အခန်း ၂၆၉
Vol. 11 Ch. 269
Chapter 269
ချောင်ထျန်းချန်ရဲ့ မျက်ဝန်းတွေ မှေးကျဉ်းသွားပြီး သူ့စိတ်ထဲကနေ အေးစက်စွာ ပြုံးလိုက်တယ်။နင်းမုန့်ယောင်ရဲ့ သရုပ်မှန်က ဘာပဲဖြစ်နေပါစေ သူမက သူ့ရဲ့ဇနီးဖြစ်ပြီး ၎င်းက အငြင်းပွားဖွယ်မရှိတဲ့ အချက်ပင်။သူတို့ကို ခွဲချင်တဲ့ ဘယ်သူမဆို အဲ့လူတွေ ဆိုးဝါးတဲ့ တန်ကြေးကို ပေးဆပ်ရလိမ့်မယ်။
"ဒါဆိုရင်တော့ ကျွန်မ စိတ်အေးသွားပါပြီ"
နင်းမုန့်ယောင်က သက်ပြင်းချလိုက်တယ်။သူမ လင်တိုင်းပြည်ကို မသွားချင်ဘူး။
အဲ့ဒီနေရာနဲ့ယှဉ်ရင် သူမ ရှောင်တိုင်းပြည်ကို ပိုပြီးနှစ်သက်တယ်။
"ဒါဆို နောင်ကျရင်......."
ချောင်ထျန်းချန်က သူမ နန်ကုန်းယန်အကြောင်း သတင်းရှာတွေ့တဲ့အခါ ဘာလုပ်မလဲဆိုတာ မေးချင်သည်။
နင်းမုန့်ယောင်က ပြုံးလိုက်ပြီးတော့ ချောင်ထျန်းချန်ကိုကြည့်ကာ သူမရဲ့ မျက်ဝန်းတွေထဲမှာ နက်ရှိုင်းတဲ့ အပြုံးရှိနေသည်။
"ကျွန်မက ရှင့်ရဲ့မိန်းမပါ။ရှင်သွားတဲ့နေရာတိုင်း ကျွန်မသွားမှာပဲ"
"မှန်တယ်"
နင်းမုန့်ယောင်က ချောင်ထျန်းချန်ကို ဝါကျလေးတစ်ကြောင်းနဲ့ စိတ်ကျေနပ်အောင် လုပ်နိုင်ခဲ့ပြီး သူ့ရဲ့ မျက်ဝန်းတွေထဲမှာ နက်ရှိုင်းတဲ့အပြုံးတစ်ခုရှိနေကာ ပျော်ရွှင်မှုက သူ့မျက်နှာပေါ်တွင် ဖြေးဖြေးချင်း ပေါ်လာသည်။
နန်ကုန်းချီက သူ့ရဲ့ ယာယီစံအိမ်တော်ကို ပြန်လာတဲ့အချိန် သူ့အမူအရာက အုံ့မှိုင်းနေသည်။သူက အမြဲတမ်း နင်းမုန့်ယောင်နဲ့ ကြုံရင် ရှုံးနိမ့်လာရပြီး အထူးသဖြင့် စုံတွဲရှေ့မှာပင်။
သူက တကယ်တော့ နင်းမုန့်ယောင်ကို ပထမဆုံးတွေ့တဲ့အချိန်မှာ များများစားစား မတွေးမိပေမယ့် ပြန်လာပြီးတဲ့နောက် သူ့အစေခံတွေက နင်းမုန့်ယောင်က ရင်းနှီးနေပုံပေါက်တယ်ဆိုပြီး ပြောလာခဲ့သည်။သူတို့ ၎င်းကို ပြောတာကြားရတော့ သူ ပြန်စဉ်းစားကြည့်လိုက်ပြီး နင်းမုန့်ယောင်ရဲ့ပုံစံက သူတို့ရဲ့ ဘုရင်ခံနဲ့ အတော်လေးဆင်တူသည်။
အဲ့ဒီနောက် သူက လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက တစ်စုံတစ်ယောက်ကိုရှာဖွေဖို့ အဝေးကိုထွက်သွားခဲ့တဲ့ ဘုရင်ခံအကြောင်းပြန်စဉ်းစားလိုက်သည်။အဲ့ဒါကြောင့်ပဲ သူက နင်းမုန့်ယောင်ကို စဉ်းစားမိတာဖြစ်ပြီး ဒီနေ့ စစ်သူကြီးအိမ်တော်ကိုသွားကာ နင်းမုန့်ယောင်ကို ရှာခဲ့တာဖြစ်သည်။
