← Chapters

အခန်း ၂၉၂

Vol. 12 Ch. 292

အခန်း ၂၉၂

Vol. 12 Ch. 292

Chapter 292

ရှောင်ချီဖုန်းက နင်းမုန့်ယောင်နဲ့ အခြားလူတွေကို ကြည့်လိုက်ပြီး အဲ့ဒီနောက် ခေါင်းငြိမ့်ကာ

"သွားတော့"

နင်းမုန့်ယောင်က အခြားလူတွေ ခေါ်ပြီး ထွက်သွားခဲ့သည်။လင်းလော်က နင်းမုန့်ယောင်ရဲ့ ထွက်သွားတဲ့ ပုံရိပ်ကို သူ့မျက်ဝန်းတွေထဲမှာ ရူးသွပ်စွဲလမ်းမှုအပြည့်ဖြင့် စိုက်ကြည့်နေခဲ့သည်။

ဖြစ်ရပ်တစ်ခုလုံးကို လေ့လာစောင့်ကြည့်နေတဲ့ အမတ်ဝေ့က နင်းမုန့်ယောင်က ထုန်ပေါင်ကျိုက်ရဲ့ သခင်ဖြစ်တယ်ဆိုတာကို သိပြီးတဲ့နောက် ဧကရာဇ်က အံ့ဩသွားပုံမပေါက်ဘူးဆိုတာ ရုတ်တရက် သတိထားမိသွားသည်။

ဧကရာဇ်က အရင်ကတည်းက ထိုအကြောင်းကို သိနေပြီသားလို့ ဆိုလိုတာပဲ။ဒီအတွေးက အမတ်ဝေ့ကို အေးစက်သွားစေသည်။အဲ့လိုသာဆိုရင် သူ သတိထားဖို့ လိုအပ်ပြီ။

သူက ဝေ့ကျစ်ရှင်းကို လှည့်ကြည့်ပြီးတော့ လေးနက်တဲ့လေသံဖြင့်

"နင်ဘာတွေတွေးနေလဲဆိုတာ ငါ ဂရုမစိုက်ဘူး။ဒါပေမယ့် နင် အဲ့ဒါကို လက်လျှော့လိုက်တာ ပိုကောင်းမယ်။ငါ့အတွက် ပြဿနာတွေ မဖန်တီးနဲ့ မဟုတ်ရင် ငါ့ကို ရက်စက်လို့ဆိုပြီး အပြစ်မတင်နဲ့"

အခုချိန်က သူမ စိတ်ကျေနပ်သလို လုပ်လို့ရတဲ့အချိန်မဟုတ်ဘူး။နန်ကုန်းယွဲ့တောင်မှ နင်းမုန့်ယောင်လောက် မမြင့်မြတ်တာ အဲ့ဒါဆို အမတ်တစ်ယောက်ရဲ့ သမီးက ဘယ်နေရာမှာ ရပ်တည်နိုင်ပါ့မလဲ?

ဝေ့ကျစ်ရှင်းက အမတ်ဝေ့ကို စိတ်မကျေနပ်စွာဖြင့် ကြည့်လိုက်သည်။သူမက ပြန်ပြီး ပြောလိုက်ချင်ပေမယ့် ဘေးနားက ဝေ့ခဲ့ရှင်းက အရင်ပြောလာခဲ့သည်။

"နင်က တစ်မိသားစုလုံးကို ရွှံ့ထဲဆွဲသွင်းချင်တယ်ဆိုရင် ကြိုးစားကြည့်လိုက်လေ"

ထုန်ပေါင်ကျိုက်ရဲ့ ဂုဏ်ဒြပ်က လွယ်လွယ် အပြစ်ပြုလို့ရတာ မဟုတ်ဘူး၊

ဝေ့ကျစ်ရှင်းက ဆိုးဝါးတဲ့အမူအရာဖြင့် ဝေ့ခဲ့ရှင်းကို ကြည့်ကာ

"ငါ့ကိစ္စတွေကို နင် စိတ်ပူပေးနေစရာ မလိုပါဘူး။ငါ ထင်တာတော့ နင်က မနာလိုဖြစ်နေတာပဲ"

ဝေ့ခဲ့ရှင်းက ဝေ့ကျစ်ရှင်းကို သရော်စွာ ကြည့်လိုက်တယ်။သူမရဲ့ ပါးစပ်ထောင့်မှာ လှောင်ပြောင်သရော်မှုများဖြင့် ပြည့်နှက်နေတယ်။

"မနာလိုတာ?နင့်မှာ ငါ မနာလိုစရာ ဘာရှိလို့လဲ"

ပုံပန်းသွင်ပြင်ပဲဖြစ်ဖြစ်၊အရည်အချင်းပဲဖြစ်ဖြစ် သူမက ဝေ့ကျစ်ရှင်းထက် အများကြီး ပိုကောင်းတယ်။ဘယ်နေရာမှာ မနာလိုစရာရှိလို့လဲ?

