← Chapters

အခန်း ၂၆၇

Vol. 11 Ch. 267

အခန်း ၂၆၇

Vol. 11 Ch. 267

Chapter 267

ချောင်ထျန်းချန်က စကားမပြောဘဲနဲ့ နန်ကုန်းချီကို တစ်ချက်ကြည့်လိုက်သည်။သူက လက်ဖက်ရည်ခွက်ကို မ,ပြီးတော့ သူ့လက်ထဲက လက်ဖက်ရည်ကို ဖြည်းဖြည်းချင်း သောက်လိုက်သည်။

အချိန်ခဏလောက်အထိ ဘယ်သူကမှ စကားမပြောကြပေ။

နင်းမုန့်‌ယောင်‌နဲ့ချင်းရွှမ်ရယ် အခြားလူတွေရယ် မကြာခင်မှာ ပြန်ရောက်လာကြတဲ့အတွက် တိတ်ဆိတ်မှုက သိပ်မကြာလိုက်ပေ။

ခြံဝင်းထဲမှာ နန်ကုန်းချီကို တွေ့လိုက်ရတော့ နင်းမုန့်‌ယောင်ရဲ့ မျက်ဝန်းထဲမှာ ရွံရှာမှု ဖြတ်သန်းသွားသည်။

"ယောင်ယောင် ပြန်လာပြီလား"

ချောင်ထျန်းချန်က နင်းမုန့်‌ယောင်ကို မြင်တဲ့အခါမှာ သူ့မျက်နှာက ချစ်ခင်မြတ်နိုးမှုအပြည့်ပင်။

နင်းမုန့်‌ယောင်‌က ခေါင်းငြိမ့်လိုက်သည်။

"အင်း ကျွန်မမှာ ဖြေရှင်းစရာ ကိစ္စလေး နည်းနည်းပါးပါးရှိလို့လေ။ရှင့်ခန္ဓာကိုယ်က အပြည့်အဝ မသက်သာသေးတာကို ဘာလို့ အပြင်ထွက်နေတာလဲ"

"ကိုယ် နေကောင်းနေပါပြီ......စိုးရိမ်စရာ မလိုတော့ဘူး"

ချောင်ထျန်းချန်က ပြုံးကာ ရှင်းပြလိုက်သည်။

နန်ကုန်းချီ ရောက်လာတယ်ဆိုမှတော့ သူက အိပ်ရာထဲ လှဲနေလို့ မရဘူးလေ။

နင်းမုန့်ယောင်က နန်ကုန်းချီကို တစ်ချက်ကြည့်ကာ မျက်မှောင်ကြုတ်ပြီးတော့

"ချင်းရွှန်း....ရှန့်ကျန့်ကျွင်းကို သွေးကြောစမ်းကြည့်လိုက်ဦး"

"ဟုတ်ကဲ့ သခင်မလေး"

ချင်းရွှန်းက ချောင်ထျန်းချန်ဆီ လျှောက်သွားသည်။သူ့သွေးကြော အစမ်းခံရတဲ့အတွက် သူ့အမူအရာက အကူအညီမဲ့နေသည်။

လင်းဇီရိုကတော့ အဲ့ဒါကို ရယ်စရာကောင်းတယ်လို့ ခံစားရတယ်။

"ကျန့်ကျွင်း မင်းက ကိုယ်ပိုင် သမားတော် ရှာတွေ့ထားပြီပေါ့လေ"

လင်းဇီရိုက ချင်းရွှန်းကို တစ်ချက်ကြည့်ကာ စနောက်လိုက်သည်။

ချင်းရွှန်းရဲ့ အခြားလက်တစ်ဖက်က ရုတ်တရက် ငွေရောင်အပ်တစ်ချောင်း လက်ဖျားထိပ်မှာကိုင်ကာ

"ရှင် နောက်တစ်ခေါက် ထပ်ပြောရင် ရှင် တစ်သက်လုံး စကားပြောလို့မရတော့အောင် လုပ်‌ပေးနိုင်တယ်"

လင်းဇီရိုက ချင်းရွှန်းကို ပြောစရာ စကားကင်းမဲ့စွာဖြင့် ကြည့်လိုက်ပြီး

"ငါ မင်းကို ဘယ်လိုပုံစံနဲ့မှ ရန်မစမိဘူးလိုထင်တယ်နော်....ဟုတ်တယ်မလား"

"ရှင့်ရဲ့ရွံ့စရာကောင်းတဲ့ ပါးစပ်ကြီးကို ပိတ်ထားပြီးတော့ ကျွန်မ ကျန့်ကျွင်းရဲ့သွေးကြောစမ်းနေတာကို မနှောင့်ယှက်စမ်းပါနဲ့"

