← Chapters

အခန်း ၂၁၁

Vol. 22 Ch. 211

အခန်း ၂၁၁

Vol. 22 Ch. 211

အခန်း (၂၁၁) - လီရုံ

[ဒင်]

[ယုတ်မာသော ရည်ရွယ်ချက်ရှိသည့် ဝိညာဉ်ကို သုတ်သင်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်။]

[ကလဲ့စားချေအမှတ် + ၅၀၀]

[လက်ရှိ ကလဲ့စားချေအမှတ် - ၂၃၀၀]

“စွန်းဟိုင်... သတိထားပါဦး...”

ကျန်းရှီက စွန်းဟိုင်အားလှုပ်နှိုးရန် ကြိုးစားနေသော်လည်း မအောင်မြင်ခဲ့ပေ။

လင်းဖန်က ဝတ်ရုံနက်ဝတ်ဆင်ထားသောလူ၏ခေါင်းကို ဖားပြုတ်ရုပ်တုငယ်ထဲသို့ သိမ်းဆည်းလိုက်ပြီး ရထားထိန်း၏ခေါင်းကိုပါ ထိုနည်းတူ သိမ်းဆည်းလိုက်လေသည်။

‘အစီအရင်တောင်ထွတ်ရဲ့ တောင်ထွတ်သခင် ကျောက်မင်ယဲ့ဆီကိုယူသွားရင် အသုံးဝင်လာလိမ့်မယ်...’

လင်းဖန် စိတ်ထဲမှ တွေးလိုက်သည်။

ကျောက်မင်ယဲ့၏ မှတ်ဉာဏ်ပြန်လည်ဖော်ထုတ်ခြင်းအစီအရင်ဖြင့် ဤကြာပလ္လင်၏ သူတော်စင်မိန်းကလေးနှင့်ပတ်သက်သော အရေးကြီးသည့် အချက်အလက်များ၊ သူမ ဘာတွေကြံစည်နေသလဲဆိုသည်တို့ကို ဖော်ထုတ်နိုင်ပေမည်။

အရာအားလုံး ပြီးစီးသွားပြီးနောက် လင်းဖန်သည် စွန်းဟိုင်အား သွားရောက်စစ်ဆေးလိုက်သည်။

“သူ ဘာမှ တုံ့ပြန်မှုမရှိဘူး... ဂိုဏ်းကို အမြန်ဆုံး ပြန်ခေါ်သွားမှ ရမယ်...”

ကျန်းရှီက ခေါင်းခါရင်း ပြောလိုက်သည်။

“ရော့... ဒါလေး စမ်းတိုက်ကြည့်...”

လင်းဖန်က ကောင်းကင်ပြန်လည်အားဖြည့်ဆေးလုံး တစ်လုံးကိုထုတ်ယူကာ ကျန်းရှီထံသို့ ကမ်းပေးလိုက်လေသည်။

‘ကောဟယ်ရု ပြောထားတဲ့အတိုင်း အစွမ်းထက်ဖို့တော့ မျှော်လင့်ရတာပဲ...’

ကျန်းရှီက စွန်းဟိုင်၏ပါးစပ်ထဲသို့ ဆေးလုံး ခွံ့ပေးနေသည်ကိုကြည့်ရင်း လင်းဖန် စိတ်ထဲမှ တွေးလိုက်သည်။

ခဏအကြာတွင် စွန်းဟိုင်၏မျက်ခွံများ လှုပ်ရှားလာပြီး မျက်လုံးပွင့်လာချေပြီ။

သူ၏ အသက်ရှူနှုန်း တည်ငြိမ်လာပြီး လေကို ပိုမိုရှူရှိုက်လာနိုင်တော့သည်။

စွန်းဟိုင်က စကားပြောရန် ကြိုးစားလိုက်သော်လည်း သူ၏ခန္ဓာကိုယ်က အလွန်အားနည်းနေသေးသည်။

“စကားမပြောနဲ့ဦး... အားမွေးထားဦး...”

