← Chapters

အခန်း ၂၉၈

Vol. 12 Ch. 298

အခန်း ၂၉၈

Vol. 12 Ch. 298

Chapter 298

လင်းလော်က ရှောင်ကျီရွှမ်းကို တိတ်တဆိတ် ကြည့်နေလိုက်သည်။

"ငါ မင်းကို ဘာခံစားချက်မှ မရှိဘူး"

ရှောင်ကျီရွှမ်းက ခေါင်းငြိမ့်လိုက်ပြီး အံ့ဩမသွားပေ။သူမက လင်းလော်ကို ကြည့်ကာ

"ရှင်က ဘယ်သူ့ကို ခံစားချက်ရှိတာလဲ?နင်းမုန့်ယောင်လား?နောက်နေတာ ရပ်လိုက်တော့"

သူသာ သူမ(NMY)အတွက် ခံစားချက်ရှိတယ်ဆိုရင် နင်းမုန့်ယောင် ဗိုလ်ချုပ်ရဲ့မိန်းမ ဖြစ်မလာဘူး။လင်းအိမ်တော်ရဲ့ ရှီဇီဖေးပဲ ဖြစ်နေလိမ့်မယ်။

လင်းလော်က ရှောင်ကျီရွမ်းကို စိုက်ကြည့်ပြီး

"အဲ့ဒါ မင်းနဲ့ ဘာမှမဆိုင်ဘူး"

"တကယ်လည်း ကျွန်မနဲ့ မဆိုင်ပါဘူး"

ရှောင်ကျီရွှမ်း ရယ်လိုက်သည်။လင်းလော်က နင်းမုန့်ယောင်စိတ်ပြောင်းအောင် ဘယ်လိုလုပ်မလဲဆိုတာ သူမ ကြည့်ချင်သေးတယ်။

ချောင်ထျန်းချန်လိုမျိုး ထူးချွန်ထက်မြတ်တဲ့ ယောက်ျားတစ်ဦး အနားမှာရှိနေတာကို သူမက လင်းလော်ကို ကြိုက်မှာတဲ့လား?ရှောင်ကျီရွှမ်းကတော့ ၎င်းက မဖြစ်နိုင်ဘူးလို့ ခံစားမိသည်။

ရှောင်ကျီရွှမ်းက သူမလိုချင်တဲ့ အဖြေရပြီးတဲ့နောက် လင်းလော်ရဲ့မျက်နှာကို ဆက်ကြည့်ချင်စိတ် မရှိတော့ပေ။သူမက လှည့်ထွက်သွားသည်။သူမရဲ့ ကိုယ်ပိုင်ခြံဝင်းဆီ ပြန်လာပြီးတဲ့နောက် ပုခက်ထဲက သူမရဲ့ကလေးကို ကြည့်လိုက်ပြီး သူမရဲ့ မျက်နှာပေါ်မှာ မိခင်တစ်ယောက်ရဲ့တောက်ပမှု ပေါ်လာသည်။

"ကလေး.......အမေ့မှာ သားလေးပဲရှိတော့တာ.......ဘာတွေပဲဖြစ်နေပါစေ အမေ သားကို စောင့်ရှောက်ပေးမှာမလို့ မကြောက်နဲ့နော်"

ရှောင်ကျီရွှမ်း၏ ထွက်ခွာသွားတဲ့ ပုံရိပ်ကို ကြည့်ပြီး လင်းလော်ရဲ့ စိတ်က ရှောင်ကျီရွှမ်း ပြောသွားတဲ့ စကားများဖြင့် ပြည့်နှက်နေသည်။သူ့မှာ ရှက်ရွံ့တဲ့ အမူအရာ ရှိနေတယ်။သူက ရှောင်ကျီရွှမ်းရဲ့အဓိပ္ပာယ်ကို ဘယ်လိုလုပ် နားမလည်ဘဲ နေမှာလဲ?

