အခန်း ၂၈၃
Vol. 12 Ch. 283
Chapter 283
ရှောင်ရီလင်းက သူတို့သားအမိရဲ့ စကားတွေကိုကြားတော့ မျက်ခုံးတွန့်သွားပြီး သူတို့ကို စိုက်ကြည့်ကာ
"တိတ်ကြစမ်း!မင်းတို့တွေ သူ(မ)အကြောင်းကို ဒီလိုပုံစံနဲ့ ပြောခွင့်မရှိဘူး"
ရှောင်ကျီရွှမ်းရဲ့မျက်နှာက အလွန်အံ့ဩသွားသည်။လီလင်းအာအတွက်ကတော့ သူမက မကျေမချမ်းမှုတွေနဲ့ ပြည့်နှက်ပြီး ရှောင်ရီလင်းကို စိုက်ကြည့်ကာ
"ရှင်က တကယ်ပဲ အဲ့ဒီမိန်းမအကြောင်းကို တွေးနေတုန်းပဲလား?သူ(မ)နဲ့တူတဲ့ မိန်းမကို ရှာတွေ့တော့ အခု ရှင့်နှလုံးသားက လှုပ်ရှားသွားတယ်ပေါ့လေ။ရှင်က သူ(မ)ကို အိမ်တော်ဆီ ပြန်ခေါ်လာချင်လို့လား။ရှင် ချောင်ထျန်းချန်ဆီကနေတောင် လုယူရဲလို့လား ဟမ်!"
လီလင်းအာရဲ့စကားတွေက ပိုပိုပြီးတော့ ဆီလျော်မှုမရှိ ဖြစ်လာကာ ရှောင်ရီလင်းရဲ့မျက်နှာက ဆိုးဝါးသထက် ဆိုးဝါးလာခဲ့သည်။
"အမေ,အမေ အခု ရပ်ဖို့လိုတယ်နော်"
ရှောင်ကျီရွှမ်းက လီလင်းအာရဲ့ ပုခုံးကို အသာဆွဲလိုက်သည်။သူမက ရှောင်ရီလင်းရဲ့ဆိုးဝါးနေတဲ့ မျက်နှာအမူအရာကိုကြည့်ကာ စိုးရိမ်နေသည်။သူမအဖေ ဒီလောက်အထိ ဒေါသထွက်တာမျိုး သူမ တစ်ခါမှ မမြင်ဖူးပေ။
လီလင်းအာက ရှောင်ကျီရွှမ်းရဲ့လက်ကို ဘေးဖယ်ချလိုက်သည်။သူမက ရှောင်ရီလင်းကို စိုက်ကြည့်ပြီး
"ငါက ဘာလို့ ရပ်ရမှာလဲ?ရှောင်ရီလင်း ရှင့်မှာ လုပ်နိုင်စွမ်းရှိတယ်ဆိုရင် ရှေ့ဆက်သွားလိုက်လေ!"
ရှောင်ရီလင်းက ၎င်းကို ဆက်ပြီးတော့ သည်းမခံနိုင်တော့ချေ။ဝိုင်းကြည့်နေကြတဲ့ လူတွေကို လျစ်လျှူရှုပြီးတော့ သူ့လက်ကိုမြှောက်ကာ လီလင်းအာကို ပါးရိုက်လိုက်သည်။ထို ရိုက်ချက်က အလွန်အားပြင်းတာကြောင့် လီလင်းအာရဲ့မျက်နှာက ချက်ချင်း နီရဲယောင်ယမ်းသွား၏။သူမရဲ့ ပါးစပ်ထောင့်တွင် သွေးစလေးတောင် ရှိနေသေးသည်။
ဘေးပတ်ဝန်းကျင်က လူတွေက ထိုရိုက်ချက်ကြောင့် ရုတ်ရုတ်သဲသဲဖြစ်နေတာကို သတိပြုမိသွားကြသည်။သူတို့တွေက လီလင်းအာကို စိုက်ကြည့်နေတဲ့ ရှောင်ရီလင်းရဲ့ဒေါသထွက်နေတဲ့ မျက်လုံးတွေကို တွေ့ရသည်။သူတို့ ဘယ်လိုပဲကြည့်ကြည့် ၎င်းက ကြောက်စရာကောင်းတဲ့ ပုံစံပင်။
"ဟားဟား......ရှောင်ရီလင်း ရှင်က ကျွန်မကို အဲ့ဒီမိန်းမပျက်မအတွက်နဲ့ တကယ်ကြီး ပါးရိုက်တယ်ပေါ့လေ!သူ(မ)ကို ကျွန်မနေရာမှာ အစားထိုးချင်လို့လား!သူ(မ)က သူ(မ)အဖေ အရွယ်လောက်ရှိတဲ့ လူအိုကြီးကို သဘောကျမလားဆိုတာ ဘာလို့ ရှင် သွားမကြည့်တာလဲ!"
