← Chapters

အခန်း ၂၇၄

Vol. 11 Ch. 274

အခန်း ၂၇၄

Vol. 11 Ch. 274

Chapter 274

သူမက အငယ်‌ဆုံးသမီးဖြစ်တာကြောင့် သူတို့ရဲ့ ဝေ့ကျစ်ရှင်းအတွက် မျှော်မှန်းချက်တွေနဲ့ တောင်းဆိုချက်တွေက ဝေ့ခဲ့ရှင်းလောက် မပြင်းထန်ပေ။သူမက များသောအားဖြင့် အလိုလိုက်ခံရပြီး အထိန်းအကွပ်မဲ့နေတတ်ကာ သူမက ဒီတစ်လျှောက်လုံး အထိန်းအကွပ်မဲ့စွာနေလာခဲ့ပြီး ပြဿနာကြီးတစ်ခု ဖန်တီးလာလိမ့်မယ်လို့ ဘယ်သူက စိတ်ကူးမိမှာလဲ?

၎င်းက အခြားတစ်ယောက်ရဲ့ရှေ့မှာဖြစ်ပြီး ရှောင်ချီထျန်း မြင်မသွားခဲ့ဘူးဆိုရင် ၎င်းက လက်ယာအမတ်ကြီးအိမ်တော်အတွက် လေးနက်တဲ့ကိစ္စမဟုတ်ပေ။

အမတ်ကြီးရဲ့ဇနီးက မတ်တပ်ရပ်လိုက်ပြီး အကူအညီမဲ့စွာဖြင့်

"ကျွန်မ အဲ့ဒီကောင်မလေးကို သွားကြည့်လိုက်ဦးမယ်"

"သွားတော့"

အမတ်ကြီးဝေ့က သူ့လက်ကို ဝှေ့ရမ်းလိုက်ပြီး သူမကို သွားခိုင်းလိုက်သည်။

အလွန်လျင်မြန်စွာဖြင့် အခန်းထဲမှာ အမတ်ကြီးဝေ့နဲ့ဝေ့ခဲ့ရှင်းတို့ သားအဖသာ ကျန်နေခဲ့သည်။

"အဖေ ညီမလေး ဒီနေ့လုပ်ခဲ့တာက တကယ်တော့ နည်းနည်းလွန်တယ်နော်"

ဝေ့ခဲ့ရှင်းရဲ့ မျက်ခုံးတွေက တင်းတင်းကြပ်ကြပ် တွန့်ချိုး‌နေပေမယ့် အဲ့လိုလုပ်တာက သူမရဲ့အလှကို ပျက်မသွားစေဘဲ အဲ့ဒီအစား အခြားလူတွေက သူမကို ကြင်နာသနားလာကြအောင် လုပ်နိုင်သည်။

အရင်တုန်းက သူမက ဧကရီဖြစ်နိုင်တယ်လို့ လူတွေက ပြောခဲ့ကြပေမယ့် ဖုန်မှုန့်တွေ မငြိမ်သက်ခင်အထိ ကိစ္စတွေက မသေချာနိုင်ပေ။

ပုံမှန်အားဖြင့် လူတွေက အဲ့ဒီကိစ္စကို ဆွဲထည့်မိရာကနေ ရှောင်ကြပေမယ့် အဲ့ဒီငတုံးမကတော့ ကျယ်လောင်စွာ ထုတ်ပြောခဲ့တယ်။အဲ့ဒါတင်မကသေးဘူး သူမက တစ်ဇွတ်ထိုးလုပ်ပြီးတော့ လူ့အသက်ကို မြက်ပင်လေးတစ်ပင်လို ဆက်ဆံခဲ့တယ်။

အဲ့ဒါတွေ အားလုံးက အဆင်ပြေသေးတယ် ဒါပေမယ့် ခွင့်မလွှတ်နိုင်စရာက အဲ့ဒီငတုံးမ ထိုကိစ္စကို ဆွဲထည့်တဲ့အချိန်မှာ မင်းသားချီကို တွေ့သွားခွင့်ပြုလိုက်တာပဲ။

