← Chapters

အခန်း ၂၅၅

Vol. 11 Ch. 255

အခန်း ၂၅၅

Vol. 11 Ch. 255

Chapter 255

ရှောင်ချီဖုန်းက နဂိုတုန်းက စနောက်တဲ့အပြုံးရှိနေပေမယ့် ချက်ချင်းအေးခဲသွားပြီး

"မင်းဘယ်လိုလုပ် ဒီသတင်းကိုရတာလဲ?အတည်ပြုပြီးပြီလား"

သူ စုံစမ်းဖို့လွှတ်လိုက်တဲ့လူတွေက နန်းကုန်းချီ ရှောင်တိုင်းပြည်ကို ရောက်နေပြီဆိုတဲ့ သတင်းကိုသာ ပြန်ယူလာခဲ့ပြီး ဘယ်သူမှ သူ့ကိုမတွေ့ကြတာကြောင့် သူ့သတင်းကို လုံးဝ မရရှိခဲ့ပေ။

လင်တိုင်းပြည်က မင်းသားမှာ ဖုံးကွယ်ထားတဲ့ ရည်ရွယ်ချက်အချို့ရှိနေမှာ သူ စိုးရိမ်ပြီးတော့ ကြည့်ရတာ သူ့ရဲ့စိုးရိမ်မှုက တိကျတဲ့ပုံပင်။

"ယောင်ယောင်က စုံစမ်းဖို့ ကူညီပေးခဲ့တာ"

နင်းမုန့်ယောင်က စုံစမ်းပေးတဲ့လူဆိုတာ ကြားရတော့ သူ့ သံသယတွေက ချက်ချင်းလွှင့်ပြယ်သွားသည်။ဘာကြောင့်လဲဆိုတော့ သူမရဲ့ လုပ်ဆောင်နိုင်စွမ်းကို သူ ရှင်းရှင်းလင်းလင်း သိသည်။

"နင်းမုန့်ယောင်က အခြား ဘာစုံစမ်းမိသေးလဲ"

ရှောင်ချီဖုန်းက ချောင်ထျန်းချန်ကို သူ့မျက်ဝန်းတွေထဲမှာ အခိုင်အမာမျှော်လင့်ချက်တွေနဲ့ စိုက်ကြည့်လိုက်သည်။

ချောင်ထျန်းချန်က ခေါင်းငြိမ့်လိုက်ပြီး

"ငါ ဒါကြောင့်ပဲ နန်းတော်ကိုလာခဲ့တာ။ယောင်ယောင် လွှတ်လိုက်တဲ့လူတွေက နန်ကုန်းချီက မြို့တော်မှာရောက်နေပြီဆိုတာကို ရှာတွေ့ရုံတင်မကဘူး သူက ချီထျန်းရဲ့ဆိုင်မှာ နေနေတယ်ဆိုတာပါ သိလိုက်ရတယ်"

မြို့တော်ထဲမှာရှိတဲ့လူတိုင်း ရှောင်ချီထျန်းက စားသောက်ဆိုင်တစ်ခုဖွင့်ထားပြီး ၎င်းက ကောင်းကောင်းလည်ပတ်နေတယ်ဆိုတာ သိကြသည်။

နန်ကုန်းချီ အဲ့ဒီနေရာကို ရွေးချယ်တာ အံ့ဩစရာမဟုတ်ပေ။

ပထမဆုံးအနေနဲ့ ၎င်းက မြို့တော်ထဲက အကောင်းဆုံး စားသောက်ဆိုင်ဖြစ်သည်။ချမ်းသာတဲ့ လူငယ်တစ်ယောက်အနေနဲ့ အခြားနေရာတွေကို ရွေးချယ်လိုက်ရင် သံသယဝင်သွားစေနိုင်သည်။ဒုတိယကတော့ အန္တရာယ်အရှိဆုံးနေရာက အလုံခြုံဆုံးနေရာပင်။သူသာ နန်ကုန်းချီဆိုရင်လည်း တူညီတဲ့ရွေးချယ်မှုကို ပြုလုပ်မှာဖြစ်၏။

"အဲ့ဒီ ကောင်စုတ်လေးချီထျန်းက ဘယ်လိုလုပ် အဲ့ဒါကို သတိမထားမိရတာလဲ"

နင်းမုန့်ယောင်ကြောင့်သာ မဟုတ်ရင် သူတို့တွေ အချိန်ဘယ်လောက်ကြာတဲ့အထိ လှည့်စားခံနေရမှာလဲ?

