← Chapters

အခန်း ၂၆၁

Vol. 11 Ch. 261

အခန်း ၂၆၁

Vol. 11 Ch. 261

Chapter 261

⚠️⚠️⚠️သွေးထွက်သံယိုအခန်းများပါဝင်သည်။

အရာအားလုံးဖြစ်ပျက်နေတဲ့အထဲမှာ သူတို့က ဘာလို့ ကွပ်မျက်ကွင်းကို လာကြတာလဲ?သူတို့ဦးနှောက်က ဘာတွေဖြစ်နေကြတာလဲ?

ရှောင်တိုင်းပြည်ထဲမှာ ပျိုးထောင်ထားတဲ့ လျှို့ဝှက်စစ်သည်တွေအကုန်လုံး အမတ်ချုပ်ကျူးကြောင့် ဖော်ထုတ်ခံလိုက်ရပြီ။ဘာပဲဖြစ်ဖြစ် သူက ရှောင်ချီဖုန်းက သူတို့ကို ဖယ်ရှားပစ်နိုင်မှာမဟုတ်ဘူးလို့ ထင်နေခဲ့တာလား။

"သောက်ကျိုးနည်းကွာ!"

သူက စားပွဲကို ကွဲသွားအောင် ရိုက်ချိုးပစ်ပြီးတော့ သူ့မျက်နှာက အုံ့မှိုင်းနေသည်။

"အရှင့်သား ကျွန်တော်တို့ အခု ဘာလုပ်သင့်လဲ"

"ဘာလုပ်ရမှာလဲ!ဒီကိစ္စထဲကို ဝင်မစွက်ဖက်တာ အကောင်းဆုံးပဲ!မဟုတ်ရင် ငါတို့တွေ ငြိစွန်းသွားရင် နောက်ကျ ငါတို့အကြံအစည်တွေအားလုံး ပျက်စီးသွားလိမ့်မယ်!" ဟု နန်ကုန်းချီက ဖြူဖျော့နေတဲ့မျက်နှာနဲ့ ပြောလိုက်သည်။

"ဟုတ်ကဲ့ အရှင့်သား"

သူတို့ထဲက အချို့က တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီး နန်ကုန်းချီဆိုလိုတဲ့အဓိပ္ပာယ်ကို အလိုအလျောက် သဘောပေါက်ကြသည်။

ထိုအချိန်တွင် ကွပ်မျက်ကွင်း၌ ချောင်ထျန်းချန်က ပတ်ဝန်းကျင်က တိုက်ပွဲမြင်ကွင်းကို သက်သောင့်သက်သာကြည့်နေပြီးတော့ သရော်လိုက်ကာ

"သူတို့ကို အရှင်ဖမ်းနိုင်ဖို့ အကောင်းဆုံးကြိုးစားကြ"

"ဟုတ်ကဲ့"

သူက သူတို့ကိုဘာလို့ အရှင်ဖမ်းချင်ရတာလဲ?သဘာဝကျစွာနဲ့ပဲ သူတို့ဆီကနေ သတင်းအချက်အလက်တွေ နှိုက်ထုတ်ရန်ဖြစ်သည်။

ဒီလိုမျိုး လျှို့ဝှက်စစ်သည်တွေအများကြီးကို အသုံးပြုနိုင်တာက တစ်ခုတည်းသော ဖြေရှင်းချက်ကတော့ ကျူးဝေ့ရဲ့အဖေက ရှောင်တိုင်းပြည်ထဲမှာ တပ်စွဲထားတဲ့ လင်တိုင်းပြည်က လျှို့ဝှက်စစ်သည်တွေကို အသုံးချခဲ့ခြင်းသာ ဖြစ်သည်။ဒါပေမယ့် နန်ကုန်းချီ အလွန်အမင်း ဒေါသထွက်သွားလိမ့်မယ်ဆိုတာ သူ မသိခဲ့ပေ။

တိုက်ပွဲက ပြင်းထန်တဲ့အခြေအနေသို့ ရောက်ရှိလာသည်။ချောင်ထျန်းချန်က ဘေးကနေ ကြည့်မနေနိုင်တော့ပေ။အဲ့ဒီအစား သူက ကိုယ်ခံပညာအတော်ဆုံးလို့ ယူဆရတဲ့ လူဆီကို သွားပြီး တိုက်ခိုက်သည်။

နှစ်ဖက်လုံးမှာ စစ်သည်တွေအများကြီးရှိပေမယ့် အလွန်လျင်မြန်စွာနဲ့ပဲ လင်တိုင်းပြည်က လူတွေက တဖြည်းဖြည်း အားနည်းသွားကြသည်။

"ဆုတ်ကြ;"

"ပြန်ဆုတ်မှာလား?မင်းတို့တွေ ငါ့ခွင့်ပြုချက်တောင်းရဦးမယ်!"

