အခန်း ၂၈၇
Vol. 12 Ch. 287
Chapter 287
နင်းမုန့်ယောင်က ကြိုးတစ်ချောင်း ဒုံမင်းကို ညင်သာစွာ ထိတွေ့လိုက်ပြီး သူမနှုတ်ခမ်းတွေ ကွေးတက်သွားသည်။သူမဘေးနားမှာရှိနေတဲ့ ချောင်ထျန်းချန်က သူမက ထိုအခိုက်အတန့်မှာ ပျော်ရွှင်နေတယ်ဆိုတာ ခံစားမိသည်။
ဒါပေမယ့် သူလည်းပဲ ကြိုးတစ်ချောင်းဒုံမင်းကို ဘယ်လို တီးခတ်ပြမလဲဆိုတာ ကြည့်ချင်မိတယ်။
၎င်းက ချောင်ထျန်းချန်တင် မဟုတ်ဘဲ ဘေးနားက လူတွေတောင်မှ သူတို့ရဲ့ သိချင်စိတ်ကို မထိန်းထားနိုင်ပေ။ကြိုးတစ်ချောင်းထဲရှိတဲ့ ဒုံမင်းကို ဘယ်လိုတီးခတ်မလဲဆိုတာ အားလုံးသိချင်နေကြသည်။
လူအုပ်ကြီးရဲ့ သိချင်စိတ်ပြင်းပြတဲ့ အကြည့်တွေက နင်းမုန့်ယောင်အပေါ် ကျရောက်သွားပြီးတော့ နင်းမုန့်ယောင်က ဒုံမင်းကို သူမပေါင်ပေါ်တင်ကာ ဒုံမင်းကြိုးကို ညင်သာစွာ တီးလိုက်ပြီး ဆွဲဆောင်မှုရှိတဲ့ သံစဉ်ထွက်ပေါ်လာကာ လူများကို အံ့အားသင့်သွားစေသည်။ဒီနေရာမှာရှိနေတဲ့ လူတော်တော်များများ ဒုံမင်းကို လေ့လာသင်ယူဖူးကြပေမယ့် ဘယ်သူကမှ ကြိုးတစ်ချောင်းတည်းဖြင့် ဒီလိုမျိုး ကောင်းမွန်လှတဲ့ သံစဉ်ကို မတီးခတ်နိုင်ပေ။
ထိုအချိန်တွင် နင်းမုန့်ယောင်က ဘာလို့ ဝေ့ကျစ်ရှင်းရဲ့ တီးခတ်မှုက မရင့်ကျက်ဘဲကလေးဆန်တယ်လို့ ပြောရတာလဲဆိုတာ သူတို့ နားလည်သွားကြသည်။
ဒီလိုမျိုး ကျွမ်းကျင်ပြောင်မြောက်တဲ့ ဖျော်ဖြေမှုတစ်ခုရှေ့မှာ ဘယ်သူကမှ ဝေ့ကျစ်ရှင်းရဲ့ ဖျော်ဖြေမှုကို ထူးကဲကောင်းမွန်တယ်လို့ ပြောမှာမဟုတ်ဘူး။
ဝေ့ခဲ့ရှင်းက ချောင်ထျန်းချန်ရဲ့နံဘေးက အမျိုးသမီးကို ကြည့်ပြီး သူမရဲ့ မျက်ဝန်းတွေထဲမှာ အံ့ဩမှုများဖြင့် ပြည့်နှက်သွားသည်။သူမ(နင်းမုန့်ယောင်)က တည်ငြိမ်တဲ့ အမူအရာရှိပြီး လူအုပ်ကြီးကြောင့် စိတ်အနှောင့်အယှက် မဖြစ်သွားပေ။သူမ(နင်းမုန့်ယောင်)ရဲ့ ပတ်ဝန်းကျင်ကအရာတွေက သူမရဲ့ အာရုံစိုက်မှုကို ထွေပြားသွားအောင် မလုပ်နိုင်ဘဲ သူမရဲ့ လက်ထဲက ဒုံမင်းအပေါ်မှာပဲ အပြည့်အဝ အာရုံစိုက်ထားသည်။
ချောင်ထျန်းချန်က နင်းမုန့်ယောင်ကို စွဲစွဲလမ်းလမ်း ကြည့်လိုက်တယ်။သူမက တကယ့်ကို ထူးချွန်တာပဲ။
နင်းမုန့်ယောင်ရဲ့ အမူအရာက အေးချမ်းတည်ငြိမ်ပြီး ဂီတကို ခံစားနှစ်ခြိုက်စွာဖြင့် မျက်လုံးများ မှိတ်ထားသည်။
စင်မြင့်ထက်တွင် ဝေ့ကျစ်ရှင်းရဲ့မျက်နှာက စိမ်းဖန် ဖြူဖျော့နေသည်။ဒီနေရာမှာ ရှိနေတဲ့ လူတိုင်းက နင်းမုန့်ယောင်ရဲ့ သံစဉ်ကို နှစ်မြှုပ်နေကြပေမယ့် ဂီတရပ်သွားတဲ့အချိန်ကျရင် သူမက လူတွေအားလုံးရဲ့ ပြစ်တင်ရှုံ့ချတာခံရမယ့် ပစ်မှတ်ဖြစ်လာလိမ့်မယ်ဆိုတာ သတိပြုမိတယ်။
သူမ နင်းမုန့်ယောင်ကို အောင်မြင်ခွင့် မပေးနိုင်ဘူး။ဟုတ်တယ်။
ဒီလိုအတွေးတွေးများဖြင့် ဝေ့ကျစ်ရှင်းက ရူးသွပ်သွားပုံရပြီး သူမဘေးနားက ဒုံမင်းကို ကောက်ယူကာ နင်းမုန့်ယောင်ဆီကို ပစ်ပေါက်လိုက်သည်။
"သွားသေလိုက်တော့!"
