← Chapters

အခန်း ၂၈၅

Vol. 12 Ch. 285

အခန်း ၂၈၅

Vol. 12 Ch. 285

Chapter 285

ချောင်ထျန်းချန်က သူတို့နှစ်ယောက်စကားပြောနေတာကို အေးအေးဆေးဆေးပဲ ကြည့်‌နေလိုက်သည်။သူ့ရဲ့မျက်လုံးတွေထဲမှာ ပျော်ရွှင်မှု‌များ ရှိနေသည်။

"ထျန်းချန် မင်း မင်းမိန်းမကို သေချာထိန်းထားတာ ပိုကောင်းမယ်၊သူ(မ)က ငါ့ကို ဘယ်လို အနိုင်ကျင့်ရမလဲဆိုတာပဲ သိတာ"

ခဏကြာပြီးတဲ့နောက် ရှောင်ချီထျန်းက စိတ်ဓာတ်ကျနေတဲ့အမူအရာဖြင့် ချောင်ထျန်းချန်ကို ကြည့်ကာ ပြောလိုက်သည်။

ချောင်ထျန်းချန်က ရှောင်ချီထျန်းကို အံ့ဩစွာဖြင့် ကြည့်လိုက်ပြီး

"အဲ့ဒါဆို မင်းက ယောကျာ်းကောင်းလုပ်ပြီးတော့ အနိုင်ကျင့်တာ ခံလိုက်လေ။ငါ စိတ်ထဲမထားပါဘူး"

ရှောင်ချီထျန်း သွေးအန်လုနီးပါးပင်။

"ဒါပေမယ့် ငါ ဂရုစိုက်တယ်လေ"

"အဲ့ဒါဆိုရင် မင်း စကားမပြောဖို့ ရွေးချယ်လို့ရတယ်"

ရှောင်ချီထျန်းက စုံတွဲကို တုန်ယင်နေတဲ့ လက်ချောင်းတွေဖြင့် လက်ညှိုးထိုးလိုက်သည်။သူ့ပါးစပ်ထောင့်တွေက တဆတ်ဆတ် တုန်ခါနေပြီး တိတ်ဆိတ်စွာနဲ့ပဲ ခေါင်းလှည့်သွားသည်။

ဒီကောက်ကျစ်တဲ့လင်မယားဆီက‌နေ တတ်နိုင်သမျှ ဝေးဝေးနေတာ ပိုကောင်းတယ်။၎င်းက သူ အနိုင်ကျင့်နှိပ်စက်ခံရတာကနေ ကယ်တင်ပေးနိုင်တယ်။

နင်းမုန့်ယောင်က ရှောင်ချီထျန်းကို ကြည့်လိုက်ပြီး အကူအညီမဲ့စွာဖြင့် ခေါင်းရမ်းကာ

"ရှင် ဒီလို နှုတ်စလျှာစမျိုးနဲ့ ဒီလောက်ကြီးမားတဲ့ စီးပွားရေးကို ဘယ်လို စီမံခန့်ခွဲလဲဆိုတာ ကျွန်မသိချင်မိတယ်"

ရှောင်ချီထျန်းက နင်သွားပြီး ဘာမှပြန်မပြောနိုင်ပေ။ခဏကြာပြီးတဲ့နောက်မှသာ သူ့ပါးစပ်တွေကို ဖွင့်ပြီးတော့

"ငါက ပါရမီရှင်လေ။မင်းတို့ ကောက်ကျစ်တဲ့စုံတွဲနဲ့ ကြုံတဲ့အချိန်မှသာ ငါက ဒီလိုမျိုးဖြစ်သွားတာ။ဟုတ်ပြီလား"

နင်းမုန့်‌ယောင်‌က မျက်ခုံးတွေပင့်ပြီးတော့ ရှောင်ချီထျန်းကို ကြည့်ကာ

"ရှင့်ရဲ့ ညံ့ဖျင်းမှုကို တခြားလူတွေကို အပြစ်မတင်သင့်ဘူးနော်"

ရှောင်ချီထျန်း နင်းမုန့်‌ယောင်ကို ကြည့်လိုက်တယ်။သူ ဒီတစ်ခေါက်တော့ အမှန်တကယ် သူ့ပါးစပ်ကို ပိတ်ထားပြီး အဲ့ဒီမိန်းမကို စကားပြောနေတာ ရပ်လိုက်တော့မယ်။

နင်းမုန့်‌ယောင်‌ စကားပြောဖို့ အရှုံးပေးလိုက်တဲ့ အချိန်မှာပဲ အပြင်ဘက်ကနေ ကြားနိုင်တဲ့ ကြေညာချက်တစ်ခု ထွက်ပေါ်လာသည်။

"လင်,အင်ပါယာရဲ့ မင်းသားနဲ့မင်းသမီး ရောက်ရှိလာပါပြီ"

"ဖုန်းအင်ပါယာရဲ့ မင်းသား ရောက်ရှိလာပါပြီ"

"ဟိုင်အင်ပါယာရဲ့မင်းသား(၃)ရောက်ရှိလာပါပြီ"

