိုလုပ် ဒီလောက်တောင် အရှက်မရှိနိုင်ရတာလဲ..."

"မင်း!"

အကြီးအကဲ ချင်မှာ ဒေါသထွက်သွားပြီး သူ၏မျက်နှာက အနည်းငယ် နီရဲသွားကာ နန်ကုန်းယွီကို အေးစက်စွာ ကြည့်လိုက်သည်။

"ကောင်လေး ငါက သန့်စင်သောကြာပန်း ဂိုဏ်းရဲ့ သတ္တမမြောက် အကြီးအကဲဖြစ်ပြီး ငါ့ရဲ့ အဘိုးကဆိုရင် ဘိုးဘေးတွေထဲက တစ်ယောက်ပဲ မင်းက ဒီနတ်ဆိုးအတွက် သန့်စင်သောကြာပန်း ဂိုဏ်းနဲ့ ဆက်ဆံရေးကို တကယ်ပဲ ဖြတ်တောက်တော့မှာလား..."

"ဟုတ်တော့ရော ဘာဖြစ်လဲ မဟုတ်တော့ရော ဘာဖြစ်လဲ..."

နန်ကုန်းယွီက အေးစက်စွာ ပြောလိုက်သည်။

"ဒီထဲက ဘယ်သူက တကယ့်နတ်ဆိုးလဲဆိုတာကို သိချင်တယ်လို့ ခုနက ငါပြောခဲ့တယ် မဟုတ်ဘူးလား..."

"မင်း... မင်း ဘာလုပ်ချင်လို့လဲ!"

အကြီးအကဲ ချင်၏ မျက်နှာက ခက်ထန်နေပြီး လူတစ်ယောက်ကို အရှင်လတ်လတ် ဝါးမျိုချင်နေသည့်အလား သူ၏ မျက်လုံးများထဲတွင် အေးစက်သော အလင်းတန်းတစ်ခု လက်ဖြာသွားသည်။

သို့သော် ယခု အခြေအနေက သူ့အတွက် ဆန့်ကျင်ဘက်ဖြစ်နေပြီး သူ၏ အသက်က ထိုလူလက်ထဲတွင် ရှိနေချိန်တွင် သူ ဘာလုပ်နိုင်မည်နည်း။

သို့ရာတွင် သူတို့၏ လျှို့ဝှက်ဖုံးကွယ်ခြင်း နည်းလမ်းကို တစ်ဖက်လူက ဖော်ထုတ်နိုင်မည့် နည်းလမ်း လုံးဝ မရှိနိုင်ဟု သူ ယုံကြည်ထားသည်။

နန်ကုန်းယွီက လှောင်ပြုံးပြုံးလိုက်သည်။

"ငါ့မှာ ဆုံးဖြတ်နိုင်တဲ့ ကိုယ်ပိုင်နည်းလမ်း ရှိတယ် ပြီးတော့ နတ်ဆိုးကို သေချာပေါက် ပုံစံအမှန် ပေါ်လာစေရမယ် မင်းတို့ရဲ့ ခွေးမျက်လုံးတွေကို ဖွင့်ပြီး သေချာကြည့်ထားတာ ပိုကောင်းမယ်..."

"တကယ်လို့ မင်းတို့ကသာ တကယ့်နတ်ဆိုးတွေ ဖြစ်နေမယ်ဆိုရင် သနားညှာတာမှု မရှိဘူးဆိုပြီး ငါ့ကို အပြစ်မတင်နဲ့..."

ထိုသို့ပြောပြီးနောက် နန်ကုန်းယွီ၏ အမူအရာက အေးစက်သွားပြီး သူ၏ လက်ကောက်ဝတ်ကို လှည့်လိုက်ရာ ကုချင်းတစ်လက်က သူ၏လက်ထဲတွင် ပေါ်လာသည်။

ယင်းကုချင်းက အလွန်ရှေးကျဟန်ရှိပြီး အပေါ်တွင် မှေးမှိန်သော လျှို့ဝှက်ဆန်းကြယ်သည့် ကမ္ပည်းစာများ စီးဆင်းနေသော်လည်း ထိုမျှသာ ဖြစ်သည်။

ယင်းက သာမန် ကုချင်းတစ်ခုနှင့် လုံးဝ တူညီနေသည်။

သို့သော် ဤအချိန်တွင် နန်ကုန်းယွီ ထုတ်ယူလာနိုင်သည့်အရာက သာမန်ကုချင်းတစ်ခု လုံးဝ မဖြစ်နိုင်ချေ။

အကြီးအကဲ ချင်ပင် ယင်းကို ယုံကြည်မည် မဟုတ်ပေ။

သူထင်သည်က မှန်ကန်ပေသည်။ နန်ကုန်းယွီ၏ လက်ထဲရှိ ကုချင်းမှာ အလယ်အလတ်အဆင့် သန့်စင်သော ရတနာ လမင်းကြည်လင် ကုချင်းအဖြစ် အမှန်တကယ် သန့်စင်ဖန်တီးထားခြင်း ဖြစ်သည်။

