← Chapters

အခန်း ၂၈၉

Vol. 29 Ch. 289

အခန်း ၂၈၉

Vol. 29 Ch. 289

အခန်း (၂၈၉) ငါ့ကို မျက်နှာသာပေးပါ

"စံအိမ်သခင်လေး..."

သူတို့သုံးဦးသည် အံ့အားသင့်ကာ မသေချာဖြစ်နေကြပြီး စံအိမ်အမည်ကို သုံးသည့် အခြားမည်သည့် ထိပ်တန်းအင်အားစုကိုမျှ ပြန်လည်မစဉ်းစားနိုင်ဘဲ သာလွန်ထူးကဲသော အင်အားစုဆိုလျှင် ပို၍ပင် ဝေးသေးသည်။

မဟုတ်သေးဘူး

ထိုအခိုက်အတန့်တွင် နန်ကုန်းယွီက တစ်ဖန် စကားပြောလာသည်။

"စီနီယာ ထျန်း…ကျေးဇူးပြုပြီး သူတို့ကို သတ်ပြီး ဒီကိစ္စကို မြန်မြန် ဖြေရှင်းလိုက်ပါ..."

ယင်းကို ကြားချိန်တွင် ရှဲ့လင်နှင့် အခြားနှစ်ဦး၏ အမူအရာများ အကြီးအကျယ် ပြောင်းလဲသွားပြီး ဝတ်ရုံနက်ဝတ်လူသားကို တင်းမာသော အမူအရာများဖြင့် ကြည့်လိုက်ကြသည်။

ဝတ်ရုံနက်ဝတ်လူသားက နန်ကုန်းယွီကို အနည်းငယ် ဦးညွှတ်ကာ တိုးညင်းစွာ ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ သခင်လေး..."

ထိုသို့ပြောပြီးနောက် ဝတ်ရုံနက်ဝတ်လူသားက ရှဲ့လင်နှင့် အခြားနှစ်ဦးကို လှည့်ကြည့်လိုက်ရာ သူ၏အေးစက်သော အသံက ပဲ့တင်ထပ်သွားသည်။

"တကယ်လို့ နောက်ဘဝဆိုတာ ရှိခဲ့ရင် မျက်လုံးကို ဖွင့်ထားဖို့ မှတ်ထားပြီး မှားယွင်းတဲ့လူတွေကို ထပ်ပြီး ပြဿနာမရှာနဲ့တော့..."

ထိုသို့ပြောပြီးနောက် သူက လက်ကို ညင်သာစွာ မြှောက်လိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်အတက်အကျတစ်ခုက ထွက်ပေါ်လာသည်။

"လောကနိယာမ စွမ်းအားလား..."

ရှဲ့လင်နှင့် အခြားနှစ်ဦးမှာ ထိတ်လန့်သွားပြီး အလွန်အမင်း ကြောက်ရွံ့သွားကြသည်။

သူတို့၏ ခန့်မှန်းချက်က မှန်ကန်ပေသည်။ ဤသူက တာအို ဝင်ရောက်ခြင်း အဆင့် အထက်ရှိ အစွမ်းထက်သော တည်ရှိမှုတစ်ခု အမှန်တကယ် ဖြစ်ပေသည်။

ထို့အပြင် ဤကြောက်မက်ဖွယ်ကောင်းသော လောကနိယာမ စွမ်းအားကို ကြည့်ခြင်းအားဖြင့် အနည်းဆုံး တာအို ဝင်ရောက်ခြင်း နောက်ပိုင်းအဆင့် ကျွမ်းကျင်သူ (သို့မဟုတ်) တာအိုအရှင်မြတ်အဆင့်က မဟာကျွမ်းကျင်သူတောင် ဖြစ်နိုင်ပေသည်။

ပြီးဆုံးသွားပြီပဲ။

သူတို့သုံးဦးက အသနားခံရန် ကြိုးစားလိုက်သော်လည်း ပြိုင်ဘက်၏ ကြောက်မက်ဖွယ်ကောင်းသော ဖိအားအောက်တွင် စကားပင်မပြောနိုင်ကြောင်း တွေ့ရှိလိုက်ရသည်။ သူတို့၏ အမူအရာများ အကြီးအကျယ် ပြောင်းလဲသွားပြီး ဖြူရော်သွားကြသည်။

သူတို့က ထွက်ပြေးရန် (သို့မဟုတ်) ပြန်လည်ခုခံရန်ဆိုသည်မှာ ဝေးစွ၊ အခြေခံအကျဆုံးဖြစ်သော အသနားခံခြင်းကိုပင် မလုပ်ဆောင်နိုင်ကြပေ။