လင်းဖန်က သူ့ကို တားဆီးလိုက်ပြီး စွမ်းအင်များကို ထိန်းသိမ်းထားရန် သတိပေးလိုက်လေသည်။

“သူ့ကို အိမ်တော်ဆီ ပြန်ခေါ်သွားကြတာပေါ့... အဲဒီက ရထားလုံးနဲ့ သယ်သွားလို့ရတယ်...”

သူကိုယ်တိုင် ရထားလုံးသွားယူနေစဉ်အတွင်း ကျန်းရှီနှင့် စွန်းဟိုင်တို့ကို နှစ်ယောက်တည်းထားခဲ့ရန် မလုံခြုံကြောင်း ခံစားရသဖြင့် လင်းဖန်က အကြံပြုလိုက်သည်။

ကြာနက်ဂိုဏ်းနှင့် အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ရပြီးနောက် ၎င်းတို့ထံတွင် နောက်ထပ် ချုံခိုတိုက်ခိုက်မှုတစ်ခု စောင့်ဆိုင်းနေနိုင်သေးကြောင်း သူ ကောင်းကောင်းသိထားပေသည်။

လင်းဖန်က စွန်းဟိုင်အားကုန်းပိုးလိုက်ပြီး လျောင်ဝမ့်၏အိမ်တော်ဆီသို့ အပြေးအလွှား သွားကြတော့သည်။

လျောင်ဝမ့်သည် လင်းဖန်နှင့် ကျန်းရှီတို့၏ဝတ်ရုံများတွင် သွေးများပေကျံနေသည်ကို မြင်လိုက်ရသောအခါ အလွန်အံ့သြတုန်လှုပ်သွားပြီး ရထားလုံးအသုံးပြုရန် ချက်ချင်း သဘောတူလိုက်လေသည်။

ရထားထိန်းကို ရှာမတွေ့သည့်အတွက် လန်ခို၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်နေသော အရိပ်အယောင်များ ပေါ်လွင်နေသည်။

လင်းဖန်ကမူ ဘာမှမပြောဘဲ တိတ်ဆိတ်စွာပင် ရထားထိန်းနေရာတွင်ဝင်ထိုင်ကာ ရထားလုံးကို မောင်းနှင်လိုက်လေသည်။

‘တစ်ချို့ကိစ္စတွေက လျှို့ဝှက်ထားတာ အကောင်းဆုံးပဲလေ...’

လင်းဖန် စိတ်ထဲမှ တွေးလိုက်သည်။

…

ချင်ဖုန်းဂိုဏ်း…

ဂိုဏ်းသို့ ပြန်လည်ရောက်ရှိပြီးနောက် လင်းဖန်နှင့် ကျန်းရှီတို့သည် စွန်းဟိုင်အား ဆေးတောင်ထွတ်မှ သမားတော်များ၏လက်ထဲသို့ အပ်နှံလိုက်ကြသည်။

ထို့နောက် လင်းဖန်သည် အစီအရင်တောင်ထွတ်သို့ သွားရောက်ကာ စွန်းဟိုင်နှင့်ပတ်သက်၍ ဖြစ်ပျက်ခဲ့သမျှကို ကျောက်မင်ယဲ့အား အကျဉ်းချုံး ရှင်းပြလိုက်သည်။

“ငါ ပြီးသွားတဲ့အခါ မင်းကို အသိပေးလိုက်မယ်...”