ရှောင်ချီထျန်းက သူမ ဧကရီဖြစ်လာဖို့ကို ပြင်းပြင်းထန်ထန် ငြင်းပယ်ထားတာ။သူ့မှာ ဘယ်လိုအကြောင်းပြချက်မျိုးမှ မရှိတာကြောင့် ထိုကိစ္စကို အကြောက်အလန့်မရှိ ပွင့်ပွင့်လင်းလင်း မတင်ပြနိုင်ခဲ့ဘူး။ဒါပေမယ့် ဒီနေ့လုပ်ရပ်ကြောင့် ရှောင်ချီထျန်းက ဧကရာဇ်ကို စကားအနည်းငယ်ပြောလိုက်သရွေ့ သူမရဲ့ ဧကရီဖြစ်လာဖို့ အိပ်မက်က ကြေကွဲပျက်စီးသွားလိမ့်မယ်။

၎င်းကို စဉ်းစားကြည့်လိုက်ရုံနဲ့တင် ဝေ့ခဲ့ရှင်း မုန်းတီးစွာဖြင့် အံကြိတ်လိုက်သည်။

"အဖေသိတယ်။ရှောင်ချီထျန်းက ဒီနေ့ကိစ္စနဲ့ပတ်သက်ပြီး အရမ်း‌ဒေါသထွက်သွားမှာ သေချာတယ်။သူ ဒီကိစ္စကို ဧကရာဇ်ဆီ လျှောက်တင်မှာ စိုးရွံ့မိတယ်"

အမတ်ကြီးဝေ့လည်းပဲ အလွန်စိတ်တိုနေတယ်။ရက်အနည်းငယ်အတွင်းမှာ ဆောင်းဦးလယ်ပွဲတော်ရှိပြီး အဲ့ဒီအချိန်ကျရင် ဧကရာဇ်က သူ့မောင်းမဆောင်ကို သေချာပေါက် ကြွယ်ဝစေမှာပဲ။ဒီနေ့အဖြစ်အပျက်ကြောင့်သာမဟုတ်ရင် ဝေ့ခဲ့ရှင်း ဧကရီဖြစ်လာဖို့က အခြေကျနေပြီ။

ဒါပေမယ့် သူတို့ရဲ့ အကြံအစည်တွေအားလုံးက အမှားသေးသေးလေး တစ်ခုကြောင့် အားလုံး ပျက်စီးသွားပြီ။

"အဖေ ဘာကိုဆိုလိုတာလဲ"

"ခဲ့ရှင်း.....သမီး ဧကရီဖြစ်ဖို့ ကံပါမလာမှာ အဖေစိုးရိမ်မိတယ်"

အမတ်ကြီးဝေ့က သက်ပြင်းချလိုက်သညိ။

ရှောင်ချီဖုန်းက ဝေ့ခဲ့ရှင်းကို နန်းတော်ထဲ ဝင်ခွင့်ပြုလိမ့်မယ်။ဒါပေမယ့် သူက သူမကို ဧကရီအဖြစ် တင်မြှောက်မှာမဟုတ်ဘဲ တော်ဝင်ကြင်ယာတော်တစ်ပါးသာ ဖြစ်ရလိမ့်မယ်။

ဝေ့ခဲ့ရှင်းရဲ့ အမူအရာက အနည်းငယ် ပျက်ယွင်းသွားတယ်။သူမရဲ့ ပန်းတိုင်က ဧကရီဖြစ်ဖို့ပဲ။တော်ဝင်ကြင်ယာတော်တစ်ပါးဖြစ်တာက မကောင်းတဲ့စကားလုံးနဲ့ပြောမယ်ဆိုရင် သူမ ကိုယ်လုပ်တော်တစ်‌‌ယောက်ပဲ ဖြစ်ရလိမ့်မယ်။

