အခန်း ၃၀၀
Vol. 12 Ch. 300
Chapter 300
ချောင်ထျန်းချန်က ယွီဖုန်းကို တစ်ချက်ကြည့်လိုက်ပြီး နှာခေါင်းရှုံ့ကာ
"နောက်တစ်ကြိမ် ထပ်ပြောလိုက်မယ်။အစ်ကိုက လိင်ပိုင်းဆိုင်ရာ အဆင်မပြေ ဖြစ်နေတာပဲ"
"ကောင်စုတ်လေး မင်းက အရိုက်ခံရဖို့ တောင်းဆိုနေတာပဲ"
ယွီဖုန်းက ချက်ချင်းမတ်တပ်ရပ်ပြီး ချောင်ထျန်းချန်ကို မှုန်ကုပ်စွာ ကြည့်လိုက်သည်။
"ခဲအို အစ်ကို ရှက်ရမ်းရမ်းပြီး ဒေါသထွက်တာ သူ ပြောတာ မှန်လို့လား"
သူသာ ရှက်လို့ ဒေါသထွက်တာ မဟုတ်ဘူးဆိုရင် ဘာလို့ အရမ်း စိတ်လှုပ်ရှားနေလဲ?
"ကောင်မလေး နင်က တဖြည်းဖြည်းနဲ့ ချစ်စရာမကောင်းတော့ဘူးနော်။ဘယ်သူမှ နင့်ကို မလိုချင်ဘဲ ဖြစ်လိမ့်မယ် သတိထားနေ"
ယွီဖုန်း အံကြိတ်ထားတယ်။သူ အဲ့ဒီကောင်မလေးကို ရိုက်လည်းမရိုက်နိုင်သလို ဆူလည်းမဆူနိုင်ဘူး။ဒါကြောင့် သူ သူမကို မဝေဖန်သင့်ဘူးလား?
ဒါပေမယ့် နင်းမုန့်ယောင်က သူ့ကို အဲ့လိုလုပ်ဖို့ အခွင့်အရေးမပေးဘဲ တဲ့တိုးပြောလိုက်သည်။
"ညီမက လက်ထပ်ပြီးနေပြီ"
ယွီဖုန်းရဲ့ ပါးစပ်ထောင့်တွေ တွန့်ချိုးသွားပြီး နင်းမုန့်ယောင်ကို ကြည့်လိုက်တယ်။သူ အဲ့ဒီအကြောင်းကို မေ့သွားတာ။
"ငါတို့က မင်းတို့ကို ရှာဖို့ အပြေးလာခဲ့ရတယ်ဆိုတာ စဉ်းစားကြည့်လိုက်လေ၊မင်းတို့က ငါတို့ကို ဘယ်လို ဆက်ဆံလိုက်လဲ?လုံးဝ တရားမျှတမှု မရှိဘူး"
ယွီဖုန်းက စိတ်မချမ်းမြေ့စွာ ပြောလိုက်ပြီး သူက နစ်နာစွပ်စွဲခံရတဲ့ အတိုင်းပင်။
သူ သရုပ်ဆောင်တဲ့ပုံစံကြောင့် နင်းမုန့်ယောင်နဲ့ချောင်ထျန်းချန်ရဲ့ နဖူးမှာ သွေးကြောတွေ ထောင်ထလာခဲ့သည်။
"အစ်မမိန့်၊အစ်မ ဒီနတ်ဆိုးကို သူ လူတွေကို ထိခိုက်အောင် လုပ်တာကို တားဖို့အတွက် ချုပ်ထားသင့်တယ်နော်"
သူမရဲ့ ခဲအိုက မကြာခဏ ရူးသွားတတ်ပြီး မိန့်ရိုလင်းကသာလျှင် သူ အဲ့လို အရူးလုပ်တာကို ထိန်းနိုင်တာ။
မိန့်ရိုလင်းက ယွီဖုန်းကို စိုက်ကြည့်ပြီး
