အခန်း ၂၉၇
Vol. 12 Ch. 297
Chapter 297
နန်ကုန်းချီက နန်ကုန်းယွဲ့ကို စိုက်ကြည့်ပြီး တစ်ခုခု ပြောချင်ပေမယ့် သူ့ဘေးနားက လူက တားလာခဲ့သည်၊
"အရှင့်သား မင်းသမီးက တကယ်လည်း ဒီကိစ္စကို ကိုင်တွယ်ဖို့အတွက် မသင့်တော်ပါဘူး၊ကျွန်တော်တို့ အခြားအစီအစဉ်တွေ လုပ်ဖို့ လိုအပ်ပါတယ်"
ထိုလူက နန်ကုန်းချီကို ကြည့်ကာ ပြောလိုက်သည်။
ဒါပေမယ့် သူ့စိတ်ထဲမှာတော့ နန်ကုန်းချီကို ပိုပြီးတော့ အထင်သေးသွားတယ်။ဒီလို ဦးနှောက်မရှိတဲ့လူက ဘယ်လိုလုပ် မင်းသားတစ်ပါး ဖြစ်လာလဲဆိုတာ သူ တကယ်ကို မသိတော့ဘူး။
နန်ကုန်းချီက မကျေနပ်ပေမယ့်လည်း ခေါင်းငြိမ့်လိုက်သည်။
"မင်း ဘာကိုဆိုလိုတာလဲ"
"ကျွန်တော် အဲ့ဒါအတွက် စီစဉ်လိုက်ပါ့မယ်"
"ဒါဆိုရင်တော့ ငါ မင်းကိုပဲ ဒုက္ခပေးရတော့မယ်"
နန်ကုန်းချီက ကျေနပ်စွာ ခေါင်းငြိမ့်လိုက်တယ်။သူ စိုးရိမ်ဖို့ မလိုအပ်တော့ဘူး။
ထိုလူက လက်ရှိ နန်ကုန်းချီကို ပိုပြီးတော့ အထင်အမြင်သေးပေမယ့် နန်ကုန်းယွဲ့အပေါ်မှာတော့ မြင့်မားတဲ့ အလေးထားမှုရှိတယ်။သူမက မင်းသမီးဖြစ်ပြီးတော့ မင်းသားမဟုတ်တာ စိတ်မကောင်းစရာပဲ။
တစ်ချိန်တည်းမှာပဲ လင်းအိမ်တော်တွင် ရှောင်ကျီရွှမ်းက လင်းလော်၏အရှေ့တွင် ရှိနေပြီး သူမရဲ့ မျက်နှာက လှောင်ပြောင်ထေ့ငေါ့မှုဖြင့် ပြည့်နှက်နေသည်။
"ဘာလို့လဲ?ရှင်က အဲ့လို ရတနာမျိုးကို လက်လွှတ်လိုက်ရလို့ ရူးလောက်အောင် နောင်တရနေပြီလား"
လင်းလော်က အခုချိန်မှာ သူမကို စကားပြောချင်စိတ် မရှိပေ။သူက တိတ်နေပြီးတော့ သူမကို တစ်ချက်တောင် မကြည့်ချေ။
ရှောင်ကျီရွှမ်းက သူ့အပြုအမူတွေကြောင့် သူမစိတ်ထဲ အေးစက်သွားတယ်။အနည်းဆုံးတော့ သူတို့တွေ လင်မယားအဖြစ် နှစ်နှစ်ကျော် သုံးနှစ် အတူတူရှိလာခဲ့ကြတာပါ။ဘာပဲဖြစ်ဖြစ် ခံစားချက်နည်းနည်းပါးပါး ရှိသင့်ပေမယ့် ဒီယောကျာ်းကတော့ နှလုံးသားမဲ့လွန်းတယ်။
သူမ အဲ့ဒါကို အချိန်တော်ကြာကတည်းက မသိခဲ့သင့်ဘူးလား?နင်းမုန့်ယောင်က သူ့ရဲ့ ငယ်ချစ်ဦးလို့ ပြောလို့ရတယ် ဒါပေမယ့် သူက သူမကို အာဏာအတွက် စွန့်လွှတ်ခဲ့တယ်။အဲ့ဒါ လင်းလော်ပဲ အရမ်းတစ်ကိုယ်ကောင်းဆန်တဲ့လူတစ်ယောက်ပေါ့။
"လင်းလော် ရှင့်မှာ ဘာမှပြောစရာ မရှိဘူးလား?ကျွန်မတို့ ပထမဆုံးအတူတူ ရှိတဲ့အချိန်တုန်းက ရှင်ပြောခဲ့တဲ့ စကားတွေကို မှတ်မိသေးလား?ရှင် အဲ့ဒီစကားတွေကို နင်းမုန့်ယောင်ကိုလည်း ပြောခဲ့တယ်ဆိုတာ သေချာပါတယ် ဟုတ်တယ်မလား?ကျွန်မက ရှင့်ရဲ့စကားတွေကို ယုံမိတဲ့ အရူးတစ်ယောက်ဖြစ်နေတဲ့အချိန် သူ(မ)က အရမ်း ဉာဏ်ကောင်းတာတော့ စိတ်မကောင်းစရာပဲ"
ရှောင်ကျီရွှမ်းက သူမကိုယ်သူမ လှောင်ပြောင်ပြီး စတင်ရယ်မောသည်။
လင်းလော်ရဲ့ အမူအရာက ပိုမိုဆိုးဝါးလာခဲ့ပြီး ရှောင်ကျီရွှမ်းကို စိုက်ကြည့်ကာ
"တိတ်စမ်း!"