ချောင်ထျန်းချန်လည်းပဲ အကူအညီမဲ့သလို ခံစားရပြီးတော့

"ချီထျန်းကို အပြစ်တင်လို့မရဘူး။နန်ကုန်းချီက အဲ့ဒါကို သေချာအစီအစဉ်ချထားတာပဲ ဖြစ်ရမယ်။အဲ့ဒါတင်မကသေးဘူး သူ့မှာ သူ့လက်အောက်ငယ်သားတွေ ရှိနေသေးတယ်လေ။အဲ့ဒီနေရာမှာရှိတဲ့ အခြားချမ်းသာတဲ့လူတွေကြား ဝင်ရောပြီးနေလိုက်တာက ပုံမှန်ပဲ"

ရှောင်ချီဖုန်းက နောက်ဆုံးတော့ ထိုအချက်ကို သဘောပေါက်သွားတယ်။သို့ပေမယ့် သူ့ကို ဆွံ့အသွားစေတာက သူတို့တွေက သူတို့ကိုယ်တိုင် ဒီလောက်အထိ ရုပ်ဖျက်ပြီးနေနေကြတာကို ဘယ်လိုလုပ် သတင်းရတာလဲဆိုတာပဲ။

"ငါ တကယ်သိချင်တာက သူ(မ)က ဘယ်လိုလုပ် အဲ့အကြောင်းကို ရှာတွေ့တာလဲ"

ရှောင်ချီဖုန်းက ချောင်ထျန်းချန်ကို နက်နက်နဲနဲ စိုက်ကြည့်ကာ ထူးဆန်းစွာ ပြောလိုက်သည်။

ချောင်ထျန်းချန်က ရှောင်ချီဖုန်းကို မျက်စိလှိမ့်ပြီးတော့ အဲ့ဒီထူးဆန်းစွာစိုက်ကြည့်နေတာကြီးကို မမြင်သလိုလုပ်ကာ

"လင်တိုင်းပြည်က မင်းသမီး နန်ကုန်းယွဲ့ကလည်း ဒီရောက်နေတယ်။ပြီးတော့ လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက နန်ကုန်းချီက အမတ်လင်းနဲ့ လျှို့ဝှက်တွေ့ခဲ့သေးတယ်"

ရှောင်ချီဖုန်းက ချက်ချင်းတောင့်တင်းသွားပြီး မျက်ခုံးတွေ တွန့်ကာ

"မင်း အဲ့ဒါကို ဘယ်လိုထင်လဲ"

"လင်တိုင်းပြည်က လက်ထပ်ပွဲမဟာမိတ်ပြုဖို့ စီစဉ်နေမှာ စိုးရတယ်။နန်ကုန်းချီနဲ့အမတ်လင်း ဘာအကြောင်းတွေ ပြောခဲ့ကြလဲဆိုတာကို စုံစမ်းဖို့ကတော့ ယောင်‌ယောင်က အချိန်ထပ်လိုသေးတယ်"

ချောင်ထျန်းချန်ရဲ့ မျက်ခုံးတွေ တွန့်နေပြီးတော့ ကိစ္စတွေရဲ့အခြေအနေနဲ့ပတ်သက်ပြီး လေးပင်တဲ့ခံစားချက် ရှိနေသည်။

"ငါလည်း ဒီအကြောင်းစုံစမ်းဖို့ လူတွေလွှတ်လိုက်မယ်။ဒါပေမယ့် ငါ မုန့်ယောင်ကိုတော့ ဒုက္ခပေးရဦးမယ်"

ရှောင်ချီဖုန်းက မျက်မှောင်ကြုတ်ကာ ချောင်ထျန်းချန်ကို ကြည့်လိုက်သည်။

"ဘာပဲဖြစ်ဖြစ် ငါတို့တွေ အဲ့ဒါအတွက် ကောင်းကောင်းပြင်ဆင်ထားရမယ်။နည်းနည်းနောက်ကျသွားတယ် ဆိုပေမယ့်လည်း မပြင်မဆင်ဘဲ အဖမ်းခံလိုက်ရတာထက်စာရင် ပိုကောင်းတာပေါ့"