လီလင်းအာက သူမမျက်နှာကို လက်တစ်ဖက်ဖြင့် ဖုံးအုပ်ထားပြီး နင်းမုန့်ယောင်ရပ်နေတဲ့နေရာကို လက်ညှိုးထိုးကာ ဒေါသတကြီး ပြောလိုက်သညိ။
နင်းမုန့်ယောင်နဲ့ချောင်ထျန်းချန် ပြိုင်တူ မျက်မှောင်ကြုတ်သွားတယ်။သူတို့မှာ အလွန်ဆိုးဝါးတဲ့အမူအရာရှိနေတယ်။ဒီမိန်းမက အမှန်တကယ်ကို ရိုင်းစိုင်းတာပဲ။
"မြို့စားမင်းရှောင် ကျေးဇူးပြုပြီး ခင်ဗျားအမျိုးသမီးကို ထိန်းထားပါ။သူ(မ)ကို အခြားလူတွေကို လိုက်ကိုက်ခွင့်မပြုထားနဲ့"
ချောင်ထျန်းချန်က ထိုလင်မယားကို ကြည့်ပြီး သူ့အမူအရာက အုံ့မှိုင်းနေသည်။
ဘာအကြောင်းပြချက်ကြောင့်ပဲဖြစ်ဖြစ် သူတို့တွေက ထိုနှစ်ယောက်ပေါ်ကို စနက်ကြိုးမီးရှို့လိုက်သည်။ချောင်ထျန်းချန်က အလွန်ဒေါသထွက်နေတယ်။အထူးသဖြင့် ဘာကြောင့်လဲဆိုတော့ နင်းမုန့်ယောင်ကို အခြားလူတွေက မကောင်းကြောင်း ပြောတာကြောင့်ပဲ။
ရှောင်ကျီရွှမ်းက ထိန်းချုပ်လို့မရတော့တဲ့ မြင်ကွင်းကိုကြည့်ပြီး ခေါင်းကိုက်လာတယ်။သူမ လီလင်းအာဆီလာပြီးတော့ မကျေနပ်ချက်တွေ ဖွင့်ထုတ်တာကြောင့်ပဲ ကိစ္စတွေ ဒီလို ဖြစ်သွားလိမ့်မယ်လို့ လုံးဝ စိတ်မကူးမိဘူး။
"အဖေ,အမေက အဲ့ဒါကို တမင်ပြောတာ မဟုတ်ပါဘူး။အရမ်းဒေါသထွက်သွားလားဟင်"
ရှောင်ကျီရွှမ်းက အနည်းငယ် စိုးရိမ်နေပြီး သူမအမေကို ကြည့်ကာ ရှောင်ရီလင်းကို အသနားခံတဲ့မျက်ဝန်းများဖြင့် လှည့်ကြည့်လိုက်ပြီး
"အဲ့လိုလူမျိုးအတွက်နဲ့ မထိုက်တန်ပါဘူး"
ရှောင်ရီလင်းက အေးစက်စက် ရယ်မောလိုက်တယ်။
"ရှောင်ကျီရွှမ်း နင်ငယ်ငယ်တုန်းက ငါ နင့်ကို ပြောခဲ့ဖူးတာကို မေ့သွားပြီလား!သူ(မ)က သူငယ်ချင်းဟောင်းတစ်ယောက်နဲ့တူလို့ ငါ သူ(မ)ကို ခဏလောက် စိုက်ကြည့်ခဲ့တာ။ဒါပေမယ့် နင့်အမေကတော့ သွားပြီးတော့ အဓိပ္ပာယ်မရှိတာတွေအကုန်လုံး ပြောပစ်တယ်လေ။ဘယ်လောက် ရှက်ဖို့ကောင်းလိုက်တဲ့ အပြုအမူလဲ။အဲ့ဒါကို နင်က အခုထိ သူ(မ)အတွက် တောင်းပန်နေတုန်းလား!ကိစ္စတွေဘာလို့ ဒီအခြေအနေအထိ ရောက်သွားရတာလဲဆိုတာ နင် မသိဘူးလား!"