ချောင်ထျန်းချန်က ထွက်‌ပြေးချင်တဲ့လူကို အေးစက်စွာ ကြည့်လိုက်ပြီး အထင်သေးစွာဖြင့် ပြောလိုက်သည်။

သူတို့က ဒီလူတွေကို လွှတ်ပေးမယ်လို့ မပြောပါဘူး။သူတို့က ဘယ်လိုလုပ် ဒီလူတွေ သူတို့မျက်စိရှေ့ကနေ ထွက်ပြေးသွားတာကို ခွင့်ပြု‌ပေးရမှာလဲ?

သူတို့တွေ တစ်ယောက်ပြီးတစ်ယောက် သူ့ရှေ့မှာ လဲကျသွားတာကို ကြည့်ပြီးတော့ ဝတ်စုံအနက်နဲ့ သူတို့ရဲ့ ခေါင်းဆောင်က ထိတ်လန့်တုန်လှုပ်သွားသည်။ပြီးနောက် ထိုအခိုက်အတန့်မှာပဲ ချောင်ထျန်းချန်က သူ့ရဲ့ အတွင်းအားကို စုနိုင်မယ့် အခွင့်အရေး ရှာတွေ့သွားပြီး သူ့နောက်ကျောကို ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်။သူ့ရဲ့ အင်အားကြီးမားတဲ့လက်တွေဖြင့် လည်ပင်းကိုညှစ်ကာ

"မင်း ရှုံးပြီ"

ရှုံးတယ်ဆိုတာက သူတို့တွေရဲ့အသက်ဆုံးရှုံးတော့မယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ဒါက သူတို့ရဲ့ ကံကြမ္မာပင်။

သူတို့ကို ဦးဆောင်တဲ့လူက အဖမ်းခံလိုက်ရပြီ ဖြစ်တဲ့အတွက် ကျန်နေတဲ့လူတွေက ဇွဲရှိရှိနဲ့ ဆက်မတိုက်နိုင်တော့ပေ။အားလုံး ဖမ်းမိပြီးတဲ့နောက် ရှောင်ချီထျန်းက ချောင်ထျန်းချန်ကိုကြည့်လိုက်ပြီး

"ထျန်းချန် ငါတို့ သူတို့နဲ့ဘာလုပ်ကြမလဲ"

"သူတို့ကို အတူတူသတ်ပေးရမှာပေါ့ကွာ"

သူက သူတို့ကို မေးမြန်းဖို့ခေါ်လာတာမဟုတ်ဘူး။ရန်သူကို သတိပေးဖို့ပဲ။

"ဒါဆိုလည်း ကောင်းပြီလေ။သူတို့ကို အတူတူသတ်လိုက်ကြတာပေါ့" ရှောင်ချီထျန်းက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

ချောင်ထျန်းချန်က လူလွှတ်ကာ သူတို့အားလုံးကို ကြိုးချည်ခိုင်းပြီးတော့ ကွပ်မျက်ကွင်းအလယ်ကို ခေါ်လာခဲ့သည်။အဝေးကနေ စောင့်ကြည့်နေတဲ့ ပြည်သူတွေက အစကတော့ စိုးရိမ်နေကြပေမယ့် ကိစ္စတွေက အဆင်ပြေတယ်ဆိုတာသိရတော့ ချက်ချင်းပြေးလာကြသည်။သူတို့က ဒီလူတွေ အသတ်ခံရမှာကို မြင်ချင်ကြ၏။

ဒီတစ်ခေါက်တော့ ချောင်ထျန်းချန်က သူတို့ကို အချိန်ဆွဲမနေတော့ပဲ

"သတ်"

ပါးကွက်သားက သူ့လက်တွေကို မြှောက်ပြီးတော့ ဓားကို အောက်ချလိုက်တော့ ခေါင်းတစ်လုံး လိမ့်သွားသည်။

အစပိုင်းတုန်းက မျှော်လင့်ချက်ရှိနေတဲ့ ကျူးဝေ့က ထိုမြင်ကွင်းကိုမြင်တော့ မြေကြီးပေါ် လဲကျသွားသည်။

