← Chapters

အခန်း ၂၉၉

Vol. 12 Ch. 299

အခန်း ၂၉၉

Vol. 12 Ch. 299

Chapter 299

သူမက အခုချိန်မှာ တကယ့်ကို ကောင်းမွန်စွာ နေထိုင်နေပြီးတော့ သူ သူမအကြောင်း စဉ်းစားပေးဖို့ မလိုအပ်ပေ။

လင်းလော်က နင်းမုန့်ယောင်ကို ခဏလောက် ကြည့်နေခဲ့ပြီး အဲ့ဒီနောက်

"ယောင်အာ ကိုယ့်နားကို ပြန်လာခဲ့ပါ" ဟု ပြောလိုက်သည်။

ချောင်ထျန်းချန်ရဲ့ အငွေ့အသက်က ချက်ချင်း အေးစက်လာတယ်။သူ့ရှေ့မှာ သူ့မိန်းမကို ခိုးသွားဖို့ လုပ်ရဲတယ်ပေါ့လေ။သူ့ကို လူသေတစ်ယောက်လို ဆက်ဆံလိုက်တာလား?

သူက လင်းလော်နား ခြေလှမ်းအနည်းငယ် လျှောက်သွားပြီး လင်းလော်ရဲ့ အင်္ကျီကော်လံကို ဆောင့်ဆွဲကာ သူ့(လင်းလော်)မျက်နှာပေါ်သို့ ပြင်းထန်တဲ့ လက်သီးတစ်ချက် ကျရောက်သွားသည်။

သူက လင်းလော်ကို ကြည့်လိုက်ပြီး

"မင်းတို့ အရင်တုန်းက ဘယ်လိုပတ်သက်မှုမျိုး ရှိခဲ့လဲဆိုတာ ငါ ဂရုမစိုက်ဘူး။ဒါပေမယ့် ယောင်‌ယောင်က အခု ငါ့မိန်းမဖြစ်နေပြီ။လင်းလော် မင်း သူ(မ)ဆီကနေ ဖြစ်နိုင်သမျှ ဝေးဝေးနေတာ ပိုကောင်းတယ်"

နင်းမုန့်ယောင်က ဘေးမှာ ရပ်နေပြီး ဂရုမစိုက်စွာ ကြည့်နေသည်။သူမက လင်းလော် အရိုက်ခံရတာကို မမြင်တဲ့အတိုင်းပင်။

"ထျန်းချန် သွားရအောင်"

နင်းမုန့်ယောင်က ရုတ်တရက် ပြောလိုက်ပြီး ထိုလူနဲ့ ဆက်ပြီး မဆက်နွယ်ချင်တော့ပေ။

ချောင်ထျန်းချန်က ခေါင်းငြိမ့်လိုက်ပြီး ပြန်လှည့်ကာ နင်းမုန့်ယောင်ဆီ လျှောက်သွားသည်။ဒါပေမယ့် သူ လှည့်သွားတဲ့အခိုက်မှာပဲ သူ့နောက်ကျောဘက်ကနေ ထွက်ပေါ်လာတဲ့ လေသံကို ကြားလိုက်ရသည်။

သူက မျက်လုံးတွေ ကျဉ်းမြှောင်းသွားပြီး သူ့ခန္ဓာကိုယ်က ရေခဲကဲ့သို့ အေးစက်တဲ့ အရှိန်အဝါတွေ ထွက်ပေါ်လာကာ လင်းလော်ရဲ့ လက်ဖဝါးက ချောင်ထျန်းချန်ရဲ့ ကျောပြင်ကို မထိခင်မှာပဲ ချောင်ထျန်းချန်က လှည့်ပြီးတော့ သူ့လက်ကိုမြှောက်၍ တိုက်ခိုက်မှုကို တားလိုက်သည်၊

သူက နဂိုတုန်းကတော့ နင်းမုန့်ယောင်ကို မျက်နှာသာပေးပြီး လွန်လွန်ကျူးကျူး မလုပ်ချင်ပေမယ့် လင်းလော်က အရိုက်ခံရဖို့ တောင်းဆိုနေတာပဲ။သူက လင်းလော်ကို ကြည့်ကာ သရော်လိုက်ပြီး

"မင်းက သေချင်တယ်ဆိုရင် ငါက မင်းကို ကူညီပြီးတော့ အဲ့ဒါကို ဖြည့်ဆည်းပေးရမှာပေါ့"

ချောင်ထျန်းချန်က နင်းမုန့်ယောင်ကို ဘေးတွန်းလိုက်ပြီး သူမကို တိုက်ခိုက်တဲ့ နေရာကနေ ထွက်သွားခိုင်းကာ လင်းလော်ဘက်သို့ လှည့်၍ မျက်နှာချင်းဆိုင်လိုက်၏။

လင်းလော်က ဒီနေရာကို ရောက်လာတဲ့အချိန်ကတည်းက သိုင်းပညာတွေ လေ့ကျင့်ထားတယ်ဆိုပေမယ့် သူ့မှာ ချောင်ထျန်းချန်လောက် တိုက်ပွဲအတွေ့အကြုံ မရှိချေ။

