← Chapters

အခန်း ၂၇၀

Vol. 11 Ch. 270

အခန်း ၂၇၀

Vol. 11 Ch. 270

Chapter 270

အကြံပေးက နန်ကုန်းချီကို ကြည့်လိုက်ပြီး

"ဒီ‌‌ဆေးက ခံနိုင်ရည်ရှိတဲ့ကာလရှိတယ်။ပထမဆုံးအကြိမ်‌သုံးရင် ဘယ်လို အခြေအနေမျိုးမှ ဖြစ်မှာမဟုတ်ဘူး။သတ်မှတ်ထားတဲ့ အသံကို နားထောင်တဲ့အချိန်မှသာ အပြောင်းအလဲတွေဖြစ်မှာ။ပြီးတော့ သူတို့တွေ ငါတို့ရဲ့ ညွှန်ကြားချက်တွေကို ပြီးမြောက်အောင် လုပ်ပြီးသွားတာနဲ့ ချက်ချင်း အားလုံးကို မေ့သွားမှာ"

၎င်းကြောင့်သာမဟုတ်ရင် သူ နန်ကုန်းချီကို ပြောမှာမဟုတ်ဘူး။

အရင်တုန်းက အဲ့ဒီဆေးကို သုတေသနလုပ်ဖူးပေမယ့် ထိုအချိန်တုန်းက တစ်ဝက်သာ ပြီးမြောက်ခဲ့သည်။အခုက အပြည့်အစုံ ပြီးမြောက်သွားပြီဆိုပေမယ့် ၎င်းကို အရင်တုန်းက တစ်ခါမှ မသုံးဖူးတာကြောင့် အကျိုးသက်ရောက်အမှု အပြည့်အဝကို မသိပေ။

"မင်း ပြောတာက ငါက နင်းမုန့်ယောင်နဲ့သူ(မ)ယောကျာ်းနဲ့ ဆက်ဆံရေးကောင်းကောင်းတစ်ခု ထိန်းထားရမယ်ပေါ့လေ ပြီးရင် အခွင့်အရေးဖမ်းဆုပ်ပြီး........."

နန်ကုန်းချီက အကြံပေးကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။

ဒီနည်းလမ်းက အသုံးမဝင်ဘူးလို့ သူ သံသယဖြစ်မိတယ်။

"အဲ့ဒါ ကျွန်တော်စဉ်းစားထားသလိုပဲ"

အကြံပေးက နန်ကုန်းချီကိုကြည့်ကာ ခေါင်းငြိမ့်လိုက်သည်။

နန်ကုန်းချီ မျက်ခုံးတွန့်သွားတယ်။သူ နင်းမုန့်ယောင်ရဲ့ သူ့အပေါ်မှာထားတဲ့ သဘောထားကို စဉ်းစားမိပြီး အဲ့ဒီ စုံတွဲနဲ့ ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ဖို့ဆိုတာ တကယ့်ကို ခက်ခဲတယ်။

နင်းမုန့်ယောင်နဲ့အခြားလူတွေက နန်ကုန်းချီရဲ့စိတ်ထဲမှာ ဘာတွေဖြစ်နေလဲဆိုတာ မသိကြပေ။

သူမက ချောင်ထျန်းချန်ကို ခေါင်းရှုပ်နေတဲ့ပုံစံနဲ့ ကြည့်လိုက်ပြီး

"ထျန်းချန် ကျွန်မသွားရမယ်ဆိုတာ သေချာလို့လား"

ရှောင်ချီဖုန်းရဲ့အနားကလူတွေက ချောင်ထျန်းချန်ကို ရက်အနည်းငယ်နေရင် ဆောင်းဦးလယ်ပွဲတော် ရောက်လာတော့မှာဖြစ်ပြီး သူတို့က ချောင်ထျန်းချန်တို့ကို နန်းတော်ထဲမှာ ပွဲတော် လာရောက်ဆင်နွှဲဖို့ မျှော်လင့်တယ်လို့ ပြောလာခဲ့သည်။

"အဲ့ဒါ ချီဖုန်းရဲ့အကြံပဲ။သူက နန်ကုန်းချီနဲ့အခြားလူတွေကြောင့် ဒီလိုမျိုး ပွဲကြီးတစ်ပွဲကို ကျင်းပမှာစိုးတယ်"

