← Chapters

အခန်း ၂၇၈

Vol. 12 Ch. 278

အခန်း ၂၇၈

Vol. 12 Ch. 278

Chapter 278

အမတ်ဝေ့က ဝေ့ခဲ့ရှင်းနဲ့ စကားအနည်းငယ်ပြောပြီး ထွက်သွားသည်။

နင်းမုန့်ယောင်က အသေးအမွှားကိစ္စလေးတွေကို တကယ့်ကို ဂရုမစိုက်ပေ။သူမက မကြာခင်မှာပဲ အဲ့ဒီကိစ္စကို သူမခေါင်းနောက်ထဲ ထားလိုက်ပြီး ၎င်းကို လုံးဝ ဂရုမစိုက်ပေ။

မျက်စိတစ်မှိတ်အတွင်းမှာပဲ ဆောင်းဦးလယ်ပွဲတော်အချိန် ရောက်ရှိလာသည်။ပွဲတော်က ညမှာ စတင်ကျင်းပမှာ ဖြစ်သည်။ချောင်ထျန်းချန်က မနက်စောစောကတည်းက စစ်သူကြီးအိမ်တော်ကနေ ထွက်သွားသည်။သူက ရှောင်ချီထျန်းကို ကူညီပြီးတော့ ဧည့်သည်တွေကို ကြိုဆိုဖို့ လိုအပ်၏။

ရှောင်ချီထျန်းက သူ့ဘေးနားက ချောင်ထျန်းချန်ကို ကြည့်လိုက်ပြီး သူ့မျက်ဝန်းတွေထဲ စိတ်ရှုပ်မှုတွေ ရှိနေကာ

"ထျန်းချန် သူတို့အားလုံး ဘာလို့ ဒီရောက်နေတာလဲဆိုတာ မင်းသိလား"

"မသိဘူးလေ ဘာလို့လဲ?ငါတို့ ဒီည သိရမှာပဲ မဟုတ်ဘူးလား?ဘာလို့ အရမ်းစိတ်ပူနေတာလဲ"

ချောင်ထျန်းချန်က ရှောင်ချီထျန်းကို ကြည့်လိုက်ပြီး သာမန်ပဲ ပြောလိုက်သည်။

ရှောင်ချီထျန်းက ကြောင်သွားပြီး အဲ့ဒီနောက် ပြုံးကာ

"ဟုတ်သားပဲ"

သူက တကယ့်ကို အရမ်းစိတ်ပူလွန်း‌နေတာပဲ။အဲ့ဒါက လုံးဝ မလိုအပ်ဘူးလေ။

သူတို့နှစ်ယောက် ဘေးနားမှာ စကားပြောနေကြတဲ့အချိန် နန်ကုန်းချီက ချောင်ထျန်းချန်ကို ကြည့်လိုက်ပြီး သူ့ဘေးနားက နန်ကုန်းယွဲ့ကို ပြောလိုက်သည်။

"သူက မင်းရဲ့ မဟာမိတ်လက်ထပ်ပွဲအတွက် ပစ်မှတ်ပဲ"

နန်ကုန်းယွဲ့က မျက်မှောင်ကြုတ်သွားပြီး ချောင်ထျန်းချန်ကို ခေါင်းအစခြေအဆုံး လေ့လာလိုက်သည်။အဲ့ဒီလူက လူတိုင်းကို အဝေးတွန်းထုတ်နေသလိုမျိုး ဂရုမစိုက်တဲ့ပုံစံရှိသည်။

သူမ အဝေးက‌နေ ရပ်နေတာတောင်မှ ချောင်ထျန်းချန်ရဲ့ ခန္ဓာကိုယ်ကနေ ထုတ်လွှင့်ထားတဲ့ အေးစက်တဲ့အရှိန်အဝါကို ခံစားမိသည်။သူမက နန်ကုန်းချီကို တစ်ချက်ကြည့်လိုက်ပေမယ့် ဘာမှမပြောပေ။သူမက ထိုကိစ္စရဲ့ ဖြစ်နိုင်ချေကိုသာ စဉ်းစားနေသည်။

ချောင်ထျန်းချန်က လူနှစ်ယောက်က သူ့ကို စိုက်ကြည့်နေတာကို ခံစားမိပြီး သူ့ခေါင်းကို လှည့်ကြည့်လိုက်သည်။၎င်းက နန်ကုန်းချီနဲ့သူ့ညီမ ဖြစ်‌‌နေသည်။

