အခန်း ၂၅၈
Vol. 11 Ch. 258
Chapter 258
နန်ကုန်းချီက လူမြင်ကွင်းမှာ ဒီလိုအရှက်ကွဲမှုမျိုးကို အရင်က တစ်ခါမှ မခံခဲ့ရဖူးပေ။သူ့ရဲ့ နူးညံ့ညင်သာတဲ့ အမူအရာက ချက်ချင်းအုံ့မှိုင်းလာခဲ့သည်။
"မင်းသားနန်ကုန်း ကြွပါ။ဒီအဘိုးအိုနဲ့ကျူးဝေ့ကို စစ်သူကြီးအိမ်တော်ဆီ ခေါ်သွားလိုက်"
ချောင်ထျန်းချန်က နန်ကုန်းချီရဲ့ ဆိုးဝါးတဲ့အမူအရာကို လျစ်လျှူရှုပြီးတော့ ဂရုမစိုက်စွာဖြင့်ပြောလိုက်သည်။
"အဘိုး ကျေးဇူးပြုပြီး ကျွန်မတို့နဲ့လိုက်လာခဲ့ပါနော်"
ချင်းရွှယ်က အဘိုးအိုဘေးနားကို လျှောက်သွားလိုက်ပြီး သူ့ကို နူးညံ့စွာ ပြောလိုက်သည်။
ချင်းရွှမ်အတွက်ကတော့ သူက အမှောင်ထဲကနေ ပေါ်လာခဲ့ပြီး ကျူးဝေ့ကို သူနဲ့ခေါ်သွားကာ လျှပ်တစ်ပြတ်အတွင်း ပျောက်ကွယ်သွားသည်။
သူတို့ ထွက်သွားပြီးတဲ့နောက် ချောင်ထျန်းချန်က နန်ကုန်းချီကိုကြည့်ကာ
"မင်းသားနန်ကုန်းက ကျွန်တော်တို့ရဲ့ဧကရာဇ်ကမင်းသားနဲ့ တွေ့ဖို့ မထိုက်တန်ဘူးလို့ တွေးနေတာလား"
နန်ကုန်းချီ သွေးအန်လုနီးပါး ဖြစ်သွားတယ်။သူသာ တကယ်ကြီး အဲ့လိုဖော်ပြလိုက်ရင် ဒီနေရာကိုလာရတဲ့ ရည်ရွယ်ချက် ကျရှုံးသွားနိုင်ရုံတင်မကဘူး လင်တိုင်းပြည်နဲ့ရှောင်တိုင်းပြည်လည်း ရန်သူတွေဖြစ်သွားနိုင်တယ်။ဒါက သူမြင်ချင်တဲ့အရာ မဟုတ်ဘူး။
"စစ်သူကြီးချောင်က အရမ်းလေးနက်နေတာပဲ။အဲ့လိုအဓိပ္ပာယ်မဟုတ်ပါဘူး"
"ဒါဆို ကောင်းပါတယ်။မင်းသားနန်ကုန်း ကျေးဇူးပြုပြီး ကြွပါ"
ချောင်ထျန်းချန်က သူ့ကို လက်အမူအရာနဲ့ပြလိုက်ပြီးတော့ နင်းမုန့်ယောင်ကို လှည့်ကြည့်ကာ
"မင်း ကိုယ်နဲ့ နန်းတော်ကို လိုက်ခဲ့ချင်လား ဒါမှမဟုတ် အရင် ပြန်နှင့်ချင်လား"
နင်းမုန့်ယောင်က နန်းတော်ကို သဘောမကျဘူးဆိုတာ သူ သိတယ်။
"ကျွန်မ ရှင်နဲ့သွားမယ်"သူမက ဒီကိစ္စမှာ ပြောစရာအများကြီးရှိတဲ့အတွက်ကြောင့် သူ့နဲ့လိုက်သွားတာ ပိုကောင်းတယ်။
"အရမ်းကောင်းတယ်.... သွားကြမယ်"
နန်ကုန်းချီ အခု ငြင်းပယ်ရင်တောင်မှ လွတ်လမ်းမရှိတော့ပေ။သူက ရွေးချယ်စရာမရှိတော့ဘဲ နောက်ကနေသာ လိုက်သွားရတော့သည်။
နန်းတော်ထဲတွင် ရှောင်ချီဖုန်းက တင်ပြချက်ကို နားထောင်ပြီးတော့ ဆွံ့အသွားတယ်။သူတို့က အခုမှ သတင်းကိုသိရပေမယ့် နင်းမုန့်ယောင်ကတော့ တိုက်ခိုက်ပြီးသွားပြီ။နင်းမုန့်ယောင်က အမှန်တကယ်ပဲ ရှောင်တိုင်းပြည်အတွက် ကံကောင်းစေတဲ့ကြယ်တစ်လုံးလို့ ပြောရမလား မပြောရဘူးလားဆိုတာ သူ မသိတော့ပေ။
သူတို့တွေ မကြာခင် ရောက်လာတော့မယ်ဆိုတာ သိတဲ့အတွက် ရှောင်ချီဖုန်းက ဆက်လက်ပြီးတော့ စိုးရိမ်ပူပန်မနေတော့ပေ။
"ကျူးဝေ့နဲ့ပတ်သက်တဲ့အရာအားလုံး သွားစုံစမ်းချည်"
ဒါက သဘာဝအတိုင်းပဲ ကြီးကြီးမားမား လုပ်တာအတွက်ဖြစ်သည်။သူသာ မလုပ်ခဲ့ဘူးဆိုရင် နန်ကုန်းချီက ဘယ်လိုလုပ် နစ်နာမှု ခံစားရပါ့မလဲ?
