အခန်း ၂၇၅
Vol. 11 Ch. 275
Chapter 275
သူတို့ဆက်ဆံတဲ့ပုံစံနဲ့ ညီအစ်မတွေကြားက ကွာဟချက်ကို စဉ်းစားကြည့်လိုက်တော့ ဝေ့ခဲ့ရှင်းရဲ့ အကြည့်တွေက ပိုမိုအေးစက်လာသည်။
အမတ်ဝေ့က သူ့သမီးက သူတို့နဲ့ပတ်သက်ပြီး ဒီလိုအရာမျိုးတွေ ပြောလာလိမ့်မယ်လို့ လုံးဝ စိတ်ကူးမထားမိဘူး။
ဒေါသထွက်စွာဖြင့် သူ့လက်ကို မြှောက်ကာ ဝေ့ခဲ့ရှင်းရဲ့ မျက်နှာကို ရိုက်လိုက်သည်။
သူမရဲ့ လှပတဲ့မျက်နှာက နီရဲယောင်ယမ်းသွားပြီး သူမ မျက်နှာပေါ်မှာ လက်ဖဝါးရာကြီးကို သိသာစွာမြင်နိုင်သည်။
အမတ်ဝေ့က သူမမျက်နှာကိုကိုင်ပြီး ခေါင်းငုံ့သွားတဲ့ ဝေ့ခဲ့ရှင်းကိုကြည့်ကာ သူ့လက်တွေ တုန်ယင်သွားသည်။သူတစ်ခုခု ပြောချင်ပေမယ့် သူ့လည်ချောင်းတွေ ခြောက်နေသည်။သူ အလွန်အမင်း စိတ်တိုနေရတယ်။
ဝေ့ခဲ့ရှင်းက မတ်တပ်ရပ်လိုက်ပြီး လှည့်ထွက်သွားကာ အမတ်ဝေ့ကို စကားပြောခွင့် မပေးချေ။
အမတ်ဝေ့က ခေါင်းငုံ့သွားပြီး သူ့လက်ကို ကြည့်လိုက်တယ်။သူ့မျက်နှာပေါ်မှာ အကူအညီမဲ့မှုတွေ ရေးဆွဲထားတယ်။သူ ဘာလို့ အဲ့လို လုပ်လိုက်တာလဲ?
ဝေ့ခဲ့ရှင်းက သူမရဲ့ခြံဝင်းကို ပြန်သွားပြီး သူမအစေခံအားလုံးကို မောင်းထုတ်ပစ်လိုက်သည်။သူမရဲ့မျက်နှာပေါ်မှာ အုံ့မှိုင်းနေတဲ့ အမူအရာ ရှိနေသည်။
သူတို့တွေက သူမနဲ့ပတ်သက်ပြီး ဂရုမစိုက်မှတော့ သူမမှာ ဘာမှ ထပ်ပြီး ပြောစရာ မရှိတော့ဘူး။
အမတ်ဝေ့ရဲ့ ဇနီးက သူမ ပြန်လာတဲ့အချိန် သူမ သမီးကြီးကို မတွေ့ပေ။
"ကျစ်ရှင်းက ရှင်နဲ့အတူ စစ်သူကြီးအိမ်တော်ကို လိုက်ဖို့ သဘောတူလိုက်ပြီ"
"ကောင်းတယ်။မင်း ခဲ့ရှင်းကို သွားကြည့်လိုက်ဦး"
အမတ်ဝေ့က အကူအညီမဲ့စွာဖြင့် ပြောလိုက်သည်။
"ဘာဖြစ်လို့လဲ"
"ငါ သူ(မ)ကို ပါးရိုက်လိုက်မိတယ်။သူ(မ)စိတ်ဆိုးနေလောက်တယ်။သူ(မ)က ငါတို့က ကျစ်ရှင်းကို သူ့ထက်ပိုပြီး ကောင်းကောင်းဆက်ဆံတယ်လို့ ခံစားနေရတာ"
သူတို့ရဲ့ သမီးကြီးက ဘယ်လိုလုပ် ဒီလိုအတွေးမျိုးတွေ ရှိနေရတာလဲဆိုတာ သူတို့ နားမလည်နိုင်ဘူး။သူတို့ သူမကို အရမ်းတင်းကြပ်ခဲ့တာက သူမအပေါ်မှာ သူတို့တွေ မျှော်မှန်းချက်မြင့်မြင့် ထားထားလို့ပဲ။
"ရှင်.......ရှင်ကတော့လေ ရှုပ်ထွေးသွားအောင် လုပ်လိုက်ပြီ။ခဲ့ရှင်းက အမြဲတမ်း ကျွန်မတို့က ကျစ်ရှင်းကိုပဲ ချစ်တယ်လို့ ခံစားနေတာ။အခု ရှင်က သူ့ကို ရိုက်လိုက်တယ်။ရှင်က တကယ့်ကို ဖရိုဖရဲတွေဖြစ်အောင် လုပ်လိုက်တာပဲ"