အမတ်ဝေ့က ဒီတစ်ခေါက်တော့ ဝေ့ခဲ့ရှင်းကို အပြစ်မပြောပေ။သူက ဝေ့ကျစ်ရှင်းကို ကြည့်ပြီးတော့ ဆူပူကြိမ်းမောင်းသည်။

"နင့်အစ်မပြောတာ မှန်တယ်။နင့်နေရာကို သိတာ ပိုကောင်းတယ်"

သူက အဲ့ဒီနောက် သခင်မဝေ့ဘက်ကို လှည့်ပြီးတော့

"သူ(မ)ကို စောင့်ကြည့်ထား။တစ်ခုခု ဖြစ်ခဲ့ရင် မင်းကို တာဝန်ယူခိုင်းရလိမ့်မယ်"

သခင်မဝေ့က နဂိုတုန်းကတော့ သူမရဲ့သမီးကို နင်းမုန့်ယောင်ရဲ့နေရာမှာ အစားထိုးပြီး စစ်သူကြီးရဲ့ဇနီးဖြစ်လာဖို့ သဘောတူခဲ့ပေမယ့် အခုချိန်မှာတော့ နင်းမုန့်ယောင်ရဲ့ အထောက်အထားက ကြီးကြီးမားမား ပြောင်းလဲသွားတယ်။သူတို့နှစ်ယောက်က မယှဉ်နိုင်တော့ဘူး။

သက်ပြင်းချပြီးတဲ့နောက် သခင်မဝေ့က သူမ သမီးကိုကြည့်ကာ အကူအညီမဲ့စွာဖြင့်

"ကျစ်ရှင်း လက်လျှော့လိုက်ပါတော့"

"မလျှော့ဘူး။ကျွန်မ သူ့ကို လက်ထပ်ချင်တယ်။ဘယ်လိုတန်ကြေးပဲ ပေးရပါစေ ပေးလိုက်မယ်"

ဝေ့ကျစ်ရှင်းက လက်လျှော့လိုက်ဖို့ ဆန္ဒရှိပဲ ဒီလိုစကားတွေကိုတောင် ပြောလာခဲ့သည်။

အမတ်ဝေ့ရဲ့ အမူအရာက ချက်ချင်း ဆိုးဝါးလာခဲ့သည်။ဘယ်လိုတန်ကြေးပဲဖြစ်ဖြစ် ပေးမှာပေါ့လေ?ဆိုလိုတာက သူမရဲ့ တစ်မိသားစုလုံး ဖျက်ဆီးခံရရင်တောင်မှ ဂရုမစိုက်ဘူးပေါ့။

ရှောင်ချီဖုန်းက လူတိုင်းရဲ့ အပြုအမူတွေကို အာရုံစိုက်နေတာဖြစ်သည်။ဝေ့မိသားစုဘက်က စကားတွေကို ကြားတဲ့အခါ သူ့နှုတ်ခမ်းထောင့်တွေ တွန့်ချိုးသွားသည်။ဒီအမျိုးသမီးက သူမ သေတဲ့အထိ အလျှော့ပေးမှာ မဟုတ်ဘူး။သူမက ရိုးရိုးလေးနဲ့ ရိုက်နှက်ခံရဖို့ တောင်းဆိုနေတာပဲ။

ကြားထဲက ဖြစ်ရပ်ကြောင့် ပွဲအခမ်းအနားက ပြီးပြည့်စုံစွာ အဆုံးသတ်သွားခြင်း မရှိပေမယ့် ရှောင်ချီဖုန်းက ဂရုမစိုက်ပေ။အဲ့ဒီအစား သူက ပြုံးလိုက်သေးတယ်။သူ့အကြည့်က အမတ်လင်းနဲ့မိသားစုအပေါ်ကျရောက်သွားပြီး မျက်နှာပေါ်မှာ လှောင်ပြုံးတစ် ခု ရှိနေသည်။

မိန့်ရိုလင်းနဲ့အခြားလူတွေကို ရှန့်ကျန့်ကျွင်းအိမ်တော် ပြန်ခေါ်လာပြီးတဲ့နောက် နင်းမုန့်ယောင်က အစေခံတွေကို ထွက်သွားဖို့ လက်ဝှေ့ရမ်းပြလိုက်ပြီး မိန့်ရိုလင်းနဲ့ယွီဖုန်းကို ကြည့်လိုက်သည်။

"အစ်မမိန့်၊ခဲအိုတို့ ဘယ်လိုလုပ် ဒီနေ့ ဒီကို ရောက်လာကြတာလဲ?ပြီးတော့........"

