← Chapters

အခန်း ၂၉၃

Vol. 12 Ch. 293

အခန်း ၂၉၃

Vol. 12 Ch. 293

Chapter 293

ချောင်ထျန်းချန်ရဲ့မျက်လုံးတွေထဲမှာ စိုးရိမ်မှုအရိပ်အယောင်တွေ ပေါ်လာခဲ့ပြီး

"အစ်မမိန့် ပြောချင်တဲ့ အဓိပ္ပာယ်က ယောင်ယောင်က အန္တရာယ်ထဲ ရောက်နေတာပေါ့"

မိန့်ရိုးလင်း ခေါင်းငြိမ့်လိုက်သည်။

"အဲ့ဒါ ဖြစ်နိုင်ချေရှိတယ်"

"ကျွန်တော် ဘာလုပ်ရမလဲဆိုတာ သိပြီ"

ချောင်ထျန်းချန်ရဲ့ မျက်ဝန်းတွေက ဖြည်းဖြည်းချင်း အေးစက်သွား၏။

ချောင်ထျန်းချန် အဲ့လိုပုံစံ ပြုမူတာကို မြင်ရတော့ နင်းမုန့်ယောင် သူ့လက်ကို ဆွဲကာ သူ့ကို နှစ်သိမ့်သည်။

"ထျန်းချန် မစိုးရိမ်ပါနဲ့ ကျွန်မကို ဘယ်သူမှ ထိခိုက်အောင် မလုပ်နိုင်ဘူး"

"ကိုယ် သိပါတယ်။ဒါပေမယ့် ကိုယ် စိုးရိမ်နေတုန်းပဲ"

ချောင်ထျန်းချန်က သူ့မျက်ခုံးတွေက တင်းတင်းကြပ်ကြပ် တွန့်ချိုးထားတယ်။သူ အမှန်တကယ်ကို စိုးရိမ်နေတာ။

နင်းမုန့်‌ယောင်က တိတ်သွားပြီး ချောင်ထျန်းချန်ကို ကြည့်လိုက်သည်။အချိန်ခဏလောက် ကြာပြီးတဲ့နောက် သူမရဲ့ ပါးစပ်ကို ဖွင့်လိုက်ပြီး

"နောင်ကျရင် ကျွန်မ ဘယ်နေရာသွားသွား ရှင့်ကိုပါ ခေါ်သွားမယ်လေ"

"ဟုတ်ပြီ"

မိန့်ရိုလင်းရဲ့ နှုတ်ခမ်းတွေ တွန့်သွားပြီး ဒီလို ပြင်းထန်တဲ့အခြေအနေမှာတောင်မှ အီစီကလီလုပ်နေနိုင်သေးတဲ့ ထိုနှစ်ယောက်ကို ကြည့်ကာ သူမရဲ့ အမူအရာက ကူကယ်ရာမဲ့နေသည်။

"နင်တို့နှစ်ယောက် အခြေအနေကို အာရုံစိုက်ပေးပါ့လား"

ချောင်ထျန်းချန်က မိန့်ရိုလင်းဘက်ကို လှည့်ကြည့်လိုက်ပြီး

"အစ်မက မနာလိုဖြစ်နေတာလား?အဲ့လိုဆိုရင် ယောက်ဖက အစ်မဘေးမှာပဲရှိတယ်လေ။ကျွန်တော်တို့ စိတ်ထဲ မထားပါဘူး"

မိန့်ရိုလင်း နှုတ်ခမ်းတွေ တွန့်သွားတယ်။သူမက ချောင်ထျန်းချန်ပြောပြီးတဲ့နောက် ချစ်စရာကောင်းအောင် လုပ်ပြနေတဲ့ ယွီဖုန်းကို ကြည့်လိုက်ပြီး ပြောစရာစကားကင်းမဲ့စွာဖြင့် ခေါင်းလှည့်သွားကာ

"ဒါပေမယ့် ငါ ဂရုစိုက်တယ်‌လေ"

ယွီဖုန်းက မိန့်ရိုလင်းကို မပျော်ရွှင်စွာ ကြည့်လိုက်ပြီး

"အချစ် မင်း ဘယ်လိုလုပ် ကိုယ့်ဆီကနေ လှည့်ထွက်သွားရတာလဲ"

သူကပြောပြီးတော့ မျက်လုံးတွေက မျက်ရည်ဝဲလာသည်။

မိန့်ရိုလင်းက အကူအညီမဲ့စွာဖြင့် သူမရဲ့ နားထင်တွေကို ပွတ်သပ်လိုက်တယ်။ဒီလူက ပိုပြီးတော့ ပုံမှန် ပြုမူလို့ မရဘူးလား?သူမ သူ့ကို တကယ် ရိုက်ပစ်ချင်တယ်။

