← Chapters

အခန်း ၂၉၄

Vol. 12 Ch. 294

အခန်း ၂၉၄

Vol. 12 Ch. 294

Chapter 294

ဒါပေမယ့် ထိုလူက ရှောင်ယောင်အာနဲ့မင်းသမီးကြီးရဲ့ ပတ်သက်မှုကို ရှာတွေ့ပြီးတဲ့နောက်မှာ သူမကို စုံစမ်းလာခဲ့တယ်။၎င်းက သူတို့ကို စိုးရိမ်စေတယ်။

နင်းမုန့်‌ယောင်က မျက်မှောင်ကြုတ်ထားတယ်။သူမ မြိုတော်ကို ရောက်တဲ့အချိန်ကနေစပြီးတော့ သူမဘဝထဲမှာ အနှောင့်အယှက်တွေများပြီး ဘာတစ်ခုမှ ကောင်းတာ ဖြစ်မလာဘူး။၎င်းက သူမကို တကယ့်ကို စိတ်တိုစေပြီးတော့ စက်ဆုပ်စေတယ်။

"ယောင်ယောင် မစိုးရိမ်ပါနဲ့။အဲ့ဒါ ဘယ်သူပဲဖြစ်ဖြစ် သူတို့တွေ နောက်ဆုံးကျရင် သူတို့ကိုယ်သူတို့ ဖော်ထုတ်ရမှာပါ"

ချောင်ထျန်းချန်က နင်းမုန့်ယောင်ကို အဲ့လိုမြင်ရတော့ စိုးရိမ်သွားပြီး သူမကို နှစ်သိမ့်စကား ပြောပေးသည်။

ဒါပေမယ့် နင်းမုန့်ယောင်က ခေါင်းရမ်းလိုက်ပြီး

"ကျွန်မ အဲ့အကြောင်း စဉ်းစားနေတာ မဟုတ်ဘူး"

"ဪ"

ချောင်ထျန်းချန်က နင်းမုန့်ယောင်ကို သံသယဖြစ်စွာ ကြည့်လိုက်တယ်။သူမ ပြောတဲ့အဓိပ္ပာယ်ကို သူ နားမလည်ဘူး။

နင်းမုန့်ယောင်က အသာလေး သက်ပြင်းချလိုက်ပြီး

"ကျွန်မ ပိုင်ရှန်းရွာမှာ နေခဲ့ရတဲ့ နေ့တွေကို သတိရနေတာ။ဒီနေရာကို လာပြီးတဲ့နောက် ဒုက္ခတွေက ဘယ်တော့မှ ပျောက်သွားမယ့်ပုံ မပေါ်ဘူး"

"အမှန်ပဲ။အရာအားလုံး ပြီးသွားတဲ့အခါကျရင် ကိုယ်တို့တွေ ပြန်ကြမယ်လေ။ဟုတ်ပြီလား"

အဲ့ဒီနေရာက သူတို့ ပထမဆုံး ဆုံတွေ့ခဲ့တဲ့ နေရာပဲ။သူလည်းပဲ ပြန်သွားချင်တယ်။

မြို့တော်ထဲမှာက တိုက်ခိုက်မှုတွေနဲ့ ပြဿနာတွေ အများကြီးရှိတယ်။နင်းမုန့်ယောင် အဲ့ဒါတွေကို မကြိုက်ဘူးဆိုတာ သူသိတယ်၊သူလည်းပဲ မကြိုက်ဘူး။

မိန့်ရိုလင်းက နင်းမုန့်ယောင်ကို ပြုံးကာ ကြည့်လိုက်ပြီး

"လူတွေက ဒီနေရာမှာ နေနိုင်ဖို့ အကောင်းဆုံး ကြိုးစားနေကြပေမယ့် နင်တို့နှစ်ယောက်ကတော့ အဲ့ဒီဝေးလံခေါင်သီတဲ့ ရွာကိုပဲ တကယ်ကြီး ပြန်ချင်နေကြတယ်"

သို့ပေမယ့် ထိုနေရာက တကယ်တော့ မဆိုးလှပေ။အထူးသဖြင့် သူတို့ရဲ့အိမ်တည်ရှိတဲ့ နေရာဖြစ်သည်။

"အစ်မမိန့် ညီမက အဲ့ဒီနေရာမှာ ပိုပြီးတော့ သက်သောင့်သက်သာဖြစ်တယ်ဆိုတာ အစ်မသိတာပဲ။ဒီနေရာက ညီမကို မသက်မသာဖြစ်စေတယ်"

