အခန်း ၂၈၂
Vol. 12 Ch. 282
Chapter 282
ချောင်ထျန်းချန်ရဲ့ ရှင်းပြချက်ကို နားထောင်ပြီးတဲ့နောက် နင်းမုန့်ယောင်က ထိုမိသားစုကို ဆက်ပြီးတော့ စိတ်မဝင်စားတော့ပေ။သူမ ဝေ့ကျစ်ရှင်းကို သတိထားနေစရာ မလိုချေ။အဲ့လိုမျိုး မိုက်မဲတဲ့ပြိုင်ဘက်တစ်ယောက်ကို အရေးတယူ လုပ်စရာမလိုအပ်တာကြောင့် ဖြစ်သည်။
သူမ ခေါင်းကို လှည့်ပြီးတော့ ချောင်ထျန်းချန်နဲ့ပဲ ဆက်ပြီးတော့ နူးညံ့စွာ စကားပြောနေလိုက်တယ်။
သိပ်မကြာခင်မှာပဲ ဉယျာဉ်ထဲက တီးတိုးရွတ်သံတစ်ခုကို ကြားလိုက်ရသည်၊
"ယောင်အာ......"
ထိုအသံက ချောင်ထျန်းချန်ရဲ့ မျက်ဝန်းများကို မှေးကျဉ်းသွားစေသည်။သူ့မျက်လုံးတွေပင့်ကာ အသံလာတဲ့ နေရာကို ကြည့်လိုက်သည်။
၎င်းက လင်းလော်နဲ့ရှောင်ကျီရွှမ်း ရပ်နေတဲ့ နေရာက ဖြစ်သည်။လင်းလော်ရဲ့ အကြည့်တွေက နင်းမုန့်ယောင်ကို စိုက်ကြည့်ပြီးတော့ စိတ်လွတ်နေတဲ့အတိုင်းပင်။
ထိုကဲ့သို့ အကြည့်မျိုးက အထူးသဖြင့် အမျိုးသမီးတွေအတွက် သေစေနိုင်လောက်ပြီး အထူးသဖြင့် ရှောင်ကျီရွှမ်းလို အရာအားလုံး ဆုံးရှုံးထားတဲ့လူပင် ဖြစ်သည်။
ရှောင်ကျီရွှမ်းက သူမရဲ့ကလေး တစ်ခုခု ဖြစ်ပြီးတဲ့နောက်ပိုင်း ထိန်းထိန်းသိမ်းသိမ်း စတင်လုပ်ဆောင်လာခဲ့ပြီး နေ့တိုင်း သူမကလေးကို ပြုစုစောင့်ရှောက်ရင်းဖြင့် အလုပ်များနေကာ ကိစ္စတော်တော်များများကို လျစ်လျှူရှုထားခဲ့သည်။ဒါပေမယ့် ဒီနေ့ လင်းလော်က လူတွေအများကြီးရှေ့မှာ ဒီလိုမျိုးပြုမူလိုက်တာ သူမအတွက်တော့ သံသယဝင်စရာမလိုအောင်ကိုဘဲ မျက်နှာကို ဖြတ်ရိုက်လိုက်တဲ့အတိုင်းပင်။
သူမက လင်းလော်ကို လှောင်ရယ်လိုက်သည်။သူမက အမတ်လင်းကိုတောင် မနှုတ်ဆက်ဘဲ ရှောင်အိမ်တော်က လူတွေရှိတဲ့ နေရာဆီ ထွက်သွားသည်။
အမတ်လင်းက ရှောင်ကျီရွှမ်းရဲ့ ရိုင်းစိုင်းတဲ့ အပြုအမူကို ကြည့်ပြီး မျက်မှောင်ကြုတ်သွား၏။
"လော်အာ သူ(မ) ဘယ်လို မိန်းမမျိုးလဲဆိုတာ ကြည့်ပါဦး!သူ(မ)က အမေတို့ကို ဒီလို ဆက်ဆံရဲတယ်"
အမတ်လင်းက ဂရုမစိုက်ဘူးဆိုပေမယ့် သူ့ဇနီးက ၎င်းနဲ့ပတ်သက်ပြီး အဆင်ပြေတယ်လို့ ဆိုလိုတာ မဟုတ်ပေ။ရှောင်ကျီရွှမ်းရဲ့ ထွက်ခွာသွားမှုက ဆူညံသွားစေသည်။
