အခန်း ၂၈၁
Vol. 12 Ch. 281
Chapter 281
သူလည်းပဲ နန်းတော်ဂိတ်တံခါးဝမှာ ဘာတွေဖြစ်သွားခဲ့လဲဆိုတာ သိထားသည်။မြို့စားမင်းတစ်ယောက်ကတောင်မှ သူ့ကိုယ်သူ နှိမ့်ချပြီးတော့ တောင်းပန်ရတာ သူနဲ့ယှဉ်ရအောင် သူတို့က ဘယ်သူတွေမလို့လဲ?သူတို့တွေက တကယ်ပဲ မြို့စားမင်းရှောင်နဲ့ ယှဉ်နိုင်တာလား?
ဝေ့ကျစ်ရှင်းက အမတ်ဝေ့ကို မကျေမနပ် ကြည့်လိုက်ပြီး
"သမီးက အဓိပ္ပာယ်မရှိတာတွေ ပြောနေတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ?သူ(မ)က အရှက်မရှိတဲ့ မိန်းမပျက်မပဲလေ။လူမြင်ကွင်းမှာ အရမ်း ကရော်ကမည်လုပ်ပြနေတယ်"
ဝေ့ခဲ့ရှင်းက ဝေ့ကျစ်ရှင်းကို လှောင်ရယ်လိုက်ပြီး
"သူတို့က လင်မယားတွေလေ။သူတို့ကို စိတ်ရှုပ်ရအောင် နင်က ဘယ်သူမလို့လဲ"
"ဝေ့ခဲ့ရှင်း နင် ဒီနေ့ ငါ့ကို အတိုက်အခံလုပ်ဖို့ ရည်ရွယ်ထားတာလား"
ဝေ့ခဲ့ရှင်းက သူမကို စိတ်ပျက်လက်ပျက် အမူအရာနဲ့ စိုက်ကြည့်နေတာကို တွေ့တော့ ဝေ့ကျစ်ရှင်းရဲ့ အမူအရာက အုံ့မှိုင်းသွားသည်။
"နင့်ကို အတိုက်အခံ လုပ်ဖို့လား?ငါ စိတ်မဝင်စားဘူး။ငါက နင့်ရဲ့ မိုက်မဲတုံးအမှုက ငါ့ရဲ့ စိတ်ဝင်စားစရာလေးတွေကို ဖျက်ဆီးမသွားဖို့ပဲ မျှော်လင့်တယ်။နင်သာ အဲ့လိုလုပ်ခဲ့ရင်တော့ ဝေ့ကျစ်ရှင်း ငါ နင့်ကို ညီမတစ်ယောက်လို မဆက်ဆံဘူးဆိုပြီး အပြစ်မတင်လိုက်နဲ့"
ဝေ့ခဲ့ရှင်းက ရုတ်တရက် သူမခေါင်းကိုလှည့်ကာ ဝေ့ကျစ်ရှင်းကို ကြည့်လိုက်ပြီး သူမရဲ့ အကြည့်တွေက အလွန်အမင်း အေးစက်နေတာကြောင့် ဝေ့ကျစ်ရှင်းကို အလိုအလျောက် အကြည့်လွှဲသွားစေပြီး ကြည့်ဖို့ မဝံ့ရဲဖြစ်သွားစေသည်။
အမတ်ဝေ့ရဲ့ဇနီးက ဝေ့ခဲ့ရှင်းကို မကျေနပ်တဲ့ပုံစံဖြင့် ကြည့်ကာ
"ခဲ့ရှင်း သူ(မ)က နင့်ရဲ့ ညီမလေးနော်။နင့်ရဲ့ အပြုအမူက ဘာသဘောလဲ"
သခင်မဝေ့ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး ဝေ့ခဲ့ရှင်းက ပြန်လှည့်သွားကာ သူမကို လျစ်လျှူရှုထားလိုက်ပေမယ့် နှလုံးသားကတော့ ချက်ချင်း အေးစက်သွားသည်။
သေချာတာပေါ့ သူမရဲ့ ပါးစပ်ထောင့်မှာ သရော်မှုတစ်ခုရှိနေတယ်။ဝေ့ခဲ့ရှင်းက အသက်ပြင်းပြင်း ရှူလိုက်ပြီး သူမစိတ်ထဲက မကျေနပ်မှုကို ဖယ်ထုတ်ပစ်လိုက်တယ်။သူမအမေက သူမကို ဂရုမစိုက်ဘူးဆိုမှတော့ သူတို့ရဲ့ အနာဂတ်မှာဖြစ်လာမယ့် ပြဿနာတွေ၊ကိစ္စတွေက သူမနဲ့ ဘာမှမဆိုင်တော့ဘူး။