အလယ်အလတ်အဆင့် သန့်စင်သော ရတနာတစ်ခု... အကယ်၍ ဂီတစွမ်းရည်များနှင့်အတူ တိုက်ပွဲတွင် အသုံးပြုမည်ဆိုပါက စွမ်းအားကို မှန်းဆကြည့်၍ ရနိုင်ပေသည်။

ဤအခိုက်အတန့်တွင် အကြီးအကဲ ချင်ကလည်း ဤကောင်လေးက ကုချင်းတစ်လက်ဖြင့် ဘာလုပ်မည်ကို အလွန် သိချင်နေသည်။

သို့သော် သူ၏ သိချင်စိတ်ရှိနေသော်ငြား မသက်မသာဖြစ်မှုနှင့် စိုးရိမ်ပူပန်မှု တစ်ချက်ကိုတော့ သူ ခံစားနေရသည်။

အကြီးအကဲ ချင်၏ အမူအရာက အနည်းငယ် ဆိုးရွားသွားသည်။

‘ဤကောင်လေးက တကယ်ပဲ တစ်ခုခုကို မြင်နိုင်စွမ်း ရှိနေတာများလား။’

ထိုအချိန်တွင် နန်ကုန်းယွီက မိန်းကလေးငယ်ဘက်သို့ လှည့်ကြည့်လိုက်သည်။

"ကောင်မလေး လိမ္မာတယ်နော် မင်းရဲ့ နာမည်ကို ရှင်းလင်းပေးပြီး လူဆိုးတွေကို အပြစ်ပေးဖို့ လုပ် ပေးမယ်..."

ထိုသို့ပြောပြီးနောက် သူက အခြားအရာအားလုံးကို လျစ်လျူရှုထားလိုက်ပြီး လေပြေညင်းတစ်ခုအပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ ကုချင်းကို တီးခတ်လိုက်သည်။

"ကလန်..."

ကုချင်းဆီမှ တေးသွားတစ်ခု ထွက်ပေါ်လာပြီး အဝေးသို့ ပျံ့လွင့်သွားကာ မိုင်ပေါင်းများစွာ အကွာအဝေးရှိ ပတ်ဝန်းကျင်ကို ချက်ချင်း တိတ်ဆိတ်သွားစေသည်။ အချို့လူများက အံ့အားသင့်နေပုံရသော်လည်း အချို့ကတော့ နားမလည်နိုင် ဖြစ်နေကြသည်။

"ကလန်!"

မကြာမီမှာပင် ကုချင်း၏ ဒုတိယမြောက် အသံထွက်ပေါ်လာရာ အချို့လူများ၏ အမူအရာများကို အနည်းငယ် ပြောင်းလဲသွားစေပြီး သူတို့၏ နှလုံးသားထဲသို့ ကြောက်ရွံ့မှုနှင့် မသက်မသာဖြစ်မှုများ ဝင်ရောက်လာစေသည်။

"ကလန်! ကလန်! ကလန်!"

တေးဂီတက ဆက်လက်ထွက်ပေါ်နေပြီး ယခု ချိန်တွင် သူတို့၏ မသက်မသာဖြစ်မှုက မည်သည့်နေရာမှ လာသည်ကို ထိုလူများက နောက်ဆုံးတွင် နားလည်သွားကြသည်။

ထိုတေးဂီတက အလွန်အစွမ်းထက်လှရာ မိစ္ဆာချီနှင့် တိုက်ရိုက်ပဲ့တင်ထပ်နိုင်ပြီး ယင်းကို လှုံ့ဆော်မှု ဖြစ်ပေါ်စေသည်။ ထိုမိစ္ဆာကျင့်စဉ်က သူတို့၏ ဝိညာဉ်စွမ်းအင်များထဲတွင် မိစ္ဆာချီ အရိပ်အယောင်များ ပါဝင်နေသော ကျင့်ကြံသူများ၏ ကျင့်ကြံမှုကို တုန်လှုပ်ကာ မတည်မငြိမ် ဖြစ်သွားစေသည်။

နန်ကုန်းယွီ၏ အထူးဂရုစိုက်မှုကို ခံနေရသော အကြီးအကဲ ချင်နှင့် အခြားသူများ၏ မျက်နှာအမူအရာများ လုံးဝ ပြောင်းလဲသွားကြသည်။

ထို့အပြင် တေးဂီတမှ တုန်ခါမှုများကြောင့် သူတို့အတွင်း၌ သေချာစွာ ဖုံးကွယ်၍ ဖိနှိပ်ထားသော မိစ္ဆာချီများက အပေါ်ယံသို့ ပေါ်ထွက်လာပြီး သူတို့ကို ဆိုးယုတ်သော မိစ္ဆာပုံစံ ပေါက်သွားစေသည်။

"မင်း ဘာလုပ်နေတာလဲ ရပ်လိုက်စမ်း!"