ရှောင်ကျီရွှမ်းရဲ့အမူအရာက အနည်းငယ် တောင့်တင်းသွားသည်။သူမက ရှောင်ရီလင်းကို အနေရခက်စွာကြည့်လိုက်ပြီး သူမရဲ့မျက်နှာကအနည်းငယ်ပူနေသည်။ဒီအဖြစ်အပျက်က သူမကြောင့် ဖြစ်ခဲ့တာပဲ။
ချောင်ထျန်းချန်က ဘယ်သူကြောင့် ထိုကိစ္စဖြစ်ရလဲဆိုတာ ဂရုမစိုက်ပေ။သူက လူအုပ်ကြီးကို အေးစက်စွာ ကြည့်လိုက်ပြီး
"မြို့စားမင်းရှောင် ခင်ဗျားရဲ့ ရှောင်အိမ်တော်က အခုတလော အရမ်းအေးချမ်းနေတယ်လို့ ခံစားရရင် ခင်ဗျားတို့ရဲ့ အရှုပ်ထုပ်ကိစ္စတွေကို ကျွန်တော်တို့ကို ဆက်ပြီးတော့ ဆွဲသွင်းနေလိုက်ပေါ့"
သူက သူတို့ကို ခြိမ်းခြောက်နေတာပဲ။ဒါပေမယ့် အဲ့တော့ ဘာဖြစ်လဲ!သူက မတူညီတဲ့လူတွေကို မတူညီတဲ့နည်းလမ်းတွေနဲ့ ဆက်ဆံမှာပဲ။
ရှောင်ရီလင်းရဲ့အမူအရာ တောင့်တင်းသွားတယ်။ဘယ်လိုအကြောင်းအရင်းကြောင့်ပဲဖြစ်ဖြစ် လူတွေအများကြီးရှေ့မှာ လူတစ်ယောက်က သူ့ကို ခြိမ်းခြောက်လိုက်တဲ့အတွက် သူ့ကို ပိုပြီးတော့ စိတ်တိုသွားစေသည်။
"စစ်သူကြီးချောင် မင်းရဲ့ စကားတွေက နည်းနည်းပြင်းထန်သွားပြီ"
ရှောင်ရီလင်းက ချောင်ထျန်းချန်ကို အုံ့မှိုင်းစွာဖြင့် ကြည့်လိုက်သည်။
ချောင်ထျန်းချန်က ရှောင်ရီလင်းကို တစ်ချက်ကြည့်လိုက်ပြီး
"ကျွန်တော့်မိန်းမကို စော်ကားတဲ့လူတွေအတွက် ဒီလိုစကားတွေက ပြင်းထန်တယ်လို့ ယူဆလို့မရဘူး"
နင်းမုန့်ယောင်က ရှောင်ရီလင်းကို ကြည့်ပြီးတော့
"ကျွန်မက ရှင့်ရဲ့သူငယ်ချင်းဟောင်းနဲ့ တူနေလားဆိုတာ ဂရုမစိုက်ဘူး။ဒါပေမယ့် မြို့စားမင်းရှောင်က ကျွန်မရဲ့ဘဝကို မနှောင့်ယှက်ဖို့ မျှော်လင့်တယ်။ကျွန်မရဲ့ဘဝထဲမှာသာ အဆင်မပြေမှုတွေ ဖြစ်လာခဲ့ရင် အဲ့ဒီအခါကျ ကျွန်မတောင်မှ ကျွန်မ ဘာလုပ်မိမလဲဆိုတာ မသိဘူး"
နင်းမုန့်ယောင်ရဲ့အသံက နူးညံ့ပြီးတော့ဖျော့တော့တော့ဖြင့် အရိပ်ပမာအတိုင်းပင်။သူမစကားတွေထဲမှာ ဒေါသအရိပ်အယောင်မရှိသလို မလိုအပ်တဲ့စကားတွေလည်းမပါပေ။အေးစက်မှုသာ ရှိနေသည်။
ဒီလိုလေသံမျိုးကြောင့် လူအုပ်ကြီးက နင်းမုန့်ယောင်ကို အလိုအလျောက် လှမ်းကြည့်လိုက်ပြီး အလင်းရောင်အသစ်ကို ကြည့်နေတဲ့အတိုင်းပင်။သူမက လှပရုံတင်မကဘူး အေးစက်မှုလည်း ရှိနေသေးတယ်။
E-trans (T/N-စာရေးသူက MCကို တအားအမွှမ်းတင်တာပဲ!!မလိုအပ်တဲ့ ဗီလိန်တွေရဲ့နာမည်ကို အပြည့်အစုံတောင် မဖော်ပြထားဘူး။မျိုးရိုးပဲဖော်ပြထားတယ်။ငါတော့ ရေးရင်းနဲ့နောက်ပိုင်းဘယ်လိုတွေ ဆက်ဖြစ်မလဲဆိုတာ သိချင်လှပြီ)
Kikko(ကီကိုလေးလည်း နောက်ပိုင်းဇာတ်ကွက်တွေကို အရမ်းစိတ်ဝင်စားနေပါပြီနော်)