အမတ်ဝေ့က ဝေ့ခဲ့ရှင်းရဲ့ တည်ငြိမ်တဲ့ အမူအရာကိုကြည့်ပြီး စိတ်အေးသွားကာ သခင်မဝေ့ဘက်ကိုလှည့်ကာ စိုက်ကြည့်လိုက်ပြီး
"တော်လောက်ပြီ။ခဲ့ရှင်းကလည်း ငါတို့သမီးပဲလေ။သူ(မ)ပြောတာ မမှားဘူး"
အမတ်ဝေ့က သခင်မဝေ့ကို စိတ်ပျက်တဲ့အမူအရာဖြင့် စိုက်ကြည့်နေခဲ့သည်။
သူမရဲ့ သမီးကို ဘယ်လို စည်းရုံးသိမ်းသွင်းရမလဲဆိုတာ မသိပဲ အဝေးရောက်အောင်ပဲ တွန်းထုတ်ပစ်တယ်၊အရမ်း မိုက်မဲတုံးအလွန်းတယ်။
အမတ်ဝေ့ရဲ့ ဒေါသထွက်နေတဲ့အကြည့်ဖြင့် ရင်ဆိုင်ရတော့ သခင်မဝေ့က အပြစ်တွေအားလုံးကို ဝေ့ခဲ့ရှင်းအပေါ် ပုံချလိုက်ပြီး သူမရဲ့ မျက်နှာက မှုန်ကုပ်သွားသည်။
ဝေ့ခဲ့ရှင်းက သခင်မဝေ့ကို တစ်ချက်ကြည့်လိုက်ပြီး သူမရဲ့အမူအရာက ဖြည်းဖြည်းချင်း တင်းမာလာတယ်။အဲ့ဒီနောက် သူမက ပြန်လှည့်သွားတယ်။ဘာပဲဖြစ်ဖြစ် သူမက သူတို့နဲ့ ဘာမှမသက်ဆိုင်တော့ဘူး။
ဝေ့ကျစ်ရှင်းက သူမရဲ့အမေက ဝေ့ခဲ့ရှင်းကို မလိုလားဖြစ်နေတာကြည့်ပြီး ဂုဏ်ယူစွာနဲ့ သရော်လိုက်သည်။
သူမ ငယ်ငယ်လေးထဲက အခြားလူတွေ သူမအစ်မရဲ့အောင်မြင်မှုတွေအကြောင်း ပြောတာကို ကြားခဲ့ရတာ။အခု သူမအစ်မကို သူမရဲ့အမေက မနှစ်ခြိုက်တော့တာ မြင်ရတော့ သူမပျော်ရွှင်မိတယ်။
"နင်နဲ့ထိုက်တန်တယ်"
ဝေ့ကျစ်ရှင်းက ညင်သာစွာ ရေရွတ်လိုက်သည်။
သူမရဲ့ အသံက ညင်သာပေမယ့် ဝေ့ခဲ့ရှင်းက ၎င်းကို ကြားရသည်။သူမရဲ့ မျက်လုံးတွေပင့်ကာ ဝေ့ကျစ်ရှင်းကို ကြည့်လိုက်ပြီး နဂိုထဲက အေးစက်နေတဲ့ သူမရဲ့နှလုံးသားက ဖြည်းဖြည်းချင်း ပိုပြီးတော့ အေးစက်လာခဲ့သည်။
"ငါနဲ့ထိုက်တန်တာပေါ့။ငါကတော့ နင် အဲ့ဒါနဲ့ မထိုက်တန်တော့မယ့် အချိန်ကိုပဲ စောင့်နေတော့မယ်"
ဝေ့ခဲ့ရှင်းက ညင်သာစွာ တီးတိုးပြောလိုက်သည်။အမတ်ဝေ့က သူမရဲ့စကားတွေကိုကြားတော့ မတတ်နိုင်ဘဲ မျက်မှောင်ကြုတ်သွားသည်။
ညီအစ်မနှစ်ယောက်က ဒီလိုနဲ့ပဲ ရန်သူတွေ ဖြစ်သွားကြပြီ။
နင်းမုန့်ယောင်က ထိုမိသားစုကို သိပ်မဝေးတဲ့နေရာကနေ ကြည့်နေတာ ဖြစ်သည်။သူတို့ရဲ့ အမူအရာတွေကို ကြည့်ခြင်းအားဖြင့် ၎င်းက ကောင်းမွန်နေပုံမရတာကြောင့် သူမပါးစပ်ထောင့်တွေက အနည်းငယ် ကွေးတက်သွားသည်။
