အခန်း ၂၇၂
Vol. 11 Ch. 272
Chapter 272
ဝေ့ကျစ်ရှင်းက ဒေါသတကြီးဖြင့်
"ငါ့အစ်မက မကြာခင် ဧကရီဖြစ်တော့မှာ!နင်က ငါ့ကို ဒေါသထွက်အောင် လုပ်ရဲတယ်ပေါ့လေ။ငါ ငါ့အစ်မကိုပြောပြီး နင့်ကို ခေါင်းဖြတ်ခိုင်းမယ်"
"ဒါပေါ့ နင့်မှာ နောက်ခံကောင်းကောင်းရှိတယ်လေ"
နင်းမုန့်ယောင်က လှောင်ပြောင်လိုက်ပြီး ရှောင်ချီဖုန်းက ဒါကို ဘယ်လိုအမြင်နဲ့လဲဆိုတာ တကယ်သိချင်မိသည်။
ညီမက ဒီလိုလူမျိုးဆိုမှတော့ အစ်မကရော ဘယ်လောက်ကောင်းမှာ မလို့လဲ?
"ဘယ်အချိန်ကတည်းက လက်ယာအမတ်ကြီးအိမ်တော်က ဒီလောက် မောက်မာနေရတာလဲ?ငါက ဘာလို့ အဲ့ဒါကို သတိမထားမိတာပါလိမ့်"
တံခါးကနေ အေးစက်စက်အသံတစ်သံ ထွက်ပေါ်လာသည်။
ရင်းနှီးတဲ့အသံကြောင့် နင်းမုန့်ယောင်ရဲ့နှုတ်ခမ်းတွေ ကွေးတက်သွားသည်။
"ရှောင်ချီထျန်း ရှင် ဒီမှာ ဘာလုပ်နေတာလဲ"
"ငါ့အစ်ကိုကို ကိစ္စလေးတစ်ခု ကူညီပေးနေတာ ပြီးတာနဲ့ ငါ ပြန်တော့မယ့်အချိန် မင်းကို ဖြတ်သွားရင်းနဲ့ တွေ့လိုက်လို့။အဲ့ဒါကြောင့် ငါ တစ်ချက်လာကြည့်တာ။ထျန်းချန်က ဘာလို့ မင်းနဲ့အတူမရှိတာလဲ"
ရှောင်ချီထျန်းက မျက်မှောင်ကြုတ်ကာ နင်းမုန့်ယောင်ဘေးနား လျှောက်သွားရင်း မေးလိုက်သည်။
"သူက အရမ်းအလုပ်များနေတယ်လေ။ကျွန်မဘာသာ ထွက်လာဖို့က ပြဿနာမရှိပါဘူး။ဒါပေမယ့် ကျွန်မ ဘယ်နေရာပဲသွားသွား အဆုံးကျရင် ဒီလို အံ့ဩစရာကောင်းတဲ့လူတွေနဲ့ပဲ ဆုံနေရတယ်။ကျွန်မ တကယ်တော့ အိမ်ကထွက်လာတုန်းက ပြက္ခဒိန်တောင် မကြည့်မိခဲ့ဘူး"
နင်းမုန့်ယောင်က သူမလက်တွေကို ဝှေ့ရမ်းကာ အကူအညီမဲ့တဲ့ အမူအရာဖြင့် ပြောလိုက်သည်။
ရှောင်ချီထျန်းက ဝေ့ကျစ်ရှင်းကို အေးစက်စွာ စိုက်ကြည့်လိုက်ပြီး
"ဝေ့ကျစ်ရှင်း မင်းက တကယ့်ကို အထင်ကြီးလောက်စရာပဲ။ငါတောင်မှ လူတစ်ယောက်ရဲ့ခေါင်းကို လွယ်လွယ် မဖြတ်နိုင်ဘူး။မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ?မင်းကိုယ်မင်း ငါ့အထက်မှာ နေရာထားနေတာလား?"
သူက နဂိုကတည်းက သူ့ရဲ့အစ်ကိုတော် ဝေ့မိသားစုက တစ်ယောက်နဲ့ လက်ထပ်တာကို သဘောမတူတာဖြစ်တယ်။အခု သူပိုပြီးတော့တောင် ဒီကိစ္စကို စိတ်ဆိုးဒေါသဖြစ်တယ်။
"ချီ........မင်းသားချီ........ကျွန်မ..........ကျွန်မ...........အဲ့လိုမဟုတ်ဘူး.......ကျွန်မပြောချင်တဲ့ အဓိပ္ပာယ်က...."
