အခန်း ၂၆၀
Vol. 11 Ch. 260
Chapter 260
နန်ကုန်းချီ သူ့အခန်းကို ပြန်ရောက်တဲ့အခါ အလွန် ဒေါသထွက်နေပြီးတော့ အခန်းထဲက ရှိသမျှ ပစ္စည်းအားလုံးကို ရိုက်ခွဲပစ်သည်။
"မင်းတို့အားလုံး ဘာဖြစ်နေကြတာလဲ!စစ်သူကြီးအိမ်တော်ကို သတိလက်မဲ့နဲ့ လူတွေလွှတ်လိုက်တာ အခြေအနေက သိပ်မဆိုးသေးဘူးလို့ ထင်နေကြလို့လား!"
နန်ကုန်းချီရဲ့အကြည့်က မြွေပွေးတစ်ကောင်လိုမျိုး သူ့ရှေ့ကလူတွေကို ကြည့်နေသည်။
သူတို့တွေက သူ့ရဲ့အကြည့်အောက်မှာ တုန်လှုပ်သွားကြပြီး
"အရှင့်သား.........ဒါ........ဒါက…...."
"ကျူးဝေ့က နောက်သုံးရက်ကြာရင် ကွပ်မျက်ခံရလိမ့်မယ်။မင်းတို့အားလုံး ဆင်ဆင်ခြင်ခြင် လုပ်တာ ပိုကောင်းမယ်၊မင်းတို့တွေ နောက်ထပ် ပြဿနာထပ်လုပ်ရင် ငါ့ကို ရက်စက်လို့ဆိုပြီး အပြစ်မတင်ကြနဲ့။ပြီးတော့ အမတ်ချုပ်ကျူးကို သေချာရှင်းပြလိုက်ကြ"
နန်ကုန်းချီက ကျူးဝေ့ကို သူနဲ့ခေါ်လာခဲ့တာ မကောင်းတဲ့ဆုံးဖြတ်ချက်လို့ ခံစားရတယ်။
ကျူးဝေ့က များသောအားဖြင့် မကောင်းတဲ့လူတစ်ယောက် မဟုတ်ပေမယ့် မိန်းမတွေကို မြင်ရင်တော့ သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ပေ။
သူ(ကျူးဝေ့) မိန်းမတွေနဲ့ပဲ ကစားရင် သူ(နန်ကုန်းချီ)သည်းခံနိုင်တယ်။ပိုဆိုးလာတဲ့အခါ အဆိုးဆုံးအခြေအနေမှာ သူ ဝင်ပါပေးနိုင်တယ် ဆိုပေမယ့် အဲ့ဒီအရူးက တကယ့်ကိုပဲ ရှောင်တိုင်းပြည်က ရှန့်ကျန့်ကျွင်းရဲ့မိန်းမနောက်ကို လိုက်ခဲ့တယ်။
ထိုအမျိုးသမီးက တကယ့်ကို လှပတယ်ဆိုတာ သူ မငြင်းနိုင်ဘူး အထူးသဖြင့် သူမရဲ့ အရည်အချင်းတွေပဲ။ကျူးဝေ့ကို အသာထားဦး........သူတောင်မှ သူမကို စွဲလမ်းသွားတယ်။ဒါပေမယ့် သူ သူမကိုကြည့်တဲ့အချိန်မှာ ဘယ်လို မျက်လုံးမျိုး ရှိနေခဲ့လဲ?နင်းမုန့်ယောင်က သူမရဲ့ ဝတ်စားဆင်ယင်ပုံကနေ သာမန်အမျိုးသမီးတစ်ယောက်နဲ့ မတူပေ။သူက သူမကို အပြစ်ပြုရဲမှတော့ သူ ဆက်ပြီးတော့ အသက်မရှင်ချင်တော့ဘူးဆိုတာ ရှင်းတယ်။
"ဟုတ်ကဲ့ အရှင့်သား"
နန်ကုန်းချီရဲ့ မျက်လုံးအောက်ခြေကနေ စက်ဆုပ်မှုနဲ့ဒေါသတွေ ဖြတ်သန်းသွားတယ်။သူ့အစီအစဉ်တွေအားလုံး ပျက်စီးသွားပြီး။သူ့ကိုယ်သူ အထင်ကြီးမိခဲ့တာပဲ။
"ထျန်းချန် နန်ကုန်းချီက ဘာလုပ်လိမ့်မယ်လို့ မင်းထင်လဲ"
ရှောင်ချီဖုန်းက ထွက်မသွားကြသေးတဲ့ ချောင်ထျန်းချန်နဲ့သူ့ဇနီးကိုကြည့်ကာ မေးလိုက်သည်။
ဒီကိစ္စကြောင့် သူတို့တွေ နန်ကုန်းချီကို လူသိရှင်ကြား ဖော်ထုတ်ခဲ့တယ်။ဒါက အလွန်ကောင်းတဲ့ ရလဒ်တစ်ခုဖြစ်ပြီး သူက ဒီရလဒ်ကို အလွန်စိတ်ကျေနပ်တယ်။