ဒါပေမယ့် အဲ့တော့ ဘာဖြစ်လဲ?နင်းမုန့်ယောင်က သေချာပေါက် သူ့ဘေးနားကို ပြန်ရောက်လာလိမ့်မယ်ဆိုတာ သူသေချာတယ်။

ထိုကဲ့သို့သော အတွေးများဖြင့် လင်းလော်က အမတ်လင်းနဲ့တွေ့ပြီး ထိုအကြောင်း ပြောပြလိုက်သည်။အမတ်လင်းက လင်းလော်၏ဆုံးဖြတ်ချက်ကို သဘောတူပြီး နင်းမုန့်‌ယောင် သူ့(LL)ဇနီးဖြစ်လာသရွေ့ လင်းအိမ်တော်က အမြင့်ကို တက်လှမ်းနိုင်မှာ ဖြစ်၏။ထိုအချိန်တွင် ရှောင်ချီဖုန်းတောင် သူတို့ကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံရလိမ့်မယ်။

ကိစ္စတွေက ဒီအခြေအနေအထိ ဖြစ်လာပြီဆိုမှတော့ သူ့မှာ ရှောင်ချီဖုန်းရဲ့ လင်းအိမ်တော်ကို ဆက်ဆံတဲ့ ပုံစံကို နောင်တရသွားအောင် လုပ်နိုင်မယ့် နည်းလမ်းတွေ ရှိတယ်။

"ဒါကို ငါ မင်းကို ဂရုစိုက်ခွင့်ပေးမယ်။မင်း သေသေချာချာ ကိုင်တွယ်ရမယ်နော်"

အမတ်လင်းက လေး‌နက်တဲ့အမူအရာဖြင့် လင်းလော်အား ပြောလိုက်သည်။

လင်းလော်က ခေါင်းငြိမ့်လိုက်သည်။

"ကျွန်တော်သိပါတယ်"

သူက အမတ်လင်းထက်ပိုပြီး အောင်မြင်ချင်သေးတယ်။သူ့မှာ နင်းမုန့်ယောင်အတွက် ခံစားချက်တွေ ရှိနေတုန်းပဲ။အခုအချိန်မှာ အခွင့်အရေးရှိလာတာကြောင့် သူ သဘောတူလိုက်တာပဲ။

အမတ်လင်းရဲ့ အထောက်အပံ့ကို ရရှိပြီးတဲ့နောက် လင်းလော်က ရှန့်ကျန့်ကျွင်းအိမ်တော်သို့ ထွက်ခွာသွားသည်။

သူ ဂိတ်တံခါးကို ရောက်တဲ့အချိန်မှာပဲ အတားခံလိုက်ရသည်။လင်းလော်က သူတို့ကို ကြည့်ကာ

"ငါ ဗိုလ်ချုပ်ချောင်ကို တွေ့ချင်တယ်"

"ဗိုလ်ချုပ်မှာ အချိန်မရှိဘူး"

ဂိတ်တံခါးက လူက မျက်တောင်မခတ်ဘဲ ပြောလိုက်သည်။

"သူက ဘာတွေ အလုပ်များနေလဲလို့"

"မသိဘူး"

ဒီလူတွေက သူတို့ရဲ့ သွားကြားထဲကနေ လိမ်နေတာပင်။သူတို့တွေ စစ်သူကြီးက သူ့မိန်းမကို အဖော်ပြုပေးနေတာ အခုလေးတင် တွေ့ခဲ့သည်။အဲ့ဒီမှာ သူမရဲ့ အစ်မနဲ့ခဲအိုလည်း ရှိ‌နေပြီး သူတို့တွေက ပျော်ပါးရန် ထွက်သွားသည်။သို့ပေမယ့် စစ်သူကြီးက ဘယ်သူပဲဖြစ်ဖြစ် သူတွေ့မှာ မဟုတ်တဲ့အကြောင်း ပြောရန် သူတို့ကို ညွှန်ကြားထားခဲ့သည်၊မင်းသားချီနဲ့ဧကရာဇ်ကတော့ ခြွင်းချက်ပင်။

လင်းလော်က သူတို့ကို တစ်ချက်ကြည့်လိုက်ပြီး သူတို့ရဲ့ ပုံစံက လိမ်နေပုံ မပေါက်ပေ။သံသယရှိစွာဖြင့်သာ လှည့်ပြန်ခဲ့ရသည်။

ဒါပေမယ့် သူ ပြန်လာတဲ့လမ်းတွင် ချောင်ထျန်းချန်က နင်းမုန့်ယောင်နဲ့ ဈေးဝယ်ထွက်နေတာကို မြင်လိုက်ရသည်။သူတို့ကြည့်ရတာ သက်သောင့်သက်သာဖြင့် အလုပ်များနေပုံ မပေါက်ပေ။

