အခန်း ၂၇၃
Vol. 11 Ch. 273
Chapter 273
ရှောင်ချီထျန်းက သူ(ရှောင်ချီဖုန်း) ဒီလိုလုပ်လိမ့်မယ်ဆိုတာ သိတယ်။
"အစ်ကိုတော် ကျေနပ်သလိုသာ လုပ်ပါတော့။ကျွန်တော် ဒီနေ့ နောက်နားမှာနေပြီးတော့ အစ်ကို့ကို အဖော်ပြုပြီး ထမင်းစားပေးမယ်လေ ဘယ်လိုလဲ"
"ဟုတ်ပြီ သွားပြင်လိုက်တော့"
ရှောင်ချီဖုန်းက နောက်ဆုံးစာကြောင်းကို သူ့ဘေးကလူကို ပြောလိုက်သည်။
"ဟုတ်ကဲ့ အရှင်မင်းကြီး"
အဲ့ဒီလူထွက်သွားတဲ့အခါ သူတို့ညီအစ်ကိုနှစ်ယောက်ပဲ စာကြည့်ခန်းထဲမှာ ကျန်နေခဲ့သည်။
"အစ်ကိုတော် နန်ကုန်းချီက မုန့်ယောင်နဲ့ထျန်းချန်ကို သွားရှာသေးတယ်။ဒါပေမယ့် သူ့ကို သူတို့က နှင်ထုတ်ပစ်လိုက်တယ်"
"သူ့ရည်ရွယ်ချက်က ဘာလဲဆိုတာ မင်းသိလား"
ရှောင်ချီဖုန်းက သူ့လက်က လှုပ်ရှားမှုကို ရပ်တန့်လိုက်ပြီး မျက်မှောင်ကြုတ်သွားတယ်။သူ ချောင်ထျန်းချန်ကို မယုံကြည်တဲ့အတွက်ကြောင့် မဟုတ်ဘူး။ဒါပေမယ့် သူ နန်ကုန်းချီရဲ့ ရည်ရွယ်ချက်ကို သံသယရှိတယ်။
"ဒါကတော့ ကျွန်တော်လည်း မသိဘူး။ဒါပေမယ့် အဲ့ဒါက ပြောလို့ရတဲ့ကိစ္စဆိုရင် သူ သေချာပေါက် အစ်ကိုတော့်ကို ပြောပြမှာပါ"
ရှောင်ချီထျန်းက ခေါင်းရမ်းလိုက်ပေမယ့် အသေအချာပြောလိုက်သည်။
"ဒါပေါ့ ငါသိပါတယ်၊ဒီလိုဆိုမှတော့ ငါတို့တွေ ထျန်းချန် ဒီအကြောင်း ပြောပြလာမှာကို စောင့်ကြတာပေါ့"
ရှောင်ချီဖုန်းက ရှောင်ချီထျန်းပြောတာကို လုံးဝ သဘောတူတယ်။
ညစာစားပြီးတဲ့နောက် ရှောင်ချီထျန်းက သူ့ရဲ့ ချီမင်းသားအိမ်တော်ကို ပြန်သွားသည်။
ထိုအချိန်တွင် လက်ယာအမတ်ကြီးအိမ်တော်၌ ဝေ့ကျစ်ရှင်းက ပင်မထိုင်ခုံကြီးပေါ်မှာ ဆိုးဝါးတဲ့ အမူအရာဖြင့် ထိုင်နေတဲ့ သူမအဖေနဲ့ နက်နက်ရှိုင်းရှိုင်း မျက်မှောင်ကြုတ်ထားတဲ့ သူမရဲ့အစ်မ ခဲ့ရှင်းတို့ကိုကြည့်ကာ တုန်လှုပ်နေသည်။
"အဖေ......သမီး.......သမီးမလုပ်ခဲ့ပါဘူး....."
"မလုပ်ခဲ့ဘူးလား?ဝေ့ကျစ်ရှင်း ငါ နင့်ကို အဲ့အချိန်တုန်းက ဘာပြောထားခဲ့လဲ?"
