အခန်း ၂၆၅
Vol. 11 Ch. 265
Chapter 265
ချောင်ထျန်းချန်က အံ့ဩသွားပြီး အဲ့ဒီနောက် ပြုံးလိုက်တယ်။အဲ့လိုလည်း ပြောလို့ရတာပဲ.......
"ငါ့ခန္ဓာကိုယ်က ဆက်ပြီးတော့ တစ်ခုခု ဖြစ်မနေသင့်တော့ဘူးမလား"
ချောင်ထျန်းချန်က အကူအညီမဲ့စွာဖြင့် သူ့နဖူးကို ပွတ်ကာ မေးလိုက်တယ်။သူ ဒီလိုမျိုး အားနည်းနေတာကြီးကို လုံလောက်နေပြီ။
သူက နင်းမုန့်ယောင်ကို တစ်ဘဝလုံး အလိုလိုက်ပြီးတော့ ဖူးဖူးမှုတ်ထားမယ်လို့ ပြောခဲ့ပေမယ့် အခုချိန်မှာ သူမက သူ့ကို ပြုစုနေရတဲ့လူ ဖြစ်နေလိမ့်မယ်လို့ ဘယ်သူသိမလဲ။
"သခင်လေး မစိုးရိမ်ပါနဲ့။ဒါက ဘာမှပြင်းထန်တာ မရှိပါဘူး.....တစ်ရက်လောက်ထပ်ပြီး ဆေးသောက်လိုက်ရင် အကုန်သက်သာသွားမှာ"
ချင်းရွှန်းက သူမလက်ကို ပြန်ရုတ်လိုက်ပြီး ခပ်ဖျော့ဖျော့ပြုံးကာ
"ကျွန်မသခင်လေးအတွက် ဆေးသွားကျိုလိုက်ဦးမယ်"
"အင်း.....သွားတော့....မင်း သခင်မလေးကိုလည်း စောင့်ကြည့်နေဦး.....သူ(မ)ကို နည်းနည်းလောက် ထပ်ပြီးစားခိုင်းလိုက်"
ချောင်ထျန်းချန်က ချင်းရွှန်းထွက်သွားမလို့ လုပ်တဲ့အချိန်မှာ မတတ်နိုင်ဘဲ သူ့ပါးစပ်ကိုဖွင့်ကာ ပြောလိုက်သည်
"သခင်လေး စိတ်အေးလက်အေးနဲ့နားပြီးတော့ ပြန်လည်သက်သာလာဖို့ကိုပဲ အာရုံစိုက်ထားပါ"
ချင်းရွှန်းက ပြောပြီးတော့ သူမခေါင်းကိုတောင် ပြန်လှည့်မကြည့်ဘဲ ထွက်သွားကာ ချောင်ထျန်းချန်ကို စိုက်ကြည့်နေမိစေတယ်။
အစေခံတစ်ယောက်က တကယ့်ကို သူတို့ရဲ့သခင်အတိုင်း ပြုမူတာပဲ......သူမက တကယ်ကြီး သူ့ကို ဒီလိုမျိုး ပြောရဲတယ်ပေါ့လေ.....
ချောင်ထျန်းချန်က တောက်ခေါက်လိုက်ပြီး သူ့မျက်နှာပေါ်တွင် အကူအညီမဲ့မှုများ ရှိနေသည်။
သူတို့က ဒီလိုပုံစံနဲ့ ရိုင်းတယ်လို့ ထင်ရပေမယ့် ၎င်းက အိမ်တော်ကို ပိုပြီးပျော်ရွှင်စေပြီးတော့ စိတ်ဝင်စားဖွယ်ကောင်းစေသည်။
နင်းမုန့်ယောင်က အပြင်မှာ စားနေတာဖြစ်ပြီး ချင်းရွှန်းထွက်လာတာကိုမြင်တော့ သူမလက်ထဲကပန်းကန်လုံးကို အမြန်အောက်ချကာ မေးလိုက်သာ်။
"ချင်းရွှန်း ဘယ်လိုလဲ"
"နောက်ထပ် တစ်ရက်လောက် ဆေးသောက်ရင် သက်သာသွားလိမ့်မယ် သခင်မလေး မစိုးရိမ်ပါနဲ့"
ချင်းရွှန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
နင်းမုန့်ယောင်က ၎င်းကိုကြားပြီးနောက် လုံးဝစိတ်အေးသွားပြီး
"ဒါဆိုရင်တော့ ငါ စိတ်အေးပါပြီဟယ်........ထျန်းချန်အတွက် ဆေးကျိုမှာဆိုရင် မြန်မြန်သွားလုပ်တော့လေ"
"ဟုတ်ကဲ့ သခင်မလေး"
ချင်းရွှန်းထွက်သွားပြီးတဲ့နောက် နင်းမုန့်ယောင်က အခန်းထဲ ပြန်မသွားခင် အနည်းငယ် ဆက်စားနေလိုက်သည်။
အခန်းထဲ ပြန်သွားပြီး သိပ်မကြာခင်မှာပဲ လဲ့အန်းနဲ့လင်းဇီရိုတို့ အတူတူရောက်လာကြပြီး မျက်နှာတွေက လှောင်ပြောင်ထေ့ငေါ့နေတဲ့ အမူအရာတွေနဲ့ဖြစ်သည်။
"ကျန့်ကျွင်း!"