သူတို့ ဤနေရာတွင်ပင် အသက်ဆုံးရှုံးရတော့မည်လား။

ရှဲ့လင်နှင့် အခြားနှစ်ဦးမှာ သေလူတစ်ယောက်ကဲ့သို့ ဖြူရော်နေပြီး သူတို့၏မျက်နှာများတွင် မျှော်လင့်ချက်မဲ့မှုများ ပြည့်နှက်နေကာ လင်းရှီး မြို့တော်သို့ လာရန် တွေးမိခဲ့ခြင်းအတွက် အလွန်အမင်း နောင်တရနေကြသည်။

သူတို့သုံးဦးက မယုံကြည်နိုင်စွာဖြင့် ထပ်မံကြိုးစားကြည့်သော်လည်း ပြန်လည်ခုခံရန် (သို့မဟုတ်) အသနားခံရန် လုံးဝ မဖြစ်နိုင်သေးကြောင်း တွေ့ရှိလိုက်ရသည်။

တစ်ဖက်လူက သူတို့ကို အသနားခံခွင့် တမင်သက်သက် မပေးဘဲ သူတို့သုံးဦးကို ချက်ချင်း သတ်ပစ်ရန် ရည်ရွယ်ထားပုံရသည်။

ရှဲ့လင်နှင့် အခြားနှစ်ဦးက ယင်းကို သဘောပေါက်ချိန်တွင် မျှော်လင့်ချက်မဲ့မှုကို မဖုံးကွယ်နိုင်တော့ဘဲ သူတို့၏ နှလုံးသားများက ပြာကျသွားကာ မျက်လုံးများကို မှိတ်၍ သေမင်း ရောက်လာမည့်အချိန်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။

ထိုစဉ် သာယာနာပျော်ဖွယ်ကောင်းသော ပလွေသံတစ်ခုက အဝေးမှ ရုတ်တရက် လွင့်ပျံလာပြီး ထိုနေရာရှိ လူတိုင်းကို ငြိမ်းချမ်းသွားစေသော တည်ငြိမ်မှုစွမ်းအားတစ်ခု ပါဝင်နေပုံရသည်။

နန်ကုန်းယွီက မျက်လုံးများကို အနည်းငယ် ကျဉ်းလိုက်ပြီး အဝေးသို့ မော့ကြည့်လိုက်သည်။

ယင်းကို မြင်ချိန်တွင် အားလုံးက ပလွေသံလာရာဘက်သို့ ကြည့်လိုက်ကြရာ ဟင်းလင်းပြင်ကို ဖြတ်သန်းပြီး တစ်လှမ်းချင်း လျှောက်လှမ်းလာသော ရွှေချည်ထိုးဝတ်ရုံ ဝတ်ဆင်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကို မြင်လိုက်ရသည်။

သူ၏မျက်နှာတွင် လေပြေညင်းလေးတစ်ခုအလား နွေးထွေးသော အပြုံးတစ်ခု ရှိနေသော်လည်း လူများကို ကြောက်ရွံ့လေးစားမှု ခံစားရစေသည့် ဩဇာအာဏာ အရိပ်အယောင်တစ်ခုလည်း ပါဝင်နေသည်။

နန်ကုန်းယွီက မျက်လုံးများကို ကျဉ်းလိုက်ပြီးနောက် ဟန်ရေးပြနေသော ရွှေချည်ထိုးဝတ်ရုံနှင့် လူလတ်ပိုင်းကို တစ်ချက်ကြည့်လိုက်ကာ ရှဲ့လင်နှင့် အခြားနှစ်ဦးကို ကြည့်၍ အေးစက်စွာ ပြောလိုက်သည်။

"စီနီယာ ထျန်း သူ့ကို လျစ်လျူရှုထားလိုက် အရင်ဆုံး ဒီသုံးယောက်ကို သတ်လိုက်..."

ယင်းကို ကြားချိန်တွင် လျှို့ဝှက်ဆန်းကြယ်သော ဝတ်ရုံနက်ဝတ်လူသားက သူ၏လက်ထဲတွင် စွမ်းအားများကို ပိုမိုစုစည်းလိုက်ပြီး တာအို တိုက်ခိုက်မှုကို ထုတ်လွှတ်ရန် လက်ကို မြှောက်လိုက်သည်။

ယင်းကို မြင်ချိန်တွင် ရွှေချည်ထိုးဝတ်ရုံနှင့် လူလတ်ပိုင်းအမျိုးသားက ဆက်၍ ဟန်မဆောင်နိုင်တော့ဘဲ အလျင်အမြန် အော်ပြောလိုက်သည်။

"စီနီယာ ကျေးဇူးပြုပြီး သနားညှာတာတဲ့အနေနဲ့ ဒီသုံးယောက်ရဲ့ အသက်ကို ချမ်းသာပေးပါ..."