ချောင်ထျန်းချန်က နှာခေါင်းရှုံ့လိုက်ပြီး
"အခု ကိစ္စတွေက ဒီအခြေအနေကို ရောက်နေပြီ။သူက အဲ့ဒါကို လက်ခံလိုက်ရရုံကလွဲလို့ အခြား ဘာလုပ်နိုင်မှာလဲ"
"အဲ့လိုဆိုရင်ရတယ်"
ရှောင်ချီဖုန်းက စိတ်ဖိစီးနေတယ်။နန်ကုန်းချီမှာသာ တခြားရည်ရွယ်ချက်တွေ ရှိနေရဲရင် ဒီကိစ္စက အဆုံးမသတ်မှာ စိုးရိမ်မိတယ်။ဒါက သူလိုချင်တဲ့အရာမဟုတ်ဘူး။ဒါပေမယ့် အဲ့ဒါက သူတို့အတွက် အရေးမကြီးပေ။
"ဒီလိုဖြစ်လာပြီဆိုမှတော့ နောက်သုံးရက်နေရင် ကွပ်မျက်ဖို့ ပြင်ထားလိုက်......ပြီးတော့ တစ်ယောက်ယောက်ကို လွှတ်ပြီးတော့ မြို့တော်မှာ သူတို့နဲ့တွေ့ခဲ့တဲ့ အရာရှိတွေကို စုံစမ်းရမယ်။မင်း ရှင်းရှင်းလင်းလင်း သိရပြီဆိုတာနဲ့ သူတို့ကို သတ်ပစ်လိုက်"
ဘယ်သူမှ ဒီကိစ္စကို မသိဘူးဆိုတာ သူ မယုံဘူး။အဲ့ဒီအစား ဖုံးကွယ်ဖိနှိပ်ထားကြတာပဲ။
"မစိုးရိမ်ပါနဲ့ ငါ ဘာလုပ်ရမလဲဆိုတာ သိတယ်"
နန်ကုန်းချီက ဘာလုပ်ရပ်မှ မလုပ်ဘူးဆိုပေမယ့် အမတ်ချုပ်ကျူး မလုပ်ဘူးလို့ ဆိုလိုတာ မဟုတ်ပေ။ဘာပဲဖြစ်ဖြစ် သူက သူ့ရဲ့ တစ်ဦးတည်းသောသားကို အရမ်းချစ်တယ်လေ။
သုံးရက်ကြာပြီးနောက် ကွပ်မျက်ကွင်းတွင် ချောင်ထျန်းချန်က ကြီးကြပ်သူစင်ပေါ်မှာ ထိုင်နေခဲ့သည်။လူအုပ်ကြီးက ဖရိုဖရဲနဲ့ ပြွတ်သိပ်နေကာ သူတို့တွေ ကျူးဝေ့ရဲ့ပြစ်မှုကို ဖတ်နေတာကို ကြည့်လိုက်သည်။
"သူ့ကို သတ်လိုက်တော့"
ဘယ်သူအော်လိုက်လဲဆိုတာ မသိပေမယ့် အသံတွေက ပထမဟာထက် ပိုပိုပြီးတော့ ကျယ်လောင်လာခဲ့သည်။
သူတို့တွေက ကွပ်မျက်စင်အလယ်ကို ကြက်ဉပုပ်တွေ ဟင်းသီးဟင်းရွက်တွေနဲ့တောင် ပစ်ပေါက်ကြပြီးတော့ အနားက စစ်သည်တွေတောင် မှန်ကုန်ကြသည်။
လူတွေရဲ့အသက်ကို ဂရုမစိုက်တဲ့ မကောင်းတဲ့ကောင်ကို ခေါင်းဖြတ်ပစ်တာက လူတိုင်းအတွက် စိတ်ကျေနပ်စရာပင် ဖြစ်သည်။သူတို့တွေက အခြားဘာကိုမှ ဂရုမစိုက်ကြပေ။
ချောင်ထျန်းချန်က လူအုပ်ကြီးကိုကြည့်ပြီးတော့ သူ့ပါးစပ်ထောင့်တွေက အပေါ်ကို ကွေးတက်သွားကာ
"နေမွန်းတည့်နေပြီ........သူ့ကို သတ်လိုက်တော့"
ပါးကွက်သားက သူ့ဓားကိုမြှောက်ကာ ကျူးဝေ့ကို ကွပ်မျက်တော့မယ့် အချိန်မှာပဲ မြှားတစ်စင်းက ကွပ်မျက်ကွင်းအလယ်ကို ပျံသန်းလာခဲ့သည်။
ချောင်ထျန်းချန်က ပြုံးလိုက်ပြီးတော့ ဘေးနားက လေးနဲ့မြှားကိုယူကာ မြှားနှစ်ချောင်း ပစ်လိုက်သည်။မြှားနှစ်ချောင်း ပျံသန်းသွားပြီးတော့ တစ်ချောင်းက ဝင်လာတဲ့ မြှားကို နှစ်ပိုင်းဖြစ်သွားအောင် ခွဲပစ်ကာ အခြား တစ်ချောင်းက မြှားပစ်လိုက်တဲ့နေရာသို့ ဦးတည်သွားသည်။
"အားလုံး အောက်ဆင်းကြ!"
