အခန်း ၂၆၄
Vol. 11 Ch. 264
Chapter 264
နင်းမုန့်ယောင်က ချောင်ထျန်းချန် လှုပ်ရှားလိုက်တဲ့အချိန်မှာ မျက်လုံးပွင့်လာသည်။အိပ်တစ်ဝက် နိုးတစ်ဝက် ဖြစ်နေပေမယ့်လည်း ချောင်ထျန်းချန်က နိုးနေပြီးတော့ သူမကို နူးညံ့ညင်သာစွာ ကြည့်နေတာကို မြင်လိုက်ရသည်။
ချောင်ထျန်းချန် နိုးလာတာကိုတွေ့တော့ နင်းမုန့်ယောင်ရဲ့ အိပ်ချင်မူးတူးဖြစ်နေတာက ချက်ချင်း ပျောက်ကွယ်သွားပြီး စိုးရိမ်မှုနဲ့ အစားထိုးသွားသည်။
"ရှင် ဘယ်လိုနေသေးလဲ?နေရတာ အဆင်ပြေရဲ့လား"
ချောင်ထျန်းချန်က သူ့ခေါင်းကို ညင်သာစွာ ရမ်းလိုက်ပြီး
"ကိုယ် အဆင်ပြေနေပါပြီ။မင်းကို စိတ်ပူရအောင် လုပ်မိပြီ"
"ရှင်မပြောခဲ့ဘူး!ရှင့်မှာ ဓာတ်မတည့်တာရှိမှန်း သိရဲ့သားနဲ့ ဘာလို့ ဘာမှမပြောပြတာလဲ*
နင်းမုန့်ယောင်က စိတ်မကောင်းဖြစ်နေတယ်ဆိုတာ သူသိတယ်။ဒါကြောင့် အခု သူ အကျိုးဆက်တွေကို ခံရမယ်လေ ဟုတ်တယ်မလား?
ချောင်ထျန်းချန်က အကူအညီမဲ့စွာ ပြုံးလိုက်ပြီး
"မင်း အဲ့ဒါကို စားရတာကြိုက်မှန်း ကိုယ်သိတယ်လေ။ကိုယ့်ကြောင့် မင်းရဲ့ပျော်နေတဲ့ခံစားချက်လေးကို ပျက်ဆီးမသွားစေချင်ဘူး"
"ရှင် နောက်တစ်ခါကျရင် ဒါမျိုး မလုပ်ရဘူးနော်။ကျွန်မရှင့်ကို ဒီလိုပုံစံမျိုးနဲ့ မြင်ရတာ မုန်းတယ်"
အများဆုံးကတော့ သူမက သူအကြိုက်ဆုံး ဟင်းပွဲတွေကို ပြင်ပေးပြီးတော့ သူမ ဒီဟင်းပွဲတွေစားတဲ့အခါကျရင် သူ့ကို ပင်လယ်စာ နောက်တစ်ကြိမ်ထပ်စားဖို့ လုံးဝခွင့်ပြုမှာမဟုတ်ပေ။
ချောင်ထျန်းချန်က ပြုံးလိုက်ပြီး ခေါင်းငြိမ့်ကာ
"ကိုယ် မင်းပြောတာမှန်သမျှ နားထောင်ပါ့မယ်"
"တကယ့်အရူးပဲ"
သူမက သူမလက်ကိုဆန့်တန်းပြီး သူ့ပါးကို လိမ်ဆွဲလိုက်သည်။သူမရဲ့ စိတ်ထဲမှာ ခံစားချက်တွေ ရောထွေးနေသည်။
ချောင်ထျန်းချန်က ဖွဖွလေးပြုံးလိုက်ပြီး
"မင်းပျော်နေသရွေ့ ကိုယ်က အရူးလုပ်ပေးဖို့ဆန္ဒရှိတယ်"
သူက နင်းမုန့်ယောင်ပြုံးနေတာကို ကြည့်ရတာ သဘောကျတယ်။သူမ စိတ်မချမ်းသာဖြစ်တာမျိုးကို မကြိုက်ဘူး။
နင်းမုန့်ယောင်က ချောင်ထျန်းချန်ကို ငေးကြည့်ပြီးတော့ စိတ်လှုပ်ရှားသွားကာ
"ထျန်းချန် ကျွန်မရှင်နဲ့ဆုံခဲ့တာကို အရမ်းဝမ်းသာတာပဲ!"