"တော်လိုက်ပြီ၊ရှင် ဆက်ပြီး သရုပ်ဆောင်နေဦးမယ်ဆိုရင် လာခဲ့တဲ့နေရာ ပြန်တော့"
ယွီဖုန်းက ချက်ချင်း ထိုင်ချပြီး စကားပြောတာ ရပ်သွားသည်။စောနတုန်းက အရူးတစ်ယောက်လိုပုံနဲ့ လုံးဝ ကွဲပြားသည်၊
အပြောင်းအလဲက အမှန်တကယ်ကို လျင်မြန်စွာ ဖြစ်သွားတာကြောင့် ချောင်ထျန်းချန် ဆွံ့အသွားရတယ်။ဒီလူက တကယ် အံ့ဩဖို့ကောင်းတာပဲ။
"ရှောင်ယောင်အာ နင်ဘာလို့ အရမ်းနောက်ကျမှ ရောက်လာတာလဲ"
မိန့်ရိုလင်းက မျက်မှောင်ကြုတ်ကာ ထိုနှစ်ယောက်ကို ကြည့်ပြီး မေးလိုက်သည်။
၎င်းက မပြောရင် အဆင်ပြေသေးပေမယ့် အစဖော်လိုက်တာနဲ့ နင်းမုန့်ယောင်ရဲ့ မျက်လုံးတွေက ရွံရှာမှုဖြင့် ပြည့်နှက်သွားသည်။
"ညီမတို့ လမ်းမှာ လင်းလော်နဲ့ တွေ့လာတာ"
နင်းမုန့်ယောင်က အခုချိန်မှာ လင်းလော်ရဲ့ နာမည်ကိုတောင် မပြောချင်ဘူး။
မိန့်ရိုလင်း၏ အမူအရာက ချက်ချင်း အုံ့မှိုင်းလာသည်။
"သူက နင်တို့နှစ်ယောက်ကို ပြဿနာလာရှာတာလား?"
နင်းမုန့်ယောင်က စိတ်ရှုပ်စွာဖြင့် သူမနဖူးကို ဖိကာ
"အဲ့အကြောင်း မပြောဘဲနေရအောင်။အဲ့ဒါ ပြောရုံနဲ့တင် ညီမအန်ချင်တယ်"
ညစ်ညမ်းတဲ့ ယောကျာ်းက သူမကို သူ့ဘေးနား ပြန်လာအောင် လုပ်ဖို့ အလကား ကြိုးစားနေတယ်။သူက အရှက်မဲ့တာပဲ။သူမ ဘာလို့ လင်းလော်ရဲ့ ဖုံးကွယ်ထားတဲ့ မျက်နှာကို အတိတ်တုန်းက သတိမထားမိခဲ့တာလဲ?
"နင် မပြောချင်ဘူးဆိုမှတော့ ငါ မမေးတော့ဘူး။နင့်ကိုယ်နင်သာ အနိုင်ကျင့်မခံနဲ့နော်"
မိန့်ရိုလင်းက သူမ(NMY)မပြောချင်တာကို မြင်ရတော့ ထိုကိစ္စကို တူးဆွနေတာ ရပ်လိုက်ပြီး နူးညံ့စွာဖြင့် အကြံပေးလိုက်သည်။
နင်းမုန့်ယောင်က ခေါင်းငြိမ့်လိုက်၏။
"အစ်မ မစိုးရိမ်ပါနဲ့၊ညီမ အနိုင်ကျင့်ခံရမှာ မဟုတ်ဘူး"
လက်ရှိ သူမကသာ တစ်ယောက်ယောက်ကို အနိုင်မကျင့်သရွေ့ အဲ့ဒီလူတွေက အမွှေးတိုင်ထွန်းပြီး ရက်ရက်ရောရော ကျေးဇူးတင်သင့်တယ်။ဘယ် မျက်စိကန်းနေတဲ့ငတုံးက သူမကို အနိုင်ကျင့်ရဲမှာလဲ?
