← Chapters

အခန်း ၂၅၄

Vol. 11 Ch. 254

အခန်း ၂၅၄

Vol. 11 Ch. 254

Chapter 254

ချောင်ထျန်းချန် မှင်သက်အံ့ဩသွားတယ်။နင်းမုန့်ယောင်က ဒီလိုစကားမျိုးတွေ ပြောလာလိမ့်မယ်လို့ သူ လုံးဝမထင်မိခဲ့ဘူး။ဒီအခိုက်အတန့်မှာ သူ့စိတ်ထဲ ထိရှသွားတယ်။

"ယောင်ယောင် ကျေးဇူးတင်ပါတယ်"

နင်းမုန့်ယောင်က သူမခေါင်းကို အသာရမ်းပြီးတော့

"ကျွန်မကို ကျေးဇူးတင်ဖို့ မလိုပါဘူး"

သူမက ချင်းရွှယ်နဲ့ကျန်တဲ့လူတွေကို သူတို့ရဲ့ပစ္စည်းတွေ ပြန်ထားဖို့ ပြောလိုက်သည်။သူမက အဲ့ဒီနောက် ချင်းရွှမ်ကို လူတွေလွှတ်ခိုင်းပြီးတော့ အခြားတိုင်းပြည်ကလူတွေ ဘာ‌ကြောင့်ရောက်လာရတာလဲဆိုတာ စုံစမ်းခိုင်းလိုက်သည်။

နင်းမုန့်ယောင်၏အကူအညီက သံသယဝင်စရာမလိုအောင်ဘဲ ရှောင်ချီထျန်းအတွက် အကောင်းဆုံး ရလဒ်ဖြစ်သည်။

"မုန့်ယောင် ကျေးဇူးပဲ"

နင်းမုန့်ယောင်က ရှောင်ချီထျန်းကို လှမ်းကြည့်ပြီးတော့

"ရှင်က ထျန်းချန်ရဲ့ သူငယ်ချင်းပဲလေ"

အရင်တုန်းက သူတို့နှစ်ယောက် အတူတူအလုပ်လုပ်ဖူးတယ်။ပြီးတော့ အဲ့ဒါက ချောမွေ့တဲ့ ပူးပေါင်းမှုတစ်ခုဖြစ်ခဲ့တာကြောင့် ကူညီပေးရတာက သူမအတွက် အပန်းမကြီးဘူး။

ရှောင်ချီထျန်းက နင်းမုန့်ယောင်ကို ကြည့်ပြီးတော့ ရယ်ရမလား ငိုရမလား မသိတော့ပေ။သူ့တည်ရှိမှုက တကယ်ပဲ အရေးပါတာလား?

"စကားမစပ် အခုက ကန်ထဲက ငါးတွေနဲ့ပုစွန်တွေ ဖမ်းဖို့အချိန်ရောက်ပြီ။ရှင့်လူတွေလွှတ်ပြီးတော့ သူတို့ကို ဖမ်းခိုင်းလိုက်။ငါးတစ်ကောင်ကို ငွေသုံးတုံး၊ဂဏန်းတစ်ကောင်ကို ငွေငါးတုံး၊ပုစွန်တစ်ကောင်ကို ငွေနှစ်တုံး၊လိပ်တစ်ကောင်ကို ငွေဆယ်တုံးပေးရမယ်"

နင်းမုန့်‌ယောင်က ဖြည်းဖြည်းလေးနဲ့ တမင်တကာ ဈေးခေါ်နေခဲ့သည်။

ရှောင်ချီထျန်းက အစတုန်းကတော့ နင်းမုန့်ယောင် အဲ့ဒီအကြောင်းကိုပြောလာတဲ့အခါ စိတ်လှုပ်ရှားနေခဲ့ပြီး သူမရဲ့ ဈေးခေါ်မှုကို ကြားတဲ့အခါမှာတော့ ကြက်သေ,သေသွားတယ်။