"အဖေ သမီး အဲ့ဒါကို စိတ်မလျှော့နိုင်ဘူး"

ဝေ့ခဲ့ရှင်းက သူမသွားတွေကို တင်းတင်းစေ့ထားတယ်၊သူမက အမြဲတမ်း ဧကရီဖြစ်လာဖို့ကိုပဲ ရည်မှန်းချက်ထားခဲ့တာ။ဒါပေမယ့် အခု သူမကို ဧကရီဖြစ်ဖို့ ကံပါမလာဘူးလို့ ပြောနေတယ်။သူမက အဲ့ဒါကို ဘယ်လိုလုပ် လက်ခံနိုင်မှာလဲ?

အမတ်ဝေ့က လေးနက်စွာဖြင့် သက်ပြင်းချလိုက်တယ်။သူမက ဘယ်လို လက်ခံနိုင်မှာလဲ?

"သမီး နန်းတော်ထဲကို ဝင်နိုင်သရွေ့ အခွင့်အရေးရှိပါတယ်။စိတ်ပျက်မသွားနဲ့"

အမတ်ဝေ့က သူ့သမီးကို ဒီလိုနည်းလမ်းဖြင့်သာ နှစ်သိမ့်နိုင်တော့သည်။

သူက သူ့အငယ်ဆုံးသမီးကို အချိန်တော်ကြာ အလိုလိုက်ချစ်ခင်လာတဲ့အတွက် သူမက ဒီတစ်ခေါက် ပြဿနာကြီး လုပ်လိုက်တယ် ဆိုပေမယ့် သူမကို အပြစ်ပေးဖို့ တွန့်ဆုတ်နေတုန်းပဲ။

ဝေ့ခဲ့ရှင်းရဲ့ အမူအရာက ကောင်းမွန်မနေပေ။သူမက ဒီလိုမျိုး အဆုံးသတ်လိမ့်မယ်ဆိုတာ သိနေသည်။

ဝေ့ကျစ်ရှင်း တစ်ခုခု လုပ်လိုက်တိုင်း၊သူမ(ဝေ့ကျစ်ရှင်း)က မိသားစုအတွက် ကြီးကြီးမားမား ဆုံးရှုံးစရာတွေ လုပ်ရင်တောင်မှ သူတို့တွေက ဝေ့ကျစ်ရှင်းကို အပြစ်မပေးကြပေ။

"ခဲ့ရှင်း အဖေတို့က သမီး ညီမလေးကိုပဲ ချစ်တာ မဟုတ်ပါဘူး၊ဒါပေမယ့် သူ(မ)က......."

"တော်ပါတော့။အဖေ ဘာပြောချင်လဲဆိုတာ ကျွန်မသိတယ်။သူ(မ)က ငယ်သေးလို့ အဖေက ကျွန်မကို သူ(မ)ကို ခွင့်လွှတ်ပေးစေချင်တာမလား ဟုတ်တယ်မလား"

ဝေ့ခဲ့ရှင်းက အမတ်ဝေ့ရဲ့စကားတွေကို ဆက်ပြီး နားထောင်ချင်စိတ်မရှိပေ။သူမသာ ဆက်ပြီးနားထောင်နေရင် သူတို့နဲ့ စကားများမိမလားဆိုတာ သူမ မသိပေ။

"ခဲ့ရှင်း ဘာလို့......"

အမတ်ဝေ့က သူ့သမီးကိုကြည့်ကာ အံ့ဩသွားတယ်။

"ကျွန်မက ဘာဖြစ်နေလို့လဲ?သူ(မ)က ပြဿနာရှာပြီးတော့ ကျွန်မရဲ့ ဧကရီဖြစ်လာနိုင်တဲ့ အခွင့်အရေးကို ဆုံးရှုံးအောင် လုပ်ခဲ့တာလေ။ဒီ‌လောက်နှစ်တွေအများကြီး ကြာပြီးတဲ့နောက် ကျွန်မ ဒါအတွက် ဘယ်လောက်အထိ ပေးဆပ်ခဲ့ရလဲ?သူ(မ)ကြောင့်ပဲ အရာအားလုံး ဆုံးရှုံးသွားရပြီ။အဖေက ကျွန်မကို သူ(မ)ကို ခွင့်လွှတ်ပေးစေချင်သေးတယ်ပေါ့?ဘာလို့လဲ!"