ကျောက်မင်ယဲ့က မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။

ချင်းယန်ဇီမှာ တံခါးပိတ်ကျင့်ကြံနေချိန်ဖြစ်ရာ ကြာနက်ဂိုဏ်းအနေဖြင့် ယခုကဲ့သို့ ပြန်လည်လှုပ်ရှားလာခြင်းက အလွန်ဆိုးရွားသော အချိန်အခါပင် ဖြစ်ပေသည်။

သူသည် ခေါင်းနှစ်လုံးကို အလျင်အမြန်ယူဆောင်သွားပြီး မှတ်ဉာဏ်ပြန်လည်ဖော်ထုတ်ခြင်းအစီအရင်ဖြင့် ချက်ချင်း စတင်လုပ်ဆောင်တော့သည်။

ထို့နောက် လင်းဖန်သည် ခန္ဓာကိုယ်ကြံ့ခိုင်ရေးတောင်ထွတ်သို့ ပြန်သွားကာ သူရှာဖွေတွေ့ရှိခဲ့သမျှကို ကျန်းရီနျန်ထံသို့ သတင်းပို့လိုက်လေသည်။

ရထားထိန်းနှင့် လန်ခိုတို့ မည်သို့ ဖောက်ပြန်နေကြကြောင်းကို သူက ရှင်းပြလိုက်သည်။

ထို့အပြင် နေမကောင်းသောမိခင်ထံသို့ သွားရောက်ရန်အတွက် ခန္ဓာကိုယ်ကြံ့ခိုင်ရေးတောင်ထွတ်မှ တပည့်များကို သီးသန့်ရွေးချယ်ကာ အစောင့်အဖြစ်လိုက်ပါရန် သူမကို အသုံးချခဲ့ပုံများကိုပါ ပြောပြလိုက်သည်။

ထို့နောက်တွင်တော့ ရထားထိန်းက ၎င်းတို့အား ဘုရားကျောင်းဟောင်းဆီသို့ သွေးဆောင်ခေါ်ယူကာ ဖမ်းဆီးရန် ကြိုးပမ်းခဲ့ကြောင်းကိုလည်း အသေးစိတ် ရှင်းပြလိုက်လေတော့သည်။

“ဒါဆို သူတို့က မင်းနဲ့ ကျန်းရှီကို ပစ်မှတ်ထားနေတာပေါ့...”

ကျန်းရီနျန်က မေးလိုက်သည်။

“မဟုတ်ဘူး... ကျုပ် အထင်တော့ သူတို့က ခန္ဓာကိုယ်ကြံ့ခိုင်ရေးကျင့်ကြံသူတွေကို ပစ်မှတ်ထားနေတာပဲ...”

လင်းဖန်က ပြန်ဖြေလိုက်သည်။

“ခန္ဓာကိုယ်ကြံ့ခိုင်ရေးကျင့်ကြံသူတွေ... ဘာကြောင့်လဲ...”

ကျန်းရှီနှင့် ကျန်းရီနျန်တို့က တစ်ပြိုင်နက်တည်း မေးလိုက်ကြသည်။

လင်းဖန်က ခေါင်းခါယမ်းလိုက်ပြီး ပြောလိုက်သည်။

“ဒါကိုတော့ ကျွန်တော်လည်း မသိဘူး... အစီအရင်တောင်ထွတ်သခင်ကို စောင့်ရမှာပဲ...”

ကျန်းရီနျန်သည် အမှောင်အရှင်နှင့်ဖြစ်ပွားခဲ့သော သူ၏တိုက်ပွဲအကြောင်းကို တွေးတောရင်း မျက်မှောင်ကြုတ်လိုက်သည်။

ထိုတိုက်ပွဲတွင် ထူးခြားသည့်အရာ ဘာမှမရှိခဲ့ပေ။

မည်သည့်အကြောင်းပြချက်ကိုမျှ စဉ်းစား၍မရသဖြင့် ခဏအကြာတွင် သူ သက်ပြင်းချလိုက်လေသည်။

ကျောက်မင်ယဲ့က ခန္ဓာကိုယ်ကြံ့ခိုင်ရေးတောင်ထွတ်၏ ပင်မခန်းမအတွင်းသို့ ဝင်ရောက်လာရင်း ပြောလိုက်သည်။

“သက်ပြင်းချနေဖို့ အချိန်မရှိဘူး...”

