← Chapters

အခန်း ၂၉၆

Vol. 12 Ch. 296

အခန်း ၂၉၆

Vol. 12 Ch. 296

Chapter 296

တောင်ပိုင်းရှင်းကျန်းက လူတွေ၏ လက်ထဲတွင် မိသားစု တစ်ဒါဇင်လောက် သေခဲ့ရသည်။၎င်းက သူတို့အားလုံးက ကူကောင်တွေနှင့် ရင်းနှီးတာကြောင့်ပင်။သူတို့ကို မွေးတဲ့အချိန်ကတည်းက တောင်ပိုင်းရှင်းကျန်း ကူဘုရင်ကနေ ရွေးချယ်ထားပြီး ဖြစ်သည်။

တောင်ပိုင်းရှင်းကျန်းတွင် ဘုရင်ရွေးချယ်ခြင်းက အပြင်လောကနှင့် လုံးဝ ကွဲပြားခြားနားသည်။၎င်းက ကူဘုရင်၏ ရွေးချယ်မှုအပေါ်တွင် လုံးဝ မူတည်နေသည်၊ကူဘုရင် ရွေးချယ်လိုက်သည့် လူက တောင်ပိုင်းရှင်းကျန်း၏ နောက်တက်မည့် ဘုရင်ဖြစ်လာသည်။

နန်ယွီ ကူဘုရင်ဆီကနေ ရွေးချယ်ခံရတဲ့ အချိန်တုန်းက အသက်ရှစ်နှစ်သာ ရှိသေးသည်။သို့ပေမယ့် သူတို့တွေ အောင်ပွဲမခံနိုင်ခင်မှာပဲ သူ့မိသားစုက ရုတ်တရက် ကပ်ဘေးကြီးတစ်ခုနဲ့ ကြုံတွေ့ခဲ့ရသည်။ရှစ်နှစ်အရွယ် နန်ယွီက ခြောက်နှစ်အရွယ် နန်ချီကို ခေါ်ပြီး ထွက်ပြေး၏။သူတို့တွေက တောင်ပိုင်းရှင်းကျန်းဘုရင် လွှတ်လိုက်တဲ့ လူတွေဆီကနေ ထွက်ပြေးလွတ်‌မြောက်ခဲ့ပြီး သေစေနိုင်တဲ့အထိ ပြင်းထန်တဲ့ဒဏ်ရာများ ရထားခဲ့ကြသည်။ချောင်ထျန်းချန်တို့ဖြင့်သာ မဆုံခဲ့ရင် သူ‌တို့တွေ သေသွားနိုင်သည်။

"အဲ့လိုဆိုမှတော့ အဲ့လိုပဲ လုပ်ကြတာပေါ့"

ယွီဖုန်း ခေါင်းငြိမ့်လိုက်၏။

တောင်ပိုင်းရှင်းကျန်းရဲ့ ကူကောင်တွေကို နားလည်တဲ့ လူတစ်ယောက်နဲ့ဆိုရင် ၎င်းက ကျားကို အတောင်ပံတပ်ပေးလိုက်သလိုပင်။

"စကားမစပ် ကိစ္စတစ်ခုရှိသေးတယ်။တောင်ပိုင်းရှင်းကျန်းကူဘုရင်က တကယ်တော့ နန်ယွီရဲ့ ခန္ဓာကိုယ်ထဲမှာ"

ချောင်ထျန်းချန်က သူတို့တွေ စိတ်အေးသွားလို့ သက်ပြင်းချတဲ့ အချိန်မှာပဲ နောက်ထပ် ပေါက်ကွဲသွားစေနိုင်တဲ့ သတင်းကို ချပြလာသည်၊

ယွီဖုန်းက မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားပြီး ချောင်ထျန်းချန်ကို ကြည့်ကာ

"မင်းစကားတွေက အမှန်ပဲလား"

"အမှန်ပဲ။တောင်ပိုင်းရှင်းကျန်းကူဘုရင်က ဆက်ခံသူ ရွေးချယ်ပြီးတဲ့နောက် အဲ့ဒါက တစ်ဖက်လူရဲ့ အနံ့ကို မှတ်မိနေပြီး သူ ဘယ်နေရာမှာပဲ ရှိနေပါစေ နည်းလမ်းရှာပြီး သူ့နားမှာ ရှိနေတာ"

