အခန်း ၂၈၉
Vol. 12 Ch. 289
Chapter 289
ဖုန်းရှို့က မျက်ခုံးပင့်ပြီးတော့ နန်ကုန်းချီကို ကြည့်လိုက်ကာ သူ့မျက်လုံးတွေထဲမှာ ခံစားချက်သေးသေးလေးတောင် မရှိနေပေမယ့် နန်ကုန်းချီကတော့ သူ့အကြည့်ကနေ ပြင်းထန်တဲ့လှောင်ပြောင်ထေ့ငေါ့မှုကို ခံစားနိုင်သည်။
"ဖုန်းအင်ပါယာရဲ့မင်းသားပြောတာ မမှားဘူးလို့ထင်တယ်"
ချောင်ထျန်းချန်က ရုတ်တရက် ပြောလိုက်ပြီး နှစ်ယောက်ကြားက လေထုက အနည်းငယ် ထူးဆန်းထိတ်လန့်ဖွယ် ကောင်းလာသည်။
"ချောင်ထျန်းချန် ငါ့ညီမက မင်းကို သဘောကျတာ မင်းရဲ့ကောင်းချီးပဲ"
နန်ကုန်းချီရဲ့မျက်နှာက ဖြူဖျော့နေသည်။
ရုပ်ရည်အရဆိုရင် နန်ကုန်းယွဲ့က နင်းမုန့်ယောင်ထက် အဆပေါင်းများစွာ ကြည့်ကောင်းတယ်။ဂုဏ်နဲ့အဆင့်အတန်းအရဆိုရင်လည်း နန်ကုန်းယွဲ့က နင်းမုန့်ယောင်ထက် အသာကြီးမှာ ရှိတယ်။
ထိုလူက အရူး ဒါမှမဟုတ် ငတုံးတစ်ယောက် မဟုတ်သရွေ့ ဘယ်သူမဆို သူ့ညီမကို လက်ထပ်လို့ ရရှိလာမယ့် အကျိုးအမြတ်တွေကို သိမှာပဲ။ဒါပေမယ့် ချောင်ထျန်းချန်ကတော့ တစ်ချက်မှ မစဉ်းစားဘဲ တိုက်ရိုက် ငြင်းပစ်လိုက်တယ်။
၎င်းက သူတို့မောင်နှမရဲ့မျက်နှာတွေကို ဖြတ်ရိုက်လိုက်ရုံသာမက လင်တိုင်းပြည်ရဲ့မျက်နှာကိုပါ ဖြတ်ရိုက်လိုက်တဲ့အတိုင်းပင်။
ချောင်ထျန်းချန်က နန်ကုန်းချီကို ကြည့်ကာ လှောင်ရယ် ရယ်လိုက်ပြီး
"ကျွန်တော်က ဒီလိုကောင်းချီးမျိုးကို မတတ်နိုင်ပါဘူး......"
"ချောင်ထျန်းချန် မင်း........"
"အစ်ကိုတော် ဒေါသမထွက်ပါနဲ့"
နန်ကုန်းယွဲ့က နန်းကုန်းချီ လက်သီးထိုးတော့မယ့် အချိန်မှာပဲ ရုတ်တရက် ပြောလိုက်သည်။
နင်းမုန့်ယောင်က မောင်နှမတွေရဲ့ အပြန်အလှန်တုံ့ပြန်မှုကို ကြည့်ပြီး အတွေးနက်သွားရတယ်။သူမ သိထားတဲ့ အချက်အလက်တွေအရဆိုရင် နန်ကုန်းချီက အလွယ်တကူ ဒေါသမထွက်တတ်တဲ့ လူတစ်ယောက်ပါ ဒါပေမယ့် ဒီနေ့မှာ.......
