← Chapters

အခန်း ၂၅၇

Vol. 11 Ch. 257

အခန်း ၂၅၇

Vol. 11 Ch. 257

Chapter 257

အဘိုးအိုက သူ့ခေါင်းကို ဆက်တိုက်ရမ်းပြီးတော့ ငိုကြွေးကာ

"မိန်းက‌လေး ဒီအဘိုးအိုကြီးရဲ့ မတရားခံရမှုကို ဖြေရှင်းပေးဖို့ တောင်းဆိုပါတယ်။အဘိုးရဲ့သနားစရာကောင်းတဲ့ မြေးမလေးက ဒီတိရစ္ဆာန်ကြောင့် သေဖို့အထိ ဖိအားပေးခံခဲ့ရတယ်။သူ(မ)က ဆယ့်သုံးနှစ်ပဲ ရှိသေးတယ်"

အဘိုးအိုက သူ့မျက်နှာကို ဖုံးအုပ်ကာ ရှိုက်ငင်ရင်း ပြောလိုက်တယ်။သူ့မြေးမလေးက ကောင်းကောင်းကြီးပြင်းလာတာဖြစ်တယ်။သူမက သားသမီးဝတ္တရားကို ကျေပွန်ပြီးတော့ သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် မှီခိုရင်း နှစ်ပေါင်းများစွာနေလာခဲ့ကြတာ။သူ့မြေးမလေး မကောင်းတဲ့အာဏာရှိပုဂ္ဂိုလ်တွေနဲ့ တွေ့မှာ စိုးရိမ်လို့ သူ့ဆိုင်ကို ဘယ်တုန်းကမှ မပြင်ခိုင်းခဲ့ဘူး။ဒါပေမယ့် ဒီတစ်ခေါက်က သူ့အပြစ်ပဲ။သူ့ရဲ့ အားနည်းတဲ့ခြေထောက်တွေ‌ကြောင့် သူ့မြေးမလေးက ဆိုင်ကိုပြင်ဖို့ သူ့ကို ကူညီပေးခဲ့တယ်။ဒီလိုအဖြစ်အပျက်မျိုး ဖြစ်လာလိမ့်မယ်လို့ ဘယ်သူသိမှာလဲ?

သူက အဲ့ဒီကိစ္စကို အုပ်ချုပ်ရေးဌာနမှာ တိုင်ကြားခဲ့ပေမယ့် အဲ့ဒီလူတွေက သူ့မှာ သက်သေတစ်ခုမှမရှိဘူးဆိုပြီး ပြောလာခဲ့သည်။

"အဘိုး မငိုပါနဲ့။အရင်ဆုံးထပြီးတော့ ပြောပါ"

"မိန်းကလေး ဒါက သူ့ဆီကနေ အဘိုးမြေးမလေး ဆွဲယူလာခဲ့တဲ့ ကျောက်စိမ်းဆွဲသီးပါ။အုပ်ချုပ်ရေးဌာနက လူတွေက ဒီလူအိုကြီးကို မယုံကြဘူး။ဒါပေမယ့် မိန်းကလေး ဒီလူအိုကြီးကို ကူညီပေးဖို့ တောင်းပန်ပါတယ်"

အဘိုးအိုက ကျောက်စိမ်းဆွဲသီးကို သူ့ရဲ့ တုန်ရီနေတဲ့လက်တွေနဲ့ ထုတ်ပြလာခဲ့သည်။

ပိုးထည်ဝတ်စုံ ဝတ်ဆင်ထားတဲ့ ယောကျာ်းနဲ့ ကျူးဝေ့က ကျောက်စိမ်းဆွဲသီးကို မှတ်မိသည်။၎င်းက အမတ်ချုပ်အိမ်တော်ရဲ့ အမွေပစ္စည်းဖြစ်ပြီးတော့ အမှန်တကယ်ကို လူအိုကြီးရဲ့လက်ထဲမှာ ကျရောက်နေခဲ့သည်။

"ခင်ဗျား အဓိပ္ပာယ်မရှိတာတွေ ပြောနေတာပဲ"

ကျူးဝေ့က နာကျင်မှုကို လျစ်လှူရှုပြီး သူ့ခြေရင်းကို ရောက်သွားသည်။

နင်းမုန့်ယောင်က တစ်ဖက်လူကို တစ်ချက်ကြည့်လိုက်ပြီး

"ချင်းရွှယ် ရှန့်ကျန့်ကျွင်းကို ဒီနေရာ ခေါ်လာခဲ့"

"ဟုတ်ကဲ့ သခင်မလေး"

ချင်းရွှယ်က လှည့်ထွက်သွားသည်။ကျူးဝေ့နဲ့အခြားလူတွေရဲ့အမူအရာက သူမပြောတာကို ကြားတဲ့အခါမှာ ပြောင်းလဲသွားကြသည်။

ရှန့်ကျန့်ကျွင်းလား?ဒီအမျိုးသမီးက ရှန့်ကျန့်ကျွင်းရဲ့ ဇနီးသည်များ ဖြစ်နေမလား?