ဝေ့ကျစ်ရှင်းက ရှောင်ချီထျန်းကို မြင်လိုက်တဲ့အချိန်မှာ လုံးဝ ထိတ်လန့်အံ့ဩသွားတယ်။သူမရှေ့က သာမန်မိန်းမက ဘယ်လိုလုပ် ဂရုမစိုက်တတ်တဲ့ရှောင်ချီထျန်းနဲ့ သိကျွမ်းနေရတာလဲဆိုတာ သူမ နားမလည်နိုင်ဘူး။ဒါပေမယ့် သူတို့တွေက တစ်ယောက်နဲ့တစ်ယောက် သိရုံတင်မကဘူး သူတို့နှစ်ယောက်က ကောင်းမွန်တဲ့ဆက်ဆံရေးရှိပုံရတယ်။
ရှောင်ချီထျန်းက 'ဟမ့်' ခနဲအသံပြုကာ သူမကို လျစ်လျှူရှုလိုက်ပြီး နင်းမုန့်ယောင်ဘက် လှည့်ကြည့်လိုက်သည်
"မုန့်ယောင် သွားကြမယ်။ထျန်းချန်က အိမ်ပြန်ရောက်ပြီးတော့ မင်းကို စောင့်နေလောက်ပြီ"
ချောင်ထျန်းချန် ပြန်ရောက်နေပြီဆိုတာ ကြားတာနဲ့ နင်းမုန့်ယောင်က ဆက်ပြီး အချိန်ဆွဲမနေတော့ဘဲ ဝေ့ကျစ်ရှင်းကို ဉပေက္ခာပြုကာ ရှောင်ချီထျန်းနှင့် ထွက်သွားသည်။
ပြန်လာတဲ့လမ်းတွင် နင်းမုန့်ယောင်က ရှောင်ချီထျန်း မျက်မှောင်ကြုတ်နေတာကို မြင်ရတော့ သူ ဘာအကြောင်း စဉ်းစားနေလဲဆိုတာ သူမ မသိတာကြောင့် သူမရဲ့ သိချင်စိတ်က နိုးထသွားပြီး
"ရှင် ဘာတွေ စဉ်းစားနေတာလဲ"
"ငါ့အစ်ကိုကို အဲ့ဒီ ဝေ့မိသားစုက မိန်းမနဲ့ လက်မထပ်ဖို့ ဖြောင်းဖြချင်တယ်"
ရှောင်ချီထျန်းက မျက်မှောင်ကြုတ်ကာ ပြတ်ပြတ်သားသား ပြောလိုက်ပြီး သူက ဒီကိစ္စကို အမှန်တကယ်ကို သဘောမကျပေ။
"ရှင် သူနဲ့စကားပြောကြည့်လေ။ဒီလို ညီမမျိုးနဲ့ဆိုရင် အစ်မက ဘယ်လိုပုံဖြစ်မလဲဆိုတာ ကျွန်မ စိုးရိမ်မိတယ်။သူ(မ)သာ ဧကရီဖြစ်လာရင် အနာဂတ်မှာ သူ့နေ့ရက်တွေကတော့ တကယ်စိတ်ဝင်စားဖို့ ကောင်းသွားပြီနော်"
နင်းမုန့်ယောင်က ခပ်ဖျော့ဖျော့ပြုံးပြီး စလိုက်သည်။
ရှောင်ချီထျန်းက နင်းမုန့်ယောင်ကို မျက်လုံးလှိမ့်ကြည့်လိုက်ပြီး သူ့နဖူးကို ဖိနှိပ်ကာ
"တခြားလူတွေရဲ့ကံဆိုးတာကို ဝမ်းသာမနေနဲ့"
"ကျွန်မ လုပ်မိလို့လား"
နင်းမုန့်ယောင်က အပြစ်ကင်းစင်တဲ့ အမူအရာလေးနဲ့ပင်။
ရှောင်ချီထျန်းက သူမကို စစ်သူကြီးအိမ်တော်သို့ ပြန်ပို့ပေးပြီးတဲ့နောက် ချက်ချင်းပဲ နန်းတော်ကို ထွက်ခွာသွားသည်။
"အစ်ကိုတော် အစ်ကို လက်ယာအမတ်ကြီးအိမ်က မိန်းမကို လက်ထပ်လို့မရဘူးနော်။သူ(မ)က တော်ဝင်ကြင်ယာတော်ဖြစ်လာလို့ရတယ်။ဒါပေမယ့် ဧကရီတော့ လုံးဝဖြစ်လို့မရဘူး"
ဒါက ရှောင်ချီထျန်း ကိစ္စတစ်ခုကို တင်းမာခက်ထန်တဲ့အမူအရာနဲ့ ရှောင်ချီဖုန်းကိုပြောတာ ပထမဆုံးအကြိမ်ဖြစ်သည်။