နင်းမုန့်ယောင်က ချောင်ထျန်းချန်ရဲ့လက်ကို ဆုပ်ကိုင်လိုက်ပြီး ချစ်ကြည်နူးစွာ ပြောလိုက်သည်။
"ကိုယ်လည်း ကိုယ့်ဘဝမှာ လုပ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေထဲက ပိုင်ရှန်းရွာမှာနေဖို့ လုပ်ခဲ့တဲ့ ဆုံးဖြတ်ချက်က အကောင်းဆုံးပဲလို့ ခံစားရတယ်"
သူ အဲ့ဒီနေရာမှာ အခြေချနေထိုင်ဖို့ ရွေးချယ်တဲ့အတွက် နင်းမုန့်ယောင်နဲ့ တွေ့ဆုံခွင့်ရတာ။
"အတော်လေး နောက်ကျနေပြီ။မြန်မြန်လာပြီး ခဏလောက် အနားယူလိုက်လေ"
"ကောင်းပြီ"
နင်းမုန့်ယောင်က သူမ အဝတ်အစားတွေချွတ်ကာ(အပေါ်ထပ်လိုဟာမျိုးနော်) အိပ်ရာပေါ်တက်သွားသည်။သူမက ချောင်ထျန်းချန်ရဲ့ လက်မောင်းကို မှီလိုက်ပြီး သူမ မျက်နှာက သူ့ရင်ဘတ်ကို အသာအယာပွတ်သပ်ကာ စိတ်ကျေနပ်စွာဖြင့် မျက်လုံးတွေ မှိတ်ထားသည်။
ဒီနေ့ အဖြစ်အပျက် ဖြစ်တဲ့အချိန်မှသာလျှင် ချောင်ထျန်းချန်ရဲ့တည်ရှိမှုက မသိလိုက်ဘဲနဲ့ သူမရဲ့ နှလုံးသားထဲမှာ အမြစ်တွယ်နေပြီး သစ်ပင်ကြီးတစ်ပင်အဖြစ် ကြီးထွားနေပြီဆိုတာကို သိလိုက်ရသည်။
ချောင်ထျန်းချန်က မျက်စိမှိတ်ထားတဲ့ နင်းမုန့်ယောင်ကို ချစ်မြတ်နိုးစွာကြည့်လိုက်ပြီး မြတ်နိုးမှုအပြည့်ဖြင့်ပြုံးကာ အဲ့ဒီနောက် သူ့မျက်လုံးတွေကို ပိတ်လိုက်သည်။
နောက်တစ်နေ့တွင် နင်းမုန့်ယောင် နိုးလာတဲ့အချိန် ချောင်ထျန်းချန်က အိပ်ပျော်နေတုန်းဖြစ်ပြီး သူမက ဂရုတစိုက်နဲ့ ချောင်ထျန်းချန်ရဲ့ခန္ဓာကိုယ်ကိုစစ်ဆေးကာ အနီရောင်အစက်တွေအများကြီးမကျန်တော့ဘူးဆိုတာ မြင်မှ စိတ်အေးသွားသည်။
သူမက တိတ်တိတ်လေး ထလိုက်ပြီး မီးဖိုချောင်ထဲသွားကာ ချောင်ထျန်းချန်အတွက် ပေါ့ပေါ့ပါးပါး ဆန်ပြုတ်အချို့ ပြင်ခိုင်း၏။
ချောင်ထျန်းချန်က နင်းမုန့်ယောင် အိပ်ရာထဲက ထွက်သွားတဲ့အချိန်ကတည်းက နိုးနေပြီဖြစ်ပေမယ့် သူ့ခန္ဓာကိုယ်က အားနည်းနေဆဲဖြစ်သည်။သူက အနည်းငယ်လည်း ခေါင်းထဲ မကြည်မလင်ဖြစ်နေတဲ့အတွက် မျက်စိမဖွင့်တာဖြစ်သည်။
ချောင်ထျန်းချန်က တံခါးဝကို တစ်ချက်ကြည့်လိုက်ပြီး အဲ့ဒီနောက် သူ့မျက်လုံးတွေကို မှိတ်လိုက်သည်။
ချောင်ထျန်းချန်က နင်းမုန့်ယောင် ဆန်ပြုတ်ယူလာတဲ့အချိန် နိးနေပြီဖြစ်ပြီး တစ်ခုခု စဉ်းစားနေပုံရသည်။
"ရှင် ဘာတွေစဉ်းစားနေတာလဲ?မြန်မြန်ထတော့ ပြီးရင် အရင်ဆုံး ဆေးကြောသန့်စင်လိုက်ဦး"
နင်းမုန့်ယောင်က ဘေးနားက ရေယူလိုက်ပြီး ဇလုံထဲက တဘက်ကို ချောင်ထျန်းချန်ဆီ ကမ်းပေးကာ သူ့ကို မြန်မြန် သန့်ရှင်းရေးလုပ်ဖို့ ပြောနေသည်။
ချောင်ထျန်းချန်က သန့်ရှင်းရေးလုပ်ပြီးတဲ့နောက် ဆန်ပြုတ်ကို သူ့ဘာသာသူသောက်ပြီး နင်းမုန့်ယောင်ကို သူမရဲ့မနက်စာ စားခွင့်ပေးချင်ပေမယ့် ဘယ်သူသိမှာလဲ သူက အဲ့ဒါကို မလိုက်တဲ့အချိန်မှာပဲ ပန်းကန်လုံးက အိပ်ရာပေါ်မှောက်ကျလုနီးပါး ဖြစ်သွားတယ်လေ။