နန်ကုန်းယွီက ဝတ်ရုံနက်ဝတ်လူသား၏ လှုပ်ရှားမှုများကို တားဆီးရန် လက်ကိုမြှောက်လိုက်ပြီးနောက် ရွှေချည်ထိုးဝတ်ရုံနှင့် လူလတ်ပိုင်းကို ကြည့်လိုက်သည်။

"မင်းက ဘယ်သူလဲ ဘာလို့ ဒီကိစ္စမှာ ဝင်စွက်ဖက်နေတာလဲ..."

သူက ရှဲ့လင်နှင့် အခြားနှစ်ဦးကို အမှန်တကယ် သတ်ပစ်ရန် ရည်ရွယ်မထားခဲ့သော်လည်း သူရောက်လာချိန်တွင် ထိုသူများ၏ မျက်နှာအမူအရာများ လင်းလက်သွားသည်ကို မြင်လိုက်ရသဖြင့် သူ့ကို ပေါ့ပေါ့ပါးပါး မေးခွန်းထုတ်လိုက်ခြင်း ဖြစ်သည်။

သေချာသည်မှာ နောက်ထပ်အကြောင်းရင်းတစ်ခုက ဤလူ ရောက်လာချိန်တွင် မယ်တော့်၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားပုံရပြီး သူမက ထိုလူကို မှတ်မိနေသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပေသည်။

ရွှေချည်ထိုးဝတ်ရုံနှင့် လူလတ်ပိုင်းအမျိုးသားက အနည်းငယ် ဦးညွှတ်ကာ ဖြည်းညင်းစွာ ပြောလိုက်သည်။

"ကျွန်တော့်နာမည်က ဟန်ရှိုးပါ ထျန်းချီ မင်းသားရဲ့ အတိုင်ပင်ခံတွေထဲက တစ်ယောက်ပါ ဒီက စီနီယာ၊ သခင်မလေး ယွဲ့ရှီးနဲ့ တာအိုမိတ်ဆွေတို့ကို တွေ့ဆုံရတာ ဝမ်းသာပါတယ်..."

"ဒီသုံးယောက်က မဟာရှအတွက် အတိုင်းအတာတစ်ခုအထိ အသုံးဝင်သေးပြီး နတ်ဆိုးမျိုးနွယ်ကို ခုခံရာမှာ အသုံးချလို့ရတာမို့ သူတို့ကို ကျေးဇူးပြုပြီး သနားညှာတာမှု ပြသပေးပါ..."

နန်ကုန်းယွီက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

"မိတ်ဆွေကို စိတ်ပျက်စေရတဲ့အတွက် အားနာပါတယ် ဒီသုံးယောက်က ငါနဲ့ ရန်ငြိုးရှိပြီး အမုန်းတရားတွေ အများကြီး ရှိထားတယ် ငါက မကြောက်ပေမယ့် ငါ့မိသားစုနဲ့ သူငယ်ချင်းတွေကိုတော့ ထည့်စဉ်းစားရဦးမယ် သူတို့ကို အသက်ရှင်ခွင့်ပေးလို့ မရနိုင်ဘူးထင်တယ်..."

ယင်းကို ကြားချိန်တွင် ရှဲ့လင်နှင့် အခြားနှစ်ဦးက ခေါင်းများကို အသည်းအသန် ခါယမ်းလိုက်ကြပြီး သူတို့၏မျက်လုံးများထဲတွင် အသနားခံမှုများ ပြည့်နှက်နေသည်။

ယနေ့ဖြစ်ပျက်ခဲ့သည့် ကိစ္စများအပြီးတွင် ဤနတ်ဆိုးကို ရန်စရန်ဆိုသည်မှာ ဝေးစွ။

လင်းရှီး မြို့တော်ထဲသို့ နောက်ထပ်ခြေချရန် သူတို့ မည်သို့ ရဲဝံ့တော့မည်နည်း။

သူတို့က အပြစ်ကင်းကြပါတယ်။

ဟန်ရှိုးက သူတို့သုံးဦးကို တစ်ချက်ကြည့်လိုက်ပြီးနောက် နန်ကုန်းယွီကို ကြည့်ကာ အနည်းငယ် ပြုံးလိုက်သည်။

"တာအိုမိတ်ဆွေက အလွန်အကျွံ တွေးနေတာပါ ဒီနေ့ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေအပြီးမှာ သူတို့ နောက်တစ်ကြိမ် လုပ်ရဲတဲ့ သတ္တိ သေချာပေါက် ရှိတော့မှာ မဟုတ်ပါဘူး..."