မိန့်ရိုလင်းရဲ့ အမူအရာက ပုံမှန်မဟုတ်စွာ လေးနက်လာသည်။သူမက နင်းမုန့်ယောင်ကို ကြည့်ပြီးတော့

"ယောင်ယောင် အသင့်ပြင်ထားတော့။တစ်ယောက်ယောက်က နင့်ကို စုံစမ်းနေတာ။ငါတို့ နင့်ကို ကာကွယ်ဖို့ အဲ့လိုလုပ်ခဲ့တာ"

"တစ်ယောက်ယောက်က ကျွန်မကို စုံစမ်းနေတယ်?ဘယ်သူလဲ"

နင်းမုန့်ယောင် မျက်မှောင်ကြုတ်သွားတယ်။သူမက အမြဲတမ်း ကိစ္စတွေကို ကိုင်တွယ်ရင် လျှို့ဝှက်ပြီးတော့ လုပ်တာပဲ။ထင်ပေါ်တဲ့ဘယ်အရာကိုမှ မလုပ်ခဲ့ဘူး။ဒါပေမယ့် အခု တစ်ယောက်ယောက်က သူမကို စုံစမ်းနေတယ်။

မိန့်ရိုလင်းက ခေါင်းရမ်းလိုက်ပြီး

"ငါတို့လည်း အခုထိ ဘယ်သူလဲဆိုတာ မသိရသေးဘူး။ငါတို့သိတာကတော့ အဲ့ဒီလူက လင်တိုင်းပြည်နဲ့ ပတ်သက်မှုရှိနေတယ်"

၎င်းကြောင့်သာ မဟုတ်ရင် သူတို့တွေ နင်းမုန့်ယောင်ရဲ့ သရုပ်မှန်ကို ဖော်ထုတ်မှာ မဟုတ်ဘူး။

နင်းမုန့်ယောင်က အခုချိန်မှာ ချောင်ထျန်းချန်ဆီကနေ ကာကွယ်ပေးခံထားရတယ် ဆိုပေမယ့် သူတို့တွေ စိတ်မအေးသေးဘူး။သူမရဲ့ သရုပ်မှန်ကို ဖော်ပြလိုက်မှသာလျှင် သူတို့တွေ စိတ်အေးလက်အေး ရှိသွားမှာ။

ထိုလူက ဘယ်သူပဲ ဖြစ်နေပါစေ နင်းမုန့်ယောင်ရဲ့ သရုပ်မှန်ကို သိပြီးတဲ့နောက် သာမန်လိုသဘောထားပြီး ထိရဲတော့မှာ မဟုတ်ဘူး။ဘာပဲဖြစ်ဖြစ် ထုန်ပေါင်ကျိုက်က အလွယ်တကူ ရန်စလို့ မရဘူးလေ။

နင်းမုန့်ယောင် ခေါင်းငြိမ့်လိုက်တယ်။

"လင်တိုင်းပြည်........အဲ့ဒါက နန်ကုန်းချီနဲ့ ပတ်သက်နေနိုင်လား"

သူမ နန်ကုန်းချီရဲ့ ရောက်ရှိလာမှုကို တွေးမိသွားတယ်။

မိန့်ရိုလင်းက အထင်သေးစွာ နှာခေါင်းရှုံ့လိုက်ပြီး

"မဟုတ်ဘူး။နန်ကုန်းချီမှာ ဒီလိုလုပ်နိုင်စွမ်း မရှိဘူး။ဒါပေမယ့် နင် စိုးရိမ်ဖို့ မလိုပါဘူး။အဲ့ဒီလူက မကောင်းတဲ့ရည်ရွယ်ချက် မရှိဘူးဆိုတာ သတိထားမိတယ်။ဒါပေမယ့် လောလောဆယ်မှာတော့ သူ့ရဲ့ ရည်ရွယ်ချက်ကို ငါတို့ မသေချာသေးဘူး"

ဒါပေမယ့် ၎င်းကြောင့်ပဲ သူတို့တွေ အမြန်လာခဲ့ကြတာ။

All Chapters