အခန်း ၂၇၆
Vol. 12 Ch. 276
Chapter 276
သူမက သူမအမေပြောတာကြောင့်သာ လာခဲ့တာ မဟုတ်ရင် သူမ လာမှာမဟုတ်ဘူး။သူမရဲ့ မျက်လုံးထဲမှာ ရှန့်ကျန့်ကျွင်းက ရိုင်းစိုင်းတဲ့ ယောကျာ်းတစ်ယောက်ပဲ။ဒါပေမယ့် သူမ တံခါးကနေ ဝင်လာတဲ့ အခိုက်အတန့်မှာပဲ ထူးထူးခြားခြား ကြည့်ကောင်းတဲ့ ယောကျာ်းတစ်ယောက်ကို မြင်လိုက်ရတယ်။သူက သူ့ရှေ့က အမျိုးသမီးကို အမြတ်တနိုးကြည့်နေပြီးတော့ ဘယ်သူပဲ ၎င်းကို မြင်တွေ့ပါစေ သူက အလွန်နူးညံ့ညင်သာတယ်လို့ ခံစားရမှာပဲ။ဒီလိုအကြည့်မျိုးက အမျိုးသမီးတွေအတွက် တကယ့်ကို သေစေလောက်တယ်။
နင်းမုန့်ယောင်က သူမ မျက်လုံးတွေကို အောက်ငုံ့ထားလိုက်သည်။သူမရဲ့ ပါးစပ်ထောင့်ကနေ ပြင်းထန်တဲ့ လှောင်ပြောင်သရော်မှု ရှိနေသည်။
ဒီလိုတောင်းပန်မှုမျိူးက တကယ့်ကို......အံ့ဩဖို့ကောင်းတာပဲ။
"ထျန်းချန် ကျွန်မတို့ရဲ့ အိမ်လေးက ဒီလိုမျိူး အရေးကြီးတဲ့ပုဂ္ဂိုလ်အတွက် မသင့်တော်ပါဘူး၊သူတို့ကို ထွက်သွားခိုင်းလိုက်ပါ"
သူမက အဲ့ဒီအမျိုးသမီးကို ရွံရှာမိတယ်၊
ဒါက အဲ့ဒီသမီးပေါ့လေ?တကယ့်ကို မျက်စိပွင့်သွားစေတဲ့လူပဲ။
"အမတ်ကြီးဝေ့ ကျေးဇူးပြုပြီး"
ချောင်ထျန်းချန်က သေချာပေါက် နင်းမုန့်ယောင် မျက်နှာပျက်အောင် လုပ်မှာမဟုတ်ပေ။သူက ခေါင်းမော့ပြီးတော့ အမတ်ဝေ့ကို ကြည့်လိုက်သည်။သူ့ပါးစပ်ထောင့်မှာ ခပ်ဖျော့ဖျော့အပြုံးတစ်ခုရှိနေပေမယ့် ၎င်းက ရေခဲလိုမျိုး အေးစက်နေသည်။
အမတ်ဝေ့ရဲ့အမူအရာက ဆိုးဝါးနေတယ်။ဒီနေ့က သူ့ကို လုံးဝ အရှက်ရစေတယ်။
"စစ်သူကြီးချောင် ဒီအမတ် ဒီနေ့ရောက်လာရတာက သခင်မကို တောင်းပန်ဖို့ပါ။လမ်းပေါ်မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်က ငါ့သမီးရဲ့ အမှားပါ။စစ်သူကြီးရဲ့မိန်းမက ခွင့်လွှတ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။သူ(မ)က ငယ်ရွယ်ပြီးတော့ မိုက်မဲတတ်တဲ့အရွယ်မလို့ ခွင့်လွှတ်မယ်လို့ မျှော်လင့်ပါတယ်"
ချောင်ထျန်းချန်ရဲ့ မျက်ဝန်းတွေ မှေးကျဉ်းသွားပြီး သရော်လိုက်ကာ
"ငယ်သေးလို့ပေါ့လေ?ကျွန်တော် ပြန်စဉ်းစားတာသာ မှန်မယ်ဆိုရင် အမတ်ကြီးရဲ့သမီးက အသက် ခုနစ်နှစ် ရှစ်နှစ်အရွယ် ကလေးမဟုတ်တော့ပါဘူး။သူ(မ)က ဒီနှစ်ဆိုရင်ပဲ ၁၅နှစ်ရှိပြီလေ ဟုတ်တယ်မလား"
အသက်၁၅နှစ်အရွယ် မိန်းကလေးကို ငယ်ရွယ်ဆဲဖြစ်ပြီးမိုက်မဲတယ်လို့ ပြောတာက သူတို့တွေ အသက်ငယ်ပြီးတော့ ပိုမိုရင့်ကျက်တဲ့ကလေးတွေကို မမြင်ဖူးတာလား?