ရှောင်ချီဖုန်းက ခေါင်းငြိမ့်လိုက်ပြီး သဘောတရားကို နားလည်တယ်။နင်းမုန့်‌ယောင်ရဲ့ အကူအညီကြောင့်သာ မဟုတ်ရင် သူတို့တွေ အမှောင်ထဲမှာ နေနေရဦးမှာ။အဲ့ဒါဆို သူတို့တွေ ထိုအကြောင်းနဲ့ပတ်သက်ပြီး သိတဲ့အချိန်ကျရင် အရမ်းနောက်ကျသွားလိမ့်မယ်။

"ငါ 'လင်'ကို လွှတ်ပြီးတော့ နန်ကုန်းချီကို စောင့်ကြည့်ခိုင်းထားမယ်"

သူ့ကို တစ်ယောက်ယောက်က စောင့်ကြည့်နေတာ ပိုကောင်းသည်။

ချောင်ထျန်းချန်က မျက်ခုံးပင့်လိုက်ပြီး အလွှတ်ခံရမယ့်လူက 'လင်' ဆိုတာ သေချာတဲ့အတိုင်းပင်။

"မင်း အဲ့ဒါကို စီစဉ်နိုင်ပြီဆိုမှတော့ ငါ ပြန်တော့မယ်"

ချောင်ထျန်းချန်က ရှောင်ချီဖုန်းကို ထိုအကြောင်း သတင်းပေးဖို့ ရောက်လာခဲ့တာ။အခု သူ လုပ်ပြီးသွားပြီဆိုတော့ ဘာမှထပ်ပြီးပြောစရာ မရှိတော့ပေ။

ရှောင်ချီဖုန်းက ချောင်ထျန်းချန်ကို မျက်လုံးလှိမ့်ကြည့်လိုက်ပြီး အဲ့ဒီနောက် သူ့လက်ကို ဝှေ့ရမ်းကာ

"ငါသိပြီ။မင်းက မုန့်‌ယောင်နဲ့ခဏလေးခွဲရဖို့တောင် ဝန်လေးနေတာပဲ"

"မနာလိုနေတာလား"

ရှောင်ချီဖုန်း နင်သွားတယ်။သူက မနာလိုတာပေါ့လေ!မနာလိုစရာ ဘာအကြောင်းရှိလို့လဲ!

ရှောင်ချီဖုန်းကို အဲ့လိုမြင်လိုက်ရတော့ ချောင်ထျန်းချန်က သူ့အိမ်ကို ခံစားချက်ကောင်းကောင်းနဲ့ ပြန်လာခဲ့သည်။သို့ပေမယ့် နင်းမုန့်ယောင်က အိမ်မှာမရှိဘဲ အပြင်ထွက်သွားတယ်ဆိုတာ သိလိုက်ရသည်။

သူမက အဖွားချင်ကနေတစ်ဆင့် စကားချန်ထားခဲ့ပြီးတော့ သူမက ရှောင်ချီထျန်းရဲ့ဆိုင်မှာ ထမင်းသွားစားမှာဖြစ်ပြီး သူ ပြန်လာတဲ့အခါကျရင် သူမကို အဲ့မှာလာတွေ့ဖို့ ပြောထားခဲ့သည်။

သူမ ဘယ်နေရာမှာရှိတယ်ဆိုတာကို သိပြီးတဲ့နောက် ချောင်ထျန်းချန်က သူ့အိမ်တော်ကနေ လှည့်ထွက်သွားသည်၊

ဒီအချိန်တွင် နင်းမုန့်ယောင်ကို ဝတုတ်ကြီး‌တစ်ယောက်က ဟန့်တားနှောင့်ယှက်နေသည်။သူက သူမကို ရမ္မက်အပြည့်ဖြင့် စိုက်ကြည့်နေသည်။

"ဘေးဖယ်"

နင်းမုန့်ယောင်က သူမရှေ့က ရူးမိုက်တဲ့ဝက်ကို အေးစက်စက် စိုက်ကြည့်လိုက်သည်။

"မိန်းကလေး ငါ ဘယ်သူလဲဆိုတာ မင်းသိလား?မင်းသာ ငါ့နောက်ကိုလိုက်လာရင် မင်း ကောင်းမွန်တဲ့ဘဝမှာနေရမယ်လို့ အာမခံနိုင်တယ်"

ဝတုတ်က နင်းမုန့်ယောင်ရဲ့ သီးသန့်ဆန်တဲ့မျက်နှာကိုကြည့်ကာ သွားရည်ကျနေသည်။ဒီလိုစိတ်ထားမျိုးနဲ့ မိန်းမမျိုးကို သူ တစ်ခါမှ မမြင်ဖူးဘူး။

All Chapters