← Chapters

အခန်း ၂၅၃

Vol. 11 Ch. 253

အခန်း ၂၅၃

Vol. 11 Ch. 253

Chapter 253

ချောင်ထျန်းချန်က စိတ်ရှုပ်ထွေးနေတဲ့ နင်းမုန့်ယောင်ကို ချစ်ခင်မြတ်နိုးမှုအပြည့်ဖြင့် ကြည့်လိုက်ပြီး သူမလက်ကို ဆွဲယူလိုက်သည်။နင်းမုန့်‌ယောင်က အရမ်းကြင်နာတတ်ပြီးတော့ နှလုံးသားနူးညံ့တဲ့လူတစ်‌ယောက်ဆိုတာ သူ သိတယ်၊သူတို့တွေ ဒီတစ်ခေါက် အရမ်းလွန်တာကြောင့်သာ မဟုတ်ရင် သူမက ဒီလိုအရာမျိုးတွေကို သေချာပေါက် လုပ်မှာမဟုတ်ဘူး။

"မင်း လုပ်ချင်တဲ့ ဘယ်လိုဆန္ဒမျိုးကိုပဲဖြစ်ဖြစ် ကိုယ်က ထောက်ခံပေးသွားမှာ"

ချောင်ထျန်းချန်က နင်းမုန့်ယောင်ကို ကြည့်လိုက်သည်။

သူမ ဘာပဲလုပ်ဖို့ ဆုံးဖြတ်ပါစေ သူက သူမကို ထောက်ခံအားပေးသွားမှာ။

နင်းမုန့်ယောင်က ပြုံးကာ ခေါင်းငြိမ့်လိုက်ပြီး

"ခဲအိုနဲ့အခြားလူတွေကို မိသားစုနှစ်စုကို ဖိနှိပ်နေတာ ရပ်လိုက်ဖို့ ပြောလိုက်မယ်။ဒါပေမယ့် သူ့ကို စကားနည်းနည်းပါးပါးလည်း ပြောခိုင်းရဦးမယ်။သူတို့နဲ့ပူးပေါင်းပြီးအလုပ်လုပ်တဲ့ ဘယ်သူမဆို ထုန်ပေါင်ကျိုက်ကို ဆန့်ကျင်တာပဲလို့"

ချောင်ထျန်းချန်ရဲ့ နဖူးကနေ အေးစက်တဲ့ ချွေးပေါက်တစ်ပေါက် ကျလာခဲ့တယ်။သူ မေးကြည့်လိုက်ချင်တယ်။သူတို့ကို ဖိနှိပ်တာနဲ့ဒီလိုလုပ်တာနဲ့ကြားမှာ ဘာများကွာခြားသွားလို့လဲ?

ထုန်ပေါင်ကျိုက်က သူတို့ကို ဆက်ပြီးတော့ မဖိနှိပ်တော့ဘူးလို့ ပြောပေမယ့် ဒီလို စကားမျိုးတွေ ပြောလိုက်တာက သူတို့ကို ဖိနှိပ်တာထက် ပိုဆိုးတယ်။

အနာဂတ်မှာ ဘယ်သူက ဒီမိသားနှစ်စုနဲ့ အလုပ်လုပ်ရဲတော့မှာလဲ?အဲ့ဒါက သေဖို့တောင်းဆိုနေတာနဲ့ အတူတူပဲ မဟုတ်ဘူးလား?