သူမသာ ဒီလိုဘဝမျိုးကို သဘောကျရင် လူသူဝေးရာဆီမှာ နေမှာ မဟုတ်ဘူး။

သူမရဲ့ အဆင့်အတန်းနဲ့ဆိုရင် အထက်တန်းလွှာဘဝမှာ နေလို့ရတယ်။ဒါပေမယ့် သူမ မနေခဲ့ဘူး။၎င်းက သူမ နေချင်တဲ့ ဆန္ဒမရှိလို့ပဲ။

မိန့်ရိုလင်းက ၎င်းကို ရယ်ရတယ်လို့ ခံစားရပြီး နင်းမုန့်ယောင်ကို ကြည့်ကာ

"ဒါပေါ့ ငါ နင့်ရဲ့အတွေးတွေကို သိတာပေါ့၊ဒါပေမယ့် လွတ်လွတ်လပ်လပ်နေရဖို့အတွက် လွတ်လပ်မှုမရှိတဲ့ အချိန်တွေ ရှိသေးတယ်လေ"

နင်းမုန့်ယောင်က ပြန်မဖြေဘဲ တိတ်‌‌နေတယ်။မိန့်ရိုလင်း ပြောတဲ့အဓိပ္ပာယ်ကို သူမသိတယ်။သူမ ချောင်ထျန်းချန်နဲ့ရှိဖို့ ဆုံးဖြတ်လိုက်ပြီးတဲ့နောက် သူမရဲ့ဘဝက ‌အေးအေးချမ်းချမ်း မဖြစ်တော့ဖို့ ကံကြမ္မာသတ်မှတ်ထားခဲ့တယ်။

"စိတ်မပူနဲ့နော် ကိုယ်တို့ သိပ်မကြာခင် ပြန်လို့ရတော့မှာ"

ချောင်ထျန်းချန်က သူမ စိတ်ဆိုးတာကို မမြင်နိုင်တဲ့အတွက် နှစ်သိမ့်ပေးလိုက်သည်။

နင်းမုန့်ယောင် ခေါင်းငြိမ့်လိုက်တယ်။သူမ ချောင်ထျန်းချန်ကို ယုံတယ်။သူက အမြဲတမ်း သူမကိုပေးထားတဲ့ သူ့ရဲ့ကတိတွေကို ဖြည့်စွမ်းပေးတယ်။

မိန့်ရိုလင်းက မတတ်နိုင်ဘဲ ရယ်လိုက်သည်။

"နင်တို့နှစ်ယောက်က တကယ့်ကို တစ်ယောက်အတွက်တစ်ယောက် ရည်ရွယ်ထားကြတာပဲ၊နှစ်ယောက်လုံးက ဒီလိုဘဝမျိုးကို မုန်းနေကြတာ"

ချောင်ထျန်းချန်က မိန့်ရိုလင်းကို ကြည့်လိုက်ပြီး ဘာမှမပြောပေ။ဒီတစ်ကြိမ်မှာ ချောင်ထျန်းချန်တွင် အခြားအတွေးများ ရှိနေပုံရသည်။

ဒီနေ့ည ပွဲထဲက လူတွေရဲ့ အကြည့်တွေက ချောင်ထျန်းချန်အတွက် လာမယ့်နေရက်တွေမှာ စစ်သူကြီးအိမ်တော်က အေးချမ်းမှာ မဟုတ်တော့ဘူးဆိုတာ ရှင်းရှင်းလင်းလင်း သိသည်။၎င်းက အထူးသဖြင့် နင်းမုန့်ယောင်ရဲ့ သရုပ်မှန်ကို သိပြီးတဲ့နောက် နန်ကုန်းချီရဲ့ အကြည့်ပင်။နန်ကုန်းချီရဲ့ အကြည့်က သူ့ကို တကယ့်ကိုပဲ သူ့(နန်ကုန်းချီ)ရဲ့ အဲ့ဒီမျက်လုံးတွေကို ဖောက်ထုတ်ပစ်ချင်စိတ် ဖြစ်စေသည်။

"ကိုယ် ကျန်တဲ့လူတွေကို ခေါ်လိုက်မယ်"

ချောင်ထျန်းချန်က ရုတ်တရက် ပြောလိုက်သည်။

"ကျန်တဲ့လူတွေလား"

နင်းမုန့်ယောင်က အံ့အားသင့်သွားစွာ မျက်တောင်ခတ်လိုက်တယ်။သူမ သူဆိုလိုတဲ့အဓိပ္ပာယ်ကို သဘောမပေါက်ဘူး။

ချောင်ထျန်းချန်က သူ့လက်ကို ဆန့်ထုတ်ကာ နင်းမုန့်ယောင်ရဲ့ခေါင်းကို ပွတ်သပ်လိုက်သည်။သူ့နှုတ်ခမ်းထောင့်တွေ ကွေးတက်သွားပြီး