သူတို့နှစ်ယောက်က ခြံဝင်းထဲမှာ ရပ်ပြီးတော့ တစ်ပြိုင်နက် အော်လိုက်ကြသည်။
နင်းမုန့်ယောင်က သူတို့အသံတွေကို အခန်းထဲကနေ ကြားရပြီး အပြင်ထွက်ကာ သူတို့ကို အထဲဝင်လာဖို့ ခေါ်လိုက်သည်။
သူတို့နှစ်ယောက် ဝင်လာတဲ့အချိန် ချောင်ထျန်းချန်က အိပ်ရာပေါ်မှာ လှဲနေတုန်းဖြစ်ပြီး သူ့မျက်နှာက ဖြူဖျော့နေကာ အဲ့ဒါတင်မကသေးဘဲ သူ့လည်ပင်းမှာလည်း ဖုသေးသေးလေးတွေ ရှိနေဆဲဖြစ်တာကို တွေ့သွားကြသည်။
"ကျန့်ကျွင်း ဘာဖြစ်တာလဲ"
မင်းက ဘယ်လိုလုပ် ဒီလောက် အားနည်းနေရတာလဲ?
သူတို့တွေ အဲဒါကိုတော့ ထုတ်မပြောရဲဘူး......သူတို့စိတ်ထဲမှာ တိုးတိုးလေး ပြောလိုက်တယ်။
ချောင်ထျန်းချန်က လူနှစ်ယောက်ကို တစ်ချက်ကြည့်လိုက်ပြီး
"ငါ အဆင်ပြေတယ် ဓာတ်မတည့်တာဖြစ်သွားရုံတင်ပဲ"
ထိုနှစ်ယောက်က ၎င်းကို နားထောင်ပြီးတဲ့နောက် ချက်ချင်း သဘောပေါက်သွားတယ်။သူက ဂဏန်း ဒါမှမဟုတ် ပင်လယ်စာကို ထပ်စားမိတာပဲ ဖြစ်ရမယ်။
"ကျန့်ကျွင်း ကျန့်ကျွင်းရဲ့ ပုံစံကိုကြည့်ပြီး အဲ့ဒီအရာလုပ်ရင်းနဲ့ အလုပ်များနေတယ်လို့ ကျွန်တော်တို့ တကယ်ကြီး ခံစားမိတယ်"
လဲ့အန်းက သူ့နှာခေါင်းကိုထိကာ ရယ်လိုက်သည်။
သူတို့တွေ ဘယ်တုန်းက သူတို့ရဲ့ကျန့်ကျွင်းကို ဒီလိုပုံစံနဲ့ မြင်ခဲ့ရလို့လဲ?
"လဲ့အန်း ရှင်သေချင်နေတာလား"
နင်းမုန့်ယောင်က အန္တရာယ်ရှိတဲ့ လေသံနဲ့ပြောလိုက်သည်။
သူမရှေ့မှာ သူမရဲ့လူကို ရဲရဲတင်းတင်း ဝေဖန်ရဲတယ်ပေါ့လေ.....ကြည့်ရတာ သူက ဆက်ပြီး အသက်မရှင်ချင်တော့ဘူးထင်တယ်။
လဲ့အန်းက မျက်စိမှိတ်ပြနေပေမယ့် နင်းမုန့်ယောင်ရဲ့ ဆိုးဝါးတဲ့အမူအရာကို မြင်တဲ့အခါ သူ့လက်တွေကို အမြန်မြှောက်လိုက်ပြီး
"မရီး......ကျွန်တော် မှားသွားပါတယ်"
"ဟမ့်!"