အမတ်ကြီးဝေ့ရဲ့ မျက်နှာက တောင့်တင်းသွားပြီး မျက်ခုံးတွန့်သွားသည်။
"အမတ်ကြီးဝေ့ ခင်ဗျား ဒီနေရာကို ရောက်လာတာက အဲ့ဒါပြောဖို့အတွက်ပဲဆိုရင်တော့ ဒါဆို ကျွန်တော် တကယ် ဝမ်းနည်းပါတယ်။ကျွန်တော့်ရဲ့ဇနီးသည် ပြောသလိုပဲ ကျွန်တော်တို့ရဲ့အိမ်က သေးငယ်တာမလို့ ကျေးဇူးပြုပြီး ခင်ဗျားလာတဲ့ဆီကို ပြန်သွားပေးပါ"
အမတ်ကြီးဝေ့က အရေထူတဲ့လူ မဟုတ်တာကြောင့် တစ်ဖက်လူက သူတို့ကို သုံးခါလောက်ထွက်သွားဖို့ ပြောလာတဲ့အခါမှာ ဆက်ပြီးနေဖို့ မျက်နှာမရှိပေ။
ချောင်ထျန်းချန်က မှုန်ကုပ်နေတဲ့ အမူအရာေတွဖြင့် ထွက်သွားတဲ့နှစ်ယောက်ကို ကြည့်လိုက်ပြီး သူ့အကြည့်က အေးစက်လာတယ်။
"အဲ့ဒီလူရဲ့နှလုံးသားက တကယ့်ကို ကြီးထွားလာတာပဲ"
ချောင်ထျန်းချန်က မပြတ်မသား ပြောလိုက်သည်။
နင်းမုန့်ယောင်က ချောင်ထျန်းချန်ကို ထူးဆန်းစွာ ကြည့်လိုက်ပြီး
"သူ အငြိုးထားလိမ့်မယ်လို့ ရှင် ထင်လား"
"သူ ထားတော့ရော ဘာဖြစ်လဲ"
ချောင်ထျန်းချန်က မျက်ခုံးပင့်ပြီးတော့ နင်းမုန့်ယောင်ကို ကြည့်လိုက်သည်။
သူက အမတ်ကြီးဝေ့ကို ကြောက်ရမှာလား?
အမတ်ကြီးဝေ့က မင်းဆက်နှစ်ဆက်ရဲ့ အကြီးအကဲတစ်ယောက်လို့ ပြောလို့ရသည်။သူက အရင်တုန်းက ကောင်းတဲ့ကိစ္စများစွာကို လုပ်ခဲ့တဲ့အတွက် ရှောင်ချီဖုန်းက သူ့ကို ဆန့်ကျင်တာမျိုး မလုပ်တာဖြစ်သည်။ဒါပေမယ့် သူက အခြေအနေကို ရှင်းလင်းစွာ မြင်နိုင်ပုံ မရပေ။သူသာ လိမ်လိမ်မာမာနေရင် အဆင်ပြေနိုင်လိမ့်မယ်။ဒါပေမယ့် သူ့မှာ မရှိသင့်တဲ့ အကြံအစည်တွေ ရှိနေ၏။
ရှောင်ချီဖုန်းက သူ့စိတ်ကူးတွေကို သိတာ ကြာပြီဖြစ်ပြီး သူက အမတ်ကြီးဝေ့ရဲ့ ရာထူးကို ဖြုတ်ချနိုင်မယ့် အချိန်ကို စောင့်နေတာဖြစ်သည်။
အခု သူ(အမတ်ကြီးဝေ့)က ဒီလိုမျိုး ပြုမူနေတာက သူ့ကို ဆန့်ကျင်ဖြုတ်ချဖို့ သူတို့ကို သတင်းအချက်အလက် ပေးလိုက်သလိုပင်။
နင်းမုန့်ယောင်က ချောင်ထျန်းချန်ကို တစ်ချက်ကြည့်ကာ ခပ်ဖွဖွ ပြုံးလိုက်ပြီး
"အဲ့ဒါက ရှင်မျှော်လင့်ထားတဲ့ ရလဒ်လား"
ချောင်ထျန်းချန်က ရယ်လိုက်တယ်။သူက နင်းမုန့်ယောင်ရဲ့မျက်နှာကို နမ်းလိုက်တယ်။
"ဒါပေါ့ ကိုယ်စောင့်နေတုန်းပဲ။သူ ကိုယ့်ကို စိတ်မပျက်စေဘူးလို့ မျှော်လင့်တယ်"