ချင်းရွှန်းက လင်းဇီရိုကို အထင်သေးစွာ ကြည့်လိုက်သည်။

လင်းဇီရိုက ပြုံးလိုက်ပြီးတော့ ချင်းရွှန်းကို စေ့စေ့စပ်စပ် တွေးကြည့်လိုက်တယ်။ဒီကောင်မလေးက သူ့ကို ပိုပြီးတော့တောင် စချင်သွားတယ်။

"ကျန့်ကျွင်းက ဘာမှမဖြစ်တော့ပါဘူး ဒါပေမယ့် ကျန်နေသေးတဲ့ ဆေးနှစ်ပန်းကန်တော့ သောက်ဖို့လိုသေးတယ်"

ချင်းရွှန်းက သူမလက်ကို ပြန်ရုတ်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

သူ့လက်ကို ကိုင်ကြည့်ပြီးတော့ ချောင်ထျန်းချန်က အကူအညီမဲ့စွာဖြင့်

"ချင်းရွှန်း မင်း ငါ့ကို ကလဲ့စားချေနေတာလား?ဆေးက ဘာလို့ အရမ်းခါးနေတာလဲ"

သူ မတတ်နိုင်ဘဲ ချင်းရွှန်းက လက်တစ်ဆုပ်စာ တရုတ်ရွှေချည်မျှင် အနည်းငယ်ကို ဆေးထဲ ထည့်ထားတယ်လို့ သံသယဝင်မိတယ်။မဟုတ်ရင် ဆေးက ဘာလို့ ဒီလောက်ခါးမှာလဲ။

ချင်းရွှန်းက ချောင်ထျန်းချန်ကို အေးစက်တဲ့အကြည့်နဲ့ကြည့်လိုက်ပြီး

"နောက်တစ်ခါကျရင် ကျန့်ကျွင်းက သခင်မလေးကို စိုးရိမ်ရအောင်လုပ်ရင် ကျွန်မ ကျန့်ကျွင်းရဲ့ဆေးထဲကို တရုတ်ရွှေချည်မျှင်တွေ တစ်ကတ်တီလောက်ထည့်ဖို့ တွေဝေနေမှာ မဟုတ်ဘူး"

ချောင်ထျန်းချန် မျက်ခုံးလှုပ်သွားတယ်။ဒီမိန်းကလေး တကယ်ကြီး ပြောရဲတာ‌ပဲ။

တရုတ်ရွှေချည်မျှင်တစ်ကတ်တီလောက် ထည့်ထားတဲ့ဆေးကို သူ သောက်နိုင်ပါ့မလား?သူသာ အဲ့ဒါကို သောက်လိုက်ရင် သေချာပေါက် တစ်လလောက် ထမင်းစားနိုင်မှာ မဟုတ်ဘူး။

သူမက လက်ပိုက်ကာ ချောင်ထျန်းချန်ကို ခပ်ဖျော့ဖျော့ ပြုံးပြလိုက်ပြီး

"ကျန့်ကျွင်းက အဲ့ဒါကို မသောက်ချင်ရင် ဒါဆို ကိုယ့်ဘာသာကိုယ် ကောင်းကောင်း ဂရုစိုက်ပါ"

ချင်းရွှန်းက သွားဖြူဖြူတွေပေါ်လာတဲ့အထိ အကျယ်ကြီး ပြုံးပြလိုက်ပြီး ‌ချောင်ထျန်းချန်ကို ခေါင်းကိုက်သွားစေတယ်။သူ ဘယ်လို အစေခံမျိုးနဲ့ ကြုံရတာပါလိမ့်.......

"Pffft.....ဟားဟား........ကျန့်ကျွင်း ကျွန်တော်တော့ အဲ့ဒီဆေးက ဘယ်လိုအရသာရှိမလဲဆိုတာ တကယ်သိချင်မိတယ်"

သူက မတတ်နိုင်ဘဲ အဲ့ဒါကိုပြောပြီးတဲ့နောက် ကျယ်လောင်စွာ ရယ်မောတော့သည်။

ချောင်ထျန်းချန်က လင်းဇီရိုကို တစ်ချက်ကြည့်လိုက်ပြီး အေးစက်စွာဖြင့်

"ချင်းရွှန်း သူ့အတွက် တရုတ်ရွှေချည်မျှင် တစ်ကတ်တီလောက် ထည့်ထားတဲ့ဆေးပြင်ပေးပြီးတော့ သူ့ကို သောက်ခိုင်းလိုက်"

"ဟုတ်ကဲ့ ကျန့်ကျွင်း"

