အခန်း ၂၁၅
Vol. 22 Ch. 215
အခန်း (၂၁၅) - တာအိုဆရာသခင်လီ
လင်းဖန်သည် ဘုရားကျောင်းထဲသို့ ဝင်ရောက်သွားချိန်တွင် သူ့နောက်ကျောဘက်မှ ရုန်းရင်းဆန်ခတ် အသံများကို ကြားလိုက်ရသည်။
“မင်းတို့တွေ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ...”
“ဒီအစွန်းရောက်တွေ ထပ်ရောက်လာပြန်ပြီ...”
“သူတို့ကို ဖမ်းကြစမ်း...”
ဟုန်ဖုန်းမြို့မှ ရဲမက်များသည် နောက်ဆုံး၌ ရောက်ရှိလာကြပြီး သူတော်စင်မိန်းကလေး၏ တပည့်များကို ဖမ်းဆီးတော့သည်။
သူတို့က အဖမ်းမခံဘဲ ခုခံကြရာ ရဲမက်များနှင့် တပည့်များကြားတွင် ခိုက်ရန်ဖြစ်ပွားမှု စတင်လာချေပြီ။
ရဲမက်များမှာ ထိုတပည့်များကိုနှိမ်နင်းရန် အခက်တွေ့နေကြသဖြင့် အခြေအနေမှာ ပရမ်းပတာ ဖြစ်သွားရချေသည်။
ရဲမက်များက သစ်သားတုတ်များဖြင့်ရိုက်နှက်ကာ မြေပြင်ပေါ်သို့ လှဲချလိုက်သော်လည်း တပည့်များမှာ အမြဲတမ်း ပြန်ထလာခဲ့ကြသည်။
နောက်ဆုံးတွင် ခေါင်းဆောင်ရဲမက်မှာ ဆက်၍ သည်းမခံနိုင်တော့ဘဲ အသေအလဲ တိုက်ခိုက်နှိမ်နင်းရန် အမိန့်ပေးလိုက်လေတော့သည်။
ယခုအချိန်တွင်တော့ လင်းဖန်သည် ဟိုမင်နှင့် ဟိုကျဲ့တို့နောက်မှလိုက်ကာ ဘုရားကျောင်းထဲသို့ ဝင်ရောက်သွားချေပြီ။
ထိုနေရာသည် ဟောင်းနွမ်းနေပြီး အလင်းရောင်လည်း မှိန်ပျပျသာ ရှိလေသည်။
ပင်မခန်းမဆောင်ထဲသို့ ဝင်လျှောက်သွားချိန်တွင် သူ မသိသော နတ်ဘုရားရုပ်တုတစ်ခုကို ယဇ်ပလ္လင်ပေါ်၌ တွေ့လိုက်ရသည်။
ထိုနတ်ဘုရားရုပ်တုသည် ပင့်ကူအိမ်များ၊ ဖုန်မှုန့်များဖြင့် ဖုံးလွှမ်းနေပေသည်။
သူသည် လေထဲတွင် လွင့်ပျံနေသောဖုန်မှုန့်များကို ဖယ်ရှားရန်အတွက် မိမိ၏ နှာခေါင်းရှေ့၌ လက်ကို ဝှေ့ယမ်းလိုက်ရလေသည်။
“ဒီဘက်မှာ...”
ဟိုကျဲ့က ပြောလိုက်ပြီးနောက် သူ့ကို ပင်မခန်းမဆောင်အနောက်ဘက်ရှိ အခန်းတစ်ခန်းဆီသို့ ခေါ်ဆောင်သွားတော့သည်။
ထိုနေရာသည် အိပ်ခန်းတစ်ခန်းဖြစ်ပြီး အဘိုးအိုတစ်ဦးက ကုတင်ပေါ်တွင် ထိုင်နေလေသည်။
ထိုအဘိုးအိုသည် တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး ဆံပင်ဖြူများနှင့် အဖြူရောင်မုတ်ဆိတ်ရှည်တို့ ရှိနေပေသည်။
သူသည် မျက်စိမှိတ်ကာ တရားထိုင်နေပုံရသည်။
“တာအိုဆရာသခင်လီ... ကျုပ်တို့ ရောက်လာပြီ...”
