← Chapters

အခန်း ၂၆၆

Vol. 11 Ch. 266

အခန်း ၂၆၆

Vol. 11 Ch. 266

Chapter 266

လင်းဇီရိုက ချောင်ထျန်းချန် အင်္ကျီလက်ထဲမှာ ဝှက်ဖဲရှိတာကို မြင်ရတော့ မစိုးရိမ်တော့ပေ။

"မင်း သဘောပေါက်တယ်ဆိုမှတော့ ကျွန်တော်တို့ စိတ်အေးရပြီ"

လင်းဇီရိုက ပြုံးလိုက်သည်။

ချောင်ထျန်းချန်က ခေါင်းငြိမ့်လိုက်ပြီး စကားဆက်ပြောဖို့ ရည်ရွယ်ချက်မရှိပေ။

လင်းဇီရိုက ချောင်ထျန်းချန်ကိုကြည့်ကာ ရယ်မောလိုက်ပြီးတော့

"ကျန့်ကျွင်း မင်း မင်းရဲ့ဓာတ်မတည့်မှုအကြောင်းကို သိတာပဲကို ဘယ်လိုလုပ်.....ဒီလောက် အားပျော့သွားရတာလဲ"

"ယောင်ယောင်က အဲ့ဒါစားရတာကြိုက်တယ်"

ချောင်ထျန်းချန်က လင်းဇီရိုရဲ့စနောက်မှုကို လျစ်လျှူရှုထားပြီး အေးဆေးတည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

လင်းဇီရိုက အဲ့ဒီစကားကိုကြားတာနဲ့ ချက်ချင်း သဘောပေါက်သွားတယ်။ကြည့်ရတာတော့ သူတို့ရဲ့မရီးနဲ့ကျန့်ကျွင်း လက်ထပ်ပြီးတဲ့နောက် သူတို့ရဲ့ကျန့်ကျွင်းက သူမကို ငြင်းပယ်ရမှာ အရမ်းရှက်တဲ့ပုံပဲ။အဲ့ဒါ‌ကြောင့် သူ ဒီလိုအဆုံးသတ်သွားတာ။

ချောင်ထျန်းချန်ကို လေးလေးနက်နက်ကြည့်ပြီးတော့ လင်းဇီရိုက အကြီးတစ်ယောက်လိုမျိူး နားပူနားဆာလုပ်တော့သည်

"ကျန့်ကျွင်း ကြည့်ရတာ မင်းကတော့ တကယ်ကြီး နက်နက်ရှိုင်းရှိုင်း နစ်ဝင်နေပြီ"

"ငါကတော့ အဲ့ဒါက မကောင်းတဲ့အရာလို့ မထင်ပါဘူး"

ချောင်ထျန်းချန်က အိပ်ရာပေါ်မှီကာ နှုတ်ခမ်းတွေ ကွေးတက်သွားသည်။

အနာဂတ်မှာ နင်းမုန့်ယောင် သူ့ကို အဖော်ပြုပေးမှာနဲ့ဆိုရင် ၎င်းက မကောင်းတဲ့အရာလို့ သူ မထင်ဘူး။အဲ့ဒီအစား သူက ၎င်းဆီကိုပဲ ဦးတည်မှာ။

လင်းဇီရိုက ထိတ်လန့်သွားပြီး အရင်တုန်းက ချောင်ထျန်းချန်နဲ့ နင်းမုန့်ယောင်နဲ့တွေ့ပြီးတဲ့နောက် ချောင်ထျန်းချန်ကို ပြန်စဉ်းစားလိုက်သည်။ရုတ်တရက် လက်ရှိ ချောင်‌ထျန်းချန်က အတိတ်တုန်းက အကျင့်စရိုက်ရှိတဲ့ ချောင်ထျန်းချန်နဲ့ယှဉ်ရင် အတော်လေး ပိုကောင်းတယ်လို့ ခံစားမိသည်။

"ရှန့်ကျန့်ကျွင်း အပြင်ဘက်မှာ နန်ကုန်းချီလို့ခေါ်တဲ့ လူတစ်ယောက်က ကျန့်ကျွင်းနဲ့သခင်မလေးကို တွေ့ခွင့်တောင်းနေပါတယ်"

အပြင်ကနေ အသံတစ်သံ ထွက်ပေါ်လာသည်။

ချောင်ထျန်းချန်က ၎င်းကိုကြားတော့ မျက်ဝန်းတွေ မှေးကျဉ်းသွားပြီး လင်းဇီရိုနဲ့လဲ့အန်းကို စူးစူးစိုက်စိုက် ကြည့်လိုက်သည်။

