← Chapters

အခန်း ၂၈၀

Vol. 12 Ch. 280

အခန်း ၂၈၀

Vol. 12 Ch. 280

Chapter 280

ရှောင်ရီလင်းက လီလင်းအာ ငြိမ်ကျသွားတာကို ကြည့်ပြီးတဲ့နောက် ငြီးတွားလိုက်သည်။သူက ချောင်ထျန်းချန်ကို တောင်းပန်စွာဖြင့်

"စစ်သူကြီးချောင် ငါ့မိန်းမကို ခွင့်လွှတ်ပေးပါ။သူ(မ)က အခုတလော နေမကောင်းဖြစ်နေတာ။သူ(မ)ပြောတဲ့ စကားတွေကို စိတ်ထဲမထားပါနဲ့"

ရှောင်ရီလင်းကို တစ်ချက်ကြည့်ပြီးတဲ့နောက် ချောင်ထျန်းချန်က တည်ငြိမ်စွာဖြင့်

"ကျွန်တော်ကတော့ မြို့စားမင်းရှောင်ရဲ့အကြည့်တွေကို ထိန်းချုပ်ထားနိုင်ဖို့ပဲမျှော်လင့်တယ်။ခင်ဗျားသာ ကျွန်တော့်မိန်းမကို စိုက်ကြည့်မနေခဲ့ရင် ဒီလိုအရာမျိုး ဖြစ်မှာမဟုတ်ဘူးလေ"

သူက ရှောင်ရီလင်းကို နည်းနည်းလေးတောင် မျက်နှာသာမပေးဘဲ ပြောပြီးတာနဲ့ နင်းမုန့်‌ယောင်နဲ့ ထွက်သွားသည်။၎င်းက လူတွေရှေ့မှာ ရှောင်ရီလင်းရဲ့မျက်နှာကို ဖြတ်ရိုက်လိုက်သလိုပင်။

ရှောင်ရီလင်းရဲ့ အမူအရာက ဆိုးဝါး‌နေခဲ့တယ်။သူက အသက်ပြင်းပြင်းရှူလိုက်ပြီး တိတ်တဆိတ်ပဲ ထွက်လာခဲ့တယ်။

လီလင်းအာက သူ့ဘေးနားကနေ လျှောက်လာသည်။သူမက သူ့ရဲ့ကိုယ်ပိုင်ကမ္ဘာထဲမှာ နစ်မြောနေပုံရတဲ့ သူ့ကို ကြည့်လိုက်ပြီး သူမရဲ့အမူအရာက အုံ့မှိုင်းနေသည်။

နင်းမုန့်ယောင်က သူမကို လူတစ်‌ယောက်ကို သတိရသွားစေပြီး အဲ့ဒီလူက တစ်ခါက သူမရဲ့ အရှက်ရစရာပင် ဖြစ်သည်။

ထိုလူက ရှောင်ရီလင်းရဲ့နှလုံးသားထဲမှာ နက်နက်ရှိုင်းရှိုင်း နေရာယူထားခဲ့သည်။

နှစ်‌ပေါင်းများစွာကြာပြီးတဲ့နောက် သူက အမြဲလိုလို ဘာမှမဖြစ်သလို ပြုမူနေခဲ့တာကြောင့် သူ ထိုအကြောင်းကို မေ့သွားပြီလို့ သူမ ထင်ခဲ့ပေမယ့် အခုချိန်မှာတော့ သူက မေ့ပုံမရပေ။သူက အဲ့ဒီလူကို မ‌မေ့ရုံတင်မကဘဲ သူ့ရဲ့ မှတ်ဉာဏ်တွေကလည်း ထူးထူးခြားခြားကို ရှင်းလင်းနေသည်။

တော်ဝင်ဉယျာဉ်တော်ကို လူအုပ်ကြီးရောက်လာတဲ့အချိန် လူတော်တော်များများ ရောက်နေကြပြီဖြစ်သည်။ချောင်ထျန်းချန်နဲ့နင်းမုန့်ယောင်က ထိုလူအုပ်ထဲမှာ ပါဝင်ပြီး သူတို့ရဲ့ ထူးခြားတဲ့အသွင်အပြင်ကြောင့် လူအများအပြားက သူတို့ကို ခိုးကြည့်နေကြသည်။

၎င်းက အထူးသဖြင့် လက်ယာအမတ်ကြီးဝေ့အိမ်တော်က ဝေ့ကျစ်ရှင်းအတွက် အမှန်ပင်ဖြစ်သည်။သူမက ချောင်ထျန်းချန် ရောက်လာတဲ့အချိန်ကတည်းက သူ့ကို တောက်လျှောက်ကြည့်နေခဲ့ပြီး သူမရဲ့ ပိုင်ဆိုင်လိုစိတ်ပြင်းပြတဲ့ မျက်လုံးတွေက နင်းမုန့်ယောင်ကို မျက်မှောင်ကြုတ်သွားစေသည်။

