အခန်း ၂၈၆
Vol. 12 Ch. 286
Chapter 286
ဝေ့ကျစ်ရှင်း ပြောပြီးတဲ့နောက် လူအုပ်ကြီးရဲ့အကြည့်တွေက နင်းမုန့်ယောင်ဆီ လှည့်လာကြသည်။
နင်းမုန့်ယောင်က သူမလက်ထဲက ဝိုင်ခွက်ဝှေ့ရမ်းပြီးတော့ ဝေ့ကျစ်ရှင်းကို ခပ်ဖွဖွပြုံးကာ ကြည့်လိုက်ပြီး သူမရဲ့ ပါးစပ်ထောင့်မှာ သိသာတဲ့ လှောင်ပြောင်သရော်မှူရှိနေသည်။
"ငါက ဘာလို့ နင်နဲ့ပြိုင်ရမှာလဲ"
"နင် ငါနဲ့ မပြိုင်ရဲတာလား ဒါမှမဟုတ် ဘယ်လိုတီးခတ်ရမလဲဆိုတာ နင် မသိလို့လား?အဲ့လိုသာဆိုရင် စစ်သူကြီးရဲ့ဘေးနားမှာ ရပ်နေဖို့ နင့်မှာ ဘာအရည်အချင်းတွေရှိလဲ"
ဝေ့ကျစ်ရှင်းက နည်းလမ်းတကျ ပြောလိုက်သည်။
ရှောင်ချီဖုန်းနဲ့သူ့ညီက ဝေ့ကျစ်ရှင်းကို ထူးဆန်းတဲ့ပုံစံဖြင့် ကြည့်လိုက်ပြီး သူမက ချောင်ထျန်းချန်ကို အရူးအမူးစွဲလမ်းမှုနဲ့ကြည့်နေတာ မြင်ရတော့ သူမက ချောင်ထျန်းချန်ကို သဘောကျတာကြောင့် ဒီလိုစကားမျိုးတွေ ပြောတယ်ဆိုတာ သူတို့ချက်ချင်း သဘောပေါက်သွားသည်။
ချောင်ထျန်းချန်က ဝေ့ကျစ်ရှင်းကို ကြည့်လိုက်ပြီး
"ခွေးက ကြွက်ကို လိုက်ဖမ်းတယ်၊အခြားလူတွေရဲ့ ကိစ္စတွေမှာ ဝင်ရှုပ်နေတာပဲ"
"စစ်သူကြီးချောင် ရှင်......"
ဝေ့ကျစ်ရှင်းရဲ့ အမူအရာ ပြောင်းလဲသွားတယ်။သူမ ချောင်ထျန်းချန်ကို ပြသခဲ့တဲ့ ကြင်နာတဲ့ရည်ရွယ်ချက်တွေက အပြန်အလှန်တုံ့ပြန်မှု မရှိဘဲ သူပြောတဲ့စကားတွေက သူမကို ဖြတ်ရိုက်လိုက်တဲ့အတိုင်းပင်။ဒီလိုမျိုး ဖြစ်လာလိမ့်မယ်လို့ သူမလုံးဝ စိတ်ကူးမထားမိပေ။
ချောင်ထျန်းချန်က အစတုန်းက ဆက်ပြောချင်ပေမယ့် နင်းမုန့်ယောင်က တားလိုက်ပြီး သူမကို ဝေ့ကျစ်ရှင်းကို ခပ်ဖျော့ဖျော့ ပြုံးပြကာ
"နင် ပြောချင်တဲ့ အဓိပ္ပာယ်က နင့်လို လက်ယာအမတ်ကြီးအိမ်တော်ရဲ့ တရားဝင်ဇနီးသည်က မွေးတဲ့ ဒုတိယသမီးက ထျန်းချန်အတွက် အသင့်တော်ဆုံးပေါ့လေ"
"အဲ့ဒါမဟုတ်လို့လား"
ဝေ့ကျစ်ရှင်းရဲ့ မျက်နှာက မောက်မာမှုဖြင့် ပြည့်နှက်နေပြီး နင်းမုန့်ယောင်ကို အထင်မြင်သေးစွာ ကြည့်နေခဲ့သည်။
နင်းမုန့်ယောင်က ရယ်လိုက်ပြီး သူမရဲ့မျက်နှာတွင် လှောင်ပြောင်သရော်မှုတစ်ခု ရှိနေသည်။
"လက်ယာအမတ်ကြီးအိမ်တော်က သခင်မငယ်လေးက အရှက်မရှိဘူးဆိုတာ ကျွန်မ မသိခဲ့ဘူး။တခြားလူရဲ့ခင်ပွန်းကို သဘောကျနေတယ်တဲ့"
