← Chapters

အခန်း ၂၆၈

Vol. 11 Ch. 268

အခန်း ၂၆၈

Vol. 11 Ch. 268

Chapter 268

နန်ကုန်းချီက နင်းမုန့်ယောင်ကိုကြည့်ကာ မျက်မှောင်ကြုတ်သွားတယ်။ဒီမိန်းမက ဘာလဲဟ.......သူမ သူ့ကို ကြည့်တဲ့အခါမှာ ဘာလို့ ဆူးတွေနဲ့ပစ်သွင်းနေပုံ ပေါက်နေရတာလဲ?

"စစ်သူကြီးရဲ့ဇနီး မင်းနဲ့ငါ့ကြားမှာ အထင်လွဲစရာ ကိစ္စတစ်ခုခု မရှိပါဘူး ဟုတ်တယ်မလား"

နန်ကုန်းချီက နင်းမုန့်ယောင်ကို အကူအညီမဲ့စွာဖြင့် ကြည့်လိုက်၏။

နင်းမုန့်ယောင်က နန်ကုန်းချီကို အသာလေး စိုက်ကြည့်လိုက်ပြီး အဲ့ဒီနောက်

"မရှိပါဘူး" ဟု ပြောလိုက်သည်။

"မရှိဘူးဆိုမှတော့ မင်းက ငါ့ကို မုန်းတီးနေတယ်လို့ ငါဘာလို့ ခံစားနေရတာလဲ"

နန်ကုန်းချီက အကူအညီမဲ့တဲ့ အမူအရာဖြင့် နင်းမုန့်ယောင်ကို ကြည့်ကာ သူ့အမူအရာက အနည်းငယ် ထူးဆန်းနေသည်။

နင်းမုန့်ယောင် ရယ်မိသွားတယ်။သူမက နန်ကုန်းချီကို ကြည့်ပြီးတော့ ရွှတ်နောက်နောက်ပုံစံဖြင့်

"ရှင့်ကို မုန်းတာလား?ရှင်က ဘယ်သူမလို့ ကျွန်မက ရှင့်ကို ရန်လိုမုန်းတီးနေရမှာလဲ"

"နင်းမုန့်ယောင် မင်း နည်းနည်းတော့ စည်းကျော်သွားပြီထင်တယ်"

"ဘယ်သူက စည်းကျော်တဲ့လူလဲ?နန်ကုန်းချီ ရှင်က တကယ်ပဲ ကျွန်မက ရှင့်ရဲ့ ရည်ရွယ်ချက်ကို မသိဘူး ထင်နေတာလား?ကျွန်မရဲ့မိဘတွေက ဘယ်သူလဲလို့ မေးပြီးတော့လေ......နောက်ပြီးရင် ရှင်က ကျွန်မကို ကျွန်မမိဘတွေကို သိတယ် ပြီးတော့ ကျွန်မက လင်တိုင်းပြည်က လူတစ်ယောက်နဲ့တူတယ်ဆိုပြီး ပြောတော့မှာမလား"

နင်းမုန့်ယောင်က ကြောက်စရာကောင်းအောင် ပြောချလိုက်သည်။

နန်ကုန်းချီက နင်းမုန့်ယောင်ရဲ့စကားတွေကို ပြန်မပြောနိုင်ပေ။

"မင်းက အကျိုးသင့်အကြောင်းသင့် မရှိတာပဲကွ!"

နန်ကုန်းချီက ဒေါသတကြီး ပြောလိုက်၏။

သူက တကယ်ပဲ နင်းမုန့်ယောင်က လူတစ်ယောက်နဲ့တူတယ်လို့ ခံစားမိတယ်။အဲ့ဒီလူက တစ်ယောက်ယောက်ရဲ့အောက် တစ်ဆင့်သာနိမ့်တဲ့ ရာထူးမှာ ရှိပြီးတော့ လင်တိုင်းပြည်က ‌သောင်းနဲ့ချီတဲ့ လူတွေရဲ့ အထက်မှာရှိတယ်။

သူတောင်မှ အဲ့ဒီလူရဲ့ရှေ့မှာ သူ့လက်သည်းတွေကို လိမ်လိမ်မာမာနဲ့ ဖွက်ထားရတယ်။

"မင်းသားနန်ကုန်းရဲ့ တန်ဖိုးဖြတ် ချင့်ချိန်မှုကို ကျွန်မ တကယ် ကျေးဇူးတင်ပါတယ်။ဒါပေမယ့် စစ်သူကြီးအိမ်တော်က ရှင့်ကို မကြိုဆိုဘူး။ကျေးဇူးပြုပြီး ရှင်လာခဲ့တဲ့နေရာကို ပြန်သွားပါတော့"