ဆက်တိုက်ထွက်ပေါ်လာတဲ့ အသံတွေကြောင့် ရှောင်အင်ပါယာရဲ့ အထက်တန်းလွှာတွေက ဉယျာဉ်တံခါးပေါက်ကို ကြည့်လိုက်ကြသည်။နန်ကုန်းချီနဲ့သူ့ညီမက ရှေ့ဆုံးက ဝင်လာခဲ့ပြီး သူတို့နောက်တွင် ဖုန်းအင်ပါယာရဲ့မင်းသား ဖြစ်သည်။နင်းမုန့်ယောင်က ဖုန်းအင်ပါယာရဲ့ မင်းသားကို မြင်တော့ မတတ်နိုင်ဘဲ မျက်ခုံးတွန့်သွား၏။သူမ သူ့ကို ရင်းနှီးနေတယ်လို့ ခံစားမိသည်။

ဒါပေမယ့် တစ်ဖက်လူကို လေ့လာအကဲဖြတ်ပြီးတဲ့နောက် သူမ အမှန်တကယ်ပဲ အဲ့ဒီလူကို မသိဘူးဆိုတာ သဘောပေါက်သွားသည်။

ဒါပေမယ့် သူ့ရဲ့ ပင်ကိုစရိုက်က သူမကို တစ်စုံတစ်ယောက်အား တွေးမိသွားစေသည်။

ချောင်ထျန်းချန်က နင်းမုန့်ယောင် ဖုန်းအင်ပါယာရဲ့မင်းသားကို စိုက်ကြည့်‌နေတာ တွေ့ရတော့ သူလည်း ထိုမင်းသားကို လှမ်းကြည့်လိုက်သည်။သူ(ဖုန်းအင်ပါယာရဲ့မင်းသား)က အမှန်တကယ်ကို လူကြီးလူကောင်းတစ်ယောက်ဖြစ်ပြီး သူ့မျက်နှာပေါ်တွင် နွေးထွေးတဲ့အပြုံးဆင်မြန်းထားပေမယ့် သူ့မျက်လုံးတွေက အေးစက်မှုနှင့်စိမ်းကားမှုများဖြင့် ပြည့်နှက်နေသည်။

"ဘာဖြစ်လို့လဲ"

နင်းမုန့်‌ယောင်က ခေါင်းရမ်းလိုက်သည်။

"ဒီဖုန်းအင်ပါယာက မင်းသားက ကျွန်မသိတဲ့ လူတစ်ယောက်နဲ့ တူလို့ပါ၊သူတို့ရဲ့ အကျင့်စရိုက်တွေက အတူတူပဲ ဒါပေမယ့် သူတို့ရဲ့ပုံစံကတော့ လုံးဝ ကွဲပြားတယ်"

"အဲ့လိုပဲလေ။ဖုန်းအင်ပါယာရဲ့မင်းသားက ဒီလူတွေကြားထဲမှာ လျှို့ဝှက်ဆန်းကြယ်မှုအဖြစ်ဆုံးလူပဲ။ဖုန်းအင်ပါယာက လူတွေတောင်မှ သူ့ကို သေချာမသိကြဘူး။သိတဲ့လူတွေကလည်း သေကုန်ကြပြီလို့ ပြောကြတယ်"

ချောင်ထျန်းချန်က ဖုန်းအင်ပါယာရဲ့မင်းသားကိုကြည့်ကာ အတွေးနစ်နေရင်း ပြောလိုက်သည်။

နင်းမုန့်‌‌ယောင် သဘောတူလိုက်တယ်၊ဒါပေါ့ သူမသိတယ်။

"ထားလိုက်ပါတော့။ဘာပဲဖြစ်ဖြစ် ကျွန်မတို့ တစ်ယောက်နဲ့တစ်ယောက် သိကြတာမှ မဟုတ်တာ"

အဲ့ဒီနောက် သူမက ခေါင်းငုံ့သွားသည်။

ဖုန်းအင်ပါယာရဲ့မင်းသား ဖုန်းရှို့က ရုတ်တရက် သူ့ခေါင်းကို လှည့်လာပြီး သူမခေါင်းငုံ့လိုက်တဲ့အချိန်ကို မြင်သွားသည်။သူ့ရဲ့ နူးညံ့ပေမယ့်အေးစက်နေတဲ့ မျက်လုံးတွေထဲမှာ ရိုးသားတဲ့အပြုံးတစ်ခု ရုတ်တရက် ဖြတ်သန်းသွားသည်။

ဒါပေမယ့် ချောင်ထျန်းချန်ကို မြင်တဲ့အခါမှာတော့ သူ မျက်မှောင်ကြုတ်သွား၏။သူ့မျက်နှာပေါ်က အပြုံးက ချက်ချင်းပျောက်ကွယ်သွားသည်။

"နန်ကုန်းချီ(နန်ကုန်းယွဲ့) ဧကရာဇ်ရှောင်ကို ဂါရဝပြုပါတယ်"