ဈေးနှုန်းက အရမ်းဈေးကြီးနေတာပဲလေ။

"မင်းဘာလို့ လူတွေကို သွားပြီး ဓားပြမတိုက်တာလဲ"

ရှောင်ချီထျန်းက အံကြိတ်ကာ ပြောလိုက်သည်။

ကုန်သည်တွေမှာ တူညီတဲ့အချက်တစ်ချက်ရှိတယ်။သူတို့က ကပ်စေးနှဲတာပဲ။ရှောင်ချီထျန်းက အခြားကုန်သည်တွေလို ကပ်စေးမနှဲဘူး ဆိုပေမယ့်လည်း နေရာအတော်များများကတော့ အတူတူပင်ဖြစ်သည်။သူပိုက်ဆံအများကြီး ထုတ်ရမယ်ဆိုတာကိုသိတော့ သူ့ခန္ဓာကိုယ်က ရုတ်တရက် နာကျင်သွားတယ်။

နင်းမုန့်ယောင်က သူမမျက်ခုံးတွေကို ပင့်လိုက်ပြီး အမှန်တကယ်ပြုံးနေတာမဟုတ်တဲ့ အမူအရာနဲ့ မေးလိုက်သည်။

"ရှင်မလိုချင်ဘူးဆိုတာ သေချာလား"

သူမရဲ့ပြုမူတဲ့ပုံစံကြောင့် ရှောင်ချီထျန်းက ကြောင်တစ်ကောင်ဆီကနေ အဖမ်းခံလိုက်ရသလို ခံစားရပြီးတော့ နောက်ဆုံးမှာတော့ သွားကိုတင်းတင်းစေ့ကာ

"ငါ ယူမယ် အဆင်ပြေလား"

"အေးဆေးပေါ့ ရှင် စိတ်မပျက်စေရပါဘူး"

နင်းမုန့်ယောင်က ပြုံးကာ ပြောလိုက်သည်။

ရှောင်ချီထျန်းက နောင်တတွေနဲ့ ပြည့်နှက်နေပြီး ဘယ်လို ငါးတွေ၊ပုစွန်တွေနဲ့ ဂဏန်းတွေက အဲ့လောက်ဈေးကြီးတာလဲဆိုတာ ကိုယ်တိုင်ကိုယ်ကျ တွေ့ချင်မိတယ်။

"ထျန်းချန် ကျွန်မ ငါးရောင်းရတဲ့ငွေရဲ့တစ်ဝက်ကို ရှင့်ကို‌ခွဲပေးမယ်"

ရှောင်ချီထျန်းကို အဲ့လိုမျိုးမြင်ရတော့ နင်းမုန့်ယောင်က ရုတ်တရက် ခေါင်းလှည့်ပြီးတော့ ချောင်ထျန်းချန်ကိုကြည့်ကာ လေးလေးနက်နက်ပုံစံဖြင့် ပြောလိုက်သည်။ဘေးနားမှာရပ်နေတဲ့ ရှောင်ချီထျန်းကတော့ သွေးအန်မိတော့မယ်လို့ ခံစားလာရသည်။

"ကောင်းပြီ"

နင်းမုန့်ယောင်နဲ့အခြားလူတွေ မပြန်နိုင်တော့တာကြောင့် သူမက ရှောင်ချီထျန်းကိုပဲ အပြစ်တင်တယ်။ဒါကြောင့် သူမ သူ့ကို အခွင့်ကောင်းယူရမှာပဲ။

ရှောင်ချီထျန်း စိတ်ထိခိုက်စွာဖြင့် ထွက်သွားပြီးတဲ့နောက် ချောင်ထျန်းချန်က ရယ်မောလိုက်ပြီး နင်းမုန့်ယောင်ကို ကြည့်ကာ

"မင်းလေးကတော့နော်"

"ပြန်ဝင်ကြရအောင်"

