← Chapters

အခန်း ၂၆၂

Vol. 11 Ch. 262

အခန်း ၂၆၂

Vol. 11 Ch. 262

Chapter 262

ဒီနှစ်ယောက်က သံသယဝင်စရာမလိုအောင်ကိုဘဲ လင်မယားလို့ သူပြောနိုင်လား?အကြွင်းမဲ့ပေါ့......

ချောင်ထျန်းချန်က ရှောင်ချီထျန်းရဲ့ ဆွံ့အနေတဲ့ အမူအရာကို ကြည့်ပြီး

"မင်းလိုက်ချင်ရင်လိုက်ခဲ့လေ"

"ဒါပေါ့ကွ ငါလိုက်မှာ"

သူ မသွားရင် သူက ရူးနေလို့ပဲ။သူ နင်းမုန့်ယောင်ကို ဒီအရာတွေကို အကောင်းဆုံးအရသာဖြစ်စေဖို့အတွက် ဘယ်လို ပြင်ဆင်မှုမျိုးက အသင့်တော်ဆုံးလဲဆိုတာ မေးချင်၏။

နင်းမုန့်‌ယောင်‌ယောင်က သူတို့နှစ်ယောက် ရောက်လာတဲ့အချိန် ခြံဝင်းထဲမှာ စာအုပ်ဖတ်နေတာ ဖြစ်သည်။သူမက ခြေသံတွေကြားတဲ့အခါ မသိစိတ်ကနေ ခေါင်းမော့ကြည့်လိုက်သည်။သို့ပေမယ့် သူမရဲ့အကြည့်က ချက်ချင်းပဲ ချောင်ထျန်းချန်ရဲ့လက်ထဲက ဂဏန်းတွေဆီ ကျရောက်သွားသည်။

ချောင်ထျန်းချန်က သူ့လက်ထဲက ဂဏန်းတွေကို အဖွားချင်ဆီပေးလိုက်ပြီး

"ဟုတ်ပြီ.......ကိုယ်က ဒါတွေကို မင်းစားလို့ရအောင်လို့ တမင်ယူလာခဲ့တာ.......ကိုယ့်ကို ဒီလိုမျိုး စိုက်ကြည့်နေဖို့ မလိုပါဘူးကွာ"

သူက အနည်းငယ် ရှက်သွားပြီးတော့ သူ့နှာခေါင်းကို ပွတ်လိုက်တယ်။နင်းမုန့်ယောင်ရဲ့ မျက်ဝန်းတွေ တောက်ပသွားပြီး

"အဖွား ဂဏန်းတွေကို မြန်မြန်လေးချက်လိုက်ပါတော့!ကျွန်မ စားချင်နေပြီ"

"ကောင်းပါပြီ အဖွား အခုပဲ ချက်လိုက်မယ်"

အဖွားချင်က ဂဏန်းတွေကို ယူပြီးတော့ လှည့်ထွက်သွားသည်။

ရှောင်ချီထျန်းကတော့ နင်းမုန့်ယောင်ကို တောက်ပတဲ့ မျက်လုံးတွေနဲ့ ကြည့်ပြီးတော့

"မုန့်‌‌ယောင် ဒါတွေကို ဘယ်လိုချက်ရလဲဆိုတာ မင်း ငါ့ကို ပြောပြပါ့လား"

"ရတယ်လေ.....ဒါပေမယ့် ကျွန်မကို ရာခိုင်နှုန်းခွဲပေးရမယ်"

နင်းမုန့်ယောင်က ခေါင်းငြိမ့်လိုက်ပြီး အနည်းငယ်တောင် ဂရုမစိုက်ဘဲ ပြောလိုက်သည်။

ရှောင်ချီထျန်းက အစကတော့ သူမရဲ့ သဘောတူတဲ့စကားတွေကို ကြားတော့ ပြုံးသွားပေမယ့် ဝါကျတစ်ခုလုံး အပြည့်အစုံကြားပြီးတဲ့နောက် ကြက်သေ,သေသွားတယ်။

သူ ဂဏန်းတွေအတွက် ပေးပြီးပြီ မဟုတ်ဘူးလား?သူမက ဘာလို့ ရာခိုင်နှုန်းခွဲပြီး လိုချင်နေသေးတာလဲ?