နင်းမုန့်ယောင်က ချောင်ထျန်းချန်ကို တစ်ချက်ကြည့်ကာ ဖွဖွလေးပြုံးလိုက်ပြီး

"ကျွန်မက ဒီကိစ္စကို ဆက်ပြီးတော့ မလုပ်တော့ဘူးဆိုတာနဲ့ပဲ ဒါက အရင်တုန်းက လုံးဝမဖြစ်ခဲ့ဘူးလို့ ဆိုလိုတာမဟုတ်ဘူး၊အဲ့ဒါကြောင့် သူတို့တွေ ပေးဆပ်ရမယ့် တန်ကြေးရှိတယ်"

သူတို့ရဲ့အမှားတွေအတွက် ပေးဆပ်ရမယ့် တန်ကြေးက မြင့်မားနေရင်တောင်မှ သူတို့တွေ ပေးဆပ်ရမှာပဲ။

ချောင်ထျန်းချန်က ရုတ်တရက် ရယ်လိုက်ပြီးတော့

"မင်း ပြောတာ မှန်တယ်။လူတစ်‌ယောက်က အမှားလုပ်တဲ့အခါ တန်ရာတန်ကြေး ပေးဆပ်ရမှာပဲ။ဒီကိစ္စကို ဆက်ပြီးတော့ မလုပ်တော့ဘူးဆိုမှတော့ ဒါပြီးရင် ဘာလုပ်ဖို့ စီစဉ်ထားလဲ"

သူတို့တွေ ပိုင်ရှန်းရွာမှာနေတဲ့အချိန်တုန်းက သူတို့ရဲ့ဘဝတွေက သက်သောင့်သက်သာနဲ့ ပြည့်စုံဖူလှုံတယ်။ဒီနေရာကလည်း မဆိုးဘူးဆိုပေမယ့် သူ့ကို တစ်ခုခု လစ်ဟာနေသလို ခံစားချက်ပေးနေတယ်။

"ကျွန်မ ပိုင်ရှန်းရွာကို ပြန်ချင်တယ်"

နင်းမုန့်‌ယောင်က မျက်တောင်ခတ်ကာ ပြောလိုက်ပြီး သူမမျက်ဝန်းတွေထဲမှာ မျှော်လင့်ချက်တွေဖြင့်ချောင်ထျန်းချန်ကို ကြည့်လိုက်သည်။

"ကောင်းပြီ။အဲ့ဒါဆို ကိုယ်တို့ပြန်ကြမယ်"

"ဒါပေမယ့် ရှင်........"

"ဘာမှမဖြစ်ဘူ။ကိုယ့်မှာအထူးအခွင့်အရေးရှိတယ်။"

အခုချိန်မှာ စစ်ပွဲတွေလည်း မရှိတဲ့အတွက်ကြောင့် သူ ရုံးတော်ကို တက်ရောက်သည်ဖြစ်စေ မတက်ရောက်သည်ဖြစ်စေ အရေးမပါပေ။သူမက ဒီနေရာမှာ ဆက်ပြီးတော့နေဖို့ ဆန္ဒမရှိဘူးဆိုမှတော့ သူကလည်း သူမကို အဖော်ပြုပြီးတော့ ပြန်မှာဖြစ်သည်။

နင်းမုန့်ယောင်က စိတ်သက်သာရာရစွာဖြင့် ခေါင်းငြိမ့်လိုက်သည်။သူမရဲ့ ခြံဝင်းလေးကို ပြန်ရမယ် ဆိုတဲ့အကြောင်း စဉ်းစားမိရုံနဲ့တင် သူမရဲ့ မျက်ဝန်းတွေ တောက်ပလာသည်။

သူမက ချင်းရွှယ်နဲ့အခြားလူတွေကို ပြန်ဖို့အတွက် ပစ္စည်းတွေ ထုပ်ပိုးပြင်ဆင်ရန် ညွှန်ကြားလိုက်သည်။

ချင်းရွှယ်နဲ့အခြားလူတွေက အနည်းငယ် စိတ်ရှုပ်ထွေးသွားတယ်။သူတို့က ဘာလို့ ပြန်ဖို့လိုအပ်တာလဲ?ဒါပေမယ့် သခင်မလေးက အဲ့လိုပြောလာပြီဆိုမှတော့ သူတို့က လိုက်နာမှာပဲ။

ဘယ်လောက်ပဲ ကောင်းတဲ့စိတ်ကူးဖြစ်ပါစေ လက်တွေ့ကတော့ ရက်စက်တယ်။ရှောင်ချီထျန်းက သူတို့နှစ်ယောက် ပြန်ချင်တယ်ဆိုတဲ့ သတင်းကို ဘယ်ကနေရလာလဲ မသိပေ။