"နည်းနည်းလောက် ပိုပြီးတော့ ပုံမှန်နေစမ်းပါ"

"ဒါပေမယ့် မင်း ကိုယ့်ဆီကနေ လှည့်ထွက်သွားတယ်လေ"

ယွီဖုန်းရဲ့ အမူအရာက နစ်နာမှုအပြည့်ပင်။

မိန့်ရိုလင်းက ယွီဖုန်း ထိုကဲ့သို့ ပြုမူတာကို ကြည့်ပြီးတဲ့နောက် လေမရှိတဲ့ပူဖောင်းနဲ့ တူသွားကာ အကူအညီမဲ့စွာဖြင့်

"မဟုတ်ဘူး ကျွန်မ မလုပ်ပါဘူး"

"တကယ်လား"

"တကယ်"

"ကိုယ့်အချစ်က ကိုယ့်ကို အကောင်းဆုံးဆက်ဆံတယ်ဆိုတာ သိသားပဲ"

သူက သူမကို သူ့ရင်ခွင်ထဲ ဆွဲသွင်းပြီး ပြောကာ သူမရဲ့ မျက်နှာကို ပွတ်သပ်လိုက်သည်။

ချောင်ထျန်းချန်က သူတို့ရဲ့ အပြန်အလှန်ဆက်ဆံပုံကို ကြည့်ပြီး ၎င်းက တကယ် စိတ်ဝင်စားဖို့ကောင်းတယ်လို့ ခံစားမိသည်။မိန့်ရိုလင်းက အပြင်ပန်းမှာတော့ အပေါ်စီးကလို့ ထင်ရပုံပေါက်ပေမယ့် ယွီဖုန်းနဲ့ဆန့်ကျင်ရတဲ့ အချိန်တိုင်းမှာ အမြဲတမ်း သူမက အားနည်းချက်ရှိတာကို ခံစားမိတယ်။

နင်းမုန့်ယောင်က သူမရဲ့ ခဲအိုကို ဆွံ့အစွာဖြင့် ကြည့်လိုက်ပြီး ခေါင်းကိုက်လာကာ

"ခဲအို ရှင် နည်းနည်းလောက် ပိုပြီးတော့ ပုံမှန်လိုနေလို့ မရဘူးလား"

ယွီဖုန်းက မိန့်ရိုလင်းရဲ့ခါးကို သူ့လက်နှစ်ဖက်ဖြင့် ဖက်ထားပြီး အဲ့ဒီနောက် သူ့မေးစေ့ကို သူမရဲ့ပုခုံးပေါ်တင်ကာ နင်းမုန့်ယောင်ကို မော့ကြည့်လိုက်ပြီး

"ဒါပေမယ့် ငါ့ရဲ့ ဘယ်အပိုင်းက ပုံမှန်မဟုတ်လို့လဲ"

"ထားလိုက်တော့။အစ်မ,အစ်မ ဒီနေ့ ဒီနေရာကို ရောက်လာတာ ဒါကြောင့်ပဲတော့ မဟုတ်ဘူးမလား"

နင်းမုန့်ယောင်က ထိုနှစ်ယောက်ကို ကြည့်လိုက်သည်။

ဒီ သတင်းနည်းနည်းလေးကြောင့်ဆိုရင် သူတို့နှစ်ယောက် တစ်ပြိုင်နက်ထဲ ပေါ်လာဖို့ မလိုအပ်ပေ။၎င်းက သူတို့ရဲ့ စိတ်နေစိတ်ထားနဲ့ မကိုက်ညီချေ။

မိန့်ရိုလင်း ခေါင်းငြိမ့်လိုက်တယ်၊သူမက နင်းမုန့်ယောင်ကို ကြည့်ပြီးတော့ သူမရဲ့ မျက်ဝန်းတွေထဲမှာ တွန့်ဆုတ်မှုအရိပ်အယောင် ရှိနေသည်။

"အစ်မ ဘာပြောချင်လို့လဲ"

နင်းမုန့်ယောင်က မိန့်ရိုလင်းကို သံသယဖြစ်စွာ ကြည့်လိုက်တယ်။သူမ မိန့်ရိုလင်းကို ဒီလိုအမူအရာနဲ့ တစ်ခါမှ မမြင်ဖူးဘူး။