အဘိုးအိုက ၎င်းကို ကြားတဲ့အခါ နောက်ဆုံးတော့ သူ့မြေးမလေးအတွက် လက်စားချေနိုင်ပြီဆိုတာ သိလိုက်သည်။

"ကျေးဇူးတင်ပါတယ် မိန်းကလေး။ကျေးဇူးတင်ပါတယ်"

"အဘိုး ဒီလိုမလုပ်ပါနဲ့"

နင်းမုန့်ယောင်က အဘိုးအိုရဲ့ စိတ်အားထက်သန်မှုကို မခံနိုင်ပေ။သူမက အကူအညီမဲ့စွာဖြင့် သူ့ရဲ့ တုန်ရီနေတဲ့ခန္ဓာကိုယ်ကို နှစ်သိမ့်ပေးလိုက်သည်။

အဘိုးအိုက နင်းမုန့်ယောင်ဘေးမှာ ရပ်နေသည်။လူတိုင်းက ဒီကိစ္စကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာ သိချင်ကြတာကြောင့် တစ်‌ယောက်မှ မထွက်သွားကြပေ။အခြား တိုင်းပြည်က လူတွေကလည်း ရောက်လာကြပြီး အသက်ကို ဖက်နဲထုပ်ထားရသလိုပင်။ဒါက ရှောင်ဧကရာဇ်ရဲ့ မျက်နှာကို ဖြတ်ရိုက်လိုက်တာနဲ့ အတူတူပင်ဖြစ်၏။

ချင်းရွှယ်က ချောင်ထျန်းချန်ကို ခေါ်ဖို့သွားပြီး သိပ်မကြာလိုက်ခင်မှာဘဲ သူတို့နှစ်ယောက် လမ်းတစ်ဝက်မှာ ဆုံကြသည်။

ချောင်ထျန်းချန် ရောက်လာပြီးတော့ နင်းမုန့်‌ယောင်ကို ဖက်ကာ သူမအဆင်ပြေရဲ့လားဆိုတာ ကြည့်လိုက်သည်။

"ဘာဖြစ်သွားသေးလဲ"

"ကျွန်မက အဆင်ပြေပါတယ်။ဒါပေမယ့် ဒီအဘိုးမှာ ပြဿနာရှိနေတယ်"

နင်းမုန့်ယောင်က ပြုံးပြီးတော့ သူမခေါင်းကို ရမ်းလိုက်သည်။သူမက အဘိုးအိုကို လက်ညှိုးထိုးကာ နူးညံ့တဲ့လေသံနဲ့ ပြောလိုက်သည်။

ဒီနေရာကို လာတဲ့လမ်းမှာ ချင်းရွှယ်က ချောင်ထျန်းချန်ကို အခြေအနေ ပြောပြပြီးသားဖြစ်သည်၊ချောင်ထျန်းချန်က ပိုးထည်ဝတ်စုံနဲ့ယောကျာ်းကို စိုက်ကြည့်ပြီးတော့

"လင်တိုင်းပြည်က မင်းသားက ကျွန်တော်တို့ကို ဖြေရှင်းချက်တစ်ခုလောက် မပေးသင့်ဘူးလား"

နန်ကုန်းချီက သူ့ကို အခြားလူတွေ မှတ်မိကြလိမ့်မယ်လို့ လုံးဝ မထင်ထားခဲ့ပေ။သူက ကျူးဝေ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။သူ့ကို ဒီအရူးကြောင့် မှတ်မိသွားကြတာ။သူက ဒီလိုကြီးမားတဲ့ ပြဿနာလုပ်ပြီးတော့ သူတို့အတွက် နောက်ထပ် ပြဿနာတွေ ဖန်တီးလိုက်သေးတယ်။

"မင်းတို့ ဒီအဘိုးကြီးဘက်က ဇာတ်လမ်းကိုပဲ နားထောင်လို့မရဘူး"

နန်ကုန်းချီက တည်ငြိမ်တဲ့ အမူအရာရှိသည်။

နင်းမုန့်ယောင်က လှောင်သလို ရယ်မောလိုက်သည်။သူမရဲ့လက်ထဲက ကျောက်စိမ်းဆွဲသီးကို မြှောက်ပြလိုက်ပြီးတော့ အေးအေးဆေးဆေး ပြောလိုက်သည်။