"သူတို့တွေက လဲ့အန်းနဲ့လင်းဇီရိုလိုပဲ။ဒါပေမယ့် သူတို့မှာ သူတို့ရဲ့ ကိုယ်ပိုင်တာဝန်တွေရှိတယ်။သူတို့တွေက စစ်ပွဲပြီးသွားရင် အမြဲတမ်း လေ့ကျင့်ရေးကွင်းထဲမှာပဲနေပြီး လုံးဝ ထွက်မသွားဘူး။သူတို့က ဆယ်‌ယောက်ရှိတယ်လေ။ပြီးတော့ သူတို့က အားမနည်းကြဘူး။သူတို့တွေအနားမှာရှိနေမှ ကိုယ်ပိုပြီးတော့ စိတ်အေးရမယ်"

"အဲ့လိုအဓိပ္ပာယ်ကိုး"

နင်းမုန့်ယောင်က သဘောပေါက်ပြီး ခေါင်းငြိမ့်လိုက်သည်၊သူမက ထပ်မမေးတော့ပေမယ့် အဲ့ဒီလူတွေ ဘယ်လိုပုံရှိမလဲဆိုတာ သိချင်မိသည်။

ယွီဖုန်းက ရုတ်တရက် ရယ်လိုက်ပြီး

"ကြည့်ရတာတော့ ငါတို့ရဲ့ ပြင်ဆင်ထားမှုက အလကားဖြစ်သွားပုံပဲ"

"ဟမ်?"

နှစ်ယောက်လုံး ယွီဖုန်းကို တစ်ပြိုင်နက်ထဲ ကြည့်လိုက်ကြပြီး သူတို့ရဲ့ မျက်လုံးထဲမှာ သံသယတွေ ရှိနေသည်။

"ငါတို့ ရောက်တဲ့အချိန်တုန်းက နန်ကုန်းချီရဲ့အကြံပေးက တောင်ပိုင်းရှင်းကျန်းဇာတိဆိုတာ စုံစမ်းမိခဲ့တယ်။အဲ့ဒါတင်မကဘူး သူ့ဆီမှာ လူတွေရဲ့စိတ်ကို ထိန်းချုပ်နိုင်တဲ့ မူးယစ်ဆေးအသစ်တစ်ခု တီထွင်ထားပြီး အဲ့ဒါကို အသုံးပြုဖို့ စီစဉ်ထားတဲ့လူက ရှောင်ယောင်အာပဲ။နင့်ကို အသုံးပြုကြမှာ"

ယွီဖုန်းက နင်းမုန့်ယောင်ကိုကြည့်ပြီး တစ်လုံးချင်း ပြောလိုက်သည်။

"ယွီဖုန်း ဘာတွေဖြစ်နေတာလဲ?"

မိန့်ရိုလင်းက ထိုကိစ္စနဲ့ပတ်သက်ပြီး သတင်းမရထားချေ။ယွီဖုန်းက ထိုအကြောင်းကို ရုတ်တရက်ပြောလာတာ ကြားလိုက်ရတော့ ချက်ချင်း ပေါက်ကွဲသွားတယ်။တစ်ယောက်ယောက်က တကယ်ပဲ သူတို့ရဲ့ အဖိုးတန်ညီမလေးကို ရုပ်သေးအဖြစ် ပြောင်းလဲဖို့ ရည်ရွယ်နေတာပဲ။သူမ အဲ့ဒါကို ဖြစ်ခွင့်ပြုမှာ မဟုတ်ဘူး။

ယွီဖုန်းက စိတ်လှုပ်ရှားနေတဲ့ မိန့်ရိုလင်းကို ကြည့်ပြီး ခေါင်းကိုက်သွားတယ်။သူ သိခဲ့ရင် အဲ့ဒါကို ထုတ်ပြောမှာ မဟုတ်ဘူး။

"ဟုတ်ပါပြီ စိတ်မလှုပ်ရှားပဲနဲ့ ကိုယ်ပြောတာ နားထောင်နော်"

"ပြောစမ်းပါ" မိန့်ရိုလင်းက စိတ်မရှည်စွာ တိုက်တွန်းလိုက်သည်။

"နန်ကုန်းချီက တကယ်တော့ ကောလဟာလတွေထဲက ပြောသလို ထူးချွန်နေတာ မဟုတ်ဘူး။အဲ့ဒါက သူ့ဘေးနားက အဲ့ဒီ အကြံပေးကြောင့်ပဲ”

All Chapters