"ရှင်က ဂဏန်းတွေအတွက်ပဲ ပေးထားတာလေ။ဟင်းချက်နည်းအတွက် မပေးထားဘူး"

နင်းမုန့်ယောင်က ရှောင်ချီထျန်းရဲ့ သံသယကို နား လည်ပုံရပြီး ပြုံးကာ ပြောလိုက်သည်။

ရှောင်ချီထျန်းက နင်းမုန့်ယောင်ကို ပြောစရာစကားကင်းမဲ့သွားတဲ့ အမူအရာဖြင့်ကြည့်ကာ

"မင်း ထုန်ပေါင်ကျိုက်ကို အခုလိုမျိုး တိုးတက်လာအောင် လုပ်နိုင်တာ အံ့ဩစရာမဟုတ်တော့ဘူး။မင်းကတကယ့်ကို မသမာတဲ့ စီးပွားရေးသမားပဲ"

"ကျွန်မက မသမာတာ မဟုတ်ဘူး။ကျွန်မက ပိုက်ဆံပိုရတာကို သဘောကျရုံပဲ"

ရှောင်ချီထျန်းရဲ့ ပါးစပ်ထောင့်တွေ တွန့်ချိုးသွား‌ပြီးတော့ နင်းမုန့်ယောင်ကို ဆွံ့အစွာ ကြည့်မိလိုက်တယ်?ဘာများ ကွာခြားမှုရှိလို့လဲ?

တိုင်းပြည်ရဲ့ အချမ်းသာဆုံး လူတစ်ယောက်အနေနဲ့ သူမက ပိုက်ဆံတွေ ပိုရတာကို သဘောကျတယ်လို့ပြောတာ အမှန်တကယ်ပဲ သူမအတွက် ကောင်းသလား?

"ရှင် သဘောတူလား မတူဘူးလား"

"ဒါပေါ့ ငါ သဘောတူတာပေါ့။ငါက ဘာလို့ သဘောမတူရမှာလဲ"

ရှောင်ချီထျန်းက သူ့သွားတွေကို တင်းတင်းစေ့ကာ ပြောလိုက်သည်။

နင်းမုန့်ယောင်ကို ချင်းရွှယ်ကို စာရွက်နဲ့စုတ်တံ ယူလာဖို့ပြောလိုက်ပြီး ရှောင်ချီထျန်းအတွက် ဟင်းချက်နည်းအချို့ရေးပေးကာ ၎င်းကို ဖတ်ကြည့်ပြီးတဲ့နောက် ရှောင်ချီထျန်းက ရုတ်တရက် ရာခိုင်နှုန်းခွဲပေးရတာ ကိစ္စကြီးမဟုတ်ဘူးလို့ ခံစားမိသွားသည်။

ရှောင်ချီထျန်းက ဒီနေရာမှာ ထမင်းစားတဲ့အခါ စားပွဲပေါ်မှာတည်ခင်းထားတဲ့ ဟင်းပွဲတွေကိုကြည့်ပြီး သူ့မျက်လုံးတွေ တောက်ပနေသည်။သူက ငါးနဲ့ပုစွန်ဟင်းတွေကို ညွှန်ပြကာ

"မင်း ဒီဟင်းပွဲတွေအတွက်ရော ရေးပေးထားလား"

"ဒါပေါ့"

"အဲ့ဒါက သေချာပေါက် ဈေးကောင်းရမှာပဲ"

ရှောင်ချီထျန်းက နင်းမုန့်ယောင်ရဲ့ အတည်ပြုချက်ကို ရရှိပြီးတဲ့နောက် တန်းပြောလိုက်သည်။

သူ့ပုံစံက နင်းမုန့်ယောင်ကို သူမမျက်လုံးတွေလှိမ့်ကာ သူ့ကို ကြည့်မိစေပြီး

"အရမ်း မတုံးစမ်းပါနဲ့"

"ငါက စိတ်လှုပ်ရှားသွားရုံပဲ...အဆင်ပြေလား"

"အဆင်မပြေဘူး"

နင်းမုန့်ယောင်က စိတ်မသက်သာစွာ ပြောလိုက်သည်။

ဒါက အမှန်ပဲ မဟုတ်လား?ဒီလူက အဲ့လောက် ချဲ့ကားတဲ့အပြုအမူနဲ့ တုံ့ပြန်တာ အရမ်းလွန်တယ်။

"သူ့ကို ဉပေက္ခာပြုထားလိုက်။မြန်မြန်စားတော့"

ချောင်ထျန်းချန်က နင်းမုန့်ယောင်အတွက် ဂဏန်းအခွံကို ကျွမ်းကျင်စွာခွာပေးပြီး ဂဏန်းဉကို ဇွန်းနဲ့ကလော်ထုတ်ကာ သူမ ပန်းကန်လုံးထဲ ထည့်ပေးလိုက်ပြီး သူမကို အဲ့ဒီအရူးကောင်နဲ့ အဓိပ္ပာယ်မရှိပြောနေတာရပ်ပြီး မြန်မြန်စားဖို့ ပြောလာခဲ့သည်။