ချောင်ထျန်းချန်က သူ နန်ယွီဆီကနေ ကြားခဲ့တဲ့ အဖြစ်အပျက်ကို သူတို့အား ပြောပြလိုက်၏။

တောင်ပိုင်းရှင်းကျန်း၏ဘုရင်ဖြစ်လာဖို့ ကူဘုရင်ကို ပိုင်ဆိုင်ထားဖို့ လိုအပ်သည်။

နန်ကုန်းချီ၏ ဘေးနားက လူက လက်ရှိ ‌ရှင်းကျန်းဘုရင် လွှတ်ထားတဲ့ လူပင်။သူက ကူဘုရင် ရှာရန်အတွက် အလယ်ပိုင်းဒေသသို့ ရောက်လာတာပဲ ဖြစ်ရမည်။

"ငါအခု သဘောပေါက်သွားပြီ"

ယွီဖုန်းက ဒီလို သမိုင်းကြောင်းမျိုး ကြားရလိမ့်မယ်လို့ တစ်ခါမှ စိတ်ကူးမထားမိဘူး၊၎င်းက အမှန်တကယ် အံ့ဩစရာကောင်းတယ်။

နင်းမုန့်ယောင်က သိချင်စိတ်ပြင်းပြနေပြီး

"ကူဘုရင်က ဘာသုံးလို့ရလဲ"

ယွီဖုန်းက ရုတ်တရက် သူ့ခေါင်းကို ရိုက်လိုက်ပြီး

"ငါ့ကို ကြည့်စမ်ပါဦး ဘယ်လိုလုပ် မေ့သွားရတာလဲ!ကူကောင်က ဘယ်နေရာမှာပဲ ရှိနေပါစေ ကူဘုရင်ရှေ့မှာဆိုရင် အသုံးမဝင်တော့ဘူး။အဆုံးမှာတော့ သူတို့ရဲ့ မူးယစ်ဆေးတွေက ကူကောင်တွေက ထုတ်ထားတာပဲလေ"

"အဲ့တော့?"

"အဲ့တော့ မူးယစ်ဆေးကို စားလိုက်မိရင်တောင်မှ ကူဘုရင်ရှိနေရင် ဘာပြဿနာမှ ဖြစ်မှာမဟုတ်ဘူး။ဘာလို့လဲဆိုတော့ ကူဘုရင်က ကူကောင်တွေကို ဝါးမြိုပစ်မှာလေ"

သူက မရေရာတဲ့ နတ်မြေခွေးကို အရမ်း အာရုံစိုက်ထားခဲ့တာကြောင့် ကူဘုရင်ကို လုံးဝ မစဉ်းစားမိခဲ့ပေ။

ယွီဖုန်း၏စကားများက ချောင်ထျန်းချန်ကို ပို၍ စိတ်အေးသွားစေသည်။

"အဲ့ဒါဆို ကောင်းတယ်။နန်ယွီကို မြန်မြန်လာဖို့ ပြောလိုက်မယ်"

"ထျန်းချန် ဒါဆိုရင်တော့ ငါတို့ရဲ့ အဖိုးတန်လေးကို မင်းနဲ့ ထားခဲ့ရတော့မှာပဲ"

လက်ရှိမှာ နင်းမုန့်ယောင်တွင် ပြဿနာများစွာရှိနေပြီး နင်းမုန့်ယောင်ကို စုံစမ်းနေတဲ့ လူကလည်း ရှိနေသေးသည်။လောလောဆယ်မှာတော့ ထိုလူက မကောင်းတဲ့ရည်ရွယ်ချက် မရှိဘူးဆိုတာပဲ သူတို့ အတည်ပြုနိုင်သည်။ဒါပေမယ့် သူက အဲ့ဒီပုံစံအတိုင်း ဆက်ရှိနေပါ့မယ်လို့ ဘယ်သူသိမလဲ?ဝမ်းနည်းရတာထက် လုံခြုံတာက ပိုကောင်းသည်။

ချောင်ထျန်းချန်က ခေါင်းငြိမ့်လိုက်ပြီး

"ယောင်ယောင်က ကျွန်တော့်အတွက်လည်း အဖိုးတန်လေးပါ"

မိန့်ရိုလင်းက ချောင်ထျန်းချန်ကို အကြည့်တစ်ချက် ပစ်သွင်းကာ

"ပြီးတော့ သူ(မ)က ငါတို့ရဲ့ ညီမလေးပဲ"

"ပြီးတော့ သူ(မ)က ကျွန်တော့်ရဲ့ ဇနီးပဲ"

ချောင်ထျန်းချန်က မယိမ်းယိုင်စွာ ပြောလိုက်သည်။

မိန့်ရိုလင်း ဆွံ့အသွားတယ်။ကောင်းပြီ.......ဇနီးဆိုတဲ့ ဂုဏ်ပုဒ်က ညီမတစ်ယောက်ဆိုတဲ့ ဂုဏ်ပုဒ်ထက် အများကြီး သန်မာနေတယ်။

