← Chapters

အခန်း ၂၈၄

Vol. 12 Ch. 284

အခန်း ၂၈၄

Vol. 12 Ch. 284

Chapter 284

ချောင်ထျန်းချန်ရဲ့ စောနတုန်းက စကားတွေက ရှောင်ရီလင်းကို ဒေါသထွက်စေပေမယ့် နင်းမုန့်ယောင်ရဲ့စကားတွေကတော့ ရှောင်ရီလင်းကို ဘာပြောရမှန်းမသိ ဖြစ်သွားစေသည်။

"ငါက ဒီအတိုင်း......."

"ရှင်ဘာတွေ တွေးနေလဲဆိုတာ ကျွန်မ ဂရုမစိုက်ဘူး။ရှင် ကျွန်ရဲ့ဘဝကို မနှောင့်ယှက်ဖို့ပဲ မျှော်လင့်ပါတယ်"

နင်းမုန့်ယောင်က ရှောင်ရီလင်းကို တစ်ချက်ကြည့်လိုက်ပြီး ကြားဖြတ်ပြောလိုက်သည်။

ရှောင်ရီလင်းက နင်းမုန့်ယောင်ကို ခဏလောက် ကြည့်ပြီးတဲ့နောက် တိတ်တဆိတ် ခေါင်းငြိမ့်လိုက်သည်။

"နားလည်ပြီ"

"အဲ့လို မျှော်လင့်ပါတယ်။ဒီတစ်ခေါက်တော့ သူတို့ရဲ့လုပ်ရပ်တွေကို ကျွန်မ မေ့ပေးထားမယ်။ဒါပေမယ့် နောက်တစ်ခါဆိုတာ ရှိလာခဲ့ရင် ရန်လိုလို့ဆိုပြီး ကျွန်မကို အပြစ်မတင်နဲ့"

လူမြင်ကွင်းမှာ လက်ညှိုးထိုးခံရပြီးတော့ အပြောအဆိုခံထားရတာကြောင့် သူမရဲ့စိတ်ခံစားချက်က ကောင်းမွန်မ‌နေပေ။

ရှောင်ရီလင်းက အသာလေး သက်ပြင်းချလိုက်ပြီး အကူအညီမဲ့စွာဖြင့် ခေါင်းငြိမ့်ကာ

"ငါ သူတို့ကို သေချာထိန်းချုပ်ထားပါ့မယ်"

"အဲ့ဒါက ကျွန်မနဲ့ဘာမှမဆိုင်ဘူး"

နင်းမုန့်ယောင်က ရှောင်ရီလင်းနဲ့ စကားပြောချင်စိတ် မရှိတော့တာကြောင့် ခေါင်းလှည့်သွားသည်။

ရှောင်ရီလင်းရဲ့ခန္ဓာကိုယ်က အနည်းငယ်တောင့်တင်းသွားပြီး နောက်ဆုံးမှာတော့ အာရုံထွေပြားစွာဖြင့် သူ့ထိုင်ခုံဆီ ပြန်သွားခဲ့သည်။

လီလင်းအာက ရှောင်ရီလင်းရဲ့ စိတ်ထွေပြားနေတဲ့ပုံစံကိုကြည့်ပြီး မတတ်နိုင်ဘဲ ကျယ်လောင်စွာ ရယ်မောလိုက်ကာ သူမရဲ့ ရူးသွပ်တဲ့အပြုအမူက လူတွေရဲ့အမူအရာကို ဆိုးဝါးသွားစေသည်။

ရှောင်ရီလင်းက နက်နက်ရှိုင်းရှိုင်း မျက်မှောင်ကြုတ်လိုက်ပြီး သူ့မျက်ခုံးတွေက အတူတကွ ရောစပ်နေပုံရကာ

"လီလင်းအာ မင်းရူးနေတယ်ဆိုရင် ထွက်သွားလိုက်တော့။လူတွေအများကြီးရှေ့မှာ မင်းကိုယ်မင်း အရှက်ခွဲမနေနဲ့"

လီလင်းအာ နှာခေါင်းရှုံ့လိုက်သည်။သူမရဲ့ ထိုင်ခုံဆီကို လျှောက်သွားပြီး‌တော့ သူမရဲ့ ကြော့ရှင်းတဲ့အမူအရာက စောနတုန်းက ကြွက်စုတ်လိုမျိုး အမူအရာဖြင့် လုံးဝ ကွဲပြားသွားပုံရသည်။

ရှောင်ကျီရွှမ်းက အသာလေးသက်ပြင်းချလိုက်ပြီး လင်းလော်ဘေးနားကို ပြန်သွားသည်။သူမရဲ့မျက်လုံးတွေထဲမှာ စိတ်မကျေနပ်မှုနဲ့သံသယအချို့ ရှိနေသည်။