"ကျွန်မခွံ့ကျွေးမယ်....ရှင်စားပြီးမှပဲ ကျွန်မစားတော့မယ်"
နင်းမုန့်ယောင်က မျက်မှောင်ကြုတ်ပြီးတော့ လျင်မြန်စွာတုံ့ပြန်ပြီးတဲ့နောက် ဆန်ပြုတ်ပန်းကန်လုံးကို ဖမ်းလိုက်သည်။
ချောင်ထျန်းချန်က အကူအညီမဲ့စွာဖြင့် ခေါင်းငြိမ့်လိုက်ပြီး
"ကိုယ်က တကယ့်ကို အသုံးမကျဖြစ်လာပြီပဲ"
"ဘာ အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာလဲ"
နင်းမုန့်ယောင်က ဒီလိုစကားတွေကြားရတာ မကြိုက်ပါဘူး။
"ဟုတ်ပါပြီ ကိုယ် အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာ ရပ်လိုက်ပါ့မယ်"
ချောင်ထျန်းချန်ရဲ့ မျက်နှာက အလွန်ချစ်ခင်မြတ်နိုးမှုအပြည့်ဖြင့် နင်းမုန့်ယောင် သူ့ကို ဆန်ပြုတ်ခွံ့ကျွေးတာကို ခွင့်ပြုထားသည်။
ဆန်ပြုတ်တစ်ပန်းကန်သောက်ပြီးတဲ့နောက် ချောင်ထျန်းချန်က ခေါင်းရမ်းလိုက်ပြီး ဆက်ပြီးစားချင်စိတ်မရှိတော့ပေ။
"ကိုယ်ဗိုက်ပြည့်နေပြီ မင်း မြန်မြန်သွားစားတော့လေ"
"ကောင်းပြီ......ကျွန်မ ချင်းရွှန်းကိုခေါ်ပြီး ရှင့်ရဲ့အခြေအနေကို စစ်ဆေးခိုင်းလိုက်မယ် ပြီးတော့ အဲ့ဒါက ဘာလို့ အခုထိ ပြင်းထန်နေသေးတာလဲ"
နင်းမုန့်ယောင်က မျက်မှောင်ကြုတ်ပြီး နူးညံ့စွာ ရေရွတ်ကာ ပန်းကန်လုံးနဲ့ အသုံးအဆောင်တွေကို ရှင်းလိုက်သည်။
"ဟုတ်ပါပြီ"
နင်းမုန့်ယောင်က သူမထွက်သွားပြီးတဲ့နောက် ချင်းရွှန်းကို အခန်းထဲလွှတ်ပြီး ချောင်ထျန်းချန်ကို စစ်ဆေးခိုင်းလိုက်သည်။သူမက သူ့ခန္ဓာကိုယ် တစ်ခုခုမှားယွင်းနေဆဲဖြစ်မှာ စိုးရိမ်သည်။
ချင်းရွှန်းက ဝင်လာပြီးတော့ ချောင်ထျန်းချန်ရဲ့ သွေးကြောကိုစမ်းသပ်ကာ အဲ့ဒီနောက် သက်ပြင်းချလိုက်ပြီး
"သခင်လေး ကျွန်မပြောမယ်နော်။ကျွန်မလေ အရင်တုန်းက အခြားလူတွေ ဓာတ်မတည့်မှုဖြစ်တာမျိူး မြင်ဖူးပါတယ်။ဒါပေမယ့် သခင်လေးကျမှ ဘာလို့ အရမ်း ဒုက္ခများနေရတာလဲ"
"ငါလည်း တကယ်ကို သိချင်မိတယ်"
အရင်တုန်းက သူ့မှာ ဆိုးဝါးတဲ့ ဓာတ်မတည့်မှုရှိခဲ့ပေမယ့် ၎င်းက မပြင်းထန်ပေ။သူ ဆေးအချို့သောက်ပြီး တစ်ညလောက် နားနေလိုက်ရင် သက်သာပျောက်ကင်းသွားတာဖြစ်သည်။ဒီတစ်ခေါက် ဒီလိုရလဒ်ဖြစ်လာလိမ့်မယ်လို့ ဘယ်သူသိမှာလဲ?
ချင်းရွှန်းက ချောင်ထျန်းချန်ကိုကြည့်ကာ ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး
"ဒါပေမယ့် သခင်လေး စိတ်ထဲကနေ ပြုံးပျော်နေသင့်တယ်။ဒါအတွက်ကြောင့်သာမဟုတ်ရင် သခင်မလေးက သခင်လေးက သူ(မ)အတွက် ဘယ်လောက်အရေးပါလဲဆိုတာ သဘောမပေါက်မှာကို စိုးရိမ်မိတယ်"