ဒါပေမယ့် နင်းမုန့်ယောင်က သူ့ကို ဆန့်ကျင်လိမ့်မယ်လို့ လုံးဝ စိတ်မကူးမိခဲ့ဘူး။သူ့ကို ဆန့်ကျင်ရုံတင်မကဘဲ သူမက သူ့ကို သဘောတောင်မကျ ဖြစ်လိုက်သေးကာ ဒါကြောင့်ပဲ သူ့ကို ဆူးတွေနဲ့ ပစ်ခွင်းတာဖြစ်သည်။
"အရှင့်သား ဘာဖြစ်လာတာလဲ"
နန်ကုန်းချီရဲ့ ဘေးနားက အကြံပေးကာ သူ့ကို မေးလိုက်သည်။
"မင်း သိမှာမဟုတ်ဘူး။ငါ မင်းကို အရင်တုန်းက ပြောဖူးတဲ့ ဘုရင်ခံနဲ့တူတယ်ဆိုတဲ့မိန်းကလေးလေ။အဲ့မိန်းကလေးက ငါ့ကို လုံးဝ သဘောမကျဘူး။အဲ့ဒါတင် မကသေးဘူး သူ(မ)က ဒီကိစ္စကိုလည်း သဘောကျပုံမရဘူး"
နန်ကုန်းချီက လေးလေးနက်နက် မျက်မှောင်ကြုတ်ပြီးတော့ ၎င်းနဲ့ပတ်သက်ပြီး မကျေမနပ်ဖြစ်သည်။
အကြံပေးက နန်ကုန်းချီကို တစ်ချက်ကြည့်လိုက်ပြီး
"သူ(မ)ရဲ့ သဘောထားက ဘယ်လိုပဲဖြစ်နေပါစေ ဘုရင်ခံရဲ့ကူညီထောက်ပံ့မှုကို ရဖို့အတွက်ဆိုရင် အရှင့်သား သူ(မ)ကို ကျွန်တော်တို့ဘက် ဆွဲထားမှရပါမယ်"
"ဒါပေါ့ ငါသိတယ်လေ။ဒါပေမယ့် နင်းမုန့်ယောင်ရဲ့ အခုလက်ရှိ အဆင့်အတန်းက သာမန်မဟုတ်ဘူး။အဲ့ဒါက ဆောင်ရွက်ဖို့ နည်းနည်းခက်တယ်"
နင်းမုန့်ယောင်ကသာ သူတို့တွေ စုံစမ်းမိခဲ့သလိုမျိုး သာမန် လယ်သမားမိန်းကလေးတစ်ယောက်ဆိုရင် သူတို့တွေ ပိုက်ဆံနဲ့ရာထူးအဆင့်အတန်းတွေကို ပြပြီးတော့ သူမကို ဆွဲဆောင်လို့ရတယ်။ဒါပေမယ့် အခု လက်ရှိ သူမမှာ ရာထူးဂုဏ်ရှိနေပြီဖြစ်ပြီး သူမက ပိုက်ဆံလည်း ပြတ်လပ်မနေပေ။
သူမကို အကွက်ရွှေ့ချင်ရင် သူ့အတွက် ခက်ခဲတယ်။
"အရှင့်သား သဘောပေါက်တာ ကောင်းပါတယ်"
အကြံပေးက ခေါင်းငြိမ့်လိုက်၏။
"ဘာပဲဖြစ်ဖြစ် သူ(မ) ကျွန်တော်တို့နဲ့ ပြန်လိုက်မှရမယ်"
အကြံပေးက စကားပြောပြီးတဲ့နောက် သူ့မျက်လုံးထဲတွင် ရက်စက်ယုတ်မာမယ့် အရိပ်အယောင် လင်းလက်သွားသည်။
သူမက မိန်းမငယ်လေးတစ်ယောက်ပဲလေ။ဘယ်လို မုန်တိုင်းမျိုး လုပ်နိုင်မှာမလို့လဲ?
သူတို့တွေ သူမကို ပြန်ခေါ်သွားနိုင်သရွေ့ အဆုံးကျရင် သူတို့တွေ စိတ်ကျေနပ်သလို လုပ်လို့ရမှာပဲ မဟုတ်ဘူးလား?