နင်းမုန့်ယောင်က နန်ကုန်းချီရဲ့ ဒီနေ့ပုံစံကိုတွေးမိတော့ အနည်းငယ် မျက်မှောင်ကြုတ်သွား၏။
"မင်း ဘာတွေ စဉ်းစားနေတာလဲ"
ချောင်ထျန်းချန်က နင်းမုန့်ယောင် နန်ကုန်းချီကို ထူးဆန်းတဲ့အကြည့်ဖြင့် စိုက်ကြည့်နေပြီး အတွေးနက်နေတာ မြင်ရတော့ သံသယဖြစ်စွာ မေးလိုက်သည်။
"ထျန်းချန် နန်ကုန်းချီက အရမ်း ထူးထူးဆန်းဆန်း ပြုမူနေတယ်ဆိုတာ ရှင် သတိထားမိလား"
နင်းမုန့်ယောင်က နားမလည်နိုင်တော့တာကြောင့် ချောင်ထျန်းချန်ကို ကြည့်လိုက်ပြီး သူမရဲ့ မျက်ဝန်းတွေထဲမှာ သံသယများဖြင့် ပြည့်နှက်နေသည်။
ချောင်ထျန်းချန်လည်းပဲ နင်းမုန့်ယောင်ရဲ့စကားတွေ နားထောင်ပြီးတော့ တစ်ခုခု မှားယွင်းနေတယ်ဆိုတာ သတိထားမိသွားသည်။
"အဲ့ဒါက တကယ့်ကို နည်းနည်းထူးဆန်းနေတယ်။သူက ကိုယ်တို့သိထားတဲ့လူနဲ့ လုံးဝ ကွဲပြားနေတယ်"
"နန်ကုန်းယွဲ့ရဲ့ စိတ်နေစိတ်ထားက ကောလဟာလထဲက လင်တိုင်းပြည်ရဲ့မင်းသားနဲ့ ပိုတူနေတယ်"
နင်းမုန့်ယောင်က နန်ကုန်းယွဲ့ကို ကြည့်ပြီးတော့ မျက်လုံးတွေ မှေးကျဉ်းသွားသည်။
ချောင်ထျန်းချန် မျက်ခုံးတွန့်သွားတယ်။သူက တည်ငြိမ်နေတဲ့ နန်ကုန်းယွဲ့ကို ကြည့်လိုက်တယ်။သူ့မျက်လုံးတွေက တစ်ခုခုကို တွေးတောနေတယ်။
"မင်းပြောတာကို အခြေခံရမယ်ဆိုရင် အဲ့ဒါက မှန်တဲ့ပုံပဲ"
"ကြည့်ရတာတော့ ကျွန်မတို့ ဒီကိစ္စကို သေချာစုံစမ်းဖို့ လိုအပ်လာပြီ" နင်းမုန့်ယောင်က တိုးတိုးလေး ပြောလိုက်သည်။
ဘေးနားက ထိုင်နေတဲ့ ရှောင်ချီထျန်းက သူတို့ရဲ့ စကားဝိုင်းကိုကြားတော့ မတတ်နိုင်ဘဲ မျက်မှောင်ကြုတ်သွားတယ်။သူ့မှာ လင်အင်ပါယာရဲ့မင်းသားအပေါ် တိကျသေချာတဲ့ နားလည်မှုရှိပေမယ့် ကောလဟာလတွေနဲ့ နှိုင်းယှဉ်လိုက်တဲ့အခါ တကယ့်လူက အရမ်းကွာခြားနေတယ်ဆိုတာ သတိပြုမိသွားတယ်။
နန်ကုန်းယွဲ့က မတ်တပ်ရပ်လိုက်ပြီး ချောင်ထျန်းချန်ကို ကြည့်ကာ
"ကျွန်မက သူ(မ)နဲ့ မယှဉ်နိုင်ဘူးလား"
နင်းမုန့်ယောင်က ရယ်လိုက်တယ် ဒါပေမယ့် ထိုမေးခွန်းကိုတော့ မဖြေပေ။
"အမှန်ပဲ"
ချောင်ထျန်းချန်က သူ့မျက်လုံးတောင် ပင့်မကြည့်ပေ။သူ့လေသံက မပြောင်းလဲဘဲ သူ့အသံက တည်ငြိမ်နေသည်။
နန်ကုန်းယွဲ့ရဲ့ ရှည်လျားတဲ့မျက်ခုံးတွေက တွန့်ချိုးသွားပြီး
"ဘာလို့လဲ" နင်းမုန့်ယောင်က အမှန်တကယ်ပဲ ထူးချွန်ထက်မြက်တယ်ဆိုတာ သူမ သိတယ်။ဒါပေမယ့် ၎င်းက သူ့ရဲ့ မသွေဖည်တဲ့သစ္စာတရားအတွက် မလုံလောက်ပေ။
"ဘာလို့လဲ?ငါက သူ(မ)တစ်ယောက်ထဲကိုပဲ ချစ်တာကြောင့်ပဲ။တခြားလူတွေက ငါနဲ့ ဘာဆိုင်လို့လဲ"
ချောင်ထျန်းချန်က ဂရုမစိုက်စွာ ပြောလိုက်သည်။