အမတ်ဝေ့ရဲ့ဇနီးက အမတ်ဝေ့က သူတို့ရဲ့ သမီးကြီးကို ပါးရိုက်လိုက်တယ်ဆိုတာ ကြားရတော့ ချက်ချင်း ဒေါသဖြစ်သွားသည်။
အမတ်ဝေ့က ၎င်းကို နောင်တရနေပြီဖြစ်ပြီး သူမဆီကနေ အပြစ်တင်ခံရတာက ရှက်စရာကောင်းတယ်လို့ ခံစားမိသည်။
"ဟုတ်ပါပြီကွာ.....သူ(မ)ကို သွားကြည့်လိုက်ဦး"
"ရှင့်ဘာသာရှင် သွားကြည့်ပါ့လား။ကျွန်မတော့ မသွားဘူး"
သခင်မဝေ့က ပြတ်ပြတ်သားသားပြောပြီး ထွက်သွားသည်။
အမတ်ကြီးဝေ့က စိတ်တိုသွားပေမယ့် ဘာမှ ပြန်မပြောနိုင်ဘူး။အဲ့ဒီနေရာမှာ သူ တစ်ယောက်တည်းပဲ ကျန်နေခဲ့ရတယ်။
အမတ်ကြီးဝေ့က ခဏလောက် တိတ်တဆိတ် နေပြီးတဲ့နောက် သူက လူလွှတ်ပြီးတော့ လက်ဆောင်ပြင်ခိုင်းလိုက်သည်။နေ့လယ်ခင်းတွင် သူက ဝေ့ကျစ်ရှင်းကို ခေါ်ပြီး ရှန့်ကျန့်ကျွင်းအိမ်တော်သို့ သွားသည်။
"ကျန့်ကျွင်း လူအိုကြီးက သူ့သမီးခေါ်ပြီး ဒီရောက်လာပြီ"
လဲ့အန်းက အထဲဝင်လာပြီး ခပ်ဖျော့ဖျော့ပြုံးကာ ပြောလိုက်သည်။
မနက်တုန်းက သူတို့ရဲ့ မရီးကို လမ်းလယ်ခေါင်မှာ စော်ကားပြီး အခုကျတော့ ဒီနေရာကို ရောက်လာတယ်။ဘာကြောင့်လဲဆိုတာ မေးနေစရာ မလိုဘူး။
နင်းမုန့်ယောင်က သူမမျက်လုံးတွေကို မှေးကျဉ်းပြီး
"အဲ့ဒါ ဘယ်သူလဲ"
"မင်းနဲ့ လမ်းပေါ်မှာ ပဋိပက္ခဖြစ်ခဲ့တဲ့ တစ်ယောက်လေ"
ချောင်ထျန်းချန်က နူးညံ့စွာ ရှင်းပြလိုက်သည်။
နင်းမုန့်ယောင်က မျက်ခုံးပင့်ကာ ချောင်ထျန်းချန်ကို ကြည့်လိုက်ပြီး အံ့အားသင့်စွာဖြင့်
"သူတို့က ဘာလို့ ဒီနေရာကို ရောက်လာတာလဲ"
"ကိုယ်ထင်တာတော့ သူတို့တွေ တောင်းပန်မလို့နေမှာပေါ့"
ချောင်ထျန်းချန်က ပေါ့ပေါ့ပါးပါး ပုံစံဖြင့် ပြောလိုက်သည်။
"ဟမ်?သူတို့မိသားစုက ဘာလဲ?သူတို့က ဘာလို့ ဒီကိုလာပြီးတော့ တောင်းပန်တာလဲ"
နင်းမုန့်ယောင် သိချင်သွားတယ်။အဲ့ဒီမိန်းမရဲ့အနေအထားအရဆိုရင် သူတို့တွေ တောင်းပန်ဖို့ မလိုဘူးလေ။
"လက်ယာအမတ်ကြီးနဲ့သူတို့တွေ ဒီနေရာကို တောင်းပန်ဖို့ရောက်လာတာ ချီထျန်းရှိနေတာကြောင့်ပဲ။သူတို့တွေက ချီထျန်းက သူတို့ကို ဧကရာဇ်ဆီမှာ မကောင်းပြောမှာ ကြောက်နေကြတာလေ။သူတို့ရဲ့ အကြီးဆုံးသမီးက နန်းတော်ထဲဝင်တော့မှာ။သူ(မ)က အစတုန်းက ဧကရီဖြစ်နိုင်တဲ့ လူတွေထဲက တစ်ယောက်ပဲ ဒါပေမယ့် အဲ့ဒီကိစ္စဖြစ်ပြီးတဲ့နောက် သူ(မ) ဧကရီဖြစ်ဖို့ ကံမပါလောက်တော့ဘူး"
ချောင်ထျန်းချန်ရဲ့ အကြည့်က လှောင်ပြောင်မှု အပြည့်ပင်။
နင်းမုန့်ယောင်က နားလည်သွားပြီး ခေါင်းငြိမ့်ကာ
"အဲ့တော့ အဲ့လိုကိုး....."