“အချိန်ကိုက်ရောက်လာတာပဲ... ငါလည်း ဘာလုပ်ရမှန်းမသိဖြစ်နေတာ... မှတ်ဉာဏ်ပြန်ခေါ်တဲ့ အစီအရင်ကနေ အသုံးဝင်တဲ့ အချက်အလက်တချို့ ရှာတွေ့ခဲ့လား...”

ကျန်းရီနျန်က မေးလိုက်သည်။

ကျောက်မင်ယဲ့သည် ကျန်းရီနျန်ဘေးရှိ စားပွဲပေါ်မှ လက်ဖက်ရည်အိုးကို ကောက်ကိုင်လိုက်ပြီး သောက်ချလိုက်သည်။

မှတ်ဉာဏ်ပြန်ခေါ်သည့် အစီအရင်ကို အသုံးပြုပြီးနောက် သူသည် တစ်လမ်းလုံး ပြေးလာခဲ့ခြင်းဖြစ်သည်။

ရေငတ်ပြေသွားပြီးနောက် သူက သူတို့သုံးဦးကို သတိထားကာ အကဲခတ်ကြည့်လိုက်သည်။

“ခင်ဗျားတို့အတွက် ရှေ့ဆက် ခက်ခဲတဲ့အချိန်တွေ လာတော့မယ်...”

“ဒီကြာပလ္လင်ရဲ့ သူတော်စင်မိန်းကလေးမှာ အမှောင်အရှင်ရဲ့ သက်တော်စောင့်တစ်ဦးဖြစ်တဲ့ လီရုံဖန်တီးထားတဲ့ ဂိုဏ်းသစ်တစ်ခုရှိတယ်...”

“သူမက ခန္ဓာကိုယ်ကြံ့ခိုင်ရေးကျင့်ကြံသူတွေကိုစုဆောင်းပြီး သူတို့အပေါ်မှာ စမ်းသပ်မှုတွေလုပ်နေတာ... သူတို့ရဲ့ ပြန်လည်ကုစားခြင်းစွမ်းရည်တွေကြောင့် ဖြစ်ဖို့များတယ်...”

ပြန်လည်ကုစားခြင်းစွမ်းရည်ဆိုသည့်စကားကို ကြားလိုက်ရချိန်တွင် လင်းဖန်၏စိတ်ထဲ၌ တစ်စုံတစ်ခုကို ရိပ်မိသွားလေသည်။

ခန္ဓာကိုယ်ကြံ့ခိုင်ရေးကျင့်ကြံသူများကို သူတို့ စိတ်ဝင်စားနေခြင်းအတွက် ဖြစ်နိုင်ချေ တစ်ခုသာရှိသည်။

ဒါက အမှောင်အရှင်အတွက်ဆိုတာ သိသာထင်ရှားနေပေသည်။

“သူတို့က အမှောင်အရှင်ကို ပြန်လည်အသက်သွင်းဖို့ ကြိုးစားနေကြတာပဲ...”

လင်းဖန်က ပြောလိုက်သည်။

“ဒါပေမဲ့ အမှောင်အရှင်က အရင်ကတည်းက ပျက်စီးသွားခဲ့ပြီ မဟုတ်ဘူးလား...”

ကျန်းရှီက မေးလိုက်သည်။

“ငါတို့ သူ့ရဲ့ ကိုယ်ပွားတွေကို ဖျက်ဆီးပစ်လိုက်ပြီးနောက်မှာ သူက သူ့ရဲ့ ဝိညာဉ်တွေကို တည်ငြိမ်အောင်လုပ်ဖို့ နည်းလမ်းတစ်ခု ရှာတွေ့သွားတာ ဖြစ်ရမယ်...”

ကျန်းရီနျန်က ပြန်ဖြေလိုက်သည်။

သူက ခဏမျှ စဉ်းစားလိုက်ပြီးနောက် မေးလိုက်သည်။

“သိုင်းဦးလေးကဘယ်မှာလဲ...”