"ဘာလို့လဲ?ကျွန်မက ရှင့်ရဲ့အနာကို ထိုးဆွမိလိုက်လို့လား?ရှင့်ကို မကျေမနပ် ဖြစ်သွားစေလို့လား"
ရှောင်ကျီရွှမ်းက သူ့ကို ဆက်ပြီး ရန်စနေရုံသာမက သူ့ကိုတောင် လှောင်ပြောင်ထေ့ငေါ့ပြီး ကြည့်လိုက်သေးသည်။
အကယ်၍ သူမသာ ဒီလိုနေ့မျိုး ရောက်လာမယ်ဆိုတာ သိခဲ့ရင် သေချာပေါက် လင်းလော်ကို ရွေးချယ်ခဲ့မှာ မဟုတ်ဘူး။
လင်းလော်က ရှောင်ကျီရွှမ်းကို အေးစက်စွာ ကြည့်လိုက်ပြီး
"မင်း သေချင်နေတာဆိုရင် ငါ မင်းဆန္ဒကို ဖြည့်ဆည်းပေးလိုက်မယ်"
"သေတာလား?ကျွန်မက သေရမှာကြောက်တယ်လို့ ရှင်ထင်နေလား!"
ရှောင်ကျီရွှမ်းက ကျယ်လောင်စွာ ရယ်မောလိုက်သည်။
သူမ အရာအားလုံး ဆုံးရှုံးပြီးနေပြီ။အတိတ်တုန်းက သူမမှာ ရှောင်အိမ်တော် ရှိနေတုန်းပဲဆိုပြီး တွေးခဲ့ပေမယ့် ပွဲအခမ်းအနားမှာ သူမအဖေရဲ့ နင်းမုန့်ယောင်ကို ဆက်ဆံပုံကို တွေ့ပြီးတဲ့နောက် သူမနှလုံးသား အေးစက်သွားတယ်။
နင်းမုန့်ယောင်က သူ့အတွက် ထူးခြားတဲ့ လူတစ်ယောက်ဆိုတာ သူမ သတိထားမိတယ်။အဲ့ဒီနောက် သူမရဲ့အမေကလည်း တစ်ခုခု သိနေပုံရတယ်။
သူမ ပြန်သွားပြီးတော့ သူမရဲ့ အမေကို ဘာတွေဖြစ်နေတာလဲဆိုတာ မေးသင့်တယ်နဲ့ တူတယ်။
လင်းလော်က ရှောင်ကျီရွှမ်းကို အေးစက်တဲ့ အကြည့်ဖြင့် အချိန်အတော်ကြာ စိုက်ကြည့်နေခဲ့ပြီး ရုတ်တရက်
"ငါ မင်းကို ကွာရှင်းစာချုပ်ပေးပြီး သွားခွင့်ပြုမယ်" ဟု ပြောလာခဲ့သည်။
သူ့စကားတွေက ရှောင်ကျီရွှမ်းရဲ့ မျက်လုံးတွေကို မယုံနိုင်စွာ ပွင့်သွားစေပြီး သူမက လင်းလော်ကို ကြည့်ကာ
"ရှင် ဘာပြောလိုက်တာလဲ"
"ငါပြောတာက ငါ မင်းကို ကွာရှင်းမယ် ပြီးရင် အခုကနေစပြီးတော့ ငါနဲ့မင်းနဲ့ ဘာမှ မပတ်သက်တော့ဘူး"
လင်းလော်က အေးစက်စွာ ပြောလိုက်၏။
ရှောင်ကျီရွှမ်းက သူက အရမ်းကြင်နာမှုကင်းမဲ့တယ်ဆိုတာ သိပေမယ့် ဒီလောက်အထိ ရက်စက်လိမ့်မယ်လို့ လုံးဝ မထင်ထားပေ။