သူတို့နှစ်ယောက်က ချက်ချင်း သဘောပေါက်ပြီး ခေါင်းငြိမ့်ကာ ချောင်ထျန်းချန်ကို ထဖို့ကူညီပေးပြီး ထိုင်ခုံတစ်လုံးယူကာ ခြံဝင်းထဲ နေရာချထားလိုက်သည်။

"သူ့ကို ခေါ်လာခဲ့"

ချောင်ထျန်းချန်က ထိုင်ခုံပေါ်တွင် ထိုင်လိုက်သည်။သူ့ဘယ်ဘက်နဲ့ညာဘက်မှာ စားပွဲငယ်လေးတွေရှိပြီး အဖွားချင်က အဲ့ဒီအပေါ်မှာ သစ်သီးအချို့နဲ့ သွားရည်စာမုန့်တွေ တင်ထးသည်။

ဝင်လာပြီးတဲ့နောက် နန်ကုန်းချီက ချောင်ထျန်းချန်က ထိုင်ပြီးတော့ လင်းဇီရိုနဲ့ ကျားကွက်ကစားနေတာကို မြင်လိုက်ရသည်။လဲ့အန်းကဘေးနားမှာ မျက်မှောင်ကြုတ်ကာ ရပ်နေပြီးတော့ ရှုပ်ထွေးနေပုံရသည်။

"ကျန့်ကျွင်း ဘာလို့ မင်းတို့အားလုံးက ဒီလိုရှုပ်ထွေးတဲ့ မေးခွန်းတွေကို သဘောကျကြတာလဲ"

လဲ့အန်းက သူ့ဆရာနဲ့ စစ်ရေးအကြံပေးကိုကြည့်ကာ စိတ်ရှုပ်ထွေးနေပုံရသည်။

သူက လဲ့အန်းကို အေးစက်တဲ့အကြည့်တစ်ချက် ကြည့်လိုက်ပြီး

"ငါထင်‌တာတော့ မင်း တကယ့်ကို မင်းရဲ့စိတ်ကို ပြောင်းလဲဖို့ လိုအပ်နေပြီ"

"ကျန့်ကျွင်း ကျွန်တော်မှားသွားပါတယ်။ကျွန်တော် မပြောတော့ဘူး"

လဲ့အန်းက သူ့ပါးစပ်ကို အုပ်လိုက်ပြီး နောက်ကို ခြေလှမ်းအနည်းငယ်ဆုတ်ကာ သူ စကားပြောတာ ရပ်တော့မယ်ဖြစ်ကြောင်း အမူအရာပြလိုက်သည်။

ထိုအချိန်တွင် သူက အမှတ်မထင် လှည့်ကြည့်မိရာ တံခါးဝမှာ မတ်တပ်ရပ်နေတဲ့ နန်ကုန်းချီကို မြင်သွားသည်။

"ကျန့်ကျွင်း မင်းသားနန်ကုန်း ဒီရောက်‌နေတယ်"

ချောင်ထျန်းချန်က သူ့လက်ထဲက ကျားစေ့ကို အောက်ချလိုက်သည်။သူက ခေါင်းမော့ပြီးတော့ တံခါးမှာ မတ်တပ်ရပ်နေတဲ့ နန်ကုန်းချီကို ကြည့်လိုက်သည်။သူ့ကြည့်ရတာ တစ်ခုခု စဉ်းစားနေပုံရသည်။

"မင်းသားနန်ကုန်း ကျေးဇူးပြုပြီး ဝင်လာခဲ့ပါ"

ချောင်ထျန်းချန်က ဘေးနားက အဖွားချင်ကို ကြည့်ပြီးတော့

"အဖွားချင် လက်ဖက်ရည်လေး ပြင်ပေးပါဦး"

"ဟုတ်ကဲ့ ရှန့်ကျန့်ကျွင်း"

အဖွားချင်က နင်းမုန့်ယောင်ရောက်ရှိလာပြီးတဲ့နောက် အထူးပြင်ဆင်ထားတဲ့ လက်ဖက်ရည်ခန်းထဲကို ထွက်သွားသည်။ခဏအကြာတွင် လက်ဖက်ရည်ပူပူနှစ်ခွက် သယ်လာခဲ့သည်။

၎င်းက နင်းမုန့်ယောင် ထုန်ပေါင်ကျိုက်ကို ပို့ခိုင်းထားတဲ့ အကောင်းဆုံး လက်ဖက်ရည်တွေထဲက တစ်ခုဖြစ်သည်။၎င်းက ဧည့်သည်တွေကို ဧည့်ခံရန်အတွက် ကောင်းမွန်သည်။

"အဖွား အဖွားက တကယ်မတရားဘူးဗျာ။ကျွန်တော်တို့ရောက်လာတဲ့အချိန်တုန်းက ဒီလက်ဖက်ရည်မတိုက်ဘူး။အဲ့ဒါက အနံ့အရမ်းကောင်းတာပဲ"