ချောင်ထျန်းချန်က ဘယ်သူမလို့လဲ?ရှောင်အင်ပါယာရဲ့ ကြီးမြတ်တဲ့ စစ်သူကြီး ဖြစ်ပြီး စစ်နတ်ဘုရားနဲ့ဆင်တူတဲ့ ဖြစ်တည်မှုမျိုးပင်။သူ့ရဲ့ ပြောင်မြောက်လှတဲ့ သိုင်းပညာက တစ်ဘဝလုံး အသက်အန္တရာယ်တွေကနေ အတွေ့အကြုံရရှိလာတာလို့ ပြောလို့ရတယ်။ချောင်ထျန်းချန်လိုမျိုး အလောင်းပုံတွေထဲက ခုန်ထွက်လာတဲ့ လူတစ်ယောက်ကို လင်းလော်က ဘယ်လိုလုပ် အနိုင်ယူနိုင်မှာလဲ?

ချောင်ထျန်းချန်က သိပ်မကြာခင်မှာပဲ အသာစီးရခဲ့ပြီး ပိုတိကျအောင် ပြောရမယ်ဆိုရင် လင်းလော်က တိုက်ပွဲစတဲ့ အချိန်ကတည်းက ပြန်တိုက်ခိုက်ဖို့ အခွင့်အရေး နည်းနည်းလေးတောင် မရခဲ့ပေ။သူ့ကို ချောင်ထျန်းချန်က ဖိအားပေးပြီး ရိုက်နှက်ခဲ့သည်။

အဆုံးတွင် ချောင်ထျန်းချန်က လင်းလော်ရဲ့ လည်ပင်းကို ဆုပ်ကိုင်ပြီး တိုက်ပွဲကို အဆုံးသတ်လိုက်သည်။

ချောင်ထျန်းချန်က ဆိုးဝါးတဲ့ အမူအရာရှိနေတဲ့ လင်းလော်ကို အေးစက်စွာ ကြည့်ပြီး

"လင်းလော် ငါ့မှာ ဆိုးရွားတဲ့ ဒေါသရှိတယ်။ငါ့ရဲ့ သည်းခံနိုင်စွမ်းကို စိန်မခေါ်နဲ့"

သူက ပြောပြီးတဲ့နောက် လင်းလော်ကို ပြင်းထန်စွာ တွန်းထုတ်လိုက်ပြီး နင်းမုန့်ယောင်ဆီ လျှောက်သွားသည်။

"အချစ် သွားကြမယ်"

"ကောင်းပြီ"

နင်းမုန့်ယောင်က ပြုံးပြီး ခေါင်းငြိမ့်လိုက်သည်။သူမလက်ထဲက လက်ကိုင်ပုဝါကို ထုတ်ကာ သူ့မျက်နှာကို သုတ်ပေးလိုက်သည်။

နင်းမုန့်ယောင်က သူ့ကို ဂရုမစိုက်ဘဲနဲ့ အဲ့ဒီအစား ချောင်ထျန်းချန်နဲ့သာ လက်ပွန်းတနှီးရှိနေတာကို ကြည့်ပြီး လင်းလော်ရဲ့ မျက်နှာက ရီဝေစွာ အမုန်းတရားများဖြင့် ပြည့်နှက်နေ၏။

သူ မပိုင်ဆိုင်နိုင်တဲ့ အရာကို အခြားလူတွေ ပိုင်ဆိုင်ခွင့်မပြုနိုင်ဘူး။၎င်းက ဘယ်သူပဲ ဖြစ်နေပါစေ။

လင်းလော်က သူ့ဘေးနားက ရုတ်ရုတ်သဲသဲ ဖြစ်တာကို ကြည့်နေကြတဲ့ လူတွေကို မှုန်ကုပ်စွာဖြင့် ကြည့်ကာ

"မင်းတို့ အားလုံး ဘာကြည့်နေကြတာလဲ!ထွက်သွားကြ!"

ဘေးနားက လူတွေက လင်းလော်ရဲ့ ကြောက်စရာ‌ကောင်းတဲ့ အသွင်အပြင်ကြောင့် ထိတ်လန့်သွားကြပြီး အမြန် အဝေးထွက်သွားကြသည်။သို့ပေမယ့် သူတို့အချင်းချင်း တီးတိုး‌ပြောနေကြဆဲဖြစ်သည်။

လမ်းပေါ်မှာ လမ်းလျှောက်လာရင်း ချောင်ထျန်းချန်က နင်းမုန့်ယောင်ကို ကြည့်ကာ

"ကိုယ် သူ့ကို ရိုက်လိုက်တာအတွက် မင်းကိုယ့်ကို အပြစ်မတင်ဘူးလား"

"ကျွန်မက ဘာလို့ ရှင့်ကို အပြစ်တင်ရမှာလဲ"