ဝေ့ကျစ်ရှင်းက သူမကိုယ်သူမ အခြားအင်ပါယာက သံတမန်များနှင့် လူတွေအများကြီးရှေ့မှာ အရှက်ခွဲခဲ့သည်။
ထိုစကားတွေ ပြောလိုက်တာနဲ့ လက်ယာအမတ်အိမ်တော်တစ်ခုလုံး ဒီကိစ္စထဲ ဆွဲသွင်းခံလိုက်ရသည်။ရှောင်ချီထျန်းက ခပ်ဖျော့ဖျော့ ပြုံးပြီးတော့
"ဟုတ်တာပေါ့။ဒီသခင်မလေးရဲ့ ကြီးပြင်းလာမှုက ငါ့အတွက် အမှန်တကယ်ကို မျက်စိပွင့်သွားစေတယ်"
အမတ်ဝေ့ရဲ့ အမူအရာက ပြောင်းလဲသွားပြီး နေရခက်တဲ့အမူအရာဖြစ်နေကာ အတိုချုပ်ရမယ်ဆိုရင် ၎င်းက သူ့အတွက် မကောင်းပေ။
သူက ဝေ့ကျစ်ရှင်းကို ဒေါသတကြီး စိုက်ကြည့်လိုက်တယ်။ ဝေ့ကျစ်ရှင်းက အရမ်း ရဲတင်းပြီး လူတွေအများကြီးရှေ့မှာ ဒီလိုစကားမျိုးတွေ တကယ်ပြောလာလိမ့်မယ်လို့ သူ လုံးဝ မထင်ထားခဲ့ဘူး။
ဖုန်းရှို့က ဝေ့ကျစ်ရှင်းက ကြည့်ကာ အသာလေး ပြုံးလိုက်ပြီး
"ရှောင်အင်ပါယာက အမျိုးသမီးတွေက အမှန်တကယ်ပဲ သူတို့ရဲ့ ဂုဏ်သတင်းနဲ့ ကိုက်ညီလှပါပေတယ်"
ရှောင်ချီဖုန်းရဲ့အမူအရာ ပြောင်းလဲသွားပြီး သူ့အကြည့်က ဖြည်းဖြည်းချင်း အေးစက်သွားကာ ဝေ့ကျစ်ရှင်းကို ရွံ့ရှာစွာ ကြည့်လိုက်သည်။
ဝေ့ခဲ့ရှင်းက ရှောင်ချီဖုန်းရဲ့ပြောင်းလဲသွားတဲ့ မျက်နှာထားကိုကြည့်ပြီး သူမရဲ့အမူအရာက ချက်ချင်း တောင့်တင်းသွားသည်။ဝေ့ကျစ်ရှင်းရဲ့လုပ်ရပ်တွေက ရှောင်ချီဖုန်းကို အလွန်စိတ်မကျေမနပ်ဖြစ်သွားစေတယ်ဆိုတာ သူမသိသည်။ဒါသာ ဆက်လုပ်ဆောင်နေရင် အဆုံးမှာ သူမကပဲ ကံဆိုးတဲ့လူ ဖြစ်သွားလိမ့်မယ်။
"ကျွန်မ........ကျွန်မ ဆိုလိုချင်တာ အဲ့အဓိပ္ပာယ်မဟုတ်ဘူး။ကျွန်မက ရှန့်ကျန့်ကျွင်းရဲ့ဇနီးနဲ့ ယှဉ်ပြိုင်ဖို့ပဲ ဆန္ဒရှိတာ"
ဝေ့ကျစ်ရှင်းက ငတုံးတစ်ယောက် မဟုတ်ပေ။လူတိုင်းက သူမကို အပြစ်တင်ဝေဖန်နေကြတယ်ဆိုတာ သိတယ်။အထူးသဖြင့် အခြားတိုင်းပြည်တွေက သံတမန်တွေရဲ့ မျက်လုံးတွေထဲမှာပဲ။သူတို့ရဲ့ အကြည့်တွေက အထင်သေးမှုများဖြင့် ပြည့်နှက်နေတယ်။သူမက သူတို့ရဲ့ ခြေဖဝါးအောက်က ရွှံ့အတိုင်းပဲ သူမကို ရွံ့ရှာနေကြတာ။
နင်းမုန့်ယောင်က ရယ်မောကာ ဝေ့ကျစ်ရှင်းကို ဂရုမစိုက်စွာဖြင့် ကြည့်လိုက်ပြီး
"ငါနဲ့ပြိုင်ချင်တာလား?ဒါပေမယ့် ငါက ဘာလို့ နင်နဲ့ပြိုင်ရမှာလဲ"
ဝေ့ကျစ်ရှင်း ဗလာဖြစ်သွားတယ်။မှန်တယ်။သူမက ဘာလို့ ငါနဲ့ ပြိုင်ရမှာလဲ?၎င်းက လုံးဝကို မလိုအပ်တာပဲလေ။