"ကိုယ်တို့ သူတို့ကို တွေ့သင့်လား"
ချောင်ထျန်းချန်က ပြုံးလိုက်ပြီး နင်းမုန့်ယောင်ကိုကြည့်ကာ ချစ်မြတ်နိုးမှုအပြည့်ဖြင့် မေးလိုက်သည်။
"တွေ့ကြတာပေါ့"
ချောင်ထျန်းချန်က လဲ့အန်းကိုလွှတ်ပြီး သူတို့ကို ဖိတ်လိုက်သည်။
ဝင်လာပြီးတဲ့နောက် ဝေ့ကျစ်ရှင်းရဲ့ အမူအရာက အထင်သေးမှုများဖြင့် ပြည့်နှက်နေပေမယ့် ချောင်ထျန်းချန်ကို မြင်လိုက်တဲ့အချိန်မှာ သူမ မှင်သက်သွားသည်။
ချောင်ထျန်းချန်နဲ့နင်းမုန့်ယောင် ဘာမှမပြောနိုင်ခင်မှာပဲ ဝေ့ကျစ်ရှင်းရဲ့ မျက်လုံးတွေက တောက်ပပြီးတော့ ချောင်ထျန်းချန်ကို လက်ညှိုးထိုးကာ သူမဘေးနားက အမတ်ဝေ့ကို ပြောလိုက်သည်။
"အဖေ သမီး သူ့ကို လက်ထပ်ချင်တယ်"
နင်းမုန့်ယောင်ရဲ့ ပါးစပ်ထောင့်တွေက အနည်းငယ်တွန့်သွားပြီး သူမခေါင်းကိုလှည့်ကာ ချောင်ထျန်းချန်ကို ကြည့်လိုက်သည်၊
"ထျန်းချန် လက်ယာအမတ်ကြီးအိမ်တော်မှာ ကြီးပြင်းလာတာက ဒီလိုမျိုးလား?တကယ်ပဲ မျက်စိပွင့်သွားစေတယ်နော်"
"မျက်စိပွင့်သွားစေတာတော့ အဟုတ်ပဲ။ကိုယ် ပိုင်ရှန်းရွာမှာတုန်းကတောင် ဒီလိုမိန်းမမျိုးနဲ့ တစ်ခါမှ မကြုံဖူးဘူး။သူ့ကြည့်ရတာ အရင်တုန်းက ယောကျာ်းမမြင်ဖူးတဲ့အတိုင်းပဲ"
ချောင်ထျန်းချန်က ဝေ့ကျစ်ရှင်းကို မထီမဲ့မြင် ကြည့်လိုက်သည်။
အမတ်ဝေ့ရဲ့မျက်နှာက ဝေ့ကျစ်ရှင်းရဲ့ စကားတွေကြောင့် နီရဲသွားတယ်၊၎င်းက အလွန်ဆိုးဝါးလှတယ်။
"ကျစ်ရှင်း တိတ်တိတ်နေစမ်း"
အမတ်ဝေ့က အံကြိတ်ထားပြီး သူ့အမူအရာက မှုန်ကုပ်နေသည်။
ဝေ့ကျစ်ရှင်းက ဟင့်ခနဲ အသံပြုလိုက်ပြီးစကားပြောနေတာရပ်ကာ စိတ်ထဲ မကျေမနပ်ဖြစ်သွားသည်။ဒါပေမယ့် သူမက နင်းမုန့်ယောင်ကို ခဏခဏ စိုက်ကြည့်နေသည်။
ရှန့်ကျန့်ကျွင်းက ဒီလောက် ချောမောပြီးတော့ နူးညံ့ညင်သာလိမ့်မယ်လို့ သူမ လုံးဝ မထင်ထားခဲ့ဘူး။