လင်းလော်က သူ့အမေကို ကြည့်လိုက်တယ်။သူ့မျက်နှာပေါ်မှာ ဘာမှ မဖော်ပြဘူးဆိုပေမယ့် သူ့စိတ်ထဲမှာတော့ အမှန်တကယ်ကို စိတ်အနှောင့်အယှက်ဖြစ်ပြီး စိတ်ရှုပ်နေရတယ်။
သူ့ကလေး အဖျားကြီးပြီးတော့ ဦးနှောက်ထိခိုက်သွားတဲ့ အချိန်ကတည်းက သူ့အမေက ရှောင်ကျီရွှမ်းကို ကလေးတစ်ယောက်ကိုတောင် ဘယ်လိုစောင့်ရှောက်ရမလဲဆိုတာ မသိလို့ သူမရဲ့မြေးက ဒီလိုမျိုးအဆုံးသတ်သွားရတာလို့ ပြောပြီး အပြစ်တင်ဝေဖန်နေခဲ့သည်။
သူမနဲ့တွေ့တဲ့လူတိုင်းကို ထိုကိစ္စ ပြောတာဖြစ်ပြီးတော့ ရှောင်ကျီရွှမ်းကလည်း တိတ်တိတ်လေး ခံစားနေမယ့် လူမျိုးမဟုတ်ပေ။ရှောင်ကျီရွှမ်းက တိုက်ရိုက်ပဲ ပြန်ပြောပြီးတော့ သူမရဲ့ယောက္ခမ လုပ်ခဲ့တဲ့ ကိစ္စအားလုံးကို ဖွင့်ချပစ်သည်။
အဆုံးမှာတော့ သူတို့နှစ်ယောက်လုံး ဘာမှပြန်မရဘဲနဲ့ အရှက်ကွဲကာ ထိုအချိန်ကနေစလို့ လင်းအိမ်တော်က စစ်မြေပြင်တစ်ခုကဲ့သို့ ဖြစ်လာပြီး လင်းလော်နဲ့သူ့အဖေကို အိမ်ပြန်ချင်စိတ် ပျောက်ဆုံးအောင် ဖြစ်သွားစေသည်။
"အမေ ပွဲတော်ကိုပဲ ကြည့်ပြီးတော့ ကိုယ့်ကိုကိုယ် စိတ်တည်ငြိမ်အောင်ထားလို့ မရဘူးလား"
လင်းလော်က သူမကို ကြည့်ကာ စိတ်ရှုပ်နေပြီ ဖြစ်သည်။
အမတ်လင်းလည်းပဲ သူ့ဘေးနားက မိန်းမကို စိတ်ပျက်စွာ ကြည့်လိုက်ပြီး
"တော်လောက်ပြီ။အခု မင်းကိုယ်မင်းလည်း ပြန်ကြည့်ဦး!ဈေးထဲက ကြွက်စုတ်နဲ့တူနေပြီ။ဘယ်လောက် ရှက်ဖို့ကောင်းလဲ"
သူ့စကားတွေက အမတ်ကတော်လင်းကို ဆို့နင့်သွားစေပြီး ဘာမှပြန်မပြောနိုင် ဖြစ်သွားစေသည်။သူမက အမတ်လင်းကို မယုံကြည်နိုင်မှုတွေ ပြည့်နှက်နေတဲ့ မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။
သူ ဘာကိုဆိုလိုတာလဲ?သူက တကယ်ကြီး သူမကို အရှက်ရစရာတစ်ခုလို့ ခေါ်လိုက်တာပေါ့လေ။
"ရှင် အဲ့ဒါ ဘာအဓိပ္ပာယ်လဲ"
"တော်ပါတော့ဗျာ"
လင်းလော်ရဲ့ မျက်ခုံးတွေက တင်းတင်းကြပ်ကြပ် တွန့်ချိုးလို့နေတယ်။သူက ချက်ချင်းပဲ အမတ်ကတော်လင်း နောက်ထပ် ပြဿနာတစ်ခု မဖန်တီးခင်
"အမေ တခြားသံတမန်တွေက ကျွန်တော်တို့ရဲ့ လင်းအိမ်တော်ကို ဟာသတစ်ခုအနေနဲ့ ဆက်ဆံတာမျိုး အမေ ဖြစ်စေချင်လို့လား?အဲ့လို မဟုတ်ဘူးဆိုရင် တိတ်တိတ်လေး နေလိုက်ပါတော့"
သူ ဒီအမျိုးသမီးကို အမှန်တကယ်ကို လုံလောက်နေပြီ။