နန်ကုန်းချီက တစ်ခုခုကြံစည်နေတာ သိသာပြီး နန်ကုန်းယွဲ့က‌တော့ အတွေးလွန်နေပုံရသည်။ဒါက ချောင်ထျန်းချန်ကို မျက်လုံးတွေ မှေးကျဉ်းသွားစေသည်။သူက တစ်ခုခုကို စဉ်းစားနေတာ ထင်ရှားသည်။

သူ ထိုနှစ်ယောက်ဆီကနေ ရရှိတဲ့အကြည့်က ကောင်းမွန်ပုံမပေါက်ပေ။

"မင်း ဘာကြည့်နေတာလဲ"

"ဘာမှမဟုတ်ပါဘူး။တစ်ချို့လူတွေက သေဖို့တောင်းဆိုနေတာပဲလားဆိုတာ ငါ စဉ်းစားကြည့်နေတာ"

ချောင်ထျန်းချန်က သူ့ခေါင်းကိုရမ်းလိုက်ပြီး ခပ်ဖျော့ဖျော့ပြုံးကာ ပြောလိုက်သည်။

ရှောင်ချီထျန်းက ချောင်ထျန်းချန်ကို သံသယဖြစ်စွာ ကြည့်လိုက်၏။သူ့မျက်လုံးထောင့်ကနေ နန်ကုန်းချီရဲ့ ချောင်ထျန်းချန်ကို တစ်ခုခုကြံစည်နေတဲ့ အကြည့်ကို သတိထားမိသွားပြီး ချက်ချင်းပဲ ချောင်ထျန်းချန်ရဲ့ စကားတွေကို သဘောပေါက်သွားသည်။

တောက်ခေါက်ပြီးတော့ ရှောင်ချီထျန်းက ၎င်းကို လျစ်လျှူရှုထားလိုက်တယ်။နန်ကုန်းချီက ချောင်ထျန်းချန်နဲ့နန်ကုန်းယွဲ့ကို လက်ထပ်စေချင်တာများ ဖြစ်နေမလား?

ဒီအတွေးကြောင့် ရှောင်ချီထျန်းက တုန်လှုပ်သွားပြီး မျက်တောင်ခတ်ကာ သူ့အကြည့်ကို တည်တည်ငြိမ်ငြိမ်နဲ့ ရွှေ့လိုက်သည်။

သူ ဒီလိုကိစ္စတွေ မမေးတာ ပိုကောင်းတယ်။၎င်းက အချိန်ကျလို့ ပြဿနာဖြစ်တဲ့အခါကျရင် သူ့ကို ကယ်တင်ပေးနိုင်တယ်။

နေ့လယ်ခင်းရောက်လုနီးပါးအချိန်တွင် ချောင်ထျန်းချန်က ရှောင်ချီထျန်းကို ရုတ်တရက် ပြောလာသည်။

"ငါ အိမ်အရင်ပြန်နှင့်တော့မယ်"

"သွားလေ"

ရှောင်ချီထျန်းက ကြောင်အသွားပြီး အဲ့ဒီနောက် ချောင်ထျန်းချန် ဘာလုပ်ချင်တာလဲဆိုတာ သဘောပေါက်သွားသည်၊

ချောင်ထျန်းချန် စစ်သူကြီးအိမ်တော်ကို ပြန်လာတဲ့အချိန် နင်းမုန့်ယောင်က အဝတ်အစားလဲပြီး‌တော့ သူမကိုယ်သူမ ဖြီးလိမ်းပြင်ဆင်နေတာဖြစ်သည်။

သူဝင်လာတဲ့အခါ သူမက သူ့ကို ပြုံးပြလိုက်ပြီး ကုတင်ပေါ်က အဝတ်အစားတွေကို လက်ညှိုးထိုးကာ

"အဲ့ဒါတွေက ရှင့်အင်္ကျီတွေနော်"

ချောင်ထျန်းချန်က မျက်ခုံးပင့်ပြီးတော့ စိမ်းပြာရောင်ဝတ်စုံကို ကြည့်လိုက်သည်။သူက ၎င်းကို ရှောင်ရှားခြင်းမရှိဘဲ နင်းမုန့်ယောင်ရှေ့မှာပဲ တိုက်ရိုက် လဲလှယ်လိုက်သည်။