ချောင်ထျန်းချန်ရဲ့အကြည့်က အေးစက်သွားပြီး သူ့လက်တစ်ဖက်ကိုပဲ အသုံးပြုကာ အလွယ်တကူ ဟန့်တားလိုက်ပြီး ဒုံမင်းကို ဖမ်းဆုပ်လိုက်သည်၊သူက ဝေ့ကျစ်ရှင်းကို အေးစက်စွာ ကြည့်ပြီးတော့
"အမတ်ကြီးဝေ့ ဒါနဲ့ပတ်သက်ပြီး ကျွန်တော် ခင်ဗျားရဲ့ဖြေရှင်းချက်ကို စောင့်နေမယ်"
ချောင်ထျန်းချန်ရဲ့အသံက ပြင်းထန်တဲ့ ဆောင်းရာသီနှင်းတွေထဲမှာ တီးခတ်လာတဲ့ သံစဉ်တစ်ခုလိုပင်။၎င်းက အခြားလူတွေကို ခါးသက်အေးစက်တဲ့ ခံစားချက် ပေးစွမ်းသည်။
ဝေ့ကျစ်ရှင်းက ဒီလိုအရှုံးသမားတစ်ယောက် ဖြစ်လိမ့်မယ်လို့ လူအုပ်ကြီးက လုံးဝ မထင်ထားပေ။သူမကဲ့ အရည်အချင်းက တခြားလူနဲ့ ယှဉ်လို့မရဘူးဆိုတာနဲ့ပဲ ဒီလိုလုပ်ရပ်မျိုး ကျူးလွန်ခဲ့တယ်။
သူတို့က နင်းမုန့်ယောင်ကို ကြည့်လိုက်ပြီး သူမက နည်းနည်းလေးတောင် အနှောင့်အယှက်ဖြစ်သွားပုံ မရချေ။အဲ့ဒီအစား ဒုံမင်းအသံက ပိုပြီးတော့တောင် သာယာနာပျော်ဖွယ် ကောင်းလာသည်။
"မြန်မြန် ကြည့်ကြပါဦး?သစ်ပင်ပေါ်မှာ ငှက်တွေအများကြီးပဲ"
ဘယ်သူ ရုတ်တရက် ဟစ်အော်လိုက်လဲဆိုတာ မသိရပေ။
ထိုအခိုက်အတန့်တွင် လူအုပ်ကြီးက ဘေးပတ်လည်က သစ်ပင်တွေပေါ်မှာ ငှက်တွေအများကြီး ခိုနားနေတယ်ဆိုတာ သတိပြုမိသွားပြီး ထိုငှက်တွေရဲ့ ခေါင်းတွေက သီချင်းရဲ့အရသာကို အာရုံစိုက်နားဆင်နေတဲ့အတိုင်း ယိမ်းနေကြသည်။
ရုတ်တရက် ဒုံမင်းသံစဉ် ပြောင်းလဲသွားပြီး သစ်ပင်တွေထဲက ငှက်တွေက သူတို့ရဲ့အတောင်ပံတွေ ဖြန့်ကာ ပျံသန်းသွားကြပြီး ကွင်းလယ်ခေါင်တွင် ကခုန်နေကြသည်။၎င်းက သူတို့တွေက နင်းမုန့်ယောင်ရဲ့ ဂီတမှာ ပါဝင်ကြတဲ့အတိုင်းပင်။
သိပ်မကြာခင်မှာပဲ များပြားစွာသော ရောင်စုံလိပ်ပြာများက ငှက်တွေနဲ့ အတူပါဝင်လာကြသည်။
ရှောင်ချီထျန်းက ငှက်တွေနဲ့လိပ်ပြာတွေကိုကြည့်ကာ မှင်သက်သွားပြီး သူ့အကြည့်က အံ့ဩမှုများဖြင့် ပြည့်နှက်နေသည်။
သူ အရင်တုန်းက ဒုံမင်းက ငှက်တွေကို ဆွဲဆောင်နိုင်တယ်လို့ ကြားဖူးပေမယ့် အရင်တုန်းက ၎င်းကို တစ်ခါမှ မမြင်ဖူးဘူး။ ဒါပေမယ့် အခုချိန်မှာတော့ အဲ့လိုမြင်ကွင်းမျိုးကို မြင်နိုင်ခဲ့ပြီ။