နင်းမုန့်ယောင်က တစ်လုပ်စားကြည့်လိုက်ပြီး လတ်ဆက်တဲ့ ဂဏန်းဉရဲ့ အရသာရှိမှုကြောင့် ပြုံးမိသွားသည်။

ရှောင်ချီထျန်းက နဂိုတုန်းက မကျေမနပ်ဖြစ်နေပေမယ့် သူ့ပထမတစ်လုပ် စားပြီးတဲ့နောက် မရပ်နိုင်တော့ဘဲ အရသာအကြောင်းကို ပြောရန်မလိုချေ။အသားထဲမှာ ငါးရိုးတွေ မကျန်ခဲ့ရုံသာမက အရသာကိုလည်း လုံးဝထိန်းထားနိုင်သည်။အမှန်တကယ်ကို အရသာရှိ၏၊

ချောင်ထျန်းချန်က ရှောင်ချီထျန်းကို မျက်လုံးလှိမ့်ကာ ကြည့်လိုက်ပြီး နင်းမုန့်ယောင်အတွက် အခွံဆက်ခွာပေးကာ သူမရဲ့ပန်းကန်ထဲကို ဟင်းပွဲတွေ ခဏခဏ ထည့်ပေးနေသည်

"ကျွန်မဘာသာ စားပါ့မယ်။ရှင်လည်း မြန်မြန်စားသင့်တယ်"

နင်းမုန့်ယောင်က ပုစွန်တစ်ကောင်ယူလိုက်ပြီး ချောင်ထျန်းချန်ရဲ့ ပါးစပ်ထဲထည့်ကာ ဝါးတားတား ပြောလိုက်သည်။

"ကိုယ်သိပါတယ် ကိုယ့်ကို မစိုးရိမ်ပါနဲ့"

သူက တကယ်တော့ အဲ့ဒီအစားအစာတွေကို မကြိုက်ဘူး၊အဲ့ထက်ပိုတာက သူ့မှာ အဲ့ဒါတွေစားပြီးရင် ဓာတ်မတည့်တဲ့တုံ့ပြန်မှုတွေရှိတယ်။ဒါပေမယ့် သူ နင်းမုန့်ယောင်ကို အဲ့ဒီအကြောင်း တစ်ခါမှ မပြောဖူးဘူး။

ဒါပေမယ့် နင်းမုန့်ယောင် သူ့ကို ကျွေးလာတဲ့ ဟင်းတွေကို မြိုချနေတုန်းပဲ။

ရှောင်ချီထျန်းက ထိုဟင်းပွဲကြောင့် ဖောင်းပွနေခဲ့ပြီး

"ဒါတွေက ကိတ်မုန့်ပူပူလေးတွေလိုပဲ သေချာပေါက် ရောင်းကောင်းလိမ့်မယ်ဆိုတာ ငါ ခန့်မှန်းနိုင်တယ်"

နင်းမုန့်ယောင်က ရှောင်ချီထျန်းကို စိုက်ကြည့်လိုက်တယ်၊အဲ့ဒါက ဒီအရူးကောင်ရဲ့အပြစ်ပဲ။သူ သူမရဲ့ ဂဏန်းတွေကို လုယူသွားတာ။

"အာ.......မုန့်ယောင်....ကျေးဇူးပြုပြီး ငါ့ကို အဲ့လိုမကြည့်ပါနဲ့။ငါ နောက်ပြီးကျရင် လူလွှတ်ပြီးတော့ ဂဏန်းတွေ ထပ်ပို့ခိုင်းလိုက်မယ်လေ ဟုတ်ပြီလား"

ရှောင်ချီထျန်းက နေရခက်တဲ့အပြုအမူဖြင့် သူ့ခေါင်းကို ထိလိုက်ပြီး သူမကို စိတ်ကျေနပ်စေဖို့ ကြိုးစားသည်။

သူသာ သူမကို‌ ဒေါသထွက်အောင် လုပ်မိသွားရင် ‌အချိန်ကျလာလို့ ပစ္စည်းကောင်းလေးတွေရတဲ့အခါကျ သူ့ကို ဘာမှမပေးတော့ရင် ဘယ်လိုလုပ်မလဲ?

ဟမ့်ခနဲ အသံပြုလိုက်ပြီး နင်းမုန့်ယောင်က သူမ‌ခေါင်းကိုလှည့်ကာ ထိုအရူးကို လျစ်လျှူရှုထားလိုက်သည်။

ချောင်ထျန်းချန်က မျက်ခုံးတွန့်ပြီးတော့

"မင်း ထွက်သွားသင့်ပြီ မဟုတ်ဘူးလား”

All Chapters