နင်းမုန့်ယောင်က သူတို့နှစ်ယောက် စကားများနေတာကို ကြည့်ပြီး မတတ်နိုင်ဘဲ ရယ်မိသွားသည်။သူမရဲ့နှလုံးသားအပေါ်မှာ ဖိနှိပ်ထားတဲ့ လေးလံတဲ့ဖိအားက လျော့ပါးသွားသလိုပင်။

ယာယီအိမ်တော်တွင် နန်ကုန်းချီက နန်ကုန်းယွဲ့အား အုံ့မှိုင်းနေတဲ့ အမူအရာဖြင့် ကြည့်နေပြီး

"နန်ကုန်းယွဲ့က နင်က အမှန်တော့ အမှိုက်ပဲ"

နန်ကုန်းယွဲ့က သူမရဲ့မျက်လုံးတွေ ကျဉ်းမြောင်းကာ နန်ကုန်းချီကို ကြည့်လိုက်ပေမယ့် သူ့ကို ဘာမှ ပြန်မပြောချေ။၎င်းက သူမ မလုပ်ရဲလို့ မဟုတ်ဘဲ မလိုအပ်ဘူးလို့ ခံစားရတာကြောင့် ဖြစ်သည်။

နန်ကုန်းချီရဲ့ ဘေးနားက အကြံပေးက နန်ကုန်းချီကို ကြည့်လိုက်သည်။သူ့မျက်လုံးတွေထဲမှာ လှောင်ပြောင်ထေ့ငေါ့မှု ဖြတ်သန်းသွားပြီး

"အရှင့်သား အခုအချိန်မှာ လုပ်ဖို့ လိုအပ်တာက လက်ညှိုးထိုးဖို့ မဟုတ်ဘဲ နင်းမုန့်ယောင်နားကို ချဉ်းကပ်နိုင်မယ့် နည်းလမ်းရှာဖို့ပါ"

နန်ကုန်းချီ ပါးစပ်ပိတ်ထားတယ်။၎င်းက တကယ်လည်း လက်ရှိမှာ အရေးအကြီးဆုံး ကိစ္စပဲ။

နန်ကုန်းယွဲ့ကို စိုက်ကြည့်ပြီးတဲ့နောက် နန်ကုန်းချီက ရုတ်တရက် အကြံတစ်ခု ရသွားသည်။

"နင်းမုန့်ယောင်နားကို ချဉ်းကပ်ပြီးတော့ သူ(မ)နဲ့ သူငယ်ချင်းဖြစ်လာနိုင်မယ့် နည်းလမ်းကို စဉ်းစား"

နန်ကုန်းယွဲ့က နန်ကုန်းချီအား မယုံနိုင်စွာ မျက်လုံးပြူး ကြည့်လိုက်သည်။နန်ကုန်းချီရဲ့ဦးခေါင်း တစ်ခုခု မှားယွင်းနေတယ်ဆိုတဲ့ ထူးဆန်းတဲ့ ခံစားချက်ရှိနေတယ်။

သူမက စောနလေးကမှ ပွဲထဲမှာ နင်းမုန့်ယောင်နဲ့ အချင်းများလာတာကို သူက အခု သူမကို နင်းမုန့်ယောင်နား ချဉ်းကပ်စေချင်တယ်ပေါ့လေ?ဦးနှောက်ပြဿနာရှိနေတဲ့လူပဲ ဒီလို အကြံမျိုး ရှိမှာ။

"အတည်ကြီးပြောနေတာလား"

"နန်ကုန်းယွဲ့ နင့်နေရာကို မမေ့နဲ့"

နန်ကုန်းချီက နန်ကုန်းယွဲ့ကို အေးစက်စွာ ကြည့်ကာ ဒေါသတကြီး ပြောလိုက်သည်။

နန်ကုန်းယွဲ့က နှာခေါင်းရှုံ့ပြီး

"ကျွန်မ အဲ့ဒါ မလုပ်နိုင်ဘူး၊ရှင့်ဘာသာ နင်းမုန့်ယောင်နား ကပ်နိုင်ဖို့ တခြားနည်းလမ်းတစ်ခု ရှာလိုက်"

နင်းမုန့်‌ယောင်က သူမကို စောနတုန်းက အရှက်ခွဲထားတာကို အခု သူက သူမကို နင်းမုန့်ယောင်နား ချဉ်းကပ်ခိုင်းနေတယ်။သူမက အဲ့လောက် မမိုက်မဲဘူး

All Chapters