မိန့်ရိုလင်းက နင်းမုန့်ယောင်ရဲ့ ပါးပြင်ကို လိမ်ဆွဲလိုက်ပြီး
"နင်ကတော့လေ.....နင် သတိထားဖို့ လိုသေးတယ်။တခြားလူတွေ ပြဿနာလုပ်တာ မခံရစေနဲ့"
ဒီကောင်မလေးက ဖြူစင်သန့်ရှင်းပြီး အပြစ်ကင်းစင်တယ်၊သူမကို အခြားလူတွေ ပြဿနာရှာပြီး ချောက်ချမှာ တကယ်ပဲ စိုးရိမ်မိတယ်။အချိန်ရောက်လို့ တစ်ခုခု မကောင်းတာ ဖြစ်သွားမှာ ကြောက်မိတယ်။
"ညီမ သိပါတယ် ဒါပေမယ့် ချောင်ထျန်းချန်က အနားမှာရှိနေတာပဲလေ မဟုတ်ဘူးလား"
နင်းမုန့်ယောင်က မိန့်ရိုလင်းရဲ့အဓိပ္ပာယ်ကို သဘောပေါက်တယ်။သူမက သူတို့ရဲ့ မျက်လုံးထဲမှာ ဖြူစင်ပြီးအပြစ်ကင်းစင်တဲ့အတွက် သူမ ဘာပဲလုပ်လုပ် သူတို့ စိတ်မအေးရဘူး။သူမသာ လက်ထပ်ပြီးနေတာ မဟုတ်ရင် မိန့်ရိုလင်းနဲ့ယွီဖုန်းက သူမကို အတင်း ပြန်ခေါ်သွားမှာ။
နင်းမုန့်ယောင်ရဲ့ အတွေးက အမှန်ပင်။မိန့်ရိုလင်းနဲ့ အခြားလူတွေက အရင်တုန်းက အမှန်တကယ်ပဲ ဒီလိုအတွေးမျိုးတွေ ရှိခဲ့ပေမယ့် နင်းမုန့်ယောင်က လက်ထပ်ပြီး ဖြစ်တာကြောင့် လက်လျှော့လိုက်ကြသည်။သူမမှာ သူမရဲ့ ကိုယ်ပိုင်မိသားစု ရှိပြီ ဖြစ်တာကြောင့် သူတို့တွေက သူမ တစ်ယောက်ထဲတုန်းကလိုမျိုး တိုက်ရိုက် အဝေးကို ပြန်ခေါ်သွားလို့ မရနိုင်ပေ။
နင်းမုန့်ယောင်က မိန့်ရိုလင်းဘေးနားကို လျှောက်သွားပြီး သူမရဲ့လက်မောင်းကို ချိတ်ဆွဲကာ
"အစ်မမိန့် အစ်မက ညီမအတွက် စိုးရိမ်နေတယ်ဆိုတာ ညီမသိပါတယ်၊ဒါပေမယ့် အခု ညီမမှာ ထျန်းချန်ရှိနေတယ်လေ။ညီမကို ဘယ်သူမှ ထိခိုက်အောင် မလုပ်နိုင်ပါဘူး"
မိန့်ရိုလင်းက နင်းမုန့်ယောင်ကို ရှုပ်ထွေးတဲ့ အမူအရာဖြင့် ကြည့်လိုက်ပြီး အဲ့ဒီနောက် အကူအညီမဲ့စွာဖြင့် သက်ပြင်းချကာ
"နင် အဲ့လိုပြောလာမှတော့ ငါ သူ့ကို ယုံပေးလိုက်မယ်"
ယွီဖုန်းက ချောင်ထျန်းချန်ကို ကြည့်ကာ
"မင်း ဒီနေ့ပြီးရင် ဘာလုပ်ဖို့ စီစဉ်ထားလဲဆိုတာ ငါ ဂရုမစိုက်ဘူး။ငါတို့ ရှောင်ယောင်အာရဲ့ လုံခြုံရေးကို ဦးစားပေးအဖြစ် ထားဖို့ပဲ မျှော်လင့်တယ်။သူ(မ)က ငါတို့ရဲ့ အဖိုးတန်လေးပဲ" ဟု ကြမ်းတမ်းစွာ ပြောလိုက်သည်။
"သူ(မ)က ကျွန်တော့်အတွက်လည်း အဖိုးတန်လေးပဲ"
ချောင်ထျန်းချန်က အဲ့လိုသာ ပြောပြီး ယွီဖုန်းကို ဘယ်လို အာမခံချက်မှ မပေးချေ။
သူ နင်းမုန့်ယောင်ကို တစ်ကြိမ် ဒဏ်ရာရဖို့ ခွင့်ပြုပြီးသွားပြီ။ဒီတစ်ခေါက်တော့ သူမ နောက်တစ်ကြိမ် ထိခိုက်ဒဏ်ရာရမှာမျိုး သူ ဖြစ်ခွင့်ပြုမှာ မဟုတ်ဘူး။၎င်းက ဘယ်သူပဲ ဖြစ်နေပါစေ သူတို့တွေ သူမကို ထိခိုက်စေဖို့ ဆန္ဒရှိသရွေ့ သူတို့တွေ သေဖို့ အသင့်ပြင်ထားရမယ်။
ယွီဖုန်းက ချောင်ထျန်းချန်ကို ခဏလောက်ကြည့်ပြီး အကြည့်လွှဲသွားသည်။