အခန်း ၂၉၅
Vol. 12 Ch. 295
Chapter 295
ယွီဖုန်းရဲ့စကားတွေက နင်းမုန့်ယောင်နဲ့အခြားလူတွေကို ခေါင်းရှုပ်သွားစေသည်။
"ရှင်ဘာကိုဆိုလိုတာလဲ"
"နန်ကုန်းချီရဲ့အကြံပေးက တောင်ပိုင်းရှင်းကျန်း ဒေသခံပဲ။ပြီးတော့ သူ့ရဲ့ အဆင့်အတန်းက မနိမ့်ဘူး။သူဘာလို့ နန်ကုန်းချီရဲ့နားမှာ အကြံပေးအဖြစ် ရှိနေရတာလဲဆိုတာ ငါတို့ စုံစမ်းရမယ်။ဒီမူးယစ်ဆေးနဲ့ပတ်သက်ပြီးတော့ မကြာသေးခင်က ငါ အချက်အလက်အချို့ ရထားသေးတယ်။မင်းတို့နှစ်ယောက် ကြည့်ကြည့်"
သူက စာရွက်တစ်ရွက် ထုတ်ယူလာပြီး ချောင်ထျန်းချန်နဲ့နင်းမုန့်ယောင်ကို လှမ်းပေးလိုက်သည်။
ချောင်ထျန်းချန်က ၎င်းကို ဖွင့်ဖတ်ကြည့်လိုက်ပြီး ဖတ်ပြီးတဲ့နောက် သူ့ခန္ဓာကိုယ်က ရေခဲကဲ့သို့ အေးစက်လာသည်။
သူတို့သာ အမှန်တကယ်ပဲ ဒီလိုမူးယစ်ဆေးမျိုးကို နင်းမုန့်ယောင်ပေါ်မှာ သုံးခဲ့ရင် ရလဒ်က.........ချောင်ထျန်းချန် ထိုအကြောင်းကို စဉ်းတောင်မစဉ်းစားရဲဘူး။
ချောင်ထျန်းချန် အဲ့လိုပုံစံ ပြုမူတာကို မြင်ရတော့ နင်းမုန့်ယောင်က သူမလက်ကို ဆန့်ထုတ်ပြီး သူ့ရဲ့ အေးစက်နေတဲ့လက်ကို ဆုပ်ကိုင်လိုက်သည်။
"ထျန်းချန် ကျွန်မ ဘာမှဖြစ်မှာ မဟုတ်ပါဘူး"
သူမ အရာအားလုံး မေ့သွားရင်တောင်မှ ချောင်ထျန်းချန်ကို လုံးဝ မေ့မှာမဟုတ်ဘူး။
အဲ့ဒီမူးယစ်ဆေးက လူတစ်ယောက်ရဲ့စိတ်ကို ထိန်းချုပ်နိုင်ရုံတင်မကဘူး ၎င်းက ထိုလူရဲ့ မှတ်ဉာဏ်ကို ဖြေးဖြေးချင်း ဝါးမျိုသွားပြီး သူတို့ရဲ့ ရုပ်သေးရုပ်အဖြစ် အပြည့်အဝ ပြောင်းလဲပစ်နိုင်သည်။ချောင်ထျန်းချန် အရမ်းကြောက်လန့်သွားတာ မထူးဆန်းချေ။
ချောင်ထျန်းချန်က နင်းမုန့်ယောင်ကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်ပြီး
"နန်ကုန်းချီဆီကနေ ဖြစ်နိုင်သမျှ ဝေးဝေးသာနေ။သူနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေကိုလည်း မထိရဘူး ပြီးတော့ ချင်းရွှန်းကို မင်းနဲ့အတူ ခေါ်ထားရမယ်"
"အင်းပါ"
နင်းမုန့်ယောင်က ချောင်ထျန်းချန်ရဲ့စကားတွေကို ပြန်မငြင်းနိုင်တာကြောင့် ခေါင်းသာငြိမ့်ပြီးတော့ သူ ပြောတာဘာဖြစ်ဖြစ် လက်ခံသဘောတူလိုက်သည်။
ချောင်ထျန်းချန်က အနည်းငယ် စိုးရိမ်နေဆဲ ဖြစ်ပေမယ့် နင်းမုန့်ယောင်က အခုအချိန်မှာ အရင်တုန်းကနဲ့ မတူတော့တာကို ပြန်စဉ်းစားမိတော့ အနည်းငယ် စိတ်အေးသွားသည်။
