← Chapters

အခန်း ၂၅၆

Vol. 11 Ch. 256

အခန်း ၂၅၆

Vol. 11 Ch. 256

Chapter 256

ကောင်းမွန်တဲ့ဘဝလား?နင်းမုန့်ယောင်နောက်က ချင်းရွှယ်နဲ့အခြားလူတွေက ‌ကြောက်ဖို့ကောင်းအောင် ရယ်လိုက်ကြသည်။

"အရူးပဲ"

သူတို့ဘေးနားက လူတွေက ခေါင်းငြိမ့်ကာ သဘောတူလိုက်သည်။အဲ့ဒီလူက တကယ့်အရူးတစ်ယောက်ပဲ။

အခုတလော နင်းမုန့်ယောင်က ချောင်ထျန်းချန်နဲ့ မကြာခဏ အပြင်သွားလေ့ရှိသည်။ချောင်ထျန်းချန်ကိုသိကြတဲ့လူတွေက သူမကို ချောင်ထျန်းချန်ရဲ့ဇနီးသည်ဆိုတာ သိကြသည်။သူမမှာ ရာထူးရှိတယ်၊အဆင့်အတန်းရှိတယ်၊ပိုက်ဆံရှိတယ် ဒါဆို သူမက ဘာလို့ အခြားယောကျာ်းတစ်ယောက်ဆီမှာ ကောင်းမွန်တဲ့ဘဝရှာပြီး နေရမှာလဲ?ဒီလူက မြို့တော်ကမဖြစ်နိုင်ဘူး။မဟုတ်ရင် ဒီလို ရူးမိုက်တဲ့အရာကို ပြောမှာမဟုတ်ဘူး။

နင်းမုန့်ယောင်ရဲ့အဝတ်အစားတွေကို အခြေခံကြည့်မယ်ဆိုရင် ၎င်းကရိုးရှင်းပေမယ့် အသုံးပြုထားတဲ့ပစ္စည်းတွေနဲ့ကျောက်မျက်တွေက ထိပ်တန်းအရည်အသွေးဖြစ်သည်။ဒါကြောင့် သူမကဘာလို့ သူနဲ့ပတ်သက်ပြီး စိတ်ရှုပ်ခံရမှာလဲ?

"တိတ်စမ်း!"

ထိုလူက ချင်းရွှယ်ကို ‌ဒေါသတကြီးကြည့်ကာ အော်ဟစ်လိုက်သည်။

နင်းမုန့်ယောင် ‌ဒေါသထွက်သွားတယ်။သူမက မျက်မှောင်ကြုတ်ပြီးတော့ သူမရှေ့ကဝက်ကို စိတ်မရှည်စွာ ကြည့်လိုက်တယ်။ဒါပေမယ့် သူမ ဘာမှမလုပ်ရသေးခင် သူမဘေးနားက ညင်သာတဲ့အသံတစ်သံ ထွက်ပေါ်လာတယ်။

"ကျူးဝေ့ မင်းကို ဘယ်သူက ဒီနေရာမှာ ပြဿနာရှာခွင့်ပြုထားလို့လဲ"

အသံက ညင်သာပေမယ့်လည်း ဒေါသတွေ ပြည့်နှက်နေသည်။

ခရမ်းရောင်ပိုးချည်ထိုးဝတ်စုံ ဝတ်ဆင်ထားတဲ့ ယောကျာ်းတစ်ဦးက လူအုပ်ကြားထဲကနေ ထွက်လာခဲ့သည်။ထိုယောကျာ်းက နင်းမုန့်ယောင်ဆီ လျှောက်သွားပြီး တောင်းပန်စွာဖြင့်

"ကျွန်တော် တောင်းပန်ပါတယ်။ကျွန်တော်ရဲ့ လက်အောက်ငယ်သားကို သေချာ မထိန်းသိမ်းထားနိုင်တာပါ"

နင်းမုန့်ယောင်က ထိုလူကို တစ်ချက်ကြည့်လိုက်သည်။သူမရဲ့ပါးစပ်ထောင့်က အနည်းငယ် တွန့်သွားပြီး

"သူများကိစ္စကို စပ်စပ်စုစုဝင်ပါတယ်"

ထိုလူက ကြောင်အသွားတယ်။နင်းမုန့်ယောင်က ဒီလိုစကားမျိုးတွေ ပြောလိမ့်မယ်လို့ သူလုံးဝ စိတ်ကူးမထားမိဘူး။

"မင်း........"