အဲ့ဒါက တကယ် စိတ်ဝင်စားဖို့ကောင်းတယ်။ဘာမှဖြစ်ပုံမရပေမယ် မိသားစုကတော့ စကားများနေကြပြီ။
သူတို့ရဲ့ အမူအရာတွေကို အခြေခံပြီးတော့ ၎င်းက စကားများတာမဟုတ်လို့ ဘာဖြစ်ရမှာလဲ?အထူးသဖြင့် တစ်ခုခုဖြစ်ထားတဲ့အတိုင်း ဖြစ်နေတဲ့ ဝေ့ခဲ့ရှင်းရဲ့ ဆိုးဝါးတဲ့အမူအရာပင်။
"မင်း ဘယ်သူ့ကို ကြည့်နေတာလဲ"
နင်းမုန့်ယောင်ကို စကားပြောနေတဲ့ ချောင်ထျန်းချန်က သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်သည်။သူမက သူပြောတာကို ပြန်မဖြေတဲ့အတွက် သူမကို ကြည့်လိုက်တော့ ပြုံးနေပြီးတော့ တစ်နေရာကို ကြည့်နေတာ မြင်လိုက်ရသည်။
နင်းမုန့်ယောင်က သူမခေါင်းကိုလှည့်ကာ သူမဘေးနားက လူကို ကြည့်လိုက်ပြီး
"ဘာမှမဟုတ်ပါဘူး။အံ့ဩစရာကောင်းတာလေးတွေ ကြည့်နေတာ"
သူက နင်းမုန့်ယောင် စောစောတုန်းက ကြည့်နေတဲ့ နေရာကို လှမ်းကြည့်လိုက်တော့ ဆိုးဝါးတဲ့အမူအရာတွေနဲ့ ထိုင်နေကြတဲ့ အမတ်ဝေ့ရဲ့မိသားစုကို မြင်လိုက်ရသည်။သူ ချက်ချင်း သဘောပေါက်သွား၏။
"ဝေ့မိသားစုက သမီးနှစ်ယောက်ရှိတယ်လေ။အကြီးဆုံးသမီးက မြို့တော်ထဲမှာ အရည်အချင်းရှိတဲ့ မိန်းကလေးတစ်ယောက်လေ။အတော်လေး ထူးချွန်ပြီးတော့ ရလဒ်ကောင်းတွေ ပိုင်ဆိုင်ထားတယ်။သမီးငယ်ကတော့ နည်းနည်းဆိုးတယ်။သူ(မ)မှာ အစိုးမရတဲ့ စိတ်ထားရှိပြီးတော့ အမြဲတမ်း သူ(မ)အစေခံတွေကို နှိပ်စက်တယ်။ညီအစ်မနှစ်ယောက်က သဟဇာတမဖြစ်ကြဘူး"
ချောင်ထျန်းချန်က ပြောလိုက်ပြီးတော့ အမတ်ဝေ့ရဲ့ မိသားစုကို ကြည့်တဲ့အချိန်မှာ ဘယ်လို အပိုခံစားချက်မျိုးမှ မရှိပေ။သူတို့တွေက သူ့မျက်လုံးထဲမှာ အရေးမပါချေ။
နင်းမုန့်ယောင်က သဘောပေါက်သွားပြီး ခေါင်းငြိမ့်လိုက်တယ်။
သူတို့ရဲ့ ညီအစ်မဆက်ဆံရေးက ဆိုးဝါးနေတာ အံ့ဩစရာမဟုတ်တော့ဘူး။
တစ်ယောက်က ချီးမွမ်းခံနေရတဲ့အချိန် အခြားတစ်ယောက်က ပြောဆိုသမုတ်ခံရတယ်။သူတို့တွေ ဆက်ဆံရေးကောင်းတယ်ဆိုတာကမှ ထူးဆန်းလိမ့်ဦးမယ်။
ပွဲတော်မတိုင်ခင်က ဝေ့ကျစ်ရှင်းနဲ့ဖြစ်ခဲ့တဲ့ အဖြစ်အပျက်လိုမျိုး အသေးအမွှားပြဿနာလေးတွေကနေ ၎င်းက သူတို့ညီအစ်မတွေကို ဖြည်းဖြည်းချင်း ဖျက်ဆီးပစ်မယ့် တွန်အားတစ်ခု ဖြစ်လာလိမ့်မည်။