"ဟုတ်ကဲ့ အရှင်မင်းကြီး"
သိပ်မကြာခင်မှာပဲ ချောင်ထျန်းချန်နဲ့အခြားလူတွေက ဧကရာဇ်နဲ့တွေ့ဖို့ ခွင့်တောင်းနေတဲ့အကြောင်း ရောက်လာခဲ့သည်။
သူတို့သုံးယောက်က တော်ဝင်စာကြည့်ဆောင်ထဲ ဝင်လာပြီးတဲ့နောက်
"အရှင်မင်းကြီးကို နှုတ်ခွန်းဆက်သပါတယ်"
"ထနိုင်ပြီ"
ရှောင်ချီဖုန်းက သူ့လက်တွေကို ဝှေ့ရမ်းလိုက်ပြီး သူ့အကြည့်က နန်ကုန်းချီပေါ် ရောက်သွားသည်။သူက မျက်ခုံးတွေကို အနည်းငယ် ပင့်လိုက်ပြီးတော့
"ဒါက မင်းသားနန်ကုန်းလား?သူက ဘာလို့ ငါမှတ်မိတာနဲ့ မတူရတာလဲ?ငါဘဲ အမှတ်မှားနေတာလား"
"မင်းသားနန်ကုန်းက လူတွေနဲ့ဆုံရမှာ ရှက်လို့ သူ့ရဲ့ပုံစံကို ပြောင်းလဲထားတာဘဲ ဖြစ်ရမယ်"
နင်းမုန့်ယောင် ဖျော့တော့စွာ ပြန်ဖြေလိုက်ပြီး အသံကတော့ ကျေနပ်မှုရှိမနေပေ။
နန်ကုန်းချီ မျက်နှာပျက်သွားတယ်။သူ ရောက်လာတဲ့အချိန်တုန်းက သူ့မျက်နှာဖုံးကို ဖယ်ဖို့ မေ့သွားတယ်။ဒီလူနှစ်ယောက်က သူ့ကို တစ်ယောက်ပြီးတစ်ယောက် ထေ့ငေါ့ပြောနေကြတာ သူ့ကို အရမ်းမလှုပ်နိုင်ဖြစ်စေတယ်။
သူ့ရဲ့ပုံစံကို ပြောင်းလဲလိုက်ခြင်းက ကိစ္စကြီးဖြစ်သလား ကိစ္စအသေးလေးပဲလားဆိုတာက သူတို့တွေ အဲ့ဒါကို ဘယ်လိုမြင်လဲဆိုတဲ့အပေါ်တွင် မူတည်သည်။
"ကျွန်တော် အရှင်မင်းကြီးကို ဟာသတစ်ခု မြင်စေမိပါပြီ။ကျွန်တော်က ပြဿနာတွေကနေ ရှောင်ရှားဖို့ ပုံစံပြောင်းထားလိုက်တာပါ"
နန်ကုန်းချီက ပြုံးကာ ပြောလိုက်သည်။သူ့ကိုယ်သူတောင် သူ့ရဲ့ ဖြေရှင်းချက်ကို မယုံနိုင်ပေ။
ရှောင်ချီဖုန်းက မျက်ခုံးပင့်ပြီးတော့ ဘာမှစဉ်းစားမနေဘဲ
"မင်းက တကယ်ပဲ ပြဿနာတွေကို ရှောင်နိုင်ခဲ့တာပဲ။အမတ်ချုပ်ရဲ့ သားကြောင့်သာမဟုတ်ရင် မင်းသားနန်ကုန်း ရှောင်တိုင်းပြည်ထဲရောက်နေတာကို ငါကိုယ်တော် သိရမှာတောင် မဟုတ်ဘူး" ဟု ပြောလိုက်သည်။
နန်ကုန်းချီရဲ့ လက်တွေ အေးခဲသွားတယ်။ဒီလူက လူတစ်ယောက်ကို ဘယ်လို ထေ့ငေါ့ပြောရမယ်ဆိုတာ သေချာပေါက်သိတယ်။
သူ့မျက်နှာဖုံးကို ဖယ်ရှားပြီးတဲ့နောက် သူ့ရဲ့ ချောမောတဲ့မျက်နှာသွင်ပြင်ကို ဖော်ပြလာခဲ့သည်။နင်းမုန့်ယောင်က အသာလေး မျက်ခုံးပင့်လိုက်တယ်။သူ့ရဲ့ဒီမျက်နှာက တကယ်တော့ စိတ်ရှုပ်စရာကောင်းတယ်။
"အရှင်မင်းကြီး ကျူးဝေ့နဲ့ပတ်သက်ပြီးတော့........"