ဝေ့ခဲ့ရှင်းက အများကြီး တွက်ချက်ထားဖို့ မရည်ရွယ်ပေမယ့် အမတ်ဝေ့ရဲ့စကားတွေက သူမနှလုံးသားကို အေးစက်သွားစေသည်။

"ခဲ့ရှင်း သူ(မ)က နင့်ရဲ့ ညီမလေးပဲ"

အမတ်ဝေ့က မျက်မှောင်ကြုတ်ထားသည်။

"သူ(မ)က ကျွန်မ ညီမ ဖြစ်နေတာနဲ့ပဲ ကျွန်မက အဲ့ဒါကို ခံစားရပြီးတော့ သူ(မ)ရဲ့ မိုက်မဲမှုအတွက် တန်ကြေးကို ပြန်ပြီး ပေးဆပ်ရမှာလား?အဖေတို့အားလုံးက သူ့ကို အလိုလိုက်ထားတော့ သူက သူလုပ်ချင်တာကို သူစိတ်ကျေနပ်သလို လုပ်လို့ရတယ်၊ကျွန်မအတွက်ကရော......အဖေတို့ရဲ့ တောင်းဆိုချက်တွေက တင်းကြပ်တယ်။ကျွန်မက အမှားသေးသေးလေး တစ်ခုအတွက်နဲ့တောင် အပြစ်ပေးခံရတယ်၊ကျွန်မသိချင်မိတယ်........ကျွန်မက တကယ်ပဲ အဖေတို့ရဲ့သမီး ဟုတ်ရဲ့လားလို့!"

ဝေ့ခဲ့ရှင်းက နောက်ဆုံးတော့ ၎င်းကို သည်းမခံနိုင်တော့ဘဲ သူမစိတ်ထဲမှာ အချိန်တော်ကြာ တည်ရှိနေတဲ့ မေးခွန်းကို မေးလိုက်သည်။

သူမတို့ နှစ်ယောက်လုံးက သမီးတွေ ဖြစ်ပေမယ့် ဘာလို့ ဒီလိုမျိုး ကြီးမားတဲ့ ကွာဟချက်ကြီး ရှိနေရတာလဲ?သူမက အနုပညာလေးရပ်¹ကို သင်ယူရပြီးတော့ သူမကိုယ်သူမ ထူးချွန်ထက်မြတ်လာအောင် လုပ်ရတယ်။အဲ့ဒိအချိန်မှာပဲ သူမ သူမမိဘတွေရဲ့ ချီးကျူးမှုကို ရရှိနိုင်တာ။ဒါပေမယ့် ဝေ့ကျစ်ရှင်းကတော့ ဘာမှ လုပ်စရာမလိုဘူး။သူမက သူတို့ကို ရိုးရှင်းတဲ့ သာမန်စကားလေးတစ်ခွန်းနဲ့တင် ပျော်ရွှင်ပြုံးပျော်သွားအောင် လုပ်နိုင်တယ်။

1.အနုပညာလေးရပ်က ရှေးခတ် တရုတ်ပညာရှင်တွေ လိုအပ်တဲ့ အဓိကပညာရပ်နဲ့ အနုပညာလက်ရာတွေဖြစိသည်။၎င်းတို့က ချင်(ကုချင်း ကြိုးတပ်တူရိယာ)၊ချီ(ဂိုကစားနည်း)၊ရှူ(တရုတ်လက်ရေးလှ)၊ဟွာ(တရုတ်ပန်းချီဆွဲခြင်း)တို့ဖြစ်သည်။

All Chapters