ချောင်ထျန်းချန်က ကွပ်မျက်ကွင်းမှာရှိနေတဲ့ ပြည်သူတွေကို အော်လိုက်သည်။ပြည်သူတွေက သူပြောတာကို ကြားတာနဲ့ သူတို့က အမြန်ဆင်းပြီးတော့ မလှုပ်ကြပေ။တစ်ချိန်တည်းမှာပဲ ရာနှင့်ချီသော လက်ရွေးစင်တပ်တွေ ပေါ်လာသည်။လဲ့အန်းနဲ့လင်းဇီရိုတို့က သူတို့ထဲမှာ ပါဝင်ကြပြီး ချင်းရွှမ်နဲ့အခြားလူတွေလည်း အတူတကွပါဝင်သည်။
မြို့တံခါးမျှော်စင်ကနေ မြှားပစ်လိုက်တဲ့လူက သူ့ပုခုံးကို မြှားတစ်ချောင်းမှန်ပြီးတော့ သွေးတွေ အဆက်မပြတ် စီးကျလာသည်။
"လုပ်ကြံသူတွေအားလုံးကို ညှာမနေဘဲ သတ်ပစ်"
ချောင်ထျန်းချန်က မြို့တံခါးမျှော်စင်က ခုန်သွားတဲ့ အနက်ရောင်ဝတ်စုံနဲ့လူကို ကြည့်ပြီး သူတို့ကို အမြန်အမိန့်ပေးလိုက်သည်။
လဲ့အန်းနဲ့အခြားလူတွေက အစွမ်းကုန် စိတ်လှုပ်ရှားနေကြပြီးတော့ ရှိနေတဲ့လူတွေကို ကာကွယ်ဖို့အတွက် အချင်းချင်း ယှဉ်တွဲထားကြသည်။လူတိုင်းက သူတို့ရဲ့ ရန်သူတွေကို ဝေးတဲ့နေရာလွတ်ဆီ ဆွဲခေါ်သွားကြသည်။တစ်ချိန်တည်းမှာပဲ ရှောင်ချီထျန်းက သူ့ရဲ့ လျှို့ဝှက်စစ်သည်တွေကို ခေါ်လာခဲ့ပြီး လူတွေကို တိုက်ခိုက်မှုကနေ ဝေးတဲ့ဆီ ပို့ဆောင်ပေးသည်။
ကွပ်မျက်ကွင်းမှာ အားလုံးရှင်းလင်းပြီးတဲ့နောက် ရှောင်ချီထျန်းနဲ့အခြားလူတွေက သူတို့ကို အလယ်မှာ ဝိုင်းလိုက်ကြပြီး
"သူတို့ကို သတ်ပစ်"
"ဟုတ်ကဲ့"
နှစ်ဖက်လုံးက တိုက်ခိုက်ကြသည်။ပြည်သူတွေ အနားမှာမရှိတော့တဲ့အတွက် ချောင်ထျန်းချန်နဲ့အခြားလူတွေက ထွက်သွားကြသည်။
နန်ကုန်းချီက ထိုသတင်းကို သိရတဲ့အချိန် ဖြူဖျော့ရာကနေ ဒေါသထွက်သွားသည်။အမတ်ချုပ်က သူ ဒီနေရာမှာ ကောင်းကောင်းလုပ်နေတယ်လို့ ထင်နေတာလား?တစ်မိသားစုလုံး အရူးတွေပဲ။