နန်ကုန်းချီက စဉ်းစားပြီးတော့ ခေါင်းငြိမ့်လိုက်တယ်
"ငါသိတယ်"
"ကျွန်တော်တို့တွေ ရှောင်တိုင်းပြည်ထဲမှာ အချိန်ခဏလောက် ဆက်ပြီး နေရဦးမယ်။ဒီအချိန်အတောအတွင်း နင်းမုန့်ယောင်နဲ့ ဆက်ဆံရေးကောင်းအောင်သာ ကြိုးစားပါ။အချိန်ကျလာလို့မှ သူ(မ)က ဆန္ဒမရှိဘူး ဖြစ်နေသေးရင် ကျွန်တော်တို့ သူ(မ)ကို အတင်းခေါ်သွားရမှာပဲ"
အကြံပေးရဲ့မျက်နှာက ချက်ချင်း ရက်စက်တဲ့ပုံပေါက်လာသည်။
နန်ကုန်းချီက အနည်းငယ် စိုးရိမ်နေပြီးတော့ မျက်မှောင်ကြုတ်ကာ
"မင်းအကြံက အလုပ်မဖြစ်ဘူးလို့ မဟုတ်ဘူး ဒါပေမယ့်.....အဲ့ဒီအခါကျ သူ(မ)ကသာ ငါတို့မကောင်းကြောင်းတွေကို ဘုရင်ခံရှေ့မှာ ပြောလိုက်ရင်ရော........."
သူတို့နဲ့လိုက်လာဖို့ သူမကို အတင်းအကြပ် ခေါ်ဆောင်တာက သူမနဲ့ဘုရင်ခံကို တွေ့ပေးဖို့ သူတို့ရဲ့ နည်းလမ်းတွေထဲက တစ်ခုဖြစ်သည်။သူမ ဘာတစ်ခုမှ မပြောရင် အဆင်ပြေပေမယ့် သူမသာ သူတို့ မကောင်းကြောင်း ပြောလိုက်ရင် ဒါဆို အမြတ်ထက်အရှုံးပိုများမှာပင်။
အကြံပေးက နန်ကုန်းချီကို တစ်ချက်ကြည့်လိုက်ပြီး မရှင်းလင်းတဲ့ လေသံတိုးတိုးဖြင့်
"သူ(မ)အဲ့ဒီအကြောင်းကို ပြောဖို့ အခွင့်အရေး ရှိပါ့မလားဆိုတဲ့အပေါ်မှာ မူတည်တယ်"
"မင်း ပြောချင်တဲ့ အဓိပ္ပာယ်က"
နန်ကုန်းချီ ကြောင်သွားတယ် အဲ့ဒီနောက် အကြံပေးကို စိုးရိမ်တဲ့ပုံစံနဲ့ ကြည့်လိုက်သည်။
"ကျွန်တော် ဒီနေရာကို ယူလာတဲ့ ဆေးတစ်မျိုးရှိတယ်။အဲ့ဒီဆေးက လူတွေကို ထိန်းချုပ်နိုင်ပြီးတော့ ကျွန်တော်တို့ကို အလုပ်အကျွေးပြု ခစားအောင် လုပ်နိုင်တယ်။ဒါပေမယ့်...........အဲ့ဒါကို အရင်တုန်းက မစမ်းသပ်ဖူးဘူး"
အကြံပေးက မျက်ခုံးတွန့်ထားသည်။
ဆေးရရှိလာတဲ့အချိန်တုန်းက ၎င်းကို စမ်းသပ်ကြည့်ချင်ပေမယ့် သူ့ အဲ့လိုလုပ်ဖို့ အခွင့်အရေး ရှာမတွေ့ခဲ့ပေ။နင်းမုန့်ယောင် အပေါ်မှာ စမ်းသပ်ကြည့်တာက မကောင်းတဲ့ကိစ္စတော့ ဟုတ်ပုံမရဘူး။
နန်ကုန်းချီက စိုးရိမ်နေဆဲဖြစ်ပြီး
"ဒါ အလုပ်မဖြစ်မှာ ငါ စိုးရိမ်တယ်။နင်းမုန့်ယောင်ရဲ့နားမှာ ဆေးပညာကျွမ်းကျင်တဲ့လူရှိတယ်"
ချင်းရွှန်းအကြောင်းကို စဉ်းစားမိတော့ နန်ကုန်းချီက ဒီအကြံကို အမြင့်ကြီး မတွေးမိတော့ပေ။