ဟိုကျဲ့က အဘိုးအို၏ပခုံးကို ပုတ်ကာ ပြောလိုက်လေသည်။
တာအိုဆရာသခင်လီက မျက်လုံးများကို ဖွင့်လိုက်ပြီး အခန်းထဲကို အကဲခတ်လိုက်သည်။
သူက ပြုံးလိုက်ပြီး ဟိုမင်နှင့် ဟိုကျဲ့တို့ကို ခေါင်းညိတ်ပြလိုက်ကာ လင်းဖန်ဘက်သို့ လှည့်ကြည့်လာတော့သည်။
လင်းဖန်ကိုမြင်လိုက်ရချိန်တွင် သူ့မျက်လုံးများ ပြူးကျယ်သွားရချေသည်။ ထို့နောက် လင်းဖန်ကိုလက်ညှိုးထိုးကာ တိုးညင်းစွာ ပြောလိုက်သည်။
“စိတ်ဝင်စားစရာပဲ... ဒီလူရဲ့ ကျင့်ကြံခြင်းအမြုတေက ထူးဆန်းတယ်... ကျုပ် တစ်ခါမှ မမြင်ဖူးတဲ့ အရာမျိုးပဲ...”
“ဟုတ်ပါတယ် တာအိုဆရာသခင်လီ... ကျုပ်တို့ အဲဒါကို သိပါတယ်...”
ဟိုကျဲ့က လင်းဖန်၏စွမ်းရည်များကို ကောင်းစွာသိရှိထားသဖြင့် ပြန်ပြောလိုက်လေသည်။
“တာအိုဆရာသခင်လီနဲ့တွေ့ဆုံရတာ ဝမ်းသာပါတယ်...”
လင်းဖန်က အဘိုးအိုကို ဦးညွှတ်ကာ နှုတ်ဆက်လိုက်သည်။
ထို့နောက် သူက ဆက်ပြောလိုက်သည်။
“ကျုပ် ဒီကို ရောက်လာတာက တစ္ဆေကျင့်ကြံသူတွေကို နှိမ်နင်းဖို့အတွက် မှော်ရတနာတွေ ငှားရမ်းချင်လို့ပါ... သူတို့က ဟုန်ဖုန်းမြို့ထဲမှာ သောင်းကျန်းနေကြပြီလေ...”
“အာ... မှော်ရတနာတွေလား... လူငယ်ကျင့်ကြံသူလေးတွေက ဖြောင့်မတ်တဲ့တာအိုကို ထိန်းသိမ်းဖို့ တာဝန်ယူတာကိုမြင်ရတာ အရမ်းကောင်းပါတယ်...”
တာအိုဆရာသခင်လီက ဖြည်းညင်းစွာလှုပ်ရှားလိုက်ပြီး သူ့ဘေးနားရှိ အထုပ်ငယ်လေးတစ်ခုကို ဖွင့်လိုက်လေသည်။
ထိုအထဲတွင် ပစ္စည်းနှစ်ခု ပါရှိနေပေသည်။
တစ်ခုမှာ မက်မွန်သစ်သားဓားဖြစ်ပြီး နောက်တစ်ခုမှာတော့ ရှစ်ကွက်အင်းပုံသဏ္ဌာန် မှန်တစ်ချပ် ဖြစ်သည်။
ထိုမက်မွန်သစ်သားဓားက လင်းဖန်ကို ကျိုရှုနှင့် တိုက်ခိုက်ခဲ့စဉ်က ကျိုရှုအသုံးပြုခဲ့သောဓားကို သတိရသွားစေသည်။
ထိုမှန်မှာ အက်ကွဲရာငယ်လေးအချို့ ရှိနေပြီး ရှေးဟောင်းပစ္စည်းတစ်ခုကဲ့သိုပင်။
“ဒီမက်မွန်သစ်သားဓားက ဘယ်လို မိစ္ဆာဝိညာဉ်ကိုမဆို ခုတ်ပိုင်းနိုင်ပြီး ဒဏ်ရာရစေနိုင်တယ်... မှန်ကတော့ မိစ္ဆာဝိညာဉ်တွေရဲ့တိုက်ခိုက်မှုတွေကို ပြန်လည်တွန်းလှန်ပေးနိုင်တယ်... ဒါပေမဲ့ ဝိညာဉ်ပြောင်းလဲခြင်းအဆင့်ထက်ကျော်လွန်နေတဲ့ မိစ္ဆာဝိညာဉ်တွေကိုတော့ ဘာမှလုပ်နိုင်မှာမဟုတ်ဘူး...”