သူက သူ့ရဲ့ မြို့စားအိမ်တော်ကနေ စစ်သူကြီးအိမ်တော်ကို ချက်ချင်းပြေးလာခဲ့ပြီး သူတို့နှစ်‌ယောက်ကို တားဖို့ ကြိုးစားသည်။

"မင်းတို့က ဒီအတိုင်း ထွက်သွားကြတော့မလို့လား?မရဘူးနော်......."

"ငါတို့က ဘာလို့ ထွက်သွားလို့ မရတာလဲ"

နှစ်ယောက်သား တစ်ပြိုင်နက်ထဲ မျက်မှောင်ကြုတ်သွားကြပြီး ရှောင်ချီထျန်းကို မကျေမနပ် ကြည့်လိုက်ကြသည်။

ရှောင်ချီထျန်းက သူ့နဖူးပေါ်လက်တင်ပြီးတော့ အဲ့နှစ်ယောက်ကိုကြည့်ကာ ပြောစရာစကားကင်းမဲ့သွားသည်။

"မင်းတို့အားလုံး စစ်သူကြီးအိမ်တော်နားက သူလျှိုတွေကို သတိမထားမိဘူးလား"

သူတို့နှစ်ယောက်က အမှန်တကယ့်ကို ဒီလိုမျိုး ပြင်းထန်တဲ့ လှိုင်းလုံးတွေ ဖန်တီးပြီးတော့ သူတို့ဘာသာ အသာလေး ထွက်သွားဖို့ စီစဉ်ထားတယ်ပေါ့လေ?ဘယ်နေရာမှာ အဲ့လိုကောင်းတဲ့ကိစ္စ ရှိလို့လဲ?

ချောင်ထျန်းချန်က မျက်ခုံးတွေ ပင့်ပြီးတော့

"အဲ့တော့ ဘာဖြစ်လဲ?"

အဲ့ဒီလူတွေက ခုန်ပေါက်နေတဲ့ လူရွှင်တော်တွေချည်းပဲ။သူ သူတို့ကို ကိုင်တွယ်ဖို့လိုအပ်တာက မထီမဲ့မြင်ပြုသလိုတောင် ခံစားရတယ်။

ရှောင်ချီထျန်းက သူ့လေသံကိုကြားတော့ ချက်ချင်း သဘောပေါက်သွားသည်။သူတို့က အဲ့ဒီအကြောင်းကို သိနေပြီးသားပဲ။

"မင်းတို့အားလုံးက အဲ့ဒီလူတွေကို မျက်စိထဲ မထည့်ဘူးဆိုတာ ငါသိပါတယ်။ဒါပေမယ့် ငါ့ရဲ့ အစ်ကိုတော်ဧကရာဇ်က မင်းကို ဒါပြခိုင်းလိုက်တယ်"

ရှောင်ချီထျန်းက လျှို့ဝှက်စာတစ်စောင်ကို ထုတ်ယူပြီး ချောင်ထျန်းချန်ဆီ လှမ်းပေးလိုက်သည်။

ချောင်ထျန်းချန်က အဲ့ဒါကိုယူပြီးတော့ တစ်ချက်ကြည့်လိုက်သည်။၎င်းကို အဆုံးထိ ဖတ်ပြီးတဲ့နောက် သူက မျက်မှောင်ကြုတ်သွားပြီး သူ့အမူအရာက လေးနက်လာခဲ့သည်။

"ထျန်းချန် ဘာဖြစ်လို့လဲ"

နင်းမုန့်ယောင်က ချောင်ထျန်းချန်ကိုကြည့်ကာ အနည်းငယ် စိတ်ပူသွားသည်။

"လင်တိုင်းပြည်က ဒီကို လူတွေ လွှတ်လိုက်တယ်။ပြီးတော့ သူတို့က ကောင်းတဲ့ရည်ရွယ်ချက်နဲ့ လာတာမဟုတ်ဘူး"

