အခန်း ၂၅၂
Vol. 11 Ch. 252
Chapter 252
အမတ်ကတော် သွေးအန်မိမတတ်ပင်။သူမ ခန္ဓာကိုယ်က တုန်ယင်လာပြီး ရှောင်ကျီရွှမ်းကို စိုက်ကြည့်လိုက်တယ်။ဒါပေါ့ သူမရဲ့ အစေခံတွေ ဘာလုပ်ခဲ့လဲဆိုတာ သူမ သိတယ်လေ။သူမက စိတ်မဝင်စားခဲ့ရုံပဲ။အဲ့ဒီမိန်းကလေးတွေက ပစ္စည်းတွေအများကြီး မယူသွားလောက်ဘူးလို့ သူမ ယုံကြည်ခဲ့တာ။ဒါပေမယ့် ဘယ်သူသိမှာလဲ သူတို့တွေက ဒီလိုမျိုး ဂရုမစိုက်ဘဲနဲ့ အမှားတွေ လုပ်ခဲ့တယ်လေ။
သူမက အစတုန်းကတော့ ရှောင်ကျီရွှမ်းက ဒီကိစ္စကို သူမရှေ့မှာ ရန်မလုပ်ရဲဘဲ ဒီအတိုင်း ကျော်သွားလိမ့်မည်ဟု ထင်ခဲ့သည်။ရှောင်ကျီရွှမ်းက အခုချက်ချင်းလာပြီးတော့ ပြဿနာရှာလိမ့်မယ်လို့ ဘယ်သူထင်ထားမှာလဲ၊အထူးသဖြင့် ဒီလိုနည်းလမ်းကို သုံးပြီးတော့လေ။
"သခင်မကြီး သနားပါဦး!ကျွန်မတို့ မလုပ်ပါဘူး"
ဘေးနားက အစေခံအချို့က ဒူးထောက်ပြီးတော့ သနားဖို့တောင်းဆိုကြသည်။ကိစ္စတွေက ဒီလိုမျိုး ဖြစ်လာမယ်ဆိုတာသာ သူတို့သိခဲ့ရင် အဲ့လိုလုပ်ရဲခဲ့မှာ မဟုတ်ဘူး။အခုတော့ သေတဲ့အထိ အရိုက်ခံရတော့မယ်။
သူတို့က အရင်တုန်းက တန်ဖိုးကြီးပစ္စည်းတွေနဲ့ထိတွေ့ဖူးပေမယ့်လည်း သခင်ငယ်လေးရဲ့ ပစ္စည်းတွေကို မြင်တဲ့အခါမှာ ဘာကြောင့်မှန်းမသိ လောဘတက်သွားကြသည်။
ရှောင်ကျီရွှမ်းက ကြမ်းပြင်ပေါ်မှာ ဒူးထောက်နေတဲ့ အစေခံအချို့ကို ကြည့်လိုက်တယ်။အရမ်းကောင်းတယ် ကြည့်ရတာ လူတိုင်းက ဒီနေရာမှာ ရှိနေတဲ့ပုံပဲ။
"သူတို့အားလုံးကို ဆွဲထုတ်ပြီး သေတဲ့အထိ ရိုက်ပစ်လိုက်။ဝင်တားရဲတဲ့ ဘယ်သူမဆို သတ်ပစ်"
ရှောင်ကျီရွှမ်းက အမျိုးသမီးအချို့ကို ရက်စက်စွာ စိုက်ကြည့်လိုက်သည်။သူမရဲ့ သနားစရာကောင်းတဲ့ ကလေးလေးက ဒီလိုအခြေအနေမျိုးဖြစ်သွားရတာ သူတို့အပြစ်ပဲ။
"ဟုတ်ကဲ့ မင်းသမီး"
အမတ်ကတော်က သူတို့ကို တားနိုင်မှာလား?ဘာပဲဖြစ်ဖြစ် အစေခံအချို့က အပြစ်ပေးခံရဖို့ ထိုက်တန်တယ်။ကလေးတစ်ယောက်ရဲ့ ပစ္စည်းတွေကို အလွဲသုံးစားလုပ်ပြီးတော့ ကလေးက အဲ့ဒါကြောင့်ပဲ ဖျားသွားတယ်ဆိုတဲ့ သတင်းသာ ပြန့်သွားရင် လင်းအိမ်တော်အတွက် အရှက်ရစရာ ကိစ္စကြီးပဲ။မိသားစုရဲ့မျက်နှာလည်း ပျက်ရလိမ့်မယ်။
ရှောင်ကျီရွှမ်းက အခြားဘက်ကို အသာလေးပြုံးကာ ကြည့်လိုက်ပြီး
"ဘာလို့လဲ?အမေက ဝင်တားချင်လို့လား"
"ရှောင်ကျီရွှမ်း နင် လွန်မလာနဲ့"
အမတ်ကတော်ရဲ့အမူအရာက ဖြူဖျော့နေသည်။ရှောင်ကျီရွှမ်းက ဒီလောက် ကိုင်တွယ်ရခက်လိမ့်မယ်လို့ သူမ လုံးဝ စိတ်မကူးမိဘူး။
ရှောင်ကျီရွှမ်းက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး
"ကျွန်မက လွန်တာလား?လွန်တာက ဘယ်သူလဲ?သူတို့ကို ရိုက်စမ်း!"