"နင် ကြောက်လို့လား"
"ကလေးဆန်တဲ့ လူတစ်ယောက်နဲ့ ပြိုင်ရတာ ငါ အဲ့ဒီလူကို အရှက်မကွဲစေချင်ဘူး"
အခြားလူတွေရဲ့ မျက်လုံးထဲတွင် ဝေ့ကျစ်ရှင်းရဲ့ အရည်အချင်းက ပြီးပြည့်စုံတဲ့အဆင့်ကို ရောက်နေပြီ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် သူမက နင်းမုန့်ယောင်ရဲ့ မျက်လုံးထဲမှာတော့ အခုမှ စတင်သင်ယူတီးခတ်နေတဲ့ ကလေးတစ်ယောက်သာသာပင်။
အနှစ်သာရမဲ့ပြီး စိတ်ဝိညာဉ်မရှိပေ။
"နင်........နင် ငါ့ကို အထင်သေးနေတာလား"
နင်းမုန့်ယောင်က ရယ်လိုက်ပြီး
"ငါက နင့်ကို တကယ်ပဲ သိမ်ငယ်အောင် လုပ်နေတာလေ၊အဲ့တော့ ဘာဖြစ်လဲ?နင့်ရဲ့ ဒုံမင်းအသံက စိတ်ဝိညာဉ်မရှိဘူး။အဲ့ဒါက ဘယ်လိုလုပ် ကောင်းတယ်လို့ ယူဆလို့ ရမှာလဲ"
"နင် လုပ်နိုင်တယ်ဆိုရင် လာပြီး တီးပြလိုက်လေ"
"သခင်မလေး ဒီငတုံးမကို ဒုံမင်းကို အမှန်တကယ်ဘယ်လိုတီးခတ်ရလဲဆိုတာ ကြည့်ခိုင်းလိုက်ပါ"
ချင်းရွှယ်က ဝေ့ကျစ်ရှင်းကို အထင်သေးစွာဖြင့် ကြည့်လိုက်ပြီး မထီမဲ့မြင် ပြောလိုက်သည်။
သူမရဲ့ သခင်မလေးရှေ့မှာ ဒုံမင်းတီးခတ်တဲ့အရည်အချင်းကို ဖော်ပြရဲတယ်ပေါ့လေ၊အဲ့ဒါက ရိုးရှင်းတဲ့ အရှက်ကွဲမှုတစ်ခုပဲ။
နင်းမုန့်ယောင်က ခေါင်းငြိမ့်လိုက်ပြီး
"ငါ့ ဒုံမင်းကို ယူလာခဲ့"
ချင်းရွှယ်က ခေါင်းငြိမ့်လိုက်သည်။သူမရဲ့လက်ချောင်းတွေကို နှုတ်ခမ်းပေါ်တင်ကာ လေချွန်လိုက်ပြီး ကြက်သွေးရောင်ပုံရိပ်တစ်ခုက ၎င်းရဲ့ လက်ထဲမှာ ဒုံမင်းတစ်ခု ကိုင်ဆောင်ထားပြီး နင်းမုန့်ယောင်ရှေ့ရောက်လာတာကို လူအုပ်ကြီး မြင်လိုက်ရသည်။ထို ဒုံမင်းက ကြိုးတစ်ချောင်း ဒုံမင်းဖြစ်သည်။
ဟုတ်တယ်၊၎င်းက နင်းမုန့်ယောင်ရဲ့ အနှစ်သက်ဆုံး ဒုံမင်းပဲ၊ပြီးတော့လည်း သူမရဲ့ ရှေးဟောင်းဂီတတူရိယာတွေထဲက အနှစ်သက်ဆုံးတစ်ခု ဖြစ်တယ်။
လင်းလော်က ထို ဒုံမင်းကို မြင်လိုက်တဲ့အချိန်မှာ သူ့ရဲ့အမူအရာ ပြောင်းလဲသွားပြီး တစ်ခုခုကို စဉ်းစားမိသွားပုံရကာ သူ့မျက်လုံးတွေက ရူးသွပ်စွဲလမ်းမှုများဖြင့် ပြည့်နှက်လာသည်။
"သွားလို့ရပြီ"
"ဟုတ်ကဲ့"
ကြက်သွေးရောင်ပုံရိပ်က ပေါ်လာပြီး အမြန်ထွက်ခွာသွားသည်။၎င်းကြောင့် နင်းမုန့်ယောင်ရဲ့သရုပ်မှန်ကို လူတွေက သိချင်စိတ်ပြင်းပြသွား၏။