"ငါ လူလွှတ်ပြီးတော့ အဲ့ဒီကိစ္စကို စုံစမ်းခိုင်းပြီးပြီ။ရာထူးရှိတဲ့လူတစ်ယောက်က ဉပဒေကို ချိုးဖောက်ရင် သူ့တိုင်းသူပြည်သားတွေလိုပဲ ညီတူညီမျှ အပြစ်ခံရမယ်။မင်းသားနန်ကုန်း ငါ ဘယ်ကလာတယ်ဆိုတာ နားလည်သင့်တယ်"
ရှောင်ချီဖုန်းက အပြုံးလေးနဲ့ နန်ကုန်းချီကို စကားဖြတ်ပြောလိုက်သည်။သူပြောလိုက်တဲ့စကားတွေက နန်ကုန်းချီကို ပြန်လည်ချေပဖို့အတွက် ဘယ်လိုနည်းလမ်းကိုမှ မချန်ထားပေ။
နန်ကုန်းချီက တည်တည်ငြိမ်ငြိမ်နဲ့ ခေါင်းငြိမ့်လိုက်ပြီး
"ဒါပေါ့ ကျွန်တော်သိပါတယ်"
"အဲ့ဒါကြောင့် မင်းသားနန်ကုန်းက စုံစမ်းမှုပြီးသွားတဲ့အချိန်အထိ ဒီနေရာမှာပဲ တိတ်တိတ်လေး စောင့်နေသင့်တယ်။အမတ်ချုပ်ရဲ့သား လုပ်ခဲ့တာ မဟုတ်ဘူးဆိုရင် ငါကိုယ်တော် မင်းသားနန်ကုန်းကို ဖြေရှင်းချက်တစ်ခုပေးပါ့မယ်။ဒါပေမယ့် သူကသာ လုပ်ခဲ့တယ်ဆိုရင်တော့ မင်းသားနန်ကုန်းက ငါကိုယ်တော်နဲ့ ငါကိုယ်တော်ရဲ့ပြည်သူတွေကို ဖြေရှင်းချက်တစ်ခုပေးနိုင်ဖို့ မျှော်လင့်တယ်"
ရှောင်ချီဖုန်းက ပြုံးပြီးတော့ ပြောလိုက်သည်။
နန်ကုန်းချီက တည်ငြိမ်တဲ့မျက်နှာထားကို ထိန်းထားရပေမယ့် သူ့မျက်နှာကတော့ လွန်စွာဆိုးဝါးနေပြီဖြစ်သည်။
သူတို့တွေက တော်ဝင်စာကြည့်ဆောင်ထဲမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်နေခဲ့ကြပြီ နာရီအနည်းငယ် ကြာပြီးတဲ့နောက် စစ်သူကြီးအိမ်တော်က လူတစ်ယောက် ရောက်လာခဲ့သည်။
ထိုလူက ချင်းရွှမ်ဖြစ်သည်။
"အရှင်မင်းကြီးကို နှုတ်ခွန်းဆက်သပါတယ်"
"ထနိုင်ပြီ.........ဘာကိစ္စရှိလို့လဲ"
"လုပ်ကြံသူတစ်ယောက်က စစ်သူကြီးအိမ်တော်ထဲကို ဝင်ပြီးတော့ အဘိုးအိုကို လုပ်ကြံဖို့ ကြိုးစားခဲ့ပါတယ်။ကျွန်တော်တို့ အဲ့ဒီလုပ်ကြံသူကို ဖမ်းမိထားတယ်"
ရှောင်ချီဖုန်းက ၎င်းကိုကြားတဲ့အချိန် သူ့မျက်နှာက အနည်းငယ်နစ်မြှုပ်သွားသည်။
"သူ့ကို ဒီခေါ်လာခဲ့"
သူတို့က အခြားတိုင်းပြည်တစ်ခုမှာ အကြမ်းဖက်ရဲတယ်ပေါ့လေ။တော်တော်လေး လုံလောက်နေပြီ။
နန်ကုန်းချီရဲ့ဦးခေါင်း တဆတ်ဆတ် တုန်သွားတယ်။ဒီလိုအချိန်မှာ ဒီအရာဖြစ်လာတာက တိုက်ခိုက်မှုက သူတို့လုပ်တာဆိုပြီး သေချာပေါက် လက်ညှိုးထိုးခံရမှာပဲ၊