သူမ ခေါင်းကိုလှည့်ပြီးတော့ သူမကို အလိုလိုက် ချစ်မြတ်နိုးပြီး အခြားလူတွေကို အေးစက်တဲ့ယောကျာ်းကို ကြည့်လိုက်သည်။နင်းမုန့်ယောင်က မတတ်နိုင်ဘဲ သူမလက်ကို ဆန့်တန်းကာ သူ့ခါးကို ဆွဲဆိတ်လိုက်သည်။

ချောင်ထျန်းချန်ရဲ့ ခန္ဓာကိုယ်က တောင့်တင်းသွားပြီး နင်းမုန့်‌‌ယောင်ကို အကူအညီမဲ့စွာဖြင့် ကြည့်ကာ ငုံ့ပြီးတော့ နင်းမုန့်ယောင်နားထဲကို တိုးတိုးလေး ပြောလိုက်သည်။

"ကိုယ်မင်းကို ရန်စမိလို့လား"

နင်းမုန့်ယောင်က ငြီးတွားလိုက်သည်။

"ဘယ်သူက ရှင့်ကို ကောင်မလေးတွေရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်ပါလို့ ပြောထားလို့လဲ"

သူမရဲ့ ကလေးဆန်တဲ့ အမူအရာကြောင့် ချောင်ထျန်းချန်က ရယ်မောလိုက်ပြီး သူမရဲ့ လက်ကို ဆိတ်ကာ

"မင်းက ကိုယ့်အတွေးတွေကို မသိဘူးလား"

"မသိဘူး"

နင်းမုန့်ယောင်က ခေါင်းရမ်းလိုက်ပေမယ့် သူမရဲ့မျက်ဝန်းတွေက ပြုံးနေသည်။

ချောင်ထျန်းချန်က မျက်ခုံးတွေပင့်သွားပြီး နင်းမုန့်‌ယောင်ကို ကြည့်လိုက်သည်။သူက ရုတ်တရက် ယုတ်မာတော့မယ့်ပုံစံနဲ့ ရယ်လိုက်ပြီး

"မသိဘူးပေါ့လေ?ဒါဆိုရင် ကိုယ်တို့တွေ ဒီည အိမ်ပြန်ရောက်တဲ့အခါကျရင် သေချာဆွေးနွေးဖို့ လိုသွားပြီ"

နင်းမုန့်ယောင်က ရှက်သွေးဖြာသွားပြီး ချောင်ထျန်းချန်ကို စိုက်ကြည့်ကာ

"ပွဲကို အာရုံစိုက်လေ။ဒီလိုဆိုးသွမ်းတာမျိုး လုပ်မနေနဲ့တော့"

ချောင်ထျန်းချန်က သူ့ခေါင်းကို ငုံ့လိုက်ပြီး ရှက်သွေးဖြာနေတဲ့ နင်းမုန့်ယောင်ကို ကြည့်ကာ သူ့မျက်လုံးတွေထဲမှာ အရူးအမူးစွဲလမ်းမှုကို မြင်နိုင်သည်။

"ယောင်ယောင် မင်း အရမ်းလှတာပဲလို့ ကိုယ် မင်းကို ပြောပြီးပြီလား"

နင်းမုန့်ယောင်က အံ့ဩသွားပြီး မျက်တောင်ခတ်ကာ အဲ့ဒီနောက် ခေါင်းငြိမ့်‌လိုက်သည်။

"အင်း"

ဒီနေ့ သူ ဒီနေရာကို မရောက်လာခင်က ပြောပြီးပြီလေ။

ချောင်ထျန်းချန်က ခေါင်းငုံ့ပြီးတော့ နင်းမုန့်ယောင်ရဲ့ နားထဲကို တိုးတိုးလေး ပြောလိုက်သည်။

"ကိုယ် မင်းကို ထားမသွားနိုင်ဘူးဆိုတာ ရုတ်တရက် သဘောပေါက်သွားတယ်။အဲ့ဒါ‌ကြောင့် ကိုယ့်ဘေးနားကနေ လုံးဝ ထွက်မသွားရဘူးနော်။ဟုတ်ပြီလား"

နင်းမုန့်ယောင်က သူမ ခေါင်းကိုမော့လိုက်ပြီး ချောင်ထျန်းချန်ကို ပြုံးပြကာ

"အင်း ကျွန်မရှင့်ကို လုံးဝကို ထားမသွားဘူး"