လမ်းပေါ်မှာ ဖြစ်ပျက်သွားတဲ့သတင်းက မြို့တော်တစ်ခုလုံး ပြန့်သွားပြီး လက်ယာအမတ်ကြီးအိမ်တော်က သခင်မငယ်လေးက သူမရဲ့အစ်မ နန်းတော်ထဲဝင်တော့မှာကို အခွင့်ကောင်းယူကာ စိတ်ထင်သလို လုပ်နေတယ်ဆိုပြီး ပြောနေကြသည်။အခြားလူတွေရဲ့ ပစ္စည်းတွေကို လုတာ မပြောသေးနဲ့ဦး သူမက အခြားလူတွေကို ခြိမ်းခြောက်တာတောင် လုပ်ခဲ့ပြီး အဆုံးမှာတော့ မင်းသားချီက ကြားသွားခဲ့သည်။
နဂိုတုန်းက ဝေ့ခဲ့ရှင်း ဧကရီဖြစ်လာဖို့က နှစ်ခါပြန်စဉ်းစားစရာ မလိုဘူးဆိုပေမယ့် အခုတော့ ၎င်းက ပြောရခက်သွားပြီ။
"အဖေ အခု သူ(မ)ကို ဆူနေလို့လည်း အသုံးမဝင်ဘူး၊သမီးတို့ ဒီအခြေအနေကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ စဉ်းစားဖို့လိုတယ်"
ဝေ့ခဲ့ရှင်းလည်းပဲ သူမညီမကို အလွန်ဒေါသထွက်နေသည်။
တစ်ချိန်လုံး ဘယ်လို ပြဿနာရှာရမလဲဆိုတပဲ သိပြီး ဒီတစ်ခေါက် ကပ်ဘေးကြီးကိုတောင် လုပ်လာလိုက်သေးတယ်။သူမသာ နန်းတော်ထဲ ဝင်တဲ့အချိန် အတားအဆီးတစ်ခုခုနဲ့ ကြုံခဲ့ရင် သူမ ဝေ့ကျစ်ရှင်းကို သေချာပေါက် အချိန်ကောင်းလေး ပေးမှာမဟုတ်ဘူး။
"ခဲ့ရှင်းပြောတာ မှန်တယ်"
ဘေးနားက အမျိုးသမီးက မျက်မှောင်ကြုတ်ထားပြီး သူမလည်းပဲ သူမအမြဲတမ်း ချစ်ခင်အလိုလိုက်ခဲ့တဲ့ သူမရဲ့အငယ်ဆုံးသမီးကို စိတ်ပျက်နေသည်။
အခုချိန်မှာ အကြီးဆုံးသမီးက သူတို့ရဲ့ မျှော်လင့်ချက်ပဲ။သူတို့က ဝေ့ကျစ်ရှင်း အဲ့ဒါကို ဖျက်ဆီးလိုက်မှာ ဘယ်လိုလုပ် ခွင့်ပြုပေးနိုင်မှာလဲ။
"အဲ့ဒီလူက ဘယ်သူလဲ"
"သမီးမသိဘူး။သမီးသိတာက မင်းသားချီက သူ(မ)ကို မုန့်ယောင်လို့ ခေါ်လိုက်တာပဲ"
ဝေ့ကျစ်ရှင်းက အခုချိန်မှာ ဘာတစ်ခုမှ ဖုံးကွယ်မထားရဲပေ။
မုန့်ယောင်?အမတ်ကြီးဝေ့က မျက်လုံးတွေ မှေးကျဉ်းသွားပြီး ရုတ်တရက် လူတစ်ယောက်ကို တွေးမိသွားသည်။
"ရှန့်ကျန့်ကျွင်းရဲ့ဇနီးပဲ"
အမတ်ကြီးဝေ့က သူ့အငယ်ဆုံးသမီးကို စိုက်ကြည့်လိုက်တယ်၊သူမက အမှတ်တကယ်ကို ဘယ်သူ့မဆို ရန်စစော်ကားဖို့ သတ္တိရှိနေတာပဲ။
အဲ့ဒီလူနဲ့ပတ်သက်ပြီး အရင်တုန်းက သူ့လုပ်ဖော်ကိုင်ဖက်တွေ သူမအကြောင်းပြောတာကြားဖူးသည်။
သူတို့က စစ်သူကြီးချောင်က မိန်းမတစ်ယောက်ရှိပြီးတော့ အဲ့ဒီမိန်းမကို အလွန်ချစ်မြတ်နိုးတဲ့အကြောင်း ပြောကြသည်။အဲ့ဒါတင်မကသေးဘဲ ထိုအမျိုးသမီးရဲ့သရုပ်မှန်က လျှို့ဝှက်ဆန်းကြယ်သည်။
"ဘယ်လို!အဲ့ဒီကောင်မက စစ်သူကြီးရဲ့မိန်းမလား?ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ဝေ့ကျစ်ရှင်းက ရုတ်တရက် အော်ပြောလိုက်ပြီး သူမစကားလုံးတွေက ကြမ်းတမ်းသည်။