နန်ကုန်းယွဲ့က နင်းမုန့်ယောင်ကို ကြည့်ပြီးတော့
"ကျွန်မကို လက်ထပ်လိုက်ရင် သူ့ရဲ့ အဆင့်အတန်းက ပိုပြီးတော့တောင် မြင့်မြတ်သွားလိမ့်မယ်"
နင်းမုန့်ယောင်က ကျယ်လောင်စွာ ရယ်မောလိုက်၏။
"ပြီးတော့ရော အဲ့ဒါက ဘာပေးနိုင်မှာလဲ"
"အာဏာနဲ့ဩဇာပဲ"
နန်ကုန်းယွဲ့က ၎င်းက ကိစ္စတစ်ခုကဲ့သို့ ပြောလိုက်သည်။
နင်းမုန့်ယောင်တင်မကဘူး ရှောင်ချီထျန်းနဲ့အခြားလူတွေတောင်မှ မတတ်နိုင်ဘဲ သူမရဲ့စကားတွေကို ရယ်မောကြသည်။
နင်းမုန့်ယောင်ရှေ့မှာ အာဏာနဲ့ဩဇာအကြောင်း ပြောနေတာလား?တစ်ယောက်သိထားဖို့ လိုတာက သူမသာ လုပ်ချင်စိတ်ရှိရင် တစ်တိုင်းပြည်လုံးရဲ့ စီးပွားရေးကို လုံးဝ အကြီးအကျယ် ထိခိုက်ပျက်စီးသွားအောင် လုပ်နိုင်တယ်ဆိုတာပဲ။ဒီလို အင်အားမျိုးက နန်ကုန်းယွဲ့နဲ့ယှဉ်လိုက်ရင် အများကြီးပိုမိုအားကောင်းတယ်။
"ဟားဟား.......မင်းသမီးငယ်လေးက ဒီလိုစကားမျိုးတွေ ထုန်ပေါင်ကျိုက်ရဲ့သခင်ရှေ့မှာ ပြောတာ ဒါပထမဆုံး ကြားဖူးတာပဲ"
အေးစက်ပြီးတော့ လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းရှိတဲ့ အသံတစ်သံက လေထုထဲကနေ ပျံ့လွင့်လာသည်။
နင်းမုန့်ယောင်ရဲ့မျက်လုံးတွေက ထိုအသံကြားပြီးနောက် တောက်ပသွားသည်။
"အစ်မမိန့်!"
မိန့်ရိုလင်းနဲ့ယွီဖုန်းက ပွဲအလယ်တွင် ပေါ်လာခဲ့သည်။နန်ကုန်းယွဲ့က ရှေ့ကလူနှစ်ယောက်ရဲ့ သရုပ်မှန်ကိုသိတယ်။သူတို့က ယွီလင်ခန်းမရဲ့သခင်နဲ့သခင်မဖြစ်ပြီး ထုန်ပေါင်ကျိုက်ရဲ့ သခင်လေးယောက်ထဲက နှစ်ယောက်လည်း ဖြစ်တယ်။
"ရှင် ဘာကိုဆိုလိုတာလဲ"
"ငါက ဘာကိုဆိုလိုတာလဲ?သူ(မ)က ထုန်ပေါင်ကျိုက်ရဲ့ သခင်အစစ်အမှန်ပဲ။မင်းလို မင်းသမီးငယ်လေးက သူ(မ)နဲ့ ယှဉ်နိုင်မှာတဲ့လား?မင်းက သဘောကျတာနဲ့ပဲ သူ(မ)ခင်ပွန်းကို လုယူသွားနိုင်မယ် ထင်နေတာလား"
မိန့်ရိုလင်းရဲ့ မျက်နှာက ရက်စက်မှုဖြင့် ပြည့်နှက်နေပြီး နန်ကုန်းယွဲ့ကို အထင်အမြင်သေး စက်ဆုပ်စွာ ကြည့်နေခဲ့သည်။
နန်ကုန်းယွဲ့က နင်းမုန့်ယောင်ကို မယုံနိုင်စွာ ကြည့်လိုက်တယ်။သူ(မ)က ထုန်ပေါင်ကျိုက်ရဲ့ ပိုင်ရှင်တဲ့လား.......အဲ့ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?
သူမတင်မကဘူး ချောင်ထျန်းချန်၊ရှောင်ချီဖုန်းနဲ့ရှောင်ချီထျန်းကလွဲလို့ ရှိနေကြတဲ့ လူတိုင်း အံ့ဩမှုတွေ ပြည့်နှက်သွားတယ်၊အထူးသဖြင့် လင်းလော်ပဲ။
လင်းလော်က နင်းမုန့်ယောင်ကို ကြည့်လိုက်ပြီး သူ့မျက်ဝန်းတွေက အံ့ဩထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။သူမက တကယ်ပဲ ထုန်ပေါင်ကျိုက်ရဲ့ သခင်အစစ်အမှန်လား?