အစေခံမိန်းကလေးတွေနဲ့ကလေးထိန်းတွေဆီက အော်ဟစ်တောင်းပန်သံတွေကို နားထောင်ပြီး ရှောင်ကျီရွှမ်းက သွေးဆာမှုအပြည့်ပင်။အဲ့ဒါက သူတို့ရဲ့ အပြစ်ပဲလေ။သူတို့ကြောင့် ဖြစ်ရတာပဲ။
သိပ်မကြာခင်မှာပဲ စိတ်မချမ်းမြေ့စရာကောင်းတဲ့ အော်ဟစ်သံတွေက အပြင်ဘက်ကနေတောင် ကြားရပြီးတော့ အော်ဟစ်တောင်းပန်သံတွေနဲ့အတူ သွေးနံ့သင်းသင်းတောင် ပျံ့လာခဲ့သည်။သူတို့ရဲ့အသံတွေက အမတ်ကတော်ကို မျက်မှောင်ကြုတ်သွားစေပြီး သူမရဲ့မျက်နှာက သွေးမရှိသလို ဖြူဆုပ်နေခဲ့သည်။
ရှောင်ကျီရွှမ်းက အပေါက်ဝမှာရပ်နေပြီးတော့ အပြင်ဘက်က မြင်ကွင်းကို ခံစားချက်ကင်းမဲ့စွာဖြင့် ကြည့်နေသည်။
သူမက အစကတည်းက ကြင်နာတတ်တဲ့သူ မဟုတ်ဘူး။ဒါပေမယ့် သူမရဲ့ကလေးကိုတော့ အမှန်တကယ်ကို နှစ်ခြိုက်တယ်။တစ်ယောက်ယောက်ကသာ သူမရဲ့ကလေးကို ငိုအောင်လုပ်ရင် သူမက အဲ့ဒါနဲ့ပတ်သက်နေတဲ့လူတွေကို တွန့်ဆုတ်မှုမရှိဘဲ သတ်ပစ်နိုင်တယ်။
အဲ့ဒီအစေခံတွေရဲ့ အသံတွေက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။သူတို့သေသွားပြီဆိုတာကို အတည်ပြုပြီးတဲ့နောက် ရှောင်ကျီရွှမ်းက သူမလူတွေနဲ့ ထွက်သွားခဲ့သည်။
အမတ်ကတော်ရဲ့ မျက်လုံးတွေက အပြင်ဘက်က မြင်ကွင်းကို မတော်တဆ မြင်လိုက်မိတဲ့အချိန်မှာပဲ သူမက ထိတ်လန့်မှုကြောင့် မေ့လဲသွားသည်။နောက်ဆုံးမှာ လင်းလော််ရောက်လာတဲ့အချိန် ထိုမြင်ကွင်းကိုကြည့်ပြီးတော့ မတတ်နိုင်ဘဲ မျက်မှောင်ကြုတ်မိသွားသည်။ဒါတွေအားလုံးက ဘာတွေလဲ?