သူ့အမူအရာ ချက်ချင်း ဆိုးဆိုးရွားရွား ဖြစ်လာတယ်။သူ့ကို ကစားသွားတာပဲ။

လင်းလော်က သူတို့ဆီ လျှောက်သွားပြီး

"ယောင်အာ မင်း ဘာလို့ ဒီရောက်နေတာလဲ"

နင်းမုန့်ယောင်က မျက်ခုံးပင့်ကာ သူ့ကို ကြည့်လိုက်ပြီး

"ငါက ဘာလို့ ဒီနေရာမှာ ရှိလို့မရတာလဲ? ဒီနေရာကနေ တားမြစ်ခံထားရလို့လား"

"ကိုယ်ပြောချင်တာ အဲ့အဓိပ္ပာယ်မဟုတ်ဘူး"

"ဒါဆို ဘာအဓိပ္ပာယ်လဲ"

နင်းမုန့်ယောင်က သူ့ကို သရော်လိုက်တယ်။သူမကို ဒီလိုမျိုး တရားမျှတတဲ့ ပုံစံနဲ့ မေးခွန်းလာထုတ်နေတာ သူ ဘာလုပ်ချင်နေလဲဆိုတာ ပြောဖို့ လွယ်လွယ်လေးပဲ။

လင်းလော်၏ အမူအရာက တောင့်တင်းသွားပြီး နင်းမုန့်ယောင်ကို စိတ်မကျေနပ်တဲ့ ပုံစံဖြင့် ကြည့်လိုက်သည်။

"ယောင်အာ မင်း တကယ်ပဲ ကိုယ့်ကို ဒီလို ဆက်ဆံရလား"

နင်းမုန့်ယောင်က တိုက်ရိုက်ပဲ စိတ်တိုသွားတယ်။သူမက ဘာလုပ်လို့ ဒီလိုလာပြီး အပြစ်ပြောတာလဲ?

"ထျန်းချန် ကျွန်မ ဘာလုပ်ရမလဲ"

"ဘာမှ လုပ်မနေနဲ့၊ပြန်ကြမယ်။အခုချိန်ဆို ယောက်ဖနဲ့ အခြားလူတွေက စောင့်နေလောက်ပြီ"

သူတို့တွေက ရှောင်ချီထျန်းရဲ့စားသောက်ဆိုင်မှာ ချိန်းဆိုထားကြသည်၊သူတို့ ခဏလောက်ပဲ ဈေးဝယ်ထွက်လိုက်တာကို သူတို့ကို ရွံရှာစေမယ့် ဒီလိုမျိုးနဲ့ ကြုံလိမ့်မယ်လို့ လုံးဝ မထင်ထားခဲ့ဘူး။

လင်းလော်က ချောင်ထျန်းချန်ကို ကြည့်ကာ

"ဒီကိစ္စက ငါနဲ့ ယောင်အာကြားက ကိစ္စပါ။မင်းနဲ့ ဘာမှမဆိုင်ဘူး"

ချောင်ထျန်းချန်ကို လင်းလော်ကို ခပ်ဖျော့ဖျော့ ပြုံးကာ ကြည့်လိုက်ပြီး တည်ငြိမ်စွာဖြင့်

"သူ(မ)က ငါ့မိန်းမလေ၊သူ(မ)ကိစ္စတွေက ငါ့ကိစ္စတွေပဲ"

"ယောင်အာက ဒီလိုလူမျိုးကို အမုန်းဆုံးပဲ"

"ယောင်ယောင် မင်းကိုယ့်ကို မုန်းလား"

"ကျွန်မက ဘာလို့ မုန်းရမှာလဲ"

ချောင်ထျန်းချန်က လင်းလော်ရှေ့မှာ ပိုင်စိုးပိုင်းနင်း လုပ်ပြသည်ဖြစ်စေ မလုပ်ပြသည်ဖြစ်စေ သူမ သူ့ကို လုံးဝ မမုန်းဘူး။

"လင်းလော် ငါ့ဘဝကို နှောင့်ယှက်နေတာ ရပ်လိုက်ပါတော့၊ငါ ကောင်းကောင်းမွန်မွန် နေနေတယ်"

All Chapters