"ဒါ့အပြင် ကျွန်တော့်ရဲ့ အာမခံချက်နဲ့ဆို သူတို့က နောက်ထပ် ပြဿနာထပ်ရှာရဲမှာ သေချာပေါက် မဟုတ်ပါဘူး ဒါကြောင့် အဲဒီကိစ္စအတွက် တာအိုမိတ်ဆွေ စိတ်ချလို့ရပါတယ်..."

အားလုံး မျှော်လင့်မထားစွာပင် ယင်းကို ကြားချိန်တွင် နန်ကုန်းယွီက မနေနိုင်ဘဲ အဓိပ္ပာယ်ပါပါ ပြုံးလိုက်သည်။

"စိတ်ချရမယ် ဟုတ်လား မိတ်ဆွေက နောက်နေတာလား..."

"ငါသိသလောက်တော့ သန့်စင်သောကြာပန်း ဂိုဏ်းက ထျန်းချီ မင်းသားထက် အားနည်းပုံမရဘူး မဟုတ်ဘူးလား ပြီးတော့ မင်းက ထျန်းချီ မင်းသားရဲ့ အတိုင်ပင်ခံတစ်ယောက်မျှသာပဲ မင်းရဲ့ အာမခံချက်က တကယ် အလုပ်ဖြစ်ပါ့မလား..."

"သူတို့က မင်းစကားကို နားထောင်မလား၊ ပြီးတော့ သူတို့ တကယ်ပဲ လုပ်ရဲမလားဆိုတာကို ဖယ်ထားလိုက်ဦး မင်းလို မဟာသူတော်စင် နောက်ပိုင်းအဆင့် ခွန်အားရှိတဲ့ ကျင့်ကြံသူတစ်ယောက်က ဘယ်လိုလုပ်ပြီး အဲဒီလိုပြောဖို့ ဒီလောက်တောင် ယုံကြည်မှုရှိနေရတာလဲ..."

ယင်းကို ကြားချိန်တွင် ဟန်ရှိုး၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး ဒေါသထွက်သွားသော်လည်း လျှို့ဝှက်ဆန်းကြယ်သော ဝတ်ရုံနက်ဝတ်လူသားကို ကြည့်လိုက်ပြီးနောက် သူက အလျင်အမြန် တည်ငြိမ်သွားသည်။

သူက ရှန်ကွမ်ယွဲ့ရှီးကို ကြည့်ကာ ရယ်မောလိုက်သည်။

"မင်းသားရဲ့ အတိုင်ပင်ခံတစ်ယောက်အနေနဲ့ ဒီလိုပြောဖို့ သဘာဝကျကျ ယုံကြည်မှုရှိပါတယ် သခင်မလေး ယွဲ့ရှီးက မင်းသားရဲ့ မြေးဖြစ်တဲ့အတွက် ဒီအမှန်တရားကို သဘာဝကျကျ သိပါတယ်..."

ယင်းကို ကြားချိန်တွင် ရှန်ကွမ်ယွဲ့ရှီးက နန်ကုန်းယွီ၏ လက်မောင်းကို ညင်သာစွာ ဆွဲလိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။

"ယွီအာ သူက မင်းရဲ့ ဘိုးဘေးတော်ရဲ့ အတိုင်ပင်ခံပါ မယ်တော်က သူ့ကို မင်းသား စံအိမ်မှာ အရင်က တွေ့ဖူးတယ် မင်း သူ့ကို နည်းနည်းလောက် ယုံကြည်ဖို့ ကြိုးစားကြည့်လို့ရပါတယ်..."

နန်ကုန်းယွီက သူမကို လှည့်ကြည့်လိုက်သည်။ သားအမိနှစ်ယောက်ဖြစ်သည့်အတွက် သူတို့၏ နားလည်မှုက သဘာဝကျကျ မေးခွန်းထုတ်စရာ မလိုဘဲ နန်ကုန်းယွီက သူမ၏ ဆိုလိုရင်းကို အလွယ်တကူ နားလည်သွားသည်။

ရွှမ်ယွမ်ကျင်းရွှီကို မျက်နှာသာ ပေးလိုက်ပါ။

နန်ကုန်းယွီက အနည်းငယ် ခေါင်းညိတ်လိုက်ပြီးနောက် ဟန်ရှိုးကို ကြည့်ကာ ပြောလိုက်သည်။

"ကောင်းပြီ ငါ့မယ်တော် ဝင်ပြောပေးတဲ့အတွက် မင်း သူတို့ကို ခေါ်သွားလို့ရပြီ..."