လင်းဇီရိုက မကျေမနပ်ပုံစံဖြင့် ပြောလိုက်ပြီး အဖွားချင်ရဲ့လက်ထဲက ခွက်တွေကို မနာလိုအားကျစွာ ကြည့်နေသည်။

အဖွားချင်က လင်းဇီရိုကို ကလိထိုးလိုက်ပြီး

"ငါ မင်းတို့အားလုံးအတွက် တစ်ခွက်ပြင်ပေးမယ်"

"ကျေးဇူးပါ အဖွား....." လင်းဇီရို စိတ်ကျေနပ်သွားတယ်။

ချောင်ထျန်းချန်က သူ့ဘေးနားက လက်ဖက်ရည်ခွက်ကိုယူပြီး တစ်ငုံသောက်ကာ

"မင်းသားနန်ကုန်း ဘာလို့ ဒီရောက်လာတာလဲဆိုတာ ကျွန်တော်သိချင်မိတယ်"

နန်ကုန်းချီက ဘေးနားက ထိုင်ခုံတစ်ခုပေါ်တွင် ထိုင်နေသည်။

သူ့ဘေးနားက လက်ဖက်ရည်ခွက်ကိုကြည့်လိုက်ပြီး မျက်လုံးတွေ မှေးကျဉ်းသွားသည်။

သူခန့်မှန်းတာသာ မှန်မယ်ဆိုရင် ဒီလက်ဖက်ရည်က အခုလတ်တလောမှ ထုတ်လုပ်ထားတဲ့ ကျွင်းရှန်းယင်ယဲ့ လက်ဖက်ရည်ပဲ။တစ်နှစ်ကို တစ်ဆယ်ကတ်တီပဲ ထုတ်လုပ်ပြီးတော့ ဈေးကွက်ထဲမှာ သုံးကတ်တီထက် ပိုမရောင်းဘူး။နန်းတော်မှာတောင်မှ ဒီလို လက်ဖက်ရည်မျိုး မရှိဘူး၊အခုအဲ့ဒါကို ရှန့်ကျန့်ကျွင်းအိမ်တော်မှာတွေ့နေရပြီး ၎င်းက ဒီနှစ်ရဲ့ အသစ်စက်စက် ထုတ်လုပ်ထားတဲ့ ကျွင်းရှန်းယင်ယဲ့လက်ဖက်ရည်တောင် ဖြစ်နေသေးတယ်

"မင်းသားနန်ကုန်း ဘာကြည့်နေတာလဲ"

ချောင်ထျန်းချန်က နန်ကုန်းချီရဲ့မီးတောက်နေတဲ့အကြည့်ကို ဘယ်လိုလုပ် သတိမပြုမိဘဲ နေမှာလဲ?

နန်ကုန်းချီက သူ့ခေါင်းကိုငုံ့ပြီးတော့ သူ့လက်ထဲက လက်ဖက်ရည်ကိုကြည့်ကာ

"ငါ သိချင်မိတယ်။ရှန့်ကျန့်ကျွင်းအိမ်တော်က ဘယ်လိုလုပ် ဒီလိုလက်ဖက်ရည်မျိုးကို ရထားတာလဲ?စစ်သူကြီးချောင် ဒါကို ဘယ်နေရာက ဝယ်လာတာလဲဆိုတာ သိချင်ပါတယ်"

ချောင်ထျန်းချန်က သူ့မျက်ခုံးတွေကို ပင့်လိုက်ပြီး

"ကျွန်တော်လည်း ဒါကို သေချာမသိဘူး။အဲ့ဒါက ကျွန်တော့်မိန်းမရဲ့အစ်မက ပို့ပေးလိုက်တာ"

နန်ကုန်းချီ မျက်မှောင်ကြုတ်သွားတယ်။နင်းမုန့်ယောင်ရဲ့အစ်မလား?သူ မှတ်မိတာသာ မှန်တယ်ဆိုရင် နင်းမုန့်ယောင်က မိဘမဲ့တစ်ယောက်ဖြစ်ပြီး သူမကို အပ်ချုပ်သမတစ်ဦးက ပျိုးထောင်ခဲ့တာ။

"အဲ့ဒါဆို......"

"မင်းသားနန်ကုန်းက နည်းနည်းလောက် မေးတာများနေပြီ မဟုတ်ဘူးလား"

သူက အခြားတစ်ယောက်ရဲ့အိမ်မှာ ဒီလိုမေးခွန်းတွေမေးတာ မရှက်ဘူးလား။

နန်ကုန်းချီက မျက်မှောင်ကြုတ်သွားပြီး

"ငါက သိချင်ရုံပဲ”

All Chapters