"တော်တော့!အခုချက်ချင်း သူတို့အတွက် လက်ဆောင်တွေပြင်ပြီး တောင်းပန်ရမယ်"
အမတ်ကြီးဝေ့က ဝေ့ကျစ်ရှင်းကို စိုက်ကြည့်လိုက်ပြီး သူ့မျက်နှာက မှုန်ကုပ်နေသည်။
ဒီစကားတွေက လွယ်လွယ်လေး ပြောလို့ရမလား?ချောင်ထျန်းချန်က ဘယ်သူမလို့လဲ?သူက ဧကရာဇ်ရဲ့ အယုံကြည်ဆုံးလူဖြစ်ပြီး အလွန်မြင့်မားတဲ့ လေးစားမှုကို ကိုင်ဆောင်ထားတယ်။မင်းသားချီလိုလူမျိုးနဲ့ အတော်လေးရင်းနှီးတာကို ကြည့်ခြင်းအားဖြင့် အဲ့ဒီအမျိုးသမီးက သာမန်အကျင့်စရိုက်နဲ့မဟုတ်ဘူးဆိုတာ သိနိုင်တယ်။
"သမီးမလုပ်ချင်ဘူး!သူ(မ)က ဘာမှ တန်ဖိုးမရှိတဲ့ လယ်သမားမိန်းကလေးတစ်ယောက်လေ အဲ့ဒါကို အဲ့လိုလူမျိုးကို သွားတောင်းပန်ခိုင်းနေတာလား"
ဝေ့ကျစ်ရှင်းက သူမအဖေက သွားရောက်တောင်းပန်ခိုင်းတာကို ကြားရတော့ ချက်ချင်းပဲ ဆန္ဒမရှိစွာ ငြီးတွားပြောဆိုလိုက်သည်။
အမတ်ကြီးဝေ့က အသက်ပြင်းပြင်းရှူပြီးတော့ ဝေ့ကျစ်ရှင်းကို အေးစက်စက်ကြည့်ကာ
"စစ်သူကြီးအိမ်တော်ကိုသွားပြီးတော့ တောင်းပန်မလား ဒါမှမဟုတ်ချောင်ထျန်းချန်က နင့်ကို ပြန်ပြီးတိုက်ခိုက်တာကိုသာ စောင့်ကြည့်နေမလားဆိုတာ နင့်ဘာသာနင် ရွေးချယ်"
သူက ချောင်မိသားစု၊ရှောင်မိသားစုနဲ့လင်းမိသားစုတို့ရဲ့ ရလဒ်တွေကို ရှင်းရှင်းလင်းလင်း မှတ်မိသည်။
သူတို့တွေ နင်းမုန့်ယောင်ကို အပြစ်လုပ်ခဲ့တာကြောင့် ချောင်မိသားစုက ဆက်လက်မတည်ရှိနိုင်တော့ဘဲ ရှောင်အိမ်တောနဲ့လင်းအိမ်တော်ကလည်း ဘယ်သူကမှ သူတို့နဲ့အတူ စီးပွားရေးမလုပ်ရဲတော့တဲ့အထိ ဖိနှိပ်ခံထားရတယ်။၎င်းက သူတို့ကို သတ်တာထက် ပိုပြီးနာကျင်စေတယ်။
သူက တုံးအနေတဲ့အရူးတစ်ယောက်ကြောင့် လက်ယာအမတ်အိမ်တော်ရဲ့ အနာဂတ်ကို မပျက်ဆီးသွားစေချင်ဘူး။
"သမီး......."
"ကျစ်ရှင်း တစ်ဇွတ်ထိုးလုပ်နေတာ ရပ်လိုက်တော့!အဖေပြောတာနားထောင်"
ဝေ့ခဲ့ရှင်းက မျက်မှောင်ကြုတ်ကာ သူမရဲ့ညီမကို ကြည့်လိုက်ပြီး သူမရဲ့မျက်လုံးအောက်ခြေထဲမှာ ဖုံးကွယ်ထားတဲ့ စက်ဆုပ်မှုရှိနေတယ်။ဒီအရူးကသာ သူမရဲ့ ညီမ မဟုတ်ဘူးဆိုရင် သူမ အာရုံစိုက်နေမှာ မဟုတ်ဘူး။
ဝေ့ကျစ်ရှင်းက လူတိုင်းက သူမကို သွားပြီးတော့ တောင်းပန်စေချင်တာကို မြင်ရတော့ နစ်နာတယ်လို့ ခံစားရပြီး
"သမီး......အားလုံးကို မုန်းတယ်!!"
သူမက ပြောပြီးတော့ လှည့်ထွက်ကာ ပြေးသွားသည်။
အမတ်ကြီးဝေ့က သူမပြုမူသွားတဲ့ပုံစံကို တကယ့်ကို ဒေါသထွက်သွားပြီး သူ့မျက်နှာက အလွန်အုံ့မှိုင်းနေကာ
"သူ(မ)ကို အလိုလိုက်ဖျက်ဆီးထားကြတာလေ”