သူ အဆုံးသတ်ပြီ........အရာအားလုံး အဆုံးသတ်သွားပြီ။

ကွပ်မျက်မှုက လျင်မြန်စွာပဲ ပြီးဆုံးသွားသည်။ချောင်ထျန်းချန်က ကြမ်းပြင်ပေါ်က ခေါင်းတွေကိုကြည့်ပြီးတော့ အေးစက်စက် ရယ်မောကာ

"သူတို့ကို အမတ်ချုပ်ကျူးဆီ ပို့ပေးလိုက်။ငါတို့တွေ သူ့ကို သူ့သားလေးကိုလည်း ကြည့်ခွင့်ပေးရဦးမယ်လေ"

ရှောင်ချီထျန်းက ရွံရှာတုန်လှုပ်သွားတယ်။ဒီလူက ဘယ်အချိန်တုန်းက ဒီလောက် ပုံမှန်မဟုတ်ဘဲ ဖြစ်သွားတာလဲ?

"အဲ့ဒါကောင်းတယ်"

ရှောင်ချီထျန်းက စကားတစ်ခွန်းမှ မပြောဘဲ တိတိဆိတ်သွားတယ်။ချောင်ထျန်းချန်ရဲ့ ဘေးနားကလူတွေကပဲ ပုံမှန်မဟုတ်တာလား ဒါမှမဟုတ် သူကပဲ အရမ်းနုံအနေတာလား။

ရှောင်ချီထျန်းက ချောင်ထျန်းချန် ထွက်သွားတာကို မြင်တော့ အမြန် နောက်ကနေလိုက်ကာ

"မင်းနဲ့မုန့်ယောင် မွေးထားတဲ့ ငါးတွေရဲ့ အရည်အသွေးက ထိပ်တန်းပဲကွ"

"မင်း အခုမှ သိတာလား" ချောင်ထျန်းချန်က သူ့မျက်လုံးတွေကို လှိမ့်လိုက်ပြီး "အဲ့ဒါတွေက ပေးရတဲ့ပိုက်ဆံနဲ့ တန်တယ်မလား"

"ဒါပေါ့.......ဒါပေါ့......."

တစ်ခုချင်းဆီက ငွေးစအနည်းငယ် ကုန်ကျပေမယ့်လည်း သူက အဲ့ဒါတွေကို ဈေးနှုန်းနှစ်ဆတိုးပြီး ရောင်းလို့ရတယ်လေ။သူ့အတွက် အရှုံးမရှိဘူး။

"ငါး အပြင် တစ်ခြားဟာလေးတွေလည်း ငါ့အတွက် နည်းနည်းလောက် ချန်ထားပေး"

ချောင်ထျန်းချန်က နင်းမုန့်ယောင်က အဲ့ဒါတွေ စားရတာ နှစ်ခြိုက်တဲ့အကြောင်း တစ်ခါပြောဖူးတာကို သတိရသွားသည်။

"ပြဿနာမရှိဘူး"

သူတို့က ဂဏန်းအချို့၊ပုစွန်အချို့နဲ့လိပ်တွေကို ယူပြီးတော့ စစ်သူကြီးအိမ်တော်ဆီ သယ်ဆောင်သွားဖို့ စားသောက်ဆိုင်ဆီ သွားကြသည်။

ချောင်ထျန်းချန်က ဂဏန်းနဲ့ပုစွန်တွေကို တွေ့တဲ့အခါ မတတ်နိုင်ဘဲ အံ့ဩသွားတယ်။ဂဏန်းတွေက ပန်းကန်ပြားတစ်ချပ်စာလောက် ကြီးပြီးတော့ အဲ့ဒီ ခြေလက်လေးဖက်ကို ထည့်မတွက်သေးဘူး။ပြီးတော့ ဂဏန်းတွေက မယုံနိုင်စရာကောင်းလောက်အောင်ကိုပဲ တစ်ကောင်ကို ၂၅၀ဂရမ်လောက်ရှိတယ်

"ငါ အိမ်ပြန်ပြီးတော့ အရသာရှိတဲ့ အစားအစာ လုပ်လို့ရတယ်"

ချောင်ထျန်းချန်က သူ့လက်ထဲက ဂဏန်းတွေနဲ့ပုစွန်တွေကို ကြည့်လိုက်သည်။

"ငါရောပဲ"

"ဒါဆို နည်းနည်းလောက်ထပ်ယူလိုက်”

All Chapters