"ဒီကျောက်စိမ်းဆွဲသီးက အမတ်ချုပ်အိမ်တော်ရဲ့ အမွေပစ္စည်းလေ။ကြည့်ရသလောက်တော့ ဒီပေါ်က သွေးနည်းနည်းတောင် ခြောက်နေပြီ။မင်းသားနန်ကုန်းက ဒီအဘိုးက ကျောက်စိမ်းဆွဲသီးကို ခိုးတယ်လို့ ‌ပြောချင်တာလား"

နန်ကုန်းချီက ခက်ခဲတဲ့ အခြေအနေမှာ ရှိ‌နေတယ်။အဘိုးအိုက စည်းမျဉ်းတွေကိုသိပြီးတော့ ကြင်နာတတ်တဲ့ လူအိုကြီးတစ်ဦး ဖြစ်ပုံရတာကြောင့် သူကသာ အဘိုးအိုခိုးတာလို့ ပြောလိုက်ရင် ဘယ်သူမှ ယုံကြမှာမဟုတ်ပေ။

"တွေ့လား မင်းသားတောင်မှ အဲ့ဒါကို မယုံနိုင်ဘူးလေ။ဒီလိုစကားမျိုးတွေကို ပြောနိုင်ဖို့ဆိုရင် ရှင်တို့အားလုံးက ရှောင်တိုင်းပြည်က လူတွေက လွယ်လွယ်လေး အနိုင်ကျင့်လို့ရတယ်လို့ ထင်ထားကြတာလား"

"အဲ့လိုဆိုရင်တော့ ကျွန်တော်တို့ စစ်မြေပြင်မှာ ဆုံလို့ရတယ်နော်။မင်းသားလင် ဘယ်လိုထင်လဲဆိုတာ သိချင်မိတယ်"

ချောင်ထျန်းချန်က သူပြောတာကို ထိန်းချုပ်ပြီးတော့ လေးနက်တဲ့အမူအရာရှိကာ ထိုစိတ်ကူးကို လုံးဝ စိတ်ကျေနပ်တယ်ဆိုတာ သိသာသည်။

နန်ကုန်းချီရဲ့ မျက်ခွံတွေ လှုပ်သွားတယ်။အခြေအနေက သူ့စကားတွေကြောင့် ပိုပြီးတော့ ဆိုးလာတယ်။

"ဘယ်သူမှားလဲ ဘယ်သူမှန်လဲဆိုတာ ကျွန်မတို့တွေ စုံစမ်းပြီးရင် သိရမှာပဲလေ။ဒါပေမယ့် အခုတော့ မင်းသားကို ကျွန်မတို့ရဲ့ ဧကရာဇ်ဆီ လာတွေ့ဖို့ ဖိတ်ချင်ပါတယ်။ဧည့်သည်တစ်ယောက်က ဧည့်သည်လို ပြုမူနေထိုင်သင့်တယ်။ဒီကိုလာတဲ့လူတိုင်းက လင်တိုင်းပြည်က မင်းသားလိုပဲဆိုရင်အရာအားလုံး ရှုပ်ထွေးသွားမှာပေါ့"

နင်းမုန့်ယောင်ရဲ့ နှုတ်ခမ်းထောင့်မှာ အပြုံးဖျော့ဖျော့တစ်ခုရှိနေပြီး နန်ကုန်းချီကို ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်သည်။

"အဲ့ဒါဟုတ်တယ်?လင်တိုင်းပြည်ရဲ့မင်းသားက သူ့လက်အောက်ငယ်သားတွေကို လူသတ်ဖို့ ခွင့်ပြုထားနိုင်တဲ့အထိ အရမ်း ထူးခြားနေလို့လား"

"မှန်တယ်!မင်းတို့တွေ ငါတို့ကို ဒီနေ့ ဖြေရှင်းချက်တစ်ခု ပေးကိုပေးရမယ်!မဟုတ်ရင် ဒါ အဆုံးမသတ်ဘူး!"

ပြည်သူတွေက ဒေါသထွက်နေကြတယ်။မင်းသားလင်ရဲ့ စောနတုန်းက စကားတွေက မကောင်းတဲ့လူ‌ကို ကာကွယ်ပေးနေတယ်၊သူတို့တွေ အခြားတိုင်းပြည်တွေမှာ ဒီလိုမျိုး မောက်မောက်မာမာ လုပ်လို့ရသလား?

သူတို့သာ ဒီကိစ္စနဲ့ပတ်သက်ပြီး ဖြေရှင်းတစ်ခု မရဘူးဆိုရင် လုံးဝမကျေနပ်နိုင်ဘူး။

All Chapters