ရှောင်ချီဖုန်း လွှတ်လိုက်တဲ့ သူလျှိုက ဒီလျှို့ဝှက်စာကို ပို့လိုက်တာဖြစ်တာကြောင့် အကြောင်းအရာတွေက တိကျတယ် ဒါပေမယ့် အဲ့မှာပြောထားတာက အိမ်နီးချင်းတိုင်းပြည်က အိမ်ရှေ့စံမင်းသားက ထွက်ခွာသွားတာ အချိန်အတော်ကြာပြီဖြစ်ကြောင်းဖော်ပြထားတယ်။ဒါပေမယ့် အခုထိ ရောက်မလာသေးဘူး။တစ်ခုတည်းသော အဓိပ္ပာယ်ကတော့ သူ မြို့တော်ထဲ ဝင်လာတဲ့အချိန်မှာ သူက သူ့ရဲ့သရုပ်မှန်ကို ဖုံးကွယ်ပြီးတော့ လက်ရှိမှာ မြို့တော်ထဲက တစ်နေရာရာမှာ ရှိနေတာပဲ ဖြစ်ရမယ်။ကြည့်ရတာတော့ သူ့ကိုရှာဖို့အတွက် သူတို့လူတွေ လွှတ်ရမယ့်ပုံပဲ။

"အဲ့ဒါက အရမ်းဒုက္ခများလားဟင်"

နင်းမုန့်ယောင်က မျက်တောင်ခတ်လိုက်ပြီးတော့ သံသယဝင်စွာ မေးလိုက်သည်။

ချောင်ထျန်းချန်က ခေါင်းငြိမ့်လိုက်ပြီး

"တကယ် ဒုက္ခများတယ်၊လင်တိုင်းပြည်က ရောက်လာပြီ။ပြီးရင် အခြားတိုင်းပြည်က လူတွေကလည်း ရောက်လာကြတော့မယ်။ယောင်ယောင် ကိုယ်တောင်းပန်ပါတယ်၊ကိုယ်မင်းကို ပြန်ဖို့ အဖော်လုပ်မပေးနိုင်တော့ဘူး"

ချောင်ထျန်းချန်ရဲ့မျက်နှာပေါ်မှာ တောင်းပန်ပြီးတော့ အပြစ်ရှိတဲ့အမူအရာ ရှိနေကာ နင်းမုန့်ယောင်ကို ပြောလိုက်သည်။

သူ ရှောင်ချီဖုန်းကို ကူညီဖို့အတွက် နောက်မှာ ကျန်နေခဲ့ဖို့ လိုအပ်တယ်။

နင်းမုန့်ယောင်က အနည်းငယ် စိတ်ပျက်သွားပေမယ့်လည်း ဒါက ချောင်ထျန်းချန်ရဲ့ တာဝန်ဆိုတာ သူမ သိတယ်။သူသာ အရာအားလုံးကို လျစ်လျှူရှုပြီးတော့ သူမနဲ့အတူ ထွက်ခွာလာခဲ့ရင် သူမ စိုးရိမ်နေရဦးမယ်။

"အဆင်ပြေပါတယ်။ကျွန်မ နေခဲ့ပြီးတော့ ရှင့်ကို အဖော်ပြုပေးမယ်လေ။ရှင်ဒီမှာ ကိစ္စတွေ ဖြေရှင်းပြီးတဲ့အခါကျမှ ကျွန်မတို့ ပြန်ကြတာပေါ့"

နင်းမုန့်ယောင်က တောက်ပတဲ့အပြုံးလေးနဲ့ ပြောလိုက်သည်။

သူမ ဘယ်နေရာမှာပဲ ရှိနေပါစေ ဒီအမျိုးသားနဲ့ ရှိနေသရွေ့ အဲ့ဒါက အိမ်လို့ ခံစားရတယ်။

All Chapters