"ချင်းရွှယ် သူ့ကို မသန်မစွမ်းဖြစ်အောင် လုပ်ပစ်"

"ဟုတ်ကဲ့ သခင်မလေး"

သူတို့တွေ အဲ့လိုလုပ်ဖို့ဆန္ဒရှိတာ အတော်ကြာနေပြီ။

ချင်းရွှယ်နဲ့ချင်းရွှန်းနှစ်ယောက်လုံးက ကျူးဝေ့ရဲ့ဘေးကို တစ်ပြိုင်နက်ထဲ ချဉ်းကပ်သွားကြသည်။သူတို့က သူ့ရဲ့ပုခုံးတွေပေါ်မှာ လက်တင်ပြီးတော့ အားသုံးလိုက်သည်။အနီးနားမှာရှိနေတဲ့ လူအုပ်ကြီးက အရိုးတွေကျိုးသံနဲ့ ကြောက်မက်ဖွယ်အော်ဟစ်သံတို့ကို ကြားနိုင်သည်။

အဲ့ဒီနောက် ချင်းရွှန်းက ငွေအပ်အနည်းငယ်ကို ထုတ်ပြီးတော့ ကျူးဝေ့ရဲ့ခန္ဓာကိုယ်အောက်ပိုင်းကို ထိုးလိုက်သည်။

"ငါတို့ရဲ့ သခင်မလေးကို ဒီလို ရွံ့စရာကောင်းတဲ့ မျက်လုံးတွေနဲ့ ကြည့်ရဲတယ်ပေါ့လေ၊နင့်င့်ရဲ့အမှိုက်ကို မသိမ်းထားတာ အကောင်းဆုံးပဲ"

ချင်းရွှန်းက အေးစက်စွာ ပြောလိုက်သည်။

ဘေးနားက ယောကျာ်းလေးတွေက ချင်းရွှန်းရဲ့စကားကိုကြား‌တော့ သူတို့ခြေထောက်တွေကို တင်းတင်းစေ့လိုက်ကြပြီး နောက်ကို ခြေလှမ်းအနည်းငယ် ဆုတ်သွားသည်။သူတို့က တစ်ပြိုင်နက်ထဲ တံတွေးမြိုချလိုက်ကြတယ်။

ရှန့်ကျန့်ကျွင်းရဲ့ဇနီးက အပြစ်ပြုလို့ရတဲ့ လူတစ်ယောက် မဟုတ်ဘူး။

နင်းမုန့်‌‌ယောင်‌‌က ကြမ်းပြင်ပေါ်လဲကျသွားတဲ့ ကျူးဝေ့ရဲ့ ဖြူဖျော့နေတဲ့မျက်နှာကို ကြည့်လိုက်သည်၊သူမက သူ့ဆီ လှလှပပလေး လျှောက်သွားပြီးတော့ သူ့ကို စိုက်ကြည့်ကာ

"အဲ့ဒါက ရှင် အပြစ်မလုပ်သင့်တဲ့ အရာတွေပဲ။ရှင့်ရဲ့အဆင့်အတန်းကို အခွင့်ကောင်းယူပြီး လက်လွတ်စပယ် ပြုမူတာမျိုး မလုပ်နဲ့။အဆုံးကျရင် ရှင် သံပြားကို ကန်ထုတ်မိတဲ့ အချိန်တွေ ရှိလာလိမ့်မယ်။သွားကြမယ်"

"မင်းလုပ်တာက အရမ်းမသိသာလွန်းဘူးလား"

ပိုးချည်ထည်ဝတ်စုံ ဝတ်ထားတဲ့အမျိုးသားက သူတို့ထွက်သွားတာကိုမြင်တော့ သူတို့လမ်းကိုပိတ်ကာ ပြောလိုက်သည်။သူက မျက်မှောင်ကြုတ်ထားပြီး မကျေမနပ် ပြောလိုက်တာ ဖြစ်သည်။

နင်းမုန့်ယောင်က သူမရှေ့ကလူကို ကြည့်လိုက်ပြီး

"သိသာတာလား?အခြားတိုင်းပြည်တစ်ခုကလူက ရှောင်တိုင်းပြည်မှာ မလျော်ကန်တဲ့ အပြုအမူလုပ်နေတာလေ။စည်းကမ်းလေးတော့ ရှိသင့်တယ်။စကားမစပ် သခင်လေး ဒီလောက်အရေထူတာ အဲ့ဒါကို သည်းမခံနိုင်ဘူးလား"

ထိုလူရဲ့နှလုံး နှလုံးခုန်မြန်သွားတယ်။သူ့မှာ မကောင်းတဲ့အငွေ့အသက်တွေ ခံစားမိနေတယ်။သူ့ရှေ့က အမျိုးသမီးက အန္တရာယ်ရှိတယ်။

