အခန်း ၂၇၉
Vol. 12 Ch. 279
Chapter 279
နင်းမုန့်ယောင်က ထိုနှစ်ယောက်ရဲ့ အကျိုးကြောင်းမသင့်တဲ့ စကားတွေကို ကြားရတော့ မတတ်နိုင်ဘဲ မျက်စောင်းထိုးလိုက်သည်။
"ရှင်တို့နှစ်ယောက် တော်လောက်ပြီနော်။ရှင်တို့ နှစ်ယောက်လုံး ဘာအဓိပ္ပာယ်မရှိတာတွေ ပြောနေကြတာလဲ"
ချောင်ထျန်းချန်က မျက်ခုံးပင့်ပြီးတော့ နင်းမုန့်ယောင်ကို ကြည့်လိုက်သည်၊သူက အရှင်းကြီးကို ပြုံးဖြီးနေပြီးတော့
"ကိုယ်ပြောတာ မမှားဘူးလေ။ဘယ်သူက ကိုယ့်မိန်းမကို အရမ်းလှခိုင်းလို့လဲ"
နင်းမုန့်ယောင်က ချောင်ထျန်းချန်ကို စိုက်ကြည့်ပြီးတော့ ပြုံးကာ
"ကျွန်မတို့ သွားဦးမှာလား"
ချောင်ထျန်းချန်က မျက်ခုံးတွန့်ပြီးတော့
"ကိုယ်တို့ မသွားဘဲနေလို့ရရင် ဘယ်လောက်ကောင်းမလဲ"
သူက ဒီလိုမျိုး ဟန်ပန်များတဲ့ ပွဲအခမ်းအနားတွေကို မသွားချင်ပေ။ဒီလို ပျင်းစရာကောင်းတဲ့ ပွဲတွေ တက်ရောက်ရမှာထက် သူ့မိန်းမနဲ့ပဲ အိမ်မှာနေပြီး ချစ်ကြည်နူးနေလိုက်ချင်တယ်။
"သွားရအောင်လေ"
နင်းမုန့်ယောင်က ပြုံးလိုက်ပြီးတော့ အနည်းငယ် မျက်ခုံးတွန့်နေတဲ့ ချောင်ထျန်းချန်ကို နူးညံ့စွာ ပြောလိုက်သည်။
ချောင်ထျန်းချန်က နင်းမုန့်ယောင်ကို လက်ဆွဲပြီးတော့ သူတို့လမ်းကို ဆက်သွားသည်။သူတို့ဖြတ်သွားတဲ့နေရာတိုင်းက လူတော်တော်များများက အံ့အားသင့်ကုန်ကြသည်။အဲ့ဒါက တကယ်ကြီး သူတို့ရဲ့ ရှန့်ကျန့်ကျွင်းနဲ့ဇနီးသည်ဆိုတာကို မယုံနိုင်ပေ။
သူတို့နှစ်ယောက် တံခါးဝကို ရောက်တဲ့အချိန် ရထားလုံးတစ်လုံးက စောင့်နေပြီဖြစ်သည်။ချောင်ထျန်းချန်က နင်းမုန့်ယောင်ကို တက်ဖို့ကူညီပေးပြီးတဲ့နောက်မှ သူ တက်သည်။
ချောင်ထျန်းချန်က ရထားလုံးထဲမှာ ထိုင်နေတဲ့အချိန် အတွေးနစ်နေပြီးတော့ နင်းမုန့်ယောင်ကတေ့ာ့ အပြင်ဘက်ကို ရံဖန်ရံခါ ကြည့်နေသည်။
သူတို့က သိပ်မကြာခင် အချိန်မှာပဲ နန်းတော်ကို ရောက်လာခဲ့သည်။ချောင်ထျန်းချန်က ရထားလုံးထဲကနေ အရင်ဆုံးဆင်းလာပြီး အဲ့ဒီနောက် ပြန်လှည့်ကာ နင်းမုန့်ယောင်ကို ရထားလုံးပေါ်ကနေ ဆင်းဖို့ပွေ့ချီကာ အောက်ချပေးလိုက်သည်။
သူက ဘေးနားက လူတွေရဲ့ အကြည့်တွေကို လျစ်လျှူရှုထားလိုက်ပြီး နင်းမုန့်ယောင်ကို လက်ဆွဲပြီး ရှေ့ခေါ်သွားကာ သူတို့တွေ ခြေလှမ်းအနည်းငယ် လှမ်းပြီးတဲ့နောက် သူတို့ကို ကြည့်နေတဲ့ တောက်လောင်နေတဲ့အကြည့်ကို ခံစားမိသည်။