သူမရဲ့အဖေက နင်းမုန့်‌ယောင်နဲ့ပြင်းပြင်းထန်ထန် ပတ်သက်နေတယ်လို့ သူမ ခံစားရတယ်။သူမ မြင်လိုက်ရတာကို အခြေခံပြီးပြောရမယ်ဆိုရင် နင်းမုန့်ယောင်က ရှောင်ရီလင်းကို အမှန်တကယ် မုန်းတီးနေပေမယ့် သူကတော့ နင်းမုန့်ယောင်ကို တွေ့ချင်နေတုန်းပဲ။

ဒီလိုအတွေးမျိုးက ရှောင်ကျီရွှမ်းရဲ့ သံသယတွေကို ပိုမိုပြင်းထန်လာစေပြီး နင်းမုန့်ယောင်ရှိတဲ့နေရာကို တစ်ချက်ကြည့်လိုက်သည်။ရှောင်ကျီရွှမ်းရဲ့မျက်နှာပေါ်မှာ ထူးဆန်းမှု‌တွေအားလုံး ရေးခြယ်ထားသည်။

စောနတုန်းက နင်းမုန့်ယောင်ရဲ့ တုံ့ပြန်မှုကလည်း ထူးဆန်းတယ်။ကြည့်ရတာ သူမက တစ်ခုခု သိနေပုံပဲ။ဘယ်လောက် ထူးဆန်းလိုက်လဲ။

လေထုက အခု ပိုပြီးတော့ ထူးဆန်းလာပြီး လူအချို့က အကြည့်ချင်း ဖလှယ်နေကြသည်။

ဒီလိုမျိုး မွန်းကြပ်တဲ့လေထုမှာ မြင်ကွင်းကို ကယ်တင်ပေးနိုင်မယ့် အသံတစ်သံ ထွက်ပေါ်လာသည်။

"အရှင်မင်းကြီး ရောက်ရှိလာပါပြီ"

လူအုပ်ကြီးက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး အမြန်ပဲ မြေကြီးပေါ် ဒူးထောက်လိုက်ကြသည်။

"အရှင်မင်းကြီးကို ဂါရဝပြုပါတယ်"

"အားလုံးပဲ ထကြပါ"

ရှောင်ချီဖုန်းက သူ့ထိုင်ခုံမှာထိုင်လိုက်ပြီး အောက်ကလူတွေကိုကြည့်ကာ မျက်ဝန်းတွေ မှေးကျဉ်းသွားသည်။

ရှောင်ချီထျန်းက အနည်းငယ် နောက်ကျမှ ရောက်လာခဲ့ပြီး ဦးညွှတ်အလေးပြုလိုက်သည်။

"အစ်ကိုတော်ကို ဂါရဝပြုပါတယ်"

"ထတော့"

ရှောင်ချီထျန်းက ရှောင်ချီဖုန်းကို ပြုံးပြလိုက်သည်။သူက နင်းမုန့်ယောင်နားကို လျှောက်သွားပြီး ထိုင်လိုက်၏။သူက နင်းမုန့်ယောင်ဘေးနားကနေ ညင်သာစွာ စကားပြောလိုက်သည်။

"မုန့်ယောင် အစ်ကိုတော်က မင်းကို သူ့အတွက် စောင့်ကြည့်ပေးပြီးတော့ သင့်တော်တဲ့ ဧကရီ ရွေးပေးဖို့ မျှော်လင့်နေတယ်"

နင်းမုန့်ယောင်က ရှောင်ချီထျန်းကို ကြည့်ကာ မျက်မှောင်ကြုတ်သွားပြီး

"ရှင် မှားမပြောမိဘူးဆိုတာ သေချာရဲ့လား?"

သူ့အတွက် ရွေးချယ်ပေးဖို့ သူမကို အကူအညီတောင်းတယ်ပေါ့လေ။သူမက ရုပ်ဆိုးတဲ့တစ်ယောက်ယောက်ကို ရွေးလိုက်မှာ မကြောက်ဘူးလား?