"ချင်းရွှယ် ဒီလူကြီးလူကောင်းက ငါတို့က သိသာလွန်းတယ်လို့ ပြောနေမှတော့ အဲ့အတိုင်းဖြစ်ပါစေတော့။သူ အဓိပ္ပာယ်မရှိတာတွေ လျှောက်‌ပြောလို့မရတော့အောင် သူ့လျှာကို ဆွဲထုတ်လိုက်"

နင်းမုန့်ယောင်က သူမအကြည့်ကို အောက်ချကာ ညွှန်ကြားလိုက်သည်။

"ဟုတ်ကဲ့ သခင်မလေး"

"မလုပ်ပါနဲ့။ငါမှားတယ်ဆိုတာ ဝန်ခံပါတယ်!" ဝေ့ကျူးက သူ့ပါးစပ်ကို အမြန်အုပ်ပြီးတော့ သနားဖို့ တောင်းဆိုသည်။

"ကျူးဝေ့ လင်တိုင်းပြည်က အမတ်ချုပ် ကျူးဟွမ်ရဲ့ တစ်ဦးတည်းသောသား။လင်းတိုင်းပြည်ထဲက ဆင်းရဲတဲ့မိသားစုက ဖြူစင်တဲ့မိန်းကလေးတွေအများကြီးကို ဖျက်ဆီးခဲ့တဲ့ တဏှာရမ္မက်ကြီးတဲ့လူပဲ။ဒါပေမယ့် သူ့အဖေက အမတ်ချုပ်ဖြစ်နေတဲ့အတွက် သူက တာဝန်ယူရမှာတွေအများကြီးကနေ ကင်းလွတ်ခဲ့တယ်။ဘာလို့လဲ?လင်တိုင်းပြည်မှ ဆိုးသွမ်းပြီးတော့ ရှင်က ရှောင်တိုင်းပြည်မှာ ပြဿနာလာရှာတာလား?ကျွန်မတို့ရဲ့ ရှောင်တိုင်းပြည်ကလူတွေက အနိုင်ကျင့်ဖို့လွယ်တယ်လို့ ထင်လို့လား"

နင်းမုန့်ယောင်က ကျူးဝေ့ကိုကြည့်လိုက်ပြီး သူမပြောလိုက်တဲ့ စကားလုံးတွေက ခရမ်းရောင်ဝတ်စုံနဲ့ယောကျာ်းကို အမူအရာ ပြောင်းလဲသွားစေသည်။သူက သူ့မျက်လုံးတွေကို မှေးပြီးတော့ နင်းမုန့်ယောင်ကို စိုက်ကြည့်လိုက်သည်။

ပတ်လည်ဝိုင်းနေတဲ့ လူအုပ်ကြီးက အဲ့ဒီလူက တကယ်တော့ လင်တိုင်းပြည်က အမတ်ချုပ်ရဲ့သားဖြစ်ပြီး သူ့ရဲ့အကျင့်စရိုက်အကြောင်းကိုသိရတော့ ချက်ချင်း‌‌ဒေါသထွက်ကုန်ကြသည်၊လွန်ခဲ့တဲ့နှစ်ရက်တုန်းက မိန်းကလေး တော်တော်များများ သူ့ဆီကနေ စော်ကားခံရတာကို သူတို့တွေ့တယ်။ဒါပေမယ့် ဒီတစ်ခေါက်တော့ သူက သံပြားကိုကန်မိသွားတာပဲ။

"မိန်းကလေး မင်း ဒီလူကို မလွှတ်ပေးနဲ့!သူက ဒီနေရာကိုရောက်လာပြီး အရင်ရက်တွေထဲက မိန်းကလေးအများကြီးကို အနိုင်ကျင့်စော်ကားထားတာ"

ထောင့်နားက လူတစ်ယောက်က အော်ပြောလိုက်သည်။

"ဟုတ်တယ် မိန်းကလေး"

"မိန်းကလေး အဘိုးမိသားစုရဲ့ မတရားခံရမှုကို ဖြေရှင်းပေးဖို့ တောင်းဆိုပါရစေ"

အဘိုးအိုကြီးတစ်ယောက်က ရုတ်တရက် နင်းမုန့်‌ယောင်ရှေ့မှာ ဒူးထောက်လာခဲ့သည်။အဘိုးအို ဒူးထောက်လိုက်တဲ့အချိန်မှာပဲ နင်းမုန့်‌‌ယောင်က ဘေးကိုရွှေ့ကာ ရှောင်လိုက်သည်။

သူမရဲ့လက်ကိုဆန့်ထုတ်ကာ အဘိုးအိုကို ထဖို့ ကူညီပေးလိုက်ပြီး

"အဘိုး ဘာလုပ်နေတာလဲ?ကျွန်မကို အသက်တိုအောင် လုပ်နေတာလား”

All Chapters