သူမက ချောင်ထျန်းချန်ရဲ့ အဝတ်လဲနေတဲ့ပုံရိပ်ကို မှန်ထဲကနေ မြင်နေရသည်။သူက အမြဲလိုလို အနက် ဒါမှမဟုတ် အဖြူရောင် အဝတ်အစားတွေကို ပိုမိုဝတ်ဆင်လေ့ရှိတာ‌ကြောင့် မတူညီတဲ့အရောင်ကို ဝတ်လိုက်တော့ ကွဲပြားတဲ့ ခံစားချက်တစ်ခု ပေးစွမ်းသည်။

သူမက မတ်တပ်ရပ်လိုက်ပြီး ချောင်ထျန်းချန်ရဲ့အနားကို လျှောက်သွားကာ သူ့ကို အလှပြင်တဲ့ဆီထိုင်ဖို့ ဆွဲခေါ်သွားသည်။

သူမက သူ့ရဲ့ ထိုးထိုးထောင်ထောင် ဆံပင်တွေကို ဘီးဖြင့် ညင်သာစွာ ဖြီးပေးသည်။အဲ့ဒီနောက် သူမရဲ့ ရတနာသေတ္တာထဲကနေ အစိမ်းရောင်ဆံထိုးတစ်ချောင်းယူလိုက်ပြီး သူ့‌ဆံပင်ထဲ ထိုးပေးလိုက်သည်။

"ဘယ်လိုနေလဲ"

နင်းမုန့်ယောင်က ချောင်ထျန်းချန်နောက်မှာ ရပ်ပြီးတော့ ပြုံးလိုက်သည်။

"မင်းက ကိုယ့်ကို ပြောနေတာလား ဒါမှမဟုတ် မင်းကိုလား"

မှန်က‌နေနေတစ်ဆင့် ချောင်ထျန်းချန်က သူ့နောက်မှာ မတ်တပ်ရပ်ပြီး ပြုံး‌နေတဲ့ နင်းမုန့်ယောင်ကို ကြည့်လိုက်သည်။

သူမက မျက်ခုံးပင့်ပြီးတော့ "ဘယ်သူလို့ထင်လဲ"

"အမ်.....ကိုယ်ကတော့ ကိုယ့်မိန်းမက အရမ်းလှတယ်လို့ ထင်တယ်။သွားရအောင် အချိန်နီးနေပြီ"

"ကောင်းပြီလေ"

နင်းမုန့်ယောင်က ခြေနှစ်လှမ်းဆုတ်လိုက်သည်။သူမက ချောင်ထျန်းချန် မတ်တပ်ထပြီးတော့ သူမနဲ့အတူ တံခါးဆီ လျှောက်သွားဖို့ စောင့်နေလိုက်သည်။

သူတို့နှစ်ယောက် ထွက်လာတဲ့အချိန် လူတိုင်းရဲ့ မျက်လုံးတွေ ပြာတောက်သွားသည်။

"သခင်မလေး သခင်မ‌လေးနဲ့သခင်လေးက တကယ့်ကို.......အရမ်း ကြည့်ကောင်းတာပဲ။သခင်မလေး သခင်လေးကို စောင့်ကြည့်ထားနော်၊သူ့ကို ဝံပုလွေတွေ လုယူမသွားစေနဲ့"

ချင်းရွှယ်က ချောင်ထျန်းချန်ကို ကြည့်ကာ ပြောလိုက်သည်။

ချောင်ထျန်းချန်က မျက်မှောင်ကြုတ်ပြီးတော့ ချင်းရွှယ်ကို ကြည့်ကာ

"စိုးရိမ်ရမယ့်တစ်ယောက်က ငါဖြစ်သင့်တာ မဟုတ်ဘူးလား"

သူ့မိန်းမက အရမ်းလှနေတာလေ။သူမကိုသာ ဝံပုလွေတွေ လုယူသွားရင် သူ ငိုရမလားတောင် မသိဘူး။

ချင်းရွှယ်က ထိုကိစ္စကို လေးလေးနက်နက် စဉ်းစားတော့တယ်။သူမက သူ့စကားတွေကို အလေးအနက် မှတ်ယူပြီးတော့ ခေါင်းငြိမ့်ကာ

"အဲ့ဒါလည်း ဟုတ်တာပဲ.......”

All Chapters