လင်းအိမ်တော်က ကိစ္စတွေက နင်းမုန့်ယောင်နဲ့ချောင်ထျန်းချန်ရဲ့ နားထဲကို လျင်မြန်စွာ ရောက်ရှိလာသည်။
ရှောင်ကျီရွှမ်းရဲ့ကလေးက အဖျားကနေ သက်သာသွားပေမယ့် အနာဂတ်မှာ ဉာဏ်ရည်ချို့တဲ့မှုဖြစ်နိုင်တယ်ဆိုတာကို ကြားရတော့ နင်းမုန့်ယောင်ရဲ့ လက်ဖက်ရည်ခွက်ကို ကိုင်ထားတဲ့ လက်က တုန်လာခဲ့သည်။
သူမ မျက်ခုံးတွန့်သွားတယ်။သူမ ရှောင်ကျီရွှမ်းကို မုန်းတယ်၊သူမကလေးကို ဆုံးရှုံးလိုက်ရတယ်လို့ သိလိုက်ရတဲ့အချိန်မှာ ရှောင်ကျီရွှမ်းရဲ့ကလေးကိုလည်း သူမကလေးကို အဖော်ပြုနိုင်အောင် ပို့ပစ်မယ်ဆိုပြီး တွေးမိခဲ့တယ်။ဒါပေမယ့် အဆုံးမှာတော့ သူမ အဲ့လိုမလုပ်ခဲ့ဘူး။ဘာကြောင့်လဲဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် ကလေးက အပြစ်မရှိဘူးလေ။
ဒါပေမယ့် အခုတော့ ကလေးက သူ့ရဲ့အဖွားအရင်းဆီကနေ ဖျက်ဆီးခံလိုက်ရတယ်။ဘယ်လောက် ရယ်စရာကောင်းလိုက်လဲ။
"ဘာတွေ စဉ်းစားနေတာလဲ"
နင်းမုန့်ယောင်က တစ်ခုခုကို တွေးမိနေပုံရပြီး ငေးမောနေတာကို မြင်တော့ ချောင်ထျန်းချန်က မတတ်နိုင်ဘဲ မျက်ခုံးတွန့်သွားတယ်။ဒီ အရူးမလေးက ဘာအကြောင်း စဉ်းစားနေတာလဲ?သူမစိတ်ထဲမှာ ဝန်ထုပ်ဝန်ပိုး ဖြစ်နေတဲ့အတိုင်းပဲ။
နင်းမုန့်ယောင်က သူမရဲ့ လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး
"ဘာမှမဟုတ်ပါဘူး။အရာအားလုံးက မတည်မြဲဘူးလို့ ခံစားမိလို့ပါ"
ရှောင်ကျီရွှမ်းရဲ့ကလေးက အပြင်းအထန် ဖျားနာလာခဲ့တယ်။တူညီစွာနဲ့ပဲ သူမလည်းပဲ နှလုံးသားနာကျင်မှုကို ခံစားခဲ့ရတယ်၊နင်းမုန့်ယောင်က သူမကို အကြွေးတင်ထားဖို့ အစီအစဉ်မရှိပေ။
"မင်းက ဘာလို့ ဂရုစိုက်နေတာလဲ"
ချောင်ထျန်းချန်က သူမက ကလေးတစ်ယောက်အတွက် ဒီလိုမျိုးပြောလာတော့ ရယ်ရမလား ငိုရမလား မသိတော့ချေ။
နင်းမုန့်ယောင်က ချောင်ထျန်းချန်ကို ကြည့်လိုက်ပြီး
"ကျွန်မတို့ ဆက်လုပ်သင့်တယ်လို့ ရှင်ထင်လားဟင်"
"မင်းရော ဘယ်လိုထင်လဲ"
နင်းမုန့်ယောင်က သူမခေါင်းကို အသာလေး ရမ်းလိုက်ပြီး
"ကျွန်မလည်း မသိတော့ဘူး။ကျွန်မက အမြဲတမ်း လင်းအိမ်တော်နဲ့ရှောင်အိမ်တော်ကို ချောင်မိသားစုလိုပဲ ဒုက္ခရောက်စေချင်ခဲ့တာ။ဒါပေမယ့် ကျွန်မတို့ ဘာပဲလုပ်လုပ် ကျွန်မတို့ကလေးက ပြန်မလာနိုင်တော့ဘူးလေ"
"မင်းက ရှောင်ကျီရွမ်းရဲ့ကလေးကြောင့် ဒီလိုမျိုးအတွေးတွေ တွေးမိတာလား"
"ဟုတ်တယ်"
နင်းမုန့်ယောင်က ခေါင်းငြိမ့်လိုက်သည်။သူမရဲ့ အတွေးတွေကို ချောင်ထျန်းချန်ဆီကနေ ဖုံးကွယ်မထားပေ။