နင်းမုန့်ယောင်က ချောင်ထျန်းချန်ကို ထူးဆန်းစွာ ကြည့်လိုက်ပြီး သူမမျက်လုံးတွေထဲမှာ သံသယတွေ ရှိနေသည်။သူမက ချောင်ထျန်းချန် ဆိုလိုတဲ့ အဓိပ္ပာယ်ကို နားမလည်ချေ။

ချောင်ထျန်းချန် အံ့ဩသွားတယ်။သူ အဲ့ဒီမေးခွန်းကို မေးခဲ့တာက နင်းမုန့်ယောင်က တိတ်နေပြီး စကားမပြောချင်တာကို သူ မြင်မိလို့ပါ။

"ဘာမှမဟုတ်ဘူးဆို သွားကြတာပေါ့*

သူမ သူ့ကို အပြစ်မတင်သရွေ့ အဆင်ပြေတယ်။

နင်းမုန့်‌ေ‌ေယောင်က ချောင်ထျန်းချန်ကို ကြည့်ကာ ရယ်စရာကောင်းတယ်လို့ ခံစားရသည်။

"ရှင်က ကျွန်မယောကျာ်းလေ။သူက ကျွန်မနဲ့ ဘာမှမဆိုင်ဘူး။ရှင် ဘာပဲလုပ်လုပ် ကျွန်မ ရှင့်ကို အပြစ်မတင်ဘူး"

အဲ့ထက်ပိုတာက လင်းလော်ကအရင် သူ့ကို ရန်စခဲ့တာလေ။

နင်းမုန့်ယောင်ရဲ့ 'ရှင်က ကျွန်မယောကျာ်းလေ' ဆိုတာ ပြောတာ ကြားရတော့ ချောင်ထျန်းချန်ရဲ့ မျက်နှာပေါ်မှာ ပျော်ရွှင်မြူးတူးတဲ့ အပြုံးတစ်ခု ရှိပြီး သူ့စိတ်ထဲက မသက်မသာဖြစ်မှုတွေအားလုံး လုံးဝ ပျောက်ကွယ်သွားသည်။

သူတို့နှစ်ယောက် စားသောက်ဆိုင် ရောက်တဲ့အချိန် မိန့်ရိုလင်းနဲ့ ယွီဖုန်းက ရောက်နေပြီ ဖြစ်သည်။သူတို့က နောက်ကျနေတဲ့ နှစ်‌ယောက်ကို ကြည့်လိုက်ပြီး ယွီဖုန်းက ထိုနှစ်ယောက်ကို ကြည့်ပြီး အသာလေး ပြုံးကာ

"အရမ်းနောက်ကျမှ လာတယ်ပေါ့လေ။မင်းတို့ ဘာမဟုတ်တာတွေ လုပ်နေကြတာလဲ"

သူ့ပုံစံက အမှန်တကယ်ကို အရိုက်ခံရဖို့ တောင်းဆိုနေသလိုပဲ။

နင်းမုန့်ယောင်က သူမခေါင်းအထက်မှာ အနက်ရောင်မျဉ်းတွေ ပေါ်လာပြီး ယွီဖုန်းကို ကြည့်ကာ ပြောစရာစကားကင်းမဲ့စွာဖြင့်

"ခဲအို ရှင် ပိုပြီးတော့ သန့်ရှင်းတဲ့အတွေးလေးတွေ ရှိလို့ မရဘူးလား"

ယွီဖုန်းက ဖြူစင်စွာ မျက်တောင်ခတ်ပြီးတော့

"ငါ့‌အတွေးတွေက ဘယ်တုန်းက မသန့်ရှင်းလို့လဲ?ငါ ဆိုလိုတဲ့ အဓိပ္ပာယ်ကို အဓိပ္ပာယ်ကောက်လွဲသွားတာ မင်းလေ မဟုတ်ဘူးလား"

နင်းမုန့်ယောင်က ခေါင်းရမ်ပြီးတော့ ယွီဖုန်းကို တကယ်ကြီး ရိုက်ပစ်ချင်လာပြီ။

"ယောင်ယောင် သူနဲ့ အပင်ပန်းခံမနေနဲ့။သူက လိင်ပိုင်းဆိုင်ရာ အဆင်မပြေဖြစ်နေတာ"

ချောင်ထျန်းချန်က ထိတ်လန့်အံ့ဩစရာကောင်းတဲ့ စကားတွေ ပြောလိုက်သည်။

လက်ဖက်ရည်သောက်နေတဲ့ ယွီဖုန်းက ချောင်ထျန်းချန်ရဲ့ စကားတွေ ကြားပြီးတဲ့နောက် ပါးစပ်အပြည့် လက်ဖက်ရည်တွေ သီးသွားပြီး ချောင်ထျန်းချန်ကို တုန်ယင်စွာဖြင့် လက်ညှိုးထိုးကာ

"ကောင်စုတ်လေး....မင်း ဘာပြောလိုက်တာလဲ!အဲ့ဒါကို နောက်တစ်ခေါက် ပြောလိုက်စမ်းပါ!”

All Chapters