၎င်းက အမှန်တကယ်ကို လှပပြီးတော့ စိတ်ကူးယဉ်အိပ်မက်ဆန်လွန်းလှတယ်။
ရှောင်ကျီရွှမ်းက နင်းမုန့်ယောင်ကို စိုက်ကြည့်နေပြီးတော့ သူမရဲ့ အမူအရာက အနည်းငယ် ပျက်ယွင်းနေသည်။နင်းမုန့်ယောင်မှာ ဒီလို ဒုံမင်းအရည်အချင်းတွေရှိတယ်ဆိုတာ သူမ မယုံနိုင်ဘူး။
လူတစ်ယောက်က ဘယ်လိုလုပ် ဒုံမင်းတီးခတ်ပြီးတော့ ငှက်တွေနဲ့လိပ်ပြာတွေကို ဆွဲဆောင်နိုင်မှာလဲ။
ဒါပေမယ့် အဲ့ဒါက အံ့ဩဖို့အကောင်းဆုံး မဟုတ်သေးဘူး။အံ့ဩဖို့အကောင်းဆုံးအပိုင်းက ကခုန်နေတဲ့လိပ်ပြာတွေပဲ။သူတို့က နင်းမုန့်ယောင်နားမှာ ဝိုင်းပြီးတော့ ကခုန်နေတဲ့အတိုင်း ပျံသန်းနေကြတယ်။ပတ်ဝန်းကျင်တ်ဝန်းကျင်ကလူတွေက ချောင်ထျန်းချန်အတိုင်းပဲ သံစဉ်ထဲမှာ နစ်မြောနေကြတယ်။
နင်းမုန့်ယောင်က အပြာဖျော့ဖျော့ဝတ်စုံကို ဝတ်ဆင်ထားပြီး ထိုင်ခုံပေါ်မှာထိုင်နေကာ ဒုံမင်းကို သူမပေါင်ပေါ်တင်ထား၍ မတူညီတဲ့လိပ်ပြာများက သူမနားတွင် ဝိုင်းနေကြသည်။ယခုလက်ရှိ သူမက နတ်သမီးတွေနဲ့ မခြားနားပေ။
နင်းမုန့်ယောင်က ဒုံမင်းတီးခတ်နေရင်း ရုတ်တရက် ရပ်တန့်လိုက်သည်။သူမရဲ့လက်ကို အနည်းငယ် မြှောက်လိုက်ပြီး လိပ်ပြာတစ်ကောင်က သူမလက်ချောင်းထိပ်မှာ ညင်သာစွာ ဆင်းသက်လာသည်။
လူတိုင်းက ထိုမြင်ကွင်းကို သူတို့ရဲ့နှလုံးသားတွေထဲမှာ တစ်သက်လုံးစွဲသွားကြမှာပင် ဖြစ်သည်။
၎င်းက လူအုပ်ကြီး စကားမပြောတာ ပထမဆုံးအကြိမ်ဖြစ်သည်။ပြီးတော့ သူတို့က သူမကိုလည်း မနှောင့်ယှက်ပေ။သူတို့က ကြည့်ရုံသာကြည့်နေကြသည်။
နင်းမုန့်ယောင်ရဲ့ နှုတ်ခမ်းတွေ ကွေးတက်သွားသည်။သူမက လိပ်ပြာလေးရဲ့အတောင်ပံကို ညင်သာစွာ ပွတ်ပေးလိုက်ပြီး
"သွား ပျံတော့လေ......."
သူမရဲ့ လက်ချောင်းပေါ်က လိပ်ပြာကို တိုက်တွန်းလိုက်သည်။
လိပ်ပြာက အမြင့်ကို ပျံသန်းသွားပြီး ဖြေးဖြေးချင်း အဝေးကို ပျံသန်းသွား၏။
ကျန်ရှိနေတဲ့ လိပ်ပြာတွေကလည်း ပျံသန်းသွားကြသည်။လိပ်ပြာများ ထွက်သွားပြီးတဲ့နောက် ငှက်တွေလည်း ထွက်ခွာသွားကြသည်။ဘီးလုံးငှက်တစ်ကောင်သာ ကျန်ရစ်ခဲ့သည်။