နင်းမုန့်ယောင်က အလိုအလျောက် သူမခေါင်းကို လှည့်ကြည့်လိုက်ပြီး ရှောင်ရီလင်းက သူမကို ထူးဆန်းတဲ့အကြည့်ဖြင့် ကြည့်နေတာကို ခံစားမိသည်။နင်းမုန့်ယောင်က ထိုအကြည့်ကို စိတ်မသက်မသာဖြစ်သည်။
နင်းမုန့်ယောင်ရဲ့ ရုတ်တရက် ဒေါသကို ခံစားမိတော့ ချောင်ထျန်းချန်က သူ့ခေါင်းကိုငုံ့ကာ
"ဘာဖြစ်လို့လဲ"
"ကျွန်မ ရှောင်ရီလင်းရဲ့အကြည့်ကို သဘောမကျဘူး"
နင်းမုန့်ယောင်က မျက်မှောင်ကြုတ်လိုက်တယ်။သူမက ရှောင်ရီလင်းအပေါ်မှာထားတဲ့ သူမရဲ့ စက်ဆုပ်မှုကို မဖုံးကွယ်ထားပေ။
ချောင်ထျန်းချန်က မျက်ခုံးတွေ ပင့်သွားတယ်။သူက ခေါင်းလှည့်ကာ ရှောင်ရီလင်းဘက်ကို လှည့်ကြည့်လိုက်ပြီး သူက နင်းမုန့်ယောင်ကို ရိုင်းရိုင်းပျပျ ကြည့်နေတာကို သတိထားမိသည်။
ပြင်းထန်တဲ့အကြည့်နဲ့ ချောင်ထျန်းချန်က ရှောင်ရီလင်းကို သွေးဆာမှုအပြည့်ဖြင့် ကြည့်ကာ
"မြို့စားမင်းရှောင် ခင်ဗျား ကြည့်နေတာ အရမ်းကြာနေပြီလို့ မထင်ဘူးလား"
သူ့ရဲ့ ရေခဲလိုအေးစက်တဲ့အသံက အနီးအနားကလူတွေကို သူတို့ဆီကနေ အဝေးကို ရွေ့သွားစေသည်။ရှောင်ရီလင်း သတိပြန်ဝင်လာတဲ့အခါ သူ နင်းမုန့်ယောင်ကို ကြည့်နေရင်းနဲ့ သတိလွတ်သွားတာကို သဘောပေါက်သွားပြီး မတတ်နိုင်ဘဲ မျက်မှောင်ကြုတ်သွားသည်။
လီလင်းအာက နင်းမုန့်ယောင်ကို မကျေမနပ် စိုက်ကြည့်ကာ
"မြေခွေးမ....."
ချောင်ထျန်းချန်ရဲ့အကြည့်က လီလင်းအာပေါ်ကို ကျရောက်သွားပြီး
"အဲ့ဒါကို နောက်တစ်ခေါက် ပြောလိုက်စမ်းပါ"
လီလင်းအာရဲ့ အမူအရာက ချက်ချင်းဆိုးဝါးသွားတယ်။သူမလို တော်ဝင်မျိုးနွယ်တစ်ယောက်က စစ်သူကြီးတစ်ယောက်ဆီကနေ အမှန်တကယ်ကြီး ခြိမ်းခြောက်ခံရတယ်။ဒီစကားတွေသာ ပြန့်သွားရင် သူမက သေချာပေါက် အလှောင်ခံရတော့မှာ။
နင်းမုန့်ယောင်က ချောင်ထျန်းချန်ရဲ့ နောက်ကျောကို ညင်သာစွာ ပုတ်လိုက်ပြီး
"ဒေါသမထွက်ပါနဲ့ ခွေးတစ်ကောင်က ရှင့်ကိုကိုက်ရင် ရှင်ပြန်ကိုက်မှာလား"
ချောင်ထျန်းချန်က လီလင်းအာကို တစ်ချက်ကြည့်လိုက်သည်။သူ့မျက်လုံးတွေထဲမှာ လှောင်ပြောင်သရော်မှုရှိနေသည်။သူက ခေါင်းငုံ့ကာ နင်းမုန့်ယောင်ကို ကြည့်လိုက်ပြီး