ကျောက်ခွမ်း၏ အမူအရာက အကြီးအကျယ် ပြောင်းလဲသွားပြီး သူက မနေနိုင်ဘဲ ဟစ်အော်လိုက်သည်။

ကုချင်းသံနှင့် ရောနှောနေသော သူ၏အသံက လူအုပ်ကြီး၏ နားထဲသို့ ရောက်ရှိသွားချိန်တွင် ဘာဖြစ်နေသည်ကို သူတို့ သဘောပေါက်သွားကြသည်။

သူတို့က မိစ္ဆာချီများ ထွက်ပေါ်နေသော အကြီးအကဲ ချင်နှင့် အဖွဲ့ဝင် ခုနစ်ဦးကို ကြည့်လိုက်ကြပြီးနောက် မည်သို့မျှ တုံ့ပြန်မှုမရှိသော မိန်းကလေးငယ်ကို တစ်ချက်ကြည့်လိုက်ရာ ဘာဖြစ်နေသည်ကို ချက်ချင်း နားလည်သွားကြသည်။

"ဘုရားရေ! မိစ္ဆာချီလား..."

"ကျစ် တခြားသူတွေကို နတ်ဆိုးတွေလို့ ခေါ်နေတာ တကယ်တော့ သူတို့ကိုယ်တိုင်က နတ်ဆိုးတွေ ဖြစ်နေခဲ့တာကိုး..."

"ဒါက... သူတို့ရဲ့ ကိုယ်တွင်းမှာ မိစ္ဆာချီတွေ ရှိနေပြီး အဲဒါက တေးဂီတကြောင့် တိုက်ရိုက် လှုံ့ဆော်ခံလိုက်ရတာလား..."

"ဘုရားရေ ဒါက ဘယ်လို ကုချင်းတီးခတ်မှု စွမ်းရည်မျိုးလဲ သူတို့က အတော်လေး နာကျင်နေပုံရတယ်လို့ ငါထင်တယ်..."

"နာကျင်ရုံတင် မကဘူး သူတို့ရဲ့ ကျင့်စဉ်အဆင့်တွေ အနည်းငယ် မတည်မငြိမ်ဖြစ်နေပြီး တချို့ဆို ကျဆင်းတောင် ကျဆင်းနေတာကို မမြင်ဘူးလား..."

"တကယ်ကို အံ့မခန်း ကုချင်းစွမ်းရည်ပဲ..."

"..."

လူအုပ်ကြီးက ဆူညံစွာ ဆွေးနွေးနေကြသော်လည်း နန်ကုန်းယွီက သူ၏ လက်များကို ဆက်လက် လှုပ်ရှားနေပြီး မိန်းကလေးငယ်ကို တစ်ဝက်တစ်ပျက် အပြုံးဖြင့် တစ်ချက်ကြည့်လိုက်သည်။

မိန်းကလေးငယ်၏ မျက်လုံးများက အနည်းငယ် တုန်ယင်သွားပြီး သူက သူမကို အတွင်းကျကျ ထိုးထွင်းသိနေသကဲ့သို့ သူမက ခေါင်းငုံ့ထားကာ သူ့ကို ကြည့်ရန် မဝံ့မရဲ ဖြစ်နေသည်။

နန်ကုန်းယွီက ရယ်မောလိုက်ပြီးနောက် အကြီးအကဲ ချင်နှင့် သူ၏ အဖွဲ့ဝင် ခုနစ်ဦးထံသို့ အကြည့်ကို ပြောင်းလိုက်ကာ လှောင်ပြုံးပြုံးလိုက်သည်။

"ဒါက မိစ္ဆာကျင့်စဉ် ကျင့်ကြံထားတဲ့သူတွေ ဒါမှမဟုတ် ကိုယ်တွင်းမှာ မိစ္ဆာချီ ရှိနေတဲ့သူတွေကို အထူးတလည် ပစ်မှတ်ထားဖို့ ဖန်တီးထားတဲ့ မရဏကိုးထပ် နတ်ဆိုးသတ်ဖြတ်ခြင်း တေးသွားပဲ..."

"အခုကြည့်ရတာ တကယ်လို့ မင်းတို့ ခုနစ်ယောက်က နတ်ဆိုးမျိုးနွယ်ဝင်တွေ မဟုတ်ဘူးဆိုရင်တောင် မိစ္ဆာကျင့်စဉ်ကို ကျင့်ကြံထားတဲ့သူတွေ ဖြစ်ပြီး ဆိုးယုတ်ပျက်စီးနေတဲ့ သတ္တဝါတွေပဲ..."

ကျောက်ခွမ်း၏ မျက်နှာက ဒေါသကြောင့် တွန့်လိမ်သွားပြီး သူက ဟစ်အော်လိုက်သည်။

"မင်း... မင်းက အဓိပ္ပာယ်မရှိတာတွေ ပြောနေတာ သေချာပေါက် မင်းပဲ... မင်းက ငါတို့ကို လုပ်ကြံစွပ်စွဲနေတာ မင်း ဘာလို့ မရပ်သေးတာလဲ..."

နန်ကုန်းယွီက လှောင်ပြုံးပြုံးလိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။

"လုပ်ကြံစွပ်စွဲတာ ဟုတ်မဟုတ်ဆိုတာကို မင်းတို့အားလုံး စိတ်ထဲမှာ အမှန်တရားကို သိပါတယ်…”

All Chapters