နင်းမုန့်‌ယောင်က ပြုံးလိုက်ပြီးတော့ ချောင်ထျန်းချန်ရဲ့လက်ကိုဆွဲကာ ပြန်ဝင်သွားသည်။

ချင်းရွှယ်နဲ့အခြားလူတွေက သူတို့နောက်က ထုပ်ပိုးထားတဲ့ ပစ္စည်းတွေကိုကြည့်ပြီး ကူကယ်ရာမဲ့ ခံစားရကာ အဆုံးမှာတော့ မကျေမနပ်နဲ့ပဲ အခြေအနေကို လက်ခံလိုက်ရပြီး အချည်းနှီးသာ ထုပ်ပိုးလိုက်ရသည်။

နင်းမုန့်ယောင်က ချင်းရွှမ်ပြန်ယူလာတဲ့ လျှို့ဝှက်သတင်းကိုဖတ်ပြီးတော့သူမရဲ့ ပါးစပ်ထောင့်ကနေ အပြုံးဖျော့ဖျော့တစ်ခု ပေါ်လာသည်။

"ဘာထူးလို့လဲ"

"ကြည့်ပါဦး လင်တိုင်းပြည်ရဲ့အိမ်ရှေ့စံမင်းသား နန်ကုန်းချီက မြို့တော်ကိုရောက်နေပြီ။ဒါ့အပြင် သူက ရှောင်ချီထျန်းရဲ့ တည်းခိုဆောင်မှာနေနေတာ။လင်တိုင်းပြည်ကမင်းသမီးနဲ့သူတို့ရဲ့ တရားဝင် သံတမန်တို့တောင် အတူတူလာကြတာ။သူတို့ရဲ့ ရည်ရွယ်ချက်က သိသာနေတာပဲလေ"

နင်းမုန့်ယောင်က ပြုံးလိုက်ပြီးတော့ တင်ပြချက်ကို ချောင်ထျန်းချန်ဆီ လှမ်းပေးလိုက်သည်။

လင်တိုင်းပြည်က အိမ်ရှေ့စံမင်းသား နန်ကုန်းချီနဲ့ပတ်သက်ပြီး သူမမှာ သူ့အကြောင်း တိကျသေချာတဲ့ သတင်းအချက်အလက်တွေ ရှိသည်။သူက အပြင်ပန်းမှာတော့ ယဉ်ကျေးမှုရှိပြီး ဖြူစင်သန့်ရှင်းတယ်လို့ ထင်ရပေမယ့် တကယ်ကတော့ ရက်စက်ပြီးတော့ အကြင်နာတရားကင်းမဲ့တဲ့လူတစ်‌ယောက် ဖြစ်သည်။သူမ တစ်ခါတုန်းက နန်ကုန်းချီက အစေခံတစ်ယောက်က သူ့အနှစ်သက်ဆုံး လက်ဖက်ရည်ခွက်ကို ကွဲအောင်လုပ်လို့ဆိုပြီး အစေခံတွေအားလုံးကို သူတို့ရဲ့ နန်းတော်ထဲမှာ သေတဲ့အထိရိုက်နှက်ပစ်တယ်လို့ ကြားဖူးသည်။

ထိုအချိန်တုန်းက နန်ကုန်းချီက သူမကို တားလိုက်နိုင်ပေမယ့် သူမက အခြားတိကျသေချာတဲ့ သတင်းတစ်ခုကိုလည်း ရရှိခဲ့သည်။

"သူတို့က လက်ထပ်ပြီးမဟာမိတ်ပြုဖို့ရည်ရွယ်ချက်နဲ့လာတာလား"

ချောင်ထျန်းချန်က မျက်ခုံးတွန့်သွားသည်။

လင်တိုင်းပြည်နဲ့ရှောင်တိုင်းပြည်ရဲ့ ဆက်ဆံရေးက မဆိုးဘူးလို့ ပြောလို့ရပေမယ့် အကြွင်းမဲ့ ကောင်းမွန်နေတာလည်း မဟုတ်ပေ။ထိုအချိန်တုန်းက လင်တိုင်းပြည်ကသာ အမှန်တကယ် လက်ထပ်ပွဲနဲ့ မဟာမိတ်ပြုချင်တာဆိုရင် သူတို့တွေ ကြောက်လန့်နေတဲ့ အရာတစ်ခုခုရှိရမည်။