နင်းမုန့်ယောင် သူမ ဒီလူကို ဘာလို့ အရမ်းမုန်းနေရတာလဲဆိုတာ မသိဘူး။

နန်ကုန်းချီက သူ့ဒေါသကို ထိန်းချုပ်ပြီးတော့ နင်းမုန့်‌ယောင်ကိုကြည့်ကာ

"မင်း ငါ့ကို ယုံယုံ မယုံယုံ မင်းက တကယ်ပဲ လူတစ်ယောက်နဲ့တူတယ်"

နင်းမုန့်‌ယောင်က လှောင်ပြောင်ရယ်မောလိုက်ပြီး

"တကယ်လား.......ကျွန်မကို ပြောပြပေးလို့ ကျေးဇူးတင်ပါတယ်......အခြား ဘာကိစ္စမှမရှိတော့ဘူးဆိုရင် မင်းသားနန်ကုန်း ကျေးဇူးပြုပြီးတော့......."

နန်ကုန်းချီက သူ့စိတ်ထဲမှာ တကယ့်ကို ဒေါသထွက်နေပေမယ့် မတ်တပ်ထပြီးတော့ မျက်နှာမှုန်ကုပ်စွာဖြင့် ထွက်သွားသည်။

နန်ကုန်းချီ ထွက်သွားပြီးတဲ့နောက် ချောင်ထျန်းချန်က လင်းဇီရိုနဲ့လဲ့အန်းကို ကြည့်လိုက်သည်။သူတို့နှစ်ယောက်က သဘောပေါက်ကြပြီးတော့ ထွက်သွားကြသည်။

ချောင်ထျန်းချန်က အဖွားချင်ကိုတောင်မှ ထွက်သွားခိုင်းလိုက်ပြီး ချင်းရွှယ်နဲ့အခြားလူတွေလည်း အတူတူပင်ဖြစ်သည်။သူနဲ့နင်းမုန့်ယောင်သာ ခြံဝင်းထဲမှာ ကျန်နေခဲ့သည်။

"ယောင်ယောင် ကိုယ့်ကို‌ပြောပြ.....မင်း ဒီနေ့ ဘာဖြစ်လာတာလဲ"

သူမပြန်လာပြီးတဲ့နောက် နန်ကုန်းချီကို တွေ့တဲ့အချိန် နင်းမုန့်ယောင် တစ်ခုခု ဖြစ်နေတာကို သူ သိသိသာသာကို ခံစားမိတယ်။၎င်းက သူမက အရမ်းစိတ်လှုပ်ရှားနေတယ်လို့ ပြောနိုင်တယ်။

နင်းမုန့်ယောင်က အသက်ပြင်းပြင်း ရှူလိုက်ပြီး ချောင်ထျန်းချန်ကို ကြည့်ကာ

"ကျွန်မ တကယ်တော့ သူ ပြောနေတဲ့ လူအကြောင်းကို သိတယ်။အဲ့လူက လင်တိုင်းပြည်ရဲ့ ရှဲ့ကျန့်ဝမ်*(ဘုရင်ခံ)ဖြစ်တဲ့ နန်ကုန်းယန်ပဲ။ကျွန်မ သူ့ကို တစ်ခါတွေ့ဖူးတယ်။အဲ့ဒီလူက ကျွန်မ နားလည်ဖို့ အခက်ခဲဆုံး လူပဲ။သူက ချောတယ် ပြီးတော့ ကျွန်မတို့က ငါးဆယ်ရာခိုင်နှုန်းလောက် ရုပ်ချင်းဆင်နေသေးတယ်"

(ရှဲ့ကျန့်ဝမ်-摄政王 (regent) သူက ဘုရင်လိုမျိုးအာဏာရှိတဲ့လူပါ။ဘုရင်တော့မဟုတ်ဘူး။မြန်မာလိူဆိုရင် နိုင်ငံတော်အုပ်ချုပ်ရေးအရာရှိပေါ့။ဒီမှာ‌ေတာ့ ဘုရင်ခံလို့ပဲ သုံးလိုက်တော့တယ်နော်။ဘုရင်တွေမလုပ်နိုင်တာပဲဖြစ်ဖြစ် ပျက်ကွက်တာပဲဖြစ်ဖြစ် အဲ့ဒီလူက လုပ်ဆောင်တဲ့သဘော။ဘုရင့်အောက် တစ်နေရာပဲ လျော့တယ်)

"ဘယ်လို.......မင်း ဆိုလိုချင်တဲ့ အဓိပ္ပာယ်က မင်းက လင်တိုင်းပြည်က ဘုရင်ခံရဲ့ သမီးဖြစ်နိုင်တယ်ပေါ့လေ"

ချောင်ထျန်းချန် မျက်လုံးပြူးသွားတယ်။သူ နန်ကုန်းယန်ရဲ့ ကျော်ကြားတဲ့ နာမည်ကို ကြားဖူးတယ်။သူက လင်တိုင်းပြည်ရဲ့ သူတော်စင်လိုမျိုးလူပဲ။လင်တိုင်းပြည် ဧကရာဇ်ကတောင်မှ သူ့ကို လေးလေးစားစား ဆက်ဆံရတယ်။ဒါပေမယ့် သူက အသက်လေးဆယ်ထဲရောက်နေပြီဖြစ်ပြီး လက်ထပ်ဖို့ ရည်ရွယ်ချက်မရှိပေ။