နင်းမုန့်ယောင်က ချောင်ထျန်းချန်ကို မျက်စောင်းထိုးလိုက်တယ်။သူမရဲ့ လက်ကိုဆန့်ထုတ်ကာ သူ့ပါးတွေကို ညှစ်လိုက်ပြီး
"ဒီမျက်နှာက လူတွေအများကြီးကို လှည့်စားထားတာပဲနော်"
"အဲ့ဒါက တခြားလူတွေကို လှည့်စားလားဆိုတာ ကိုယ်မသိဘူး။ဒါပေမယ့် အဲ့ဒါက ကိုယ့်မိန်းမကို မြူဆွယ်ထားနိုင်သရွေ့ အဆင်ပြေတယ်"
ချောင်ထျန်းချန်က သူမရဲ့အားနည်းတဲ့ ခွန်အားကို သူ့မျက်စိထဲ မထည့်ပေ။
နင်းမုန့်ယောင် ဆွံ့အသွားတယ်၊ဒီလူက တအားအရေထူတာပဲ။
"ကောင်းပြီလေ။ကျွန်မတော့ တကယ်ပဲ တခြားလူတွေကို ရှန့်ကျန့်ကျွင်းက ဘယ်လိုလဲဆိုတာ ကြည့်ခိုင်းရမယ်"
နင်းမုန့်ယောင်က ချောင်ထျန်းချန်ရဲ့လက်ကို ဘေးဖယ်လိုက်သည်။
"ကိုယ်က တခြားလူတွေရှေ့မှာဆိုရင် မတူဘူး။မင်းတစ်ယောက်တည်းရဲ့ ရှေ့မှာပဲ ကိုယ်က ဒီလိုနေတာ"
သူသာ အခြားလူတွေရဲ့ရှေ့မှာ ဒီလိုပြုမူရင် သူက အမှန်တကယ်ပဲ ရူးမိုက်တဲ့လူဖြစ်သွားမှာပေါ့။
နင်းမုန့်ယောင်က ပြုံးလိုက်ပေမယ့် ဘာမှမပြောပေ။
အိမ်ပြန်ရောက်ပြီးတဲ့နောက် ဝေ့ကျစ်ရှင်းက သခင်မဝေ့ရဲ့လက်ကို ဆုပ်ကိုင်ပြီး
"အမေ သမီး ရှန့်ကျန့်ကျွင်းကို လက်ထပ်ချင်တယ်။သူက အရမ်းနူးညံ့သိမ်မွေ့တာ။ပြီးတော့....."
သူမက ချောင်ထျန်းချန်ရဲ့ ချောမောတဲ့မျက်နှာကို စဉ်းစားမိရုံနဲ့တင် ရှက်သွားသည်။
(Kikko's Note-ဖေ-ိုးမလေး🙂)
အမတ်ကြီးဝေ့က ဝေ့ကျစ်ရှင်းကို ဒေါသတကြီး စိုက်ကြည့်ပြီး စိတ်တိုစွာဖြင့်
"နင် သေချင်တယ်ဆိုရင် ငါ မတားဘူး!"
ချောင်ထျန်းချန်က မကောင်းဆိုးဝါးပဲ။သူက နင်းမုန့်ယောင်ကို ကောင်းကောင်းဆက်ဆံတယ်ဆိုတာက သူမကို ချစ်မြတ်နိုးလို့လေ။လူတိုင်း အဲ့ဒါကို မြင်နိုင်တယ် ဒါပေမယ့် တစ်ယောက်မှ ပါဝင်ပတ်သက်လို့ မရနိုင်ဘူး။
"အဖေ သူက ဧကရာဇ် အရမ်းလေးစားတဲ့ စစ်သူကြီးပဲလေ။သမီးသာ သူနဲ့လက်ထပ်လိုက်ရင် လက်ယာအမတ်ကြီးအိမ်တော်ရဲ့ အာဏာက ပိုပြီးအားကောင်းလာမှာ မဟုတ်ဘူးလား"
ဝေ့ကျစ်ရှင်းက အဆူခံရတာကို လက်မခံနိုင်ဘဲ အမတ်ကြီးဝေ့ကို မကျေမနပ်ကြည့်လိုက်သည်။လက်မခံနိုင်ဘဲ အမတ်ကြီးဝေ့ကို မကျေမနပ်ကြည့်လိုက်သည်။
###############
ရေးသာရေးရတာ ဒီအပိုင်းကိုအားမရဘူး။