ရှောင်ချီဖုန်း သူ့မျက်ခုံးတွေ ပင့်ပြီးတော့ "ဘာလို့လဲ"
တည်ငြိမ်အေးဆေးတဲ့ အမူအရာဖြင့် သူက လမ်းပေါ်မှာ ဖြစ်ခဲ့တဲ့ ကိစ္စကို အားလုံးရှင်းပြလိုက်သည်။ရှောင်ချီဖုန်းရဲ့ မျက်ဝန်းတွေ မှေးကျဉ်းသွားပြီး
"ကြည့်ရတာ ဝေ့မိသားစုက သူတို့ကိုယ်သူတို့ တကယ်ကြီး ထိပ်ဆုံးရောက်နေတယ်လို့ ထင်နေကြပုံပဲ။ဒါဆို ငါတို့ မင်းပြောသလို လုပ်ကြမယ်။ဆောင်းဦးလယ်ပွဲတော်မှာ တော်ဝင်ကြင်ယာတော် ရွေးချယ်နေတုန်း ငါတို့တွေ နောက်ထပ် ဧကရီတစ်ပါး ပြန်ရွေးကြမယ်"
ရှောင်ချီဖုန်းက သူ့ညီငယ်ကို အလိုလို နားလည်တယ်။သူ့အတွက် ဒီလိုစကားတွေ ပြောလာပေးတာက ဝေ့မိသားစုက လူတွေက သူ့ကို အလွန်အမင်း ရွံရှာစက်ဆုပ်သွားအောင် လုပ်လိုက်တယ်ဆိုတာ သက်သေပြနေတယ်။
ရှောင်ချီထျန်းက ခေါင်းငြိမ့်လိုက်ပြီး
"အစ်ကိုတော် မင်း နင်းမုန့်ယောင်ကိုပါ ကူကြည့်ပေးဖို့ ပြောသင့်တယ်ထင်တယ်။သူ(မ)ရဲ့ ခန့်မှန်းချက်တွေက သေချာပေါက် မှားမှာမဟုတ်ဘူး"
ကူညီပေးမယ့်လူတွေ အများကြီးရှာနိုင်တဲ့ လူတစ်ယောက်အနေနဲ့ သူမက သေချာပေါက်ကို သာမန်မဟုတ်ပေ။
ရှောင်ချီဖုန်းက ထိုအကြောင်းကို စဉ်းစားကြည့်လိုက်ပြီး ရှောင်ချီထျန်းရဲ့စကားတွေက အဓိပ္ပာယ်ရှိတယ်လို့ ခံစားရတာကြောင့်
"ကောင်းပြီ။မင်းရဲ့ အစ်ကိုတော်ကို ကူညီပြီးတော့ အချိန်ကျတဲ့အခါကျရင် နင်းမုန့်ယောင်ကို ကူကြည့်ပေးဖို့ ပြော လိုက်ပါ၊ငါ့မှာ ဆက်လုပ်ရမယ့် ကိစ္စတွေ ရှိသေးတယ်၊အဲ့ဒါတွေက ထားခဲ့လို့မရဘူး"
ရှောင်ချီဖုန်းက သူ့စားပွဲပေါ်က စာရွက်စာတမ်းအပုံကြီးကို ကြည့်လိုက်ပြီး အကူအညီမဲ့သွားသည်။
ရှောင်ချီထျန်းက သူ့ကို အသိအမှတ်ပြုလိုက်ပြီး
"အင်း.........အစ်ကိုတော် စိတ်အေးအေးထားပါ။ဘာလုပ်ရမလဲဆိုတာ ကျွန်တော်သိပါတယ်။ဒါပေမယ့် ကိုယ့်ကိုကိုယ် အလုပ်ဖိ လုပ်မနေနဲ့ဦးနော်။အောက်ကလူတွေကို သူတို့လုပ်နိုင်တယ်ဆိုရင် သူတို့ကို ကိုင်တွယ်ခိုင်းလိုက်၊သူတို့က ဒီမှာ စားသောက်ပြီး လစာလေး ယူဖို့အတွက်မဟုတ်ဘူးလေ။ဘာလို့ မင်းတစ်ယောက်ထဲပဲ အားလုံးလုပ်နေရတာလဲ"
ရှောင်ချီဖုန်းက ရှောင်ချီထျန်းကို ခံစားချက်အပြည့် မျက်ဝန်းတွေနဲ့ ကြည့်လိုက်တယ်။သူက ရှောင်ချီထျန်းရဲ့သူ့ကို စိုးရိမ်ပူပန်မှုနဲ့ သက်သောင့်သက်သာ ခံစားရတယ်။
"တာဝန်တွေကို ဘယ်လိုခွဲခြမ်းစိတ်ဖြာရမလဲဆိုတာ အစ်ကိုတော်သိပါတယ်၊စိတ်မပူနဲ့”