“ထန်ရှောင်ယောင်နဲ့ အမှောင်အရှင်တို့ ရှုံးနိမ့်သွားပြီးတဲ့နောက် ငါတို့မဖြေရှင်းနိုင်တဲ့ အန္တရာယ်တွေမရှိတော့ဘူးလို့ သူကတွေးပြီး သူ့ရဲ့ လှည့်လည်သွားလာတဲ့ ခရီးစဉ်တွေကို ပြန်ထွက်သွားပြီ...”

ကျောက်မင်ယဲ့က ပြန်ဖြေလိုက်သည်။

“တော်တော် အချိန်ကိုက်ဖြစ်နေတာပဲ...”

ကျန်းရီနျန်က စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။

“သိုင်းဦးလေးကိုပြန်ခေါ်လို့ ရနိုင်ပါတယ်... ပြီးတော့ ဒီလီရုံကိုလည်း ကျွန်တော်တို့ အလစ်ဝင်တိုက်လို့ရတယ်... သူမ ဘယ်မှာရှိလဲဆိုတာသိလား...”

လင်းဖန်က ကျောက်မင်ယဲ့ကို မေးလိုက်သည်။

သူသည် အချိန်တိုင်း လူတစ်ဦး၏အမဲလိုက်ခြင်းကို ခံနေရသည့်ခံစားချက်ကို လုံးဝ မနှစ်သက်ပေ။

ရန်သူမစတင်မီ သူက အရင်ဦးဆုံး လက်ဦးမှုရယူပြီး တိုက်ခိုက်ခြင်းက အကောင်းဆုံးဖြစ်သည်။

“သူမက အဝါရောင်ပွင့်ဖတ်တွေနဲ့ ခေါင်းလောင်းပုံစံပန်းတွေ ပြည့်နှက်နေတဲ့ လိုဏ်ဂူတစ်ခုထဲမှာရှိနေတာ... ဒါကလွဲရင် ငါ့မှာ တခြား အချက်အလက် မရှိတော့ဘူး...”

ကျောက်မင်ယဲ့က ပြန်ဖြေလိုက်သည်။

“အပင်တွေနဲ့ ဆေးပင်တွေအကြောင်းကို သိတဲ့သူတစ်ယောက်ကို ကျွန်တော် သိတယ်...”

လင်းဖန်က ပြောလိုက်သည်။

ထိုလိုဏ်ဂူ ရှိသည့်နေရာအား ကောဟယ်ရုမှ သဲလွန်စအချို့ ပေးနိုင်ပေလိမ့်မည်။

ကောဟယ်ရု ပင်မခန်းမအတွင်းသို့ ဝင်ရောက်လာချိန်တွင် တောင်ထွတ်သခင်နှစ်ဦးက သူ့အား စောင့်ဆိုင်းနေသည်ကို မြင်လိုက်ရသဖြင့် သူ အလွန် အံ့အားသင့်သွားရချေသည်။

လင်းဖန်က သူ့ကို မြန်မြန်ဆန်ဆန်ပင် မိတ်ဆက်ပေးလိုက်ပြီး ဖြစ်ပျက်ခဲ့သမျှကို အကျဉ်းချုပ် ပြောပြလိုက်သည်။

“ဒါတွေက သေမင်းခေါင်းလောင်းပန်းတွေလေ... ထိုက်တောင်မှာပဲ ပေါက်ရောက်နိုင်တာ... တခြား ဘယ်နေရာမှာမှ ပေါက်ရောက်နိုင်စွမ်းမရှိဘူး...”

ကောဟယ်ရုသည် သူတို့၏မေးခွန်းကို မည်သည့်အားစိုက်ထုတ်မှုမျှမပါဘဲ အလွယ်တကူ ဖြေဆိုနိုင်ခဲ့လေသည်။

All Chapters