ယင်းကို ကြားချိန်တွင် ဟန်ရှိုး၏ အမူအရာတွင် အနည်းငယ် အံ့အားသင့်မှု ပေါ်လာသည်။ ဤလူငယ်လေးက တကယ်ပဲ ရှန်ကွမ်ယွဲ့ရှီး၏ သားလား။

‘ဒါဆို မင်းသားရဲ့ မြစ်တော်စပ်တာပေါ့။’

သူ မျှော်လင့်မထားစွာပင် နန်ကုန်းယွီ စကားပြောပြီးသည်နှင့် ဝတ်ရုံနက်ဝတ်လူသားက စကားတစ်ခွန်းမျှ မဆိုဘဲ အစကတည်းက လုံးဝ မရှိခဲ့သည့်အလား ပျောက်ကွယ်သွားသည်။

ဒါက...

ဒီလူငယ်လေးရဲ့ နောက်ခံက ဘာလဲ။

ဒါမှမဟုတ် သူ့နောက်ကွယ်က အင်အားစုက ဘယ်သူလဲ။

တာအိုအဆင့် ကျွမ်းကျင်သူတစ်ဦးက စောင့်ကြပ်ပေးဖို့နှင့် သူ့ရဲ့ခံစားချက်တွေကို ဤကဲ့သို့ ဂရုစိုက်ပေးပြီး အမိန့်နာခံတဲ့အထိ ဖြစ်နေတာကြောင့် ဤလူငယ်လေးက ထိုအဖွဲ့အစည်းမှာ အလွန်အရေးပါတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ရမယ် မဟုတ်လား။

ဟန်ရှိုးက အံ့အားသင့်နေသော်လည်း သူ၏ခရီးစဉ် ရည်ရွယ်ချက်ကို မမေ့ဘဲ အလျင်အမြန် လက်ယှက်ကာ ကျေးဇူးတင်လိုက်သည်။

"ကျေးဇူးတင်ပါတယ် သခင်မလေး ယွဲ့ရှီး သခင်လေးကိုလည်း အရမ်း ကျေးဇူးတင်ပါတယ်..."

နန်ကုန်းယွီနှင့် ရှန်ကွမ်ယွဲ့ရှီးတို့ကြားရှိ ဆက်ဆံရေးကို သိရှိသွားပြီးနောက် သူက တာအိုမိတ်ဆွေဟု မခေါ်တော့ဘဲ အခြားအမည်နာမတစ်ခုကို ပြောင်းလဲအသုံးပြုလိုက်သည်။

တစ်ချိန်တည်းမှာပင် လျှို့ဝှက်ဆန်းကြယ်သော ဝတ်ရုံနက်ဝတ်လူသား ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရချိန်တွင် ရှဲ့လင်နှင့် သူမ၏အဖော်နှစ်ဦးအပေါ် ကျရောက်နေသော ဖိအားက ချက်ချင်း ပျောက်ကွယ်သွားပြီး သူတို့၏ လှုပ်ရှားနိုင်စွမ်းကို ပြန်လည်ရရှိကာ အလျင်အမြန် ထရပ်လိုက်ကြသည်။

သူတို့က နန်ကုန်းယွီကို ရှုပ်ထွေးသော အကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် လက်ယှက်ကာ ကျေးဇူးတင်လိုက်သည်။

"သနားညှာတာမှုအတွက် ကျေးဇူးတင်ပါတယ် ကျွန်တော်တို့ သုံးယောက်က လင်းရှီး မြို့တော်ကို နောက်ဘယ်တော့မှ ခြေချမှာ မဟုတ်သလို ဘယ်လို မဆင်မခြင် အလုပ်မျိုးကိုမှ လုပ်မှာ မဟုတ်ဘူးလို့ ဒီနေရာမှာ ကတိပေးပါတယ်..."

နန်ကုန်းယွီက သူတို့ကို တစ်ချက်ကြည့်လိုက်ရာ သူ၏နှုတ်ခမ်းများပေါ်တွင် အပြုံးဖျော့ဖျော့တစ်ခု ရှိနေသော်လည်း သူ၏စကားများက အတော်လေး အေးစက်နေသည်။

All Chapters