ချင်းရွှန်းက ဖြေးဖြေးချင်း လှည့်ထွက်သွားသည်။

ဘေးနားမှာ ထိုင်နေတဲ့ နန်ကုန်းချီက ဒီလူတွေရဲ့ ထူးဆန်းတဲ့ ဆက်ဆံပြုမူပုံတွေကို ကြည့်နေသည်။

သခင်က သခင်ပုံမပေါက်ဘူး......ပြီးတော့ အစေခံက အစေခံနဲ့မတူဘူး။၎င်းက သူ့ကို ပုံမှန်မဟုတ်တဲ့ နွေးထွေးတဲ့ခံစားချက်ကို ပေးစွမ်းပြီး ဒီလို ခံစားချက်မျိုးက တကယ်ပဲ ထူးဆန်းတယ်။

"ရှန့်ကျန့်ကျွင်းရဲ့အိမ်တော်က လူတွေက တကယ့်ကို စိတ်ဝင်စားဖို့ကောင်းကြတာပဲ"

နန်ကုန်းချီက အမည်မဖော်နိုင်တဲ့ လေသံဖြင့် ပြောလိုက်သည်။

သူက အဲ့ဒါကို ဘာကြောင့်ပြောတယ်ဆိုတာ မသိနိုင်ပေ။

နင်းမုန့်ယောင်က မျက်မှောင်ကြုတ်ကာ နန်ကုန်းချီကို တစ်ချက်ကြည့်လိုက်ပြီး

"ရှင် မနာလိုအားကျနေတာလား........ရှင်က ဘာလို့ ဒီရောက်နေတာလဲ"

"ရှန့်ကျန့်ကျွင်းရဲ့ ဇနီးက ငါ့ကို သဘောမကျတဲ့ပုံပဲနော်"

နန်ကုန်းချီက မျက်မှောင်ကြုတ်နေတဲ့ နင်းမုန့်ယောင်ကို ကြည့်လိုက်သည်။

နင်းမုန့်ယောင်က ဒီလိုလူမျိုးတွေနဲ့ အရေခြုံပြီး မပြောချင်ပေ။

"ကျွန်မရှင့်ကို သဘောမကျသင့်တဲ့ အပိုင်းရှိလို့လား"

"မင်း......"

နန်ကုန်းချီ ဒေါသထွက်သွားတယ်။ဘယ်သူကမှ သူ့ရှေ့တည့်တည့်မှာ သူ့ကို စက်ဆုပ်သလို မလုပ်ပြဖူးဘူး။

"မင်းသားနန်ကုန်းက ဘာအကြောင်းအရင်းကြောင့် ဒီရောက်လာတာလဲ မသိဘူး"

ချောင်ထျန်းချန်က သင့်လျော်တဲ့အခိုက်အတန့်မှာ မေးလိုက်၏။

နန်ကုန်းချီက ချောင်ထျန်းချန်ကို တစ်ချက်ကြည့်လိုက်သည်။ဒီနေရာကိုလာရတဲ့ သူ့ရည်ရွယ်ချက်ကို ပြန်တွေးမိပြီးနောက် သူက အသက်ပြင်းပြင်းရှူလိုက်ပြီး သူ့ဒေါသကို ဖိနှိပ်ထားလိုက်ရသည်။

"ငါ ဒီနေရာကိုလာတာ စစ်သူကြီးရဲ့ဇနီးကို မေးစရာရှိလို့ပဲ။မင်းရဲ့ မိဘတွေက ဘယ်သူလဲ"

နန်ကုန်းချီက နင်းမုန့်ယောင်ကို စေ့စေ့စပ်စပ်ကြည့်ကာ‌ မေးလိုက်ပြီး သူ့မျက်လုံးတွေထဲမှာ နားမလည်နိုင်တဲ့ အရိပ်အယောင်တစ်ခု ရှိနေသည်။

ချောင်ထျန်းချန်နဲ့အခြားလူတွေတင် နန်ကုန်းချီရဲ့မျက်လုံးတွေထဲက မျှော်လင့်ချက်ကို မြင်ရရုံတင်မကဘဲ နင်းမုန့်ယောင်တောင်မှ ၎င်းကို မြင်ရသည်။

"ကျွန်မ မိဘတွေက ဘယ်သူလဲဆိုတာ ကျွန်မ မသိဘူး။ပြီးတော့ မင်းသားနန်ကုန်းသာသိတယ်ဆိုရင် ကျွန်မ ကျေးဇူးတင်မိမှာပဲ"

နင်းမုန့်ယောင်က 'ကျေးဇူး'ဆိုတဲ့စကားကို အလေးပေး ပြောခဲ့သည်။

All Chapters