အချိန်ခဏလောက် ကြာတဲ့အထိ နင်းမုန့်‌ယောင်ကို ကြည့်ပြီးတဲ့နောက် မိန့်ရိုလင်းက သက်ပြင်းချလိုက်ပြီး ကူကယ်ရာမဲ့စွာဖြင့်

"ရှောင်ယောင်အာ နင် အစ်မတို့ကို စုံစမ်းခိုင်းထားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး သတင်းရထားတာ ရှိတယ်"

နင်းမုန့်ယောင်ရဲ့ ခန္ဓာကိုယ်က အနည်းငယ် ‌တောင့်တင်းလာခဲ့သည်။သူမက ခေါင်းမော့ပြီးတော့ မိန့်ရိုလင်းကို ကြည့်ကာ

"အစ်မ ဘာကိုဆိုလိုတာလဲ"

"နင့်ရဲ့အမေက မင်းသမီးကြီး ဖြစ်ဖို့များတယ်။ဒါပေမယ့် သူ(မ)အခု ဘယ်ရောက်နေလဲဆိုတာ ဘယ်သူမှ မသိဘူး။သူ(မ)ပျောက်နေတာ နှစ်နဲ့ချီပြီး ကြာနေပြီ"

မိန့်ရိုလင်းက မျက်ခုံးတွန့်ကာ ပြောလိုက်သည်။

နင်းမုန့်ယောင်ရဲ့ မျက်လုံးတွေက တောက်ပသွားခဲ့ပြီး

"ကျွန်မသိပြီ""

"နင် စိတ်မပျက်ဘူးလား"

"စိတ်ပျက်စရာ ဘာရှိလို့လဲ?အဲ့ဒါက နှစ်တွေအများကြီး ကြာနေပြီကို"

သူမ ရောက်လာတဲ့ အချိန်ကတည်းက သူမရဲ့ ခန္ဓာကိုယ်က အမြဲတမ်း ပြင်းထန်တဲ့ နာကျည်းမှုတွေ ထုတ်လွှင့်နေခဲ့တာ။ပြီးတော့ အဲ့ဒီနာကျည်းမှုက ကမ္ဘာကြီးရဲ့ မမျှတမှုဆီ ဦးတည်သွားတယ်။ထိုအချိန်တုန်းက သေလုမြောပါးဖြစ်နေတဲ့ ဒီခန္ဓာကိုယ်ရဲ့ မူလပိုင်ရှင်ကို သူမရဲ့ ဘဝကို စုံစမ်းပြီး မိဘတွေကို ရှာပေးမယ်လို့ သူမ ကတိပေးထားခဲ့တယ်။သူမက မကောင်းတဲ့လူရဲ့ ကလေးမဟုတ်ဘဲ သူမမှာလည်း မိဘတွေရှိတယ်ဆိုတာကို တစ်လောကလုံး သိသွားအောင် လုပ်ပြမယ်။

၎င်းကြောင့်ပဲ သူမရဲ့ အင်အားက ဖြည်းဖြည်းချင်း မြှင့်တက်လာခဲ့ပြီး စတင် စုံစမ်းခဲ့သည်။နောက်ဆုံးတော့ သတင်းအချို့ရရှိလာပြီ။

"ရှောင်ယောင်အာ စိတ်ပျက်သွားစရာ မလိုဘူးနော်။သူ(မ)ကို အခြားတစ်ယောက်ကလည်း ရှာနေတာ ရှိတယ်"

ဘေးနားမှာရှိနေတဲ့ ယွီဖုန်းက ရုတ်တရက် နင်းမုန့်ယောင်ကို ကြည့်ကာ လေးလေးနက်နက်ဖြင့် ပြောလာခဲ့သည်။

နင်းမုန့်ယောင်ရဲ့ မျက်လုံးတွေက တောက်ပသွားပြီး

"အဲ့ဒါ နန်ကုန်းယန်လား"

"မဟုတ်ဘူး အဲ့ဒီလူက မင်းကို စုံစမ်းနေတဲ့လူပဲ။သူက မင်းအမေကိုလည်း စုံစမ်းနေပြီး မင်းကိုပါ တစ်ပြိုင်နက်ထဲ စုံစမ်းနေတာ"

ယွီဖုန်းက ခေါင်းရမ်းလိုက်တယ်။ထိုလူက အလွန်ထူးဆန်းတယ်လို့ သူ ခံစားရတယ်။၎င်းက သူတို့တွေ လက်တလောမှသာ မင်းသမီးကြီးနဲ့ နင်းမုန့်ယောင်ရဲ့ အမေနဲ့သမီးပတ်သက်မှုကို သတင်းရခဲ့တာ။

All Chapters