"မင်းတို့အားလုံး အရမ်း စိုးရိမ်နေဖို့ မလိုပါဘူး။ငါတို့တွေ တောင်ပိုင်းရှင်းကျန်းဒေသရဲ့ အထွတ်အမြတ်ထားတဲ့ သတ္တဝါကို ရှာတွေ့သရွေ့ ဒီမူးယစ်ဆေးတွေက မင်းအပေါ်မှာ လုံးဝ သက်ရောက်မှုရှိမှာ မဟုတ်ဘူး"
ထိုဆေးက ကူကောင်¹ကနေ ထုတ်လုပ်ထားပြီး တောင်ပိုင်းရှင်းကျန်းဒေသရဲ့ မြင့်မြတ်တဲ့သတ္တဝါက ထိုကူကောင်အားလုံးကို ထိန်းချုပ်ထားနိုင်သည်။
"တောင်ပိုင်းရှင်းကျန်းရဲ့ အထွက်အမြတ်ထားတဲ့ သတ္တဝါက ဘာလဲ"
ချောင်ထျန်းချန်က မျက်မှောင်ကြုတ်ပြီး သံသယဖြစ်စွာ မေးလိုက်သည်။
"နတ်မြေခွေးတစ်ကောင်ပဲ။အဲ့ဒီ နတ်မြေခွေးရဲ့သွေးက မတူညီတဲ့ အဆိပ်တွေအများကြီးကို ကုပေးနိုင်တယ်။သူ့သွားတွေကလည်း အရမ်း အဆိပ်ပြင်းတယ်။အဲ့ဒါတင်မကသေးဘူး ကူကောင်က ပိုပြီးတော့ သန်မာလေ အဲ့ဒါက ပိုပြီးတော့ အာဟာရဖြစ်လေပဲ။တောင်ပိုင်းရှင်းကျန်းဒေသကလူတွေက အဲ့ဒါကို အထွတ်အမြတ်သတ္တဝါအဖြစ် မှတ်ယူထားကြတာ။ငါတို့ အဲ့ဒါကို အမြဲတမ်းရှာနေခဲ့ပေမယ့် အခုထိ ဘာသတင်းမှ မရသေးဘူး"
ယွီဖုန်းက ထိုအချက်အထိ ပြောပြီးတော့ စိတ်ဓာတ်ကျသွားသည်။
သို့ပေမယ့် နင်းမုန့်ယောင်က အဲ့ဒီအစား ပြုံးလာခဲ့ပြီး
"ဖြေရှင်းနည်းတစ်ခုရှိတာက ဘာမှမရှိတာထက်စာရင် ကောင်းတာပဲလေ"
ချောင်ထျန်းချန်လည်း ၎င်းက မှန်တယ်လို့ ခံစားရတယ်။သူက အဲ့ဒီနောက် လင်းဇီရိုကို ဆင့်ခေါ်လိုက်ပြီး
"ဇီရို နန်ချီကို တောင်ပိုင်းရှင်းကျန်းကို လွှတ်ပြီး နတ်မြေခွေးရှာခိုင်းလိုက်"
အလျင်စလို ရောက်လာတဲ့ လင်းဇီရိုက အံ့ဩသွားပြီး ချောင်ထျန်းချန်ကို ကြည့်ကာ
"ကျန့်ကျွင်း တကယ်ပဲ ရှောင်ချီကို ပြန်လွှတ်မလို့လား"
ချောင်ထျန်းချန်က အသက်ပြင်းပြင်း ရှူလိုက်ပြီး သူ့မျက်လုံးတွေကို မှိတ်ကာ
"ဖြစ်နိုင်ရင်တော့ ငါလည်း သူ့ကို မလွှတ်ချင်ဘူး။ဒီကိစ္စက နှောင့်နှေးလို့ မရလို့သာရယ်"
ချောင်ထျန်းချန်က လင်းဇီရိုကို နန်ကုန်းချီ၏အကြံပေးအကြောင်းနှင့်ပတ်သက်၍ မူးယစ်ဆေးအကြောင်းကိုလည်း ပြောပြလိုက်၏။
လင်းဇီရိုလည်းပဲ ၎င်းကို နားထောင်ပြီးတဲ့နောက် ထိုကိစ္စရဲ့ အရေးကြီးမှုကို သိသွားပြီး ချက်ချင်း ခေါင်းငြိမ့်လိုက်သည်။
"ကျန့်ကျွင်း မစိုးရိမ်နဲ့၊ကျွန်တော် အဲ့ဒါကို သေချာကိုင်တွယ်လိုက်မယ်"
ချောင်ထျန်းချန်က စိတ်အေးသွားပြီး ခေါင်းငြိမ့်ကာ