"ကျွန်မလည်း မသေချာဘူး။ကျွန်မ ထုန်ပေါင်ကျိုက်ကို လူလွှတ်ပြီးတော့ ဒီကိစ္စကို စုံစမ်းခိုင်းထားတယ် ဒါပေမယ့် နန်ကုန်းယန်က ရှောင်တိုင်းပြည်ရဲ့ မင်းသမီးကြီး ရှောင်ချန်းယာနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးတစ်ခုရှိတယ်ဆိုတာပဲ ကျွန်မ စုံစမ်းလို့ရခဲ့တယ်။နောက်ကျတော့ မင်းသမီးကြီးက ပျောက်ကွယ်သွားတယ်။နန်ကုန်းယန်ရဲ့ တည်ရှိမှုကတောင်မှ မျက်လှည့်တစ်ခုလိုပဲ"

နင်းမုန့်ယောင်က ချောင်ထျန်းချန်ကို တစ်ခုမှ ဖုံးကွယ်မထားချင်တာကြောင့် အကုန်လုံး ပြောပြလိုက်သည်။

ချောင်ထျန်းချန်က နင်းမုန့်ယောင်ရဲ့ နောက်ကျောကို ပုတ်ပေးလိုက်ပြီး

"နန်ကုန်းချီ ဒီနေရာကိုလာတဲ့ ရည်ရွယ်ချက်ကို မင်း ဘယ်လိုထင်လဲ"

"ဟုတ်သားပဲ....ဘုရင်ခံ နန်ကုန်းယန်ရဲ့ လင်တိုင်းပြည်ထဲမှာ တည်ရှိမှုက အမြဲတမ်း လျှို့ဝှက်ဆန်းကြယ်မှုတစ်ခုလိုပဲ။နန်ကုန်းချီအပါအဝင် လင်တိုင်းပြည်ထဲက မင်းသားတွေအားလုံးက သူ့ကို အနိုင်ယူပြီးတော့ သူ့ ကူညီထောက်ပံ့မှုကို လိုချင်နေကြတာ။ဒီအကြောင်းအရင်းကြောင့် သူ ကျွန်မဆီကနေ စတင်လာမှာ ကြောက်ရတယ်"

နင်းမုန့်ယောင်က သူမ နန်ကုန်းချီရဲ့အတွေးတွေကို အပြည့်အဝ ခန့်မှန်းနိုင်တယ်လို့ မပြောရဲပေမယ့် ဒါကိုတော့ မှန်းဆနိုင်တယ်။

ချောင်ထျန်းချန်က နားလည်သွားပြီးတော့ ခေါင်းငြိမ့်ကာ

"မင်းသူ့ကို ကောင်းကောင်း မဆက်ဆံတာ အံ့ဩစရာမရှိတော့ဘူး"

"ဟုတ်တယ် လူတစ်ယောက်ကလည်း ကျွန်မကို ကူပြီးတော့ စုံစမ်းပေးနေတယ်။ထျန်းချန် ရှင် မှတ်ထားရမယ်နော်.......နန်ကုန်းချီ ရှင့်ကို ဘာပဲမေးမေး ရှင် သူ့ကို လုံးဝ မပြောပြရဘူးနော်"

သူမက လူတစ်ယောက်ရဲ့လက်ထဲက ကျားစေ့တစ်စေ့ မဖြစ်ချင်ဘူး

သူမကို ကျားစေ့အဖြစ် အသုံးချချင်တယ်ဆိုရင် သူ အလုံအလောက် လုပ်နိုင်စွမ်းရှိရဲ့လားဆိုတဲ့အပေါ်မှာ မူတည်တယ်။

ချောင်ထျန်းချန်က ပြုံးပြီးတော့ ခေါင်းငြိမ့်ကာ

"ဒါပေါ့ ကိုယ် သိပါတယ်။စိတ်မပူပါနဲ့ ကိုယ် ဘာလုပ်ရမလဲဆိုတာ သိတယ်"

########################

ကိုယ်ထင်တာတော့လေ နင်းမုန့်ယောင်ရဲ့ အဖေနဲ့အမေက နန်ကုန်းယန်နဲ့ရှောင်ချန်းယာလားမသိဘူး။ဘာလို့ဆို နင်းမုန့်ယောင်မှာ ရှောင်မျိုးဆက်တွေပဲပါတဲ့ အမှတ်အသားကပါလာတယ် ပြီးတော့ နန်ကုန်းယန်နဲ့လည်း ရုပ်ချင်းဆင်တယ်ဆိုတော့လေ။

All Chapters