နင်းမုန့်ယောင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး
"ထျန်းချန် ရှင်တို့ ပြောစရာရှိတာ အေးအေးဆေးဆေးပြောကြလေ.....ကျွန်မ အပြင်သွားပြီးတော့ လုပ်စရာလေးတွေ ရှိသေးတယ်"
"ကောင်းပြီ.....ဂရုစိုက်နော်.....ချင်းရွှမ်နဲ့တခြားလူတွေကို ခေါ်သွားဦး"
ချောင်ထျန်းချန်က နင်းမုန့်ယောင်ရဲ့ ကိစ္စတွေကို မေးခွန်မထုတ်ဘဲ သူမကို ပိုပြီး ဂရုစိုက်ဖို့သာ ပြောသည်။
နင်းမုန့်ယောင်က ပြုံးကာ ခေါင်းငြိမ့်ပြီးတော့ လဲ့အန်းနဲ့လင်းဇီရိုတို့ကို နှုတ်ဆက်ပြီးတဲ့နောက် ချင်းရွှယ်နဲ့အခြားလူတွေကိုခေါ်ကာ ထွက်သွားသည်။
"ပြော......မင်းတို့ နှစ်ယောက်က ဘာလို့ ဒီရောက်လာတာလဲ"
ချောင်ထျန်းချန်က သူတို့နှစ်ယောက်ကို နားလည်တယ်......သူတို့က အရေးကြီးကိစ္စမရှိရင် ပေါ်လာမှာ မဟုတ်ဘူး။
"ကျန့်ကျွင်း......နန်ကုန်းချီက သင်နဲ့မရီးကို တွေ့ချင်နေတယ်။သူက အဲ့အကြောင်း ဧကရာဇ်ကို ပြောပြီးသွားပြီ။ဒါပေမယ့် သူက မရီးနောက်ကိုလိုက်နေမှာ ကျွန်တော်တို့ စိုးရိမ်တယ်"
လင်းဇီရိုနဲ့လဲ့အန်းက မျက်မှောင်ကြုတ်ကာ စကားပြောနေတုန်း စိတ်ပူနေမိသည်။
ချောင်ထျန်းချန်က အံ့ဩသွားပြီး သူ့မျက်လုံးတွေက ဖြည်းဖြည်းချင်း အေးစက်လာသည်။
"မင်းက ဘာလို့ အဲ့လိုပြောတာလဲ"
"သူက မရီးအကြောင်းတွေကို စုံစမ်းနေတာ၊ကျွန်တော်တို့ အကောင်းဆုံးကြိုးစားပြီး သူ့ကို ဟန့်တားဖို့လုပ်ပေမယ့်....ဒါပေမယ့်........"
သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး နှစ်ယောက်လုံးရဲ့ မျက်ဝန်းတွေထံမှာ ကူကယ်ရာမဲ့မှုတွေ ရှိနေသည်။
"ကောင်းပြီ ငါသဘောပေါက်ပြီ......သူ လာတဲ့အခါကျရင် ငါတို့ ဆက်ပြောကြတာပေါ့"
"ဟုတ်ကဲ့...... ဒါပေမယ့် ကျန့်ကျွင်း...သင် သတိကြီးကြီးထားဖို့ လိုအပ်တယ်နော်။နန်ကုန်းချီက အပြင်ပန်းမှာ မြင်ရသလို ရိုးရှင်းတဲ့လူ မဟုတ်ဘူး"
လင်းဇီရိုက အနည်းငယ် စိုးရိမ်စွာဖြင့် ပြောလိုက်သည်။
ကျူးဝေ့က သူ့ရဲ့နေရာတွေကို ဖော်ထုတ်ခဲ့တာကြောင့်သာ မဟုတ်ရင် သူတို့တွေ သူ့ရဲ့ ပုံစံအစစ်အမှန်ကို မြင်ရမှာ မဟုတ်ဘူး။
ဒါပေမယ့် ထိုနေ့ကနေစပြီး နန်ကုန်းချီက ဘာကိစ္စပဲဖြစ်ဖြစ် သူ့ရဲ့ နူးညံ့ညင်သာတဲ့ စာသင်သားပုံစံကို ထိန်းသိမ်းထားကာ ဘယ်အရာကမှ သူ့ရဲ့စိတ်ဝင်စားမှုကို မဆွဲဆောင်နိုင်တဲ့ အတိုင်းပင်။
"ငါ သိပြီ။စိတ်အေးအေးထားကြ"
ချောင်ထျန်းချန် အသိအမှတ်ပြုလိုက်သည်။
နင်းမုန့်ယောင်က သူ့ကို နန်ကုန်းချီအကြောင်းတွေ အများကြီး ပြောပြထားတဲ့အတွက် သူက သူ့(နန်ကုန်းချီ)နဲ့ ပတ်သက်ပြီး အကြမ်းဖျင်းနားလည်ထားတာကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး အမှန်တကယ်တော့ စိုးရိမ်မနေပေ။