အမတ်ကတော်က ပါးစပ်ဟသွားတယ်။နောက်ဆုံးတော့ သူမရဲ့ ပါးစပ် ပိတ်သွားပေမယ့် အမူအရာကတော့ ဆိုးဝါးနေသည်။
ရှောင်ကျီရွှမ်း လီလင်းအာဆီ သွားပြီးတဲ့နောက် သူမရဲ့ မျက်ဝန်းထဲက နာကျည်းချက်တွေက ချက်ချင်းထွက်ကျလာပြီး အရာအားလုံး ပြောပြလိုက်သည်။
သူမသမီးရဲ့ လင်းအိမ်တော်မှာ ကြုံတွေ့နေရတာတွေကို နားထောင်ပြီးတဲ့နောက် လီလင်းအာ အရမ်းဒေါသထွက်သွားသည်။သူမက မြို့စားမင်းရှောင်ကို ကြည့်လိုက်ပြီး စိတ်တိုစွာနဲ့ တိုးတိုးလေး ပြောလိုက်သည်။
"ရှင်က ရှင့်သမီးနဲ့မြေးကိုတောင် မကာကွယ်နိုင်ဘူး။ရှင် လုပ်နိုင်တာ ဘာရှိလဲ"
ရှောင်ရီလင်းရဲ့ အမူအရာက အစတုန်းကတည်းက ဆိုးဝါးနေပြီဖြစ်ပြီး ၎င်းကိုကြားရတော့ ချက်ချင်း ပိုမိုဆိုးဝါးလာခဲ့သည်။
ဒီအချိန်အတောအတွင်း သူ့ရဲ့ အားလပ်ချိန်တွေမှာ သူက နင်းမုန့်ယောင်ရဲ့ကိစ္စတွေကို စုံစမ်းနေခဲ့ပြီး လွန်ခဲ့တဲ့ နှစ်တွေတုန်းက နန်းတော်ထဲမှာ ဖြစ်သွားခဲ့တဲ့ ကိစ္စအချိူ့ကိုလည်း စုံစမ်းနေခဲ့သည်။၎င်းက လီလင်းအာနဲ့ ပတ်သက်နေပေမယ့် သူ့မှာ တိကျသေချာတဲ့ သက်သေအထောက်အထား မရရှိသေးပေ။
ရှောင်ကျီရွှမ်းက ရှောင်ရီလင်းရဲ့ အမူအရာကို ကြည့်လိုက်သည်။ကိစ္စတွေက လွန်တဲ့ဘက်ကို သွားနေတယ်ဆိုတာ သူမ သိလိုက်တယ်။
"အမေ တော်ပါတော့။အဖေက သမီးကို အမြဲတမ်း ကာကွယ်ပေးခဲ့တာပဲလေ"
"နင်က အခုထိ သူ့အတွက် ပြောပေးနေတုန်းလား"
လီလင်းအာ ပိုပြီးတော့ ဒေါသထွက်လာတယ်။
"သမီး အမှန်ကို ပြောနေတာ။ဒါတွေ အကုန်လုံးက အဲ့ဒီ မိန်းမပျက်မ နင်းမုန့်ယောင်ရဲ့အပြစ်ပဲ။သူ(မ)ကြောင့်သာမဟုတ်ရင် သမီး ဒီလို အဆုံးသတ်မှာ မဟုတ်ဘူး။ဒါတွေအကုန်လုံး သူ(မ)အပြစ်တွေပဲ"
ရှောင်ကျီရွှမ်းက လင်းလော်ရဲ့ နင်းမုန့်ယောင်အပေါ် စွဲလမ်းမှုကို တွေးမိတော့ အမုန်းတရားတွေနဲ့ ပြည့်နှက်သွားသည်။
၎င်းက သူမတစ်ယောက်တည်း မဟုတ်ဘဲ လီလင်းအာ နင်းမုန့်ယောင်ရဲ့နာမည်ကို ကြားတဲ့အချိန် သူမလည်းပဲ ရွံရှာမုန်းတီးတဲ့ အမူအရာရှိသည်။သူမရဲ့ ခြံဝင်းထဲမှာ အကျယ်ချုပ်ချခံရပြီး အပြင်ထွက်ဖို့ နည်းလမ်းပျောက်ဆုံးသွားရတဲ့ အကြောင်းရင်းက အဲ့ဒီမိန်းမကြောင့်ပဲ။ထိုအခိုက်အတန့်တွက် ရှောင်ကျီရွှမ်းနဲ့ သူမအမေရဲ့ အမူအရာက ထူးထူးခြားခြား တူညီနေကြသည်။