ချောင်ထျန်းချန်လည်းပဲ အနည်းငယ် မျက်ခုံးတွန့်ထားသာ်။

သူက နန်းတော်ထဲက ပွဲအခမ်းအနားတွေကို အမှန်တကယ်ကို မနှစ်ခြိုက်ဘူး၊ပြီးတော့ အတိတ်တုန်းက သူ အဲ့ဒါတွေကို မကြာခဏ ငြင်းပယ်လေ့ရှိတယ်။သူ ငြင်းပယ်လို့မရနိုင်တဲ့ အခါကျမှပဲ တက်ရောက်တာ။အခုသူ့ကို သူတို့ကဖိတ်ခေါ်လာတယ် အကြောင်းပြချက်အနေနဲ့.....တကယ်ပဲ ထူးဆန်းတယ်။

"နန်ကုန်းယွဲ့လည်း လာလိမ့်မယ်။သူ(မ)တင်မဟုတ်ဘူး ဖုန်းအင်ပါယာနဲ့ အခြားတိုင်းပြည်က လူတွေလည်း လာကြမှာ။ဒီတစ်ခေါက်တော့ ကိုယ် ငြင်းဖို့ မလွယ်မှာ ‌ကြောက်ရတယ်"

သူ့လို စစ်သူကြီးတစ်ဦးအနေနဲ့ မတက်ရောက်ပဲနေဖို့ဆိုတာ မဖြစ်နိုင်ပေ။ဒီလိုပွဲမျိူး တက်ရောက်တဲ့အခါကျရင် လက်ထပ်ပြီးသားလူတွေက သူတို့ရဲ့ဇနီးသည်တွေကိုပါ အတူတကွ ခေါ်ဆောင်လာဖို့ လိုအပ်သည်။

နင်းမုန့်ယောင်က ချောင်ထျန်းချန်ကို ‌ဆွံ့အစွာဖြင့် တစ်ချက်ကြည့်လိုက်ပြီး

"ဘယ်လောက် ဒုက္ခများလိုက်လဲ"

"ကိုယ်လည်း အဲ့လိုပဲ ထင်တယ်။အဲ့ဒါက ဘယ်လောက် ဒုက္ခများပါစေ ကိုယ်တို့ သွားဖို့လိုအပ်တယ်လေ။ကိုယ်တို့ အဲ့ဒါအတွက် သေချာပြင်ဆင်ကြတာပေါ့"

ချောင်ထျန်းချန်က အဲ့လိုပြောပြီးတော့ ရယ်ရမလား ငိုရမလားဆိုတာ မသိတော့ပေ။

နင်းမုန့်ယောင်က မကျေနပ်ဖြစ်စွာဖြင့် နှုတ်ခမ်းစူလိုက်ပြီး

"ဟုတ်ပြီလေ......"

သူမက ချောင်ထျန်းချန်ရဲ့ တောင်းဆိုချက်ကို သဘောတူလက်ခံလိုက်ပြီဖြစ်တဲ့အတွက်ကြောင့် အဲ့ဒီနေ့တွင် ချောင်ထျန်းချန်ကို အရှက်ရစေလို့ မဖြစ်ပေ။ချောင်ထျန်းချန် အလုပ်များနေတဲ့အချိန် နင်းမုန့်ယောင်က အခြားမိန်းကလေးတွေလိုပဲ အင်္ကျီဆိုင်တွေနဲ့လက်ဝတ်ရတနာဆိုင်တွေကို သွားသည်။

နင်းမုန့်ယောင်က သူမ အင်္ကျီဆိုင်ထဲမှာ လျှောက်ပတ်ကြည့်နေတုန်း နန်ကုန်းချီနဲ့ဆုံကာ သူ့ဘေးနားတွင် ပုဝါစဖြင့်ဖုံးအုပ်ထားတဲ့ အမျိုးသမီးတစ်ဦးရှိသည်။

သူမရဲ့ မျက်ဝန်းတွေထဲ လက်ခနဲဖြစ်သွားပြီး သူတို့နှစ်ယောက်ကို မမြင်ချင်ယောင်ဆောင်ကာ

"ချင်းရွှယ် သွားကြမယ်"

"ရှန့်ကျန့်ကျွင်းရဲ့ဇနီးက ဘယ်အင်္ကျီိကိုများ သဘောကျတာလဲဆိုတာ သိပါရစေ?မင်း အဲ့ဒါကို သဘောကျရင် ငါ မင်းအတွက် ဝယ်ပေးမယ်"

နန်ကုန်းချီက နင်းမုန့်ယောင် လှည့်ထွက်သွားတာကိုမြင်တော့ ပြောလိုက်သည်။သူက သူမက ဒီနေရာက အဝတ်အစားတွေ အရမ်းဈေးကြီးတယ်လို့ ထင်သွားတာ ဖြစ်ရမယ်လို့ ထင်လိုက်သည်။

နင်းမုန့်ယောင်က တည်ငြိမ်စွာဖြင့် သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ချင်းရွှယ်ဘက်လှည့်ကာ