ရှောင်ချီထျန်းက အသေအချာ ခေါင်းငြိမ့်လိုက်ပြီး

"ငါ့အစ်ကိုကပြောတယ်။သူ မင်းရဲ့ အကြိုက်ကို ယုံကြည်တယ်တဲ့"

နင်းမုန့်‌ယောင်‌က ကူကယ်ရာမဲ့ခံစားရပြီး သူမရဲ့ နားထင်ကို ပွတ်သပ်ကာ ချောင်ထျန်းချန်ဘက် လှည့်ကြည့်လိုက်သည်။

"ထျန်းချန် ကျွန်မတော့ ဒီမှာရှိနေတဲ့ မိန်းကလေးတွေအားလုံးရဲ့ ဘုံရန်သူကြီးဖြစ်လာတော့မယ်လို့ သေချာပေါက် ခံစားနေရတယ်"

ချောင်ထျန်းချန်က သူ့မျက်ခုံးတွေကို ပင့်လိုက်ပြီး

"မင်းကို ဘယ်သူ ထိရဲလဲ"

နင်းမုန့်ယောင်က ချောင်ထျန်းချန်ရဲ့တုံ့ပြန်မှုကို သ‌ဘောကျသွားသည်။

ရှောင်ချီထျန်းက မကြာခဏ သူတို့ရဲ့ချစ်ကြည်နူးမှုကို ဖော်ပြလေ့ရှိတဲ့ သူ့ရှေ့က လူနှစ်ယောက်ကို ကြည့်ကာ ပြောစရာစကား ကင်းမဲ့သွားသည်။သူက မတတ်နိုင်ဘဲ စိတ်အားငယ်သွားကာ

"ငါပြောမယ် ငါ့လို တစ်ကိုယ်တည်းသမားလေးက ဒီနေရာမှာ ရှိနေတုန်းပဲဆိုတာ မင်းတို့နှစ်ယောက် စဉ်းစားမပေးသင့်ဘူးလား"

"ရှင် ဒီနေ့ အခွင့်အရေးကို ဖမ်းဆုပ်ပြီးတော့ တစ်ယောက်ရအောင် လုပ်လိုက်လေ။ပြီးရင် ကျွန်မတို့ရှေ့လာပြီးတော့ ချစ်ကြည်နူးပြပေါ့"

နင်းမုန့်‌ယောင်‌က လုံးဝဂရုမစိုက်ဘဲ ပြောလိုက်သည်။

ဒါပေမယ့် ရှောင်ချီထျန်းက အထင်သေးစွာဖြင့် နှာခေါင်းရှုံ့လိုက်ပြီး

"ငါ အဲ့ဒါကို မမျှော်လင့်ဘူး"

သူနဲ့ စိတ်သဘောထားတူညီတဲ့ အမျိုးသမီးတစ်ယောက် မရှာနိုင်မှတော့ သူက ဘာလို့ တစ်ယောက်လောက် လိုချင်ရမှာလဲ?ဘယ်လိုပဲဖြစ်ဖြစ် သူ့အစ်ကိုတော်က ထီးနန်းကို ခိုင်ခံ့အောင်လုပ်ဖို့အတွက် သူ့ကို မလိုအပ်ဘူးလေ။

သူ့အစ်ကိုတော်နဲ့ချောင်ထျန်းချန်ရှိနေရင် သူ လုပ်ချင်တာ ဘာမဆို လုပ်နိုင်တယ်။

နင်းမုန့်‌ယောင်‌က သူ့ကို မျက်စောင်းထိုးလိုက်ပြီး

"ရှင်က အဲ့ဒါကို မမျှော်လင့်ဘူးဆိုမှတော့ ဒီနေရာမှာ မနာလိုနေတာ ရပ်လိုက်တော့"

ရှောင်ချီထျန်းက နင်းမုန့်ယောင်ကို ဆွံ့အသွားတဲ့ အမူအရာဖြင့်ကြည့်ကာ

"မင်းတို့ရဲ့ ချစ်ကြည်နူးပြ‌နေတာတွေ အားလုံးကို ငါ့ရှေ့မှာဆိုရင် ရပ်လိုက်လို့ မရဘူးလား"

"မရဘူး" နင်းမုန့်ယောင်နဲ့ချောင်ထျန်းချန်က တစ်ပြိုင်နက်တည်း ပြောလိုက်သည်။

ရှောင်ချီထျန်းက ပိုပြီးတော့ စိတ်မချမ်းမသာဖြစ်သွားပြီး

"မင်းတို့နှစ်ယောက်လုံး ဒီလောက်ဆို လုံလောက်နေပြီ"

နင်းမုန့်ယောင်က ပြုံးလိုက်ပြီး ရှောင်ချီထျန်းကိုကြည့်ကာ

"ကျွန်မတို့က တစ်ကိုယ်တည်းသမားတွေကို နှိပ်စက်ဖို့ ဒီနေရာကို ကွက်တိရောက်နေတာလေ"

ရှောင်ချီထျန်းက ပြောစရာာစကားကင်းမဲ့စွာဖြင့် သူ့ခေါင်းကို အမြန်လှည့်သွားသည်။သူ ဒီအမျိုးသမီးနဲ့ စကားပြောတာရပ်လိုက်တာ ပိုကောင်းတယ်။နောက်ဆုံးတော့ သူက သူမရဲ့ ပြိုင်ဖက်မဟုတ်ဘူး။

All Chapters