"မင်း ကိစ္စတွေကို ကိုင်တွယ်တဲ့ပုံစံကို ငါ အမြဲတမ်း သဘောကျတယ်။သွားတော့"
"ဟုတ်ကဲ့"
နင်းမုန့်ယောင်က ချောင်ထျန်းချန်ကို ကြည့်လိုက်ပြီး
"ရှင့်နားမှာ တောင်ပိုင်းရှင်းကျန်းဇာတိကလူ ရှိတယ်ပေါ့လေ"
ချောင်ထျန်းချန်က ခေါင်းငြိမ့်ကာ
"အင်း ရှိတယ်။နန်ချီနဲ့နန်ယွီတို့ ညီအစ်ကိုကို ကိုယ်တို့ ငယ်ငယ်တုန်းက ကယ်ထားခဲ့တာလေ။သူတို့ကို တောင်ပိုင်းရှင်းကျန်းဒေသခံတွေက နိမိတ်ဆိုးလို့ မြင်ကြပြီး မောင်းထုတ်ခဲ့ကြတယ်။သူတို့တွေ သေလုနီးပါးပဲ။ဒါပေမယ့် ကိုယ်နဲ့ချီဖုန်းက ကယ်ခဲ့တာ။အဲ့ဒီနောက် သူတို့က ကိုယ်တို့နောက်ကို အမြဲတမ်း လိုက်နေတော့တာပဲ"
ထို့နောက် သူတို့ရဲ့ ဆက်ဆံရေးက ညီအစ်ကို အရင်းအချာများကဲ့သို့ နီးစပ်လာသည်။
နင်းမုန့်ယောင်က နားလည်သွားပြီး ခေါင်းငြိမ့်လိုက်သည်။
"သဘောပေါက်ပြီ"
"နန်ယွီလည်းပဲ ပြန်လာလိမ့်မယ်။သူနဲ့ချင်းရွှန်း မင်းနားမှာရှိနေရင် ကိုယ်လုံးဝ စိတ်အေးရပြီ"
နန်ယွီက ကူကောင်တွေ မွေးမြူတဲ့နေရာတွေ ပြောင်မြောက်တဲ့ အရည်အချင်းရှိသည်။သူက ကူကောင်အတော်များများ မွေးမြူခဲ့ပြီး သူတို့ တစ်ကောင်ချင်းဆီတိုင်းက အံ့ဩစရာကောင်းပေမယ့် သူတို့တွေကို တစ်ခါမှ မမြင်ဖူးချေ။
နင်းမုန့်ယောင်က ခဏလောက် တိတ်နေခဲ့ပြီး ချောင်ထျန်းချန်ကို ကြည့်ကာ
"အဲ့ဒီနှစ်ယောက်က ယုံကြည်လို့ရတယ်ဆိုတာ သေချာရဲ့လား"
ချောင်ထျန်းချန် ခေါင်းငြိမ့်ပြလိုက်သည်။
"အင်း ကိုယ်တို့က သူတို့နှစ်ယောက်ကို အလောင်းတွေ စုပုံနေတဲ့နေရာကနေ ကယ်ပေးခဲ့တာ။သူတို့ရဲ့ ခန္ဓာကိုယ်တွေက သာမန်လူတွေနဲ့ ကွဲပြားနေတာကြောင့်သာ မဟုတ်ရင် သူတို့တွေ အဲ့ဒီအချိန်တုန်းက သေပြီးနေလောက်ပြီ"
သူ ထိုနှစ်ယောက်ကို ကယ်ခဲ့တုန်းက အချိန်ကို မှတ်မိသေးတယ်။သူတို့က အသက်မျှင်မျှင်လေးပဲ ကျန်တော့တာ။သူ့ကို ထောက်ပံ့ထားတဲ့ တောင်ပိုင်းရှင်းကျန်းကို မုန်းတဲ့ နန်ယွီရဲ့ အမုန်းကြောင့်သာ မဟုတ်ရင် သူတို့ညီအစ်ကိုတွေ အကယ်မခံရင် သေပြီးနေလောက်ပြီ။
အချို့က သူတို့ကို ထူးဆန်းတယ်လို့ ခံစားရတယ်။တကယ်တော့ ရှောင်ချီဖုန်းက သူတို့ကို စစ်ဆေးခဲ့ပြီး တောင်ပိုင်းရှင်းကျန်းကို ရန်ငြိုးရှိတာကလွဲလို့ သူတို့မှာ ဘာမှမှားယွင်းနေတာ မရှိဘူးဆိုတာ ရှာတွေ့ခဲ့သည်။
1.ကပ်ပါးကောင်