"မှန်တယ်။ကိုယ်က ခွေးရူးတစ်ကောင်နဲ့ ငြင်းခုံမနေသင့်ဘူး"
"အဲ့ဒါဆို သွားကြမယ်"
"အတင့်ရဲလှချည်လား.....အဲ့ဒီမှာရပ်စမ်း!နင်တို့ ဘယ်သူ့ကို ခွေးရူးလို့ခေါ်တာလဲ"
လီလင်းအာက စုံတွဲကို ဒေါသတကြီး ကြည့်လိုက်ည်။
နင်းမုန့်ယောင်က လီလင်းအာကို အံ့ဩစွာဖြင့် ကြည့်လိုက်သည်။အဲ့ဒီနောက် သူမက ချောင်ထျန်းချန်ကို
"ထျန်းချန် ဘာလို့ အခုခေတ်မှာ အချို့လူတွေက သူတို့ကိုယ်သူတို့ ခွေးရူးတွေနဲ့ ညွှန်းဆိုနေကြတာလဲဟင်" ဟု ပြောလိုက်သည်။
"ဘယ်သူသိမလဲ?သူ(မ)က လူတိုင်းက သူ(မ)ကိုအပြစ်ပြောနေတယ်ဆိုပြီး ထင်ယောင်ထင်မှားဖြစ်နေတာ နေမှာပေါ့"
ချောင်ထျန်းချန်က ပုခုံးတွန့်ပြီးတော့ စိတ်ရှုပ်သွားတဲ့ပုံစံပြသည်။
လီလင်းအာက အရမ်းဒေါသထွက်တာကြောင့် သူမတစ်ကိုယ်လုံးတုန်ယင်လာပြီး ထိုနှစ်ယောက်ကို သူမရဲ့တုန်ယင်နေတဲ့လက်တွေနဲ့ လက်ညှိုးထိုးသည်။
ရှောင်ရီလင်းက သူတို့နောက်က အမျိုးသမီးတွေ စုရုံးပြီးတော့ တိုးတိုးပြောနေတာတွေကို ကြားရတဲ့အခါ သူ့အမူအရာက ဆိုးဝါးလာ၏။သူတို့တွေ လီလင်းအာကို ကြည့်တဲ့အကြည့်တွေက အထင်သေးမှုအပြည့်ပင်။
ရှောင်ရီလင်းက သူ ခံစားမိတာ မှားလားဆိုတာ မသိပေ။သူ့ကို ထူးဆန်းတဲ့အကြည့်တွေနဲ့ ကြည့်နေကြတာကို ခံစားမိပြီး သူ့အမူအရာကို ပိုမိုဆိုးဝါးသွားစေသည်။
သူက သူ့ခေါင်းကိုလှည့်ကာ လီလင်းအာကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။အသံတိုးတိုးဖြင့် သူမနားထဲကို တိုးတိုးပြောလိုက်သည်။
"မင်း ခြံဝင်းထဲမှာ ဆက်ပြီးတော့ အပိတ်ခံထားချင်တယ်ဆိုရင် ဒါဆို ဆက်ပြီးတော့ ငါ့ကို သိက္ခာကျအောင် လုပ်နေလိုက်"
လီလင်းအာရဲ့ ဒေါသက ချက်ချင်းငြိမ်းကျသွားသည်။သူမရဲ့ နှုတ်ခမ်းတွေကို တင်းတင်းကြပ်ကြပ် ဖိကိုက်လိုက်ပြီး ရှောင်ရီလင်းကို စိုက်ကြည့်ကာ အဲ့ဒီနောက် ခေါင်းငုံ့သွားသည်။
ပွဲတော်ရဲ့ အရေးကြီးမှုကြောင့်သာ မဟုတ်ရင် ရှောင်ရီလင်းက သူမကို အပြင်ထွက်ခွင့်ပြုဖို့ မဖြစ်နိုင်ဘူးဆိုတာ သူမ ခန့်မှန်းမိတယ်။ပြီးတော့ အဲ့ဒီမှာ သူမကို ပျက်လုံးတစ်ခုလို သဘောထားနေတဲ့ အမျိုးသမီးများစွာရှိပြီး သူမနေရာကို အစားထိုးချင်နေကြတယ်။သူမသာ ရှောင်ရီလင်းနဲ့ ဆက်ပြီးတော့ စကားများနေရင် သူမပဲ ဆိုးကျိုးခံစားရလိမ့်မယ်။