သူမက လင်းလော်ကို တုန်ယင်စွာ လက်ညှိုးထိုးလိုက်ပြီး သူမရဲ့ အမူအရာက ပုံမှန်မဟုတ်စွာ ဖြူဖျော့နေကာ
"လင်းလော် ကျွန်မ ရှင့်ကို တကယ်ပဲ အဖတ်မှားခဲ့တာပဲ။ရှင် ကျွန်မကို ကွာရှင်းပြီးတာနဲ့ နင်းမုန့်ယောင်က စိတ်ပြောင်းသွားလိမ့်မယ်လို့ ထင်နေလား?ကျွန်မရှင့်ကို ပြောလိုက်မယ် အဲ့ဒါက လုံးဝ မဖြစ်နိုင်ဘူး!"
သစ္စာဖောက်မှုက သစ္စာဖောက်မှုပဲ။သူက တကယ်တော့ ဒီလိုနည်းလမ်းကို သုံးပြီး နင်းမုန့်ယောင်ကို သူ့ဘေးနား ပြန်ရအောင် လုပ်နေတယ်။အဲ့ဒါက ရိုးရှင်းတဲ့ အိပ်မက်လေးတစ်ခုပဲ။
"မင်း ငါ့ကိစ္စတွေကို ဂရုစိုက်နေဖို့ မလိုဘူး"
ရှောင်ကျီရွှမ်းက ရုတ်တရက် ရယ်လိုက်ပြီး အဲ့ဒါကို ဘယ်သူပဲ ကြည့်ကြည့် ထိုအပြုံးက အမှန်တကယ်ကို ချောက်ချားဖွယ်ပင်။
"လင်းလော် ရှင်တို့အားလုံး နန်ကုန်းချီနဲ့ သဘောတူညီမှုတစ်ခု ရှိထားတယ် ဟုတ်တယ်မလား"
လင်းလော်ရဲ့ အမူအရာက ချက်ချင်း ပြောင်းလဲသွားပြီး
"မင်း ဘာအဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာလဲ"
"ကျွန်မက အဓိပ္ပာယ်မရှိတာတွေ ပြောနေတာပေါ့လေ?လင်းလော် ရှင်က တကယ်ပဲ ကျွန်မက တုံးအတဲ့မိန်းမလို့ ထင်နေတာလား?ကျွန်မ ရှင် လုပ်ထားသမျှ အရာအားလုံးကို သိတယ်"
သူမက ထိုအကြောင်းကို မတော်တဆ သိလာခဲ့ရတာ ဖြစ်သည်။သူမက သူမရဲ့ကလေးအတွက် ပစ္စည်းအချို့ဝယ်ဖို့ အိမ်ကနေ ကိုယ်တိုင်ထွက်လာခဲ့ပြီး လင်းလော်၊သူ့အဖေနဲ့ နန်ကုန်းချီတို့ စားသောက်ဆိုင်တစ်ဆိုင်ထဲ ဝင်သွားတာကိုပါ တွေ့လိုက်ရာ သူမရဲ့ အာရုံကို ဆွဲဆောင်သွားခဲ့သည်။
သူမက လူလွှတ်ပြီး စုံစမ်းခိုင်းလိုက်တော့ သူမ လုံးဝ ထင်မှတ်မထားတဲ့ သူမကို အမှန်တကယ် စိတ်ကျေနပ်စေတဲ့ အရာတစ်ခုကို ရရှိလိုက်သည်။
လင်းလော်က ရှောင်ကျီရွှမ်းကို စိုက်ကြည့်ပြီး ခဏလောက်ကြာပြီးတဲ့နောက်
"မင်း ဘာလိုချင်တာလဲ"
"ဘာမှမလိုချင်ဘူး။ကျွန်မ လင်းအိမ်တော်မှာပဲ ရှိနေချင်တယ်”