"ချင်းရွှယ် ငါက ဆင်းရဲတဲ့ပုံပေါက်လား"

ချင်းရွှယ်က နင်းမုန့်ယောင်ကို မျက်လုံးလှိမ့်ကြည့်လိုက်သည်။'ဟူး'ခနဲ မှူတ်ထုတ်လိုက်ပြီး သူမအိတ်ကပ်ထဲကနေ ငွေစက္ကူရွက်များစွာ ထုတ်လာသည်။အဲ့ဒီငွေတစ်ထပ်က အနည်းဆုံးတော့ တစ်သိန်းလောက်ရှိသည်(အဲ့ခေတ်ကငွေနော်)

"ကျွန်မက တခြားလူတွေဆီက အကူအညီတောင်းဖို့အထိ အရမ်း မဆင်းရဲသေးဘူး။ဘာမှမရှိဘူးဆိုရင် ဟန်ဆောင်‌နေတာတွေကို ရပ်လိုက်တော့"

နင်းမုန့်ယောင်က နန်ကုန်းချီကို အထင်မြင်သေးစွာကြည့်ပြီး ချင်းရွှယ်ဖြင့် ထွက်သွားသည်။

သူမရှေ့လာပြီးတော့ ချမ်းသာတဲ့လူလို လုပ်ပြနေတာလား?သူမက သူ့ကို သူမရဲ့ပိုက်ဆံတွေနဲ့ ဖိသတ်ပစ်မှာ မကြောက်ဘူးလား?

နန်ကုန်းချီက ဆို့နင့်သွားပြီး ပြန်မပြောနိုင်ခဲ့ပေ။

နန်ကုန်းယွဲ့က ထွက်သွားတဲ့လူတွေရဲ့ နောက်ကျောပုံရိပ်ကို လှမ်းကြည့်ပြီးတော့ မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"အစ်ကို သူ(မ)က အစ်ကိုပြောတဲ့ မိန်းကလေးလား?သူ(မ)က တကယ့်ကို နည်းနည်းလေးတော့ တူနေတာပဲနော်"

"ဟုတ်တယ် ဒါပေမယ့် စိတ်ထားကတော့ လုံးဝ မကောင်းဘူး"

နန်ကုန်းချီက ခပ်ပြတ်ပြတ် ပြောလိုက်သည်။

နန်ကုန်းယွဲ့က သူမအစ်ကိုကို လှမ်းကြည့်လိုက်ပြီး အသာလေး ခေါင်းရမ်းလိုက်သည်။

သူမတောင်မှ အဲ့ဒီအမျိုးသမီးက သာမန်မဟုတ်ဘူးဆိုတာ ပြောနိုင်တယ်။သူမ(နင်းမုန့်ယောင်)ရဲ့မျက်လုံးတွေက နူးညံ့ပုံပေါက်ပေမယ့် အလွန်လည်း မာနကြီးတယ်။သူမ(နင်းမုန့်ယောင်)မှာ သူမကိုယ်သူမ လေးစားမှုရှိပြီး မာနလည်းရှိသည်။

သူမအစ်ကိုရဲ့လုပ်‌ဆောင်မှုက သံသယမဝင်အောင်ကိုဘဲ သူမ(နင်းမုန့်ယောင်)ကို မျက်နှာ ဖြတ်ရိုက်မိခဲ့ပုံရတယ်။သူတို့တွေ ပိုက်ဆံကို အသုံးပြုပြီးတော့ မျက်နှာသာပြန်ရအောင်လုပ်တာ မအံ့ဩတော့ပါဘူး။

"အစ်ကိုတော် အစ်ကိုရဲ့နည်းလမ်းတွေ မှားနေတယ်။ဒီလိုလုပ်တာက သူ(မ)ကို ပိုပြီးတော့တောင် စက်ဆုပ်မုန်းတီးသွားစေလိမ့်မယ်"

သူမနဲ့နန်ကုန်းချီက မတူညီတဲ့အမေက မောင်နှမတွေဆိုပေမယ့် သူမရဲ့ ခမည်းတော်က သူမရဲ့အစ်ကိုတော်ကို ကူညီဖို့ ပြောထားသည်။မဟုတ်ရင် သူမက ဂရုစိုက်မှာ မဟုတ်ချေ။

နန်ကုန်းချီနဲ့ယှဉ်လိုက်ရင် သူမ တစ်ခါပဲ တွေ့ဖူးသေးတဲ့ နင်းမုန့်ယောင်ကို ပိုပြီးတော့ နှစ်သက်တဲ့အမြင်ရှိသည်။

All Chapters