"ထပ်ပေါင်းပြောရရင်...........လွန်ခဲ့တဲ့သုံးရက်တုန်းက နန်ကုန်းချီက အမတ်လင်းနဲ့ တွေ့ခဲ့တယ်"

နင်းမုန့်ယောင်က နောက်ထပ်‌ဗုံးတစ်လုံးကို ကြဲချလိုက်ပြီး ချောင်ထျန်းချန်ကို ချက်ချင်း မတ်တပ်ရပ်သွားစေသည်။

"ကိုယ်အခုချက်ချင်း နန်းတော်ကိုသွားရမယ်"

ဒီအမတ်လင်းက သေချာပေါက် နက်နဲတဲ့ရည်ရွယ်ချက်တွေရှိတယ်။သူ့ရဲ့ ကိုယ်ပိုင်စစ်တပ်ကို တည်ထောင်တာကနေ သဘောပေါက်နိုင်တယ်။

"သွားလေ။သူတို့ဘာတွေ ဆွေးနွေးကြလဲဆိုတာသိရဖို့ စုံစမ်းဖို့ အချိန်ထပ်လိုမှာ ကျွန်မစိုးရိမ်မိတယ်"

ဒီလိုမျိုး ပေါက်ကွဲစေနိုင်တဲ့ သတင်းကို သိပြီးတဲ့နောက် ချောင်ထျန်းချန်က ဆက်လက် တည်ငြိမ်နေပြီးတော့ စိတ်အနှောင့်အယှက်မဖြစ်ဘဲ နေနေတာကမှ ပုံမှန်မဟုတ်တာပင်။

ချောင်ထျန်းချန်က ခေါင်းငြိမ့်လိုက်ပြီး သူ့မြင်းပေါ်တက်ကာ နန်းတော်ဆီ သွားသည်။

ရှောင်ချီဖုန်းက ချောင်ထျန်းချန်ရောက်လာတာကိုကြားတော့ အံ့ဩသွားပြီး

"ထျန်းချန် မင်းဘာလို့ ဒီရောက်လာတာလဲ?မုန့်ယောင်ကို အဖော်ပြုပေးနေတာ မဟုတ်ဘူးလား"

ထုန်ပေါင်ကျိုက်က သူတို့ရဲ့ လင်းအိမ်တော်နဲ့ရှောင်အိမ်တော်အပေါ် ဖိနှိပ်နေမှုကို ရပ်တန့်လိုက်ပြီး အဲ့ဒီမိသားစုနှစ်စုနဲ့ ပူးပေါင်းတဲ့ ဘယ်သူမဆို ထုန်ပေါင်ကျိုက်ကို ဆန့်ကျင်တာပဲဆိုပြီး ပြောထားတဲ့အကြောင်း သူ သတင်းကြားသည်။

ယုတ္တိကျကျအခြေခံရမယ်ဆိုရင် အခုချိန်မှာ သူတို့တွေက တစ်ယောက်နဲ့တစ်‌ယောက် ချစ်ကြည်နူးနေသင့်တာ မဟုတ်ဘူးလား?သူ့မှာ ဘယ်လိုလုပ် ဒီလာဖို့ အချိန်ရှိတာလဲ?

ချောင်ထျန်းချန်က ရှောင်ချီဖုန်းရဲ့ စနောက်နေမှုကို လျစ်လျှူရှုထားလိုက်ပြီး သူ့မျက်နှာက အလေးအနက်ဖြင့်

"လင်တိုင်းပြည်က အိမ်ရှေ့စံမင်းသားက မြို့တော်ကို ရောက်နေပြီ"

All Chapters