"လင်အင်ပါယာရဲ့ မင်းသားနဲ့မင်းသမီးက တအားယဉ်ကျေးနေဖို့ မလိုပါဘူး"

ရှောင်ချီဖုန်းရဲ့မျက်နှာက ပြုံးနေပေမယ့် သူ့မျက်ဝန်းတွေကတော့ တည်ငြိမ်နေသည်။

"ဖုန်းရှို့ ဧကရာဇ်ရှောင်ကို ဂါရဝပြုပါတယ်"

ဖုန်းရှို့က ဦးညွှတ်လိုက်သည်။

"ဖုန်းအင်ပါယာရဲ့မင်းသားက အရမ်းယဉ်ကျေးလွန်းနေပါပြီ။ထိုင်ခုံမှာ ထိုင်ပါ"

"ဧကရာဇ်ရှောင်ကို ကျေးဇူးတင်ပါတယ်"

ဖုန်းရှို့က သူ့ထိုင်ခုံဆီ လျှောက်သွားသည်။သူ့ထိုင်ခုံက တိုက်ဆိုင်စွာဖြင့် နင်းမုန့်ယောင်နဲ့ချောင်ထျန်းချန်ရဲ့ ဆန့်ကျင်ဘက်မှာ ရှိနေသည်။

ဆန့်ကျင်ဘက်ခြမ်းက အကြည့်က နင်းမုန့်‌ယောင်ကို မျက်မှောင်ကြုတ်သွားစေသည်။သူမက အလိုအလျောက် ခေါင်းမော့ကြည့်လိုက်ပေမယ့် သံသယတွေကလွဲလို့ အခြားဘာမှမတွေ့ပေ။

"အားလုံးအဆင်ပြေတယ်နော်"

ချောင်ထျန်းချန်က သူ့လက်ကို ဆန့်ထုတ်ကာ သူမရဲ့ လက်ကို ညှစ်လိုက်ပြီး သူမကို နှစ်သိမ့်ဖို့ ကြိုးစားသည်။

နင်းမုန့်‌ယောင်က အသိအမှတ်ပြုပြီး ပြုံးပြလိုက်သည်။

"ပွဲတော်ကို စကြမယ်"

ရှောင်ချီဖုန်းက သူ့ဘေးနားကလူကို တစ်ချက်ကြည့်လိုက်ပြီး ထိုလူက ချက်ချင်းပဲ သဘောပေါက်ကာ ခေါင်းငြိမ့်လိုက်သည်။

ပွဲအခမ်းအနား စတင်ပြီဖြစ်ပြီး ကွင်းလယ်ခေါင်ထဲတွင် ကချေသည်များနှင့်သီဆိုသူများ ရှိသည်။သိပ်မကြာခင်မှာပဲ ၎င်းက ဂုဏ်သရေရှိအထက်တန်းလွှာမိသားစုတွေရဲ့ သမီးတွေအားလုံး တစ်ယောက်ချင်းဆီ ဖျော်ဖြေရမယ့် အပိုင်းရောက်ရှိသွားသည်။

ဝေ့ကျစ်ရှင်းရဲ့အလှည့်တွင် သူမက သံစဉ်တစ်ခု တီးခတ်သည်။၎င်းက ကောင်းမွန်ပြီးတော့ ဝေ့ခဲ့ရှင်းရဲ့ အကြည့်က ဝေ့ကျစ်ရှင်းအပေါ် ကျရောက်သွားစဉ်တွင် သူမ(ဝေ့ခဲ့ရှင်း)ရဲ့ အမူအရာ ပြောင်းလဲသွားစေသည်။

သူမ ဝေ့ကျစ်ရှင်းရဲ့ လုပ်နိုင်စွမ်းတွေကို သိတယ်။ဒါပေမယ့် အခု........ နောက်ဆုံးတော့ ဝေ့ကျစ်ရှင်းက ၎င်းကို လျှို့ဝှက်ချက်တစ်ခုအနေဖြင့် သိမ်းဆည်းထားခဲ့တယ်ဆိုတာ ဝေ့ခဲ့ရှင်း သဘောပေါက်သွားတယ်။သူမ(ဝေ့ကျစ်ရှင်း)ရဲ့ ဒုံမင်းတီးခတ်မှုက သူမ(ဝေ့ခဲ့ရှင်း)ထက် အားမနည်းပေ။

စင်ပေါ်က ဝေ့ကျစ်ရှင်းက ဝေ့ခဲ့ရှင်းရဲ့ ပြောင်းလဲသွားတဲ့ အမူအရာကို မြင်ရတော့ ဝမ်းသာသွားပေမယ့် သူမကို အခု ပြဿနာရှာချင်စိတ် မရှိသေးပေ။သူမက အဲ့ဒီနောက် နင်းမုန့်ယောင်ဘက်ကို လှည့်ပြီးတော့

"ရှန့်ကျန့်ကျွင်းရဲ့ဇနီးသည်က ကျွန်မနဲ့ ပြိုင်ဖို့ဆန္ဒရှိရဲ့လားဆိုတာ သိချင်မိပါတယ်"

All Chapters