နောက်ဆုံးတော့ ချောင်ထျန်းချန်က ပျော်ရွှင်သွားသည်။သို့ပေမယ့် သူတို့မသိခဲ့တာက သူတို့ရဲ့ လူမြင်ကွင်းမှာ ချစ်ကြည်နူးမှုက အခြားလူတွေရဲ့ မျက်လုံးထဲမှာ ‌ဒေါသထွက်စရာကောင်းနေပြီး မတတ်နိုင်ဘဲ အဲ့ဒါကို ဖျက်ဆီးပစ်ချင်သည်။

ဒါပေါ့ မနာလိုနေတဲ့ လူတစ်ယောက်လည်းရှိနေပြီး အဲ့ဒီလူက ဝေ့ကျစ်ရှင်းပင်။

"အရှက်မရှိတဲ့ မိန်းမပျက်မ"

သူမ သဘောကျတဲ့ ‌ယောကျာ်းက အခြားမိန်းမတစ်ယောက်ကို အဲ့လိုမျိုး ဆက်ဆံနေတာ မြင်ရတော့ ဝေ့ကျစ်ရှင်း ဘယ်လောက်ပဲ သဘောထားကြီးပါစေ သူမ မတတ်နိုင်ဘဲ စိတ်တိုရတယ်။သူမက သူ့ရဲ့ အကောင်းဆုံး ရွေးချယ်မှုပဲလေ။သူက ဘာလို့ အဲ့ဒါကို မမြင်ရတာလဲ?

တစ်ဖက်မှာတော့ ဝေ့ခဲ့ရှင်းရဲ့ လက်လှုပ်ရှားမှု‌တွေ ရပ်တန့်သွားပြီး သူမနဲ့ဆန့်ကျင်ဘက်က စုံတွဲကိုကြည့်ကာ တစ်ချက်ကြည့်ရုံနဲ့တင် ထိုနှစ်ယောက်က ကောင်းမွန်တဲ့ဆက်ဆံရေးရှိတယ်ဆိုတာ သူမ ပြောနိုင်သည်။၎င်းက တကယ့်ကို မနာလိုစရာကောင်းလှသည်။

"နင် အဲ့ဒီကိစ္စကို ဆက်မတွေးတော့တာ ပိုကောင်းတယ်"

ဝေ့ခဲ့ရှင်းက သူမအကြည့်ကို ရုပ်သိမ်းလိုက်ပြီး ပြောလိုက်သည်။

တစ်ချက်ကြည့်ရုံနဲ့တင် ဘယ်သူကမှ ထိုနှစ်ယောက်ကြားမှာ ကြားဝင်လို့မရနိုင်ဘူးဆိုတာ သူမ ပြောနိုင်တယ်။ဒီငတုံးမက သူ့အကျိုးစီးပွားကို ပျက်ဆီးစေမယ့် အရာတစ်ခုခု မလုပ်တာ ပိုကောင်းတယ်။

ဝေ့ကျစ်ရှင်းက ဝေ့ခဲ့ရှင်းကို မထီမဲ့မြင်ပြုပြီးတော့

"အဲ့ဒါ ညီမလေး ကိစ္စပါ။အစ်မနဲ့ ဘာမှမဆိုင်ဘူး" ဟု ခပ်ပြတ်ပြတ် ပြောလိုက်သည်။

"အဲ့ဒါက တကယ်လည်း ငါနဲ့ဘာမှမဆိုင်ပါဘူး"

ဝေ့ခဲ့ရှင်းက ဂရုမစိုက်ဘဲ ပြောလိုက်သည်။

သူမက ရုတ်တရက် ဝေ့ကျစ်ရှင်းကို အကြံပေးချင်စိတ် မရှိတော့ဘဲ အဆုံးသတ်ကျရင် ဝေ့ကျစ်ရှင်း ဘယ်လို ဒုက္ခခံရမလဲဆိုတာ ကြည့်ချင်မိသွားသည်။အဲ့ဒါက ပိုပြီးတော့တောင် စိတ်လှုပ်ရှားစရာ မကောင်းဘူးလား?

ဝေ့ခဲ့ရှင်းရဲ့ အကြည့်က ဖြည်းဖြည်းချင်း တည်ငြိမ်သွားသည်။သူမက ထက်မြက်တဲ့မိန်းမတစ်ယောက်ပဲ။ဘာကိုလုပ်ရမယ် ဘာကိုမလုပ်ရဘူးဆိုတာ သူမသိတယ်။

အမတ်ဝေ့က သူ့အငယ်ဆုံးသမီးရဲ့ စကားတွေကိုကြားတော့ မတတ်နိုင်ဘဲ ခေါင်းကိုက်သွားသည်။

"ကျစ်ရှင်း အဓိပ္ပာယ်မရှိတာတွေ ရပ်လိုက်တော့"

All Chapters