တာအိုဆရာသခင်လီက မှော်ရတနာများ မည်သို့ အလုပ်လုပ်ကြောင်းကို ရှင်းပြလိုက်သည်။
“ဒါပေမဲ့ ပထမဆုံးအနေနဲ့ ဒီပစ္စည်းတွေက မင်းကို သူတို့ရဲ့သခင်အဖြစ် အသိအမှတ်ပြုဖို့ လိုအပ်တယ်...”
သူက ပြောလိုက်ပြီး လင်းဖန်ကို ရှေ့သို့တိုးလာရန် အချက်ပြလိုက်လေသည်။
“ကျုပ် ဘာလုပ်ရမလဲ...”
လင်းဖန်က မေးလိုက်သည်။
“မင်းရဲ့ လက်ကိုသာပေးပါ...”
လင်းဖန်သည် သူ၏ ညာလက်ကို မြှောက်လိုက်ပြီး လက်ဖဝါးလှန်ကာ တာအိုဆရာသခင်လီထံသို့ ကမ်းပေးလိုက်လေတော့သည်။
တာအိုသခင်လီက သူ၏လက်ဝါးကို လက်ချောင်းဖြင့် ပွတ်ဆွဲလိုက်သည်ကို မြင်လိုက်ရချိန်တွင် လင်းဖန်သည် သူ၏ညာဘက်လက်မှ နာကျင်မှုကို ချက်ချင်း ခံစားလိုက်ရသည်။
တာအိုသခင်လီသည် အားစိုက်ထုတ်စရာမလိုဘဲ လင်းဖန်၏လက်ဝါးကို ပြတ်ရှသွားစေခဲ့သည်။
မကြာမီမှာပင် ဒဏ်ရာမှ သွေးများစိမ့်ထွက်လာပြီး သူ၏သွေးစက်အချို့မှာ မှော်ရတနာများဆီသို့ လွင့်ပျံသွားသည်ကို လင်းဖန် မြင်တွေ့လိုက်ရသည်။
လေထုထဲတွင် ဂါထာရွတ်ဆိုသံများ ပဲ့တင်ထပ်သွားလေသည်။
တာအိုသခင်လီသည် လင်းဖန် နားမလည်နိုင်သော စကားလုံးများဖြင့် တိုးတိုးလေး ရွတ်ဆိုနေပေသည်။
သူ၏စွမ်းအင်အချို့ စီးထွက်သွားသကဲ့သို့ လင်းဖန် ချက်ချင်း ခံစားလိုက်ရသည်။
မှော်ရတနာများသည် အပြင်းအထန် တုန်ခါလာတော့သည်။
တာအိုသခင်လီ၏ နဖူးပေါ်တွင် ချွေးသီးချွေးပေါက်များ ဖြစ်ပေါ်လာလေသည်။
၎င်းမှာ မှော်ရတနာများကို လင်းဖန်အား သခင်အဖြစ် အသိအမှတ်ပြုလာစေရန် ကြိုးပမ်းနေခြင်းနှင့် တူပေသည်။
ဤသည်မှာ နတ်ဘုရားအဆင့်ရှိ မှော်ရတနာများ၏ ထူးခြားသောလက္ခဏာရပ်ပင်။
တာအိုသခင်လီ လုပ်ဆောင်နေသည့်အရာကို လင်းဖန် လုံးဝ ကူညီပေးနိုင်ခြင်း မရှိခဲ့ချေ။
တာအိုသခင်လီက မှော်ရတနာများမှ သူ့အား အသိအမှတ်ပြုလာစေရန် အစွမ်းကုန် ကြိုးပမ်းနေသည်ကိုသာ စိုးရိမ်တကြီးဖြင့် ကြည့်နေနိုင်တော့သည်။
တာအိုသခင်လီတစ်ယောက် ရပ်တန့်ကာ အသက်ရှူနေရသည့် အခိုက်အတန့်များတွင် ပြီးဆုံးသွားပြီဟုပင် သူ ထင်မှတ်ခဲ့ရသည်။
ဘေးမှ ကြည့်နေကြသော ဟိုမင်နှင့် ဟိုကျဲ့တို့မှာလည်း မျက်မှောင်ကြုတ်သွားကြသည်။
“ဟူး...”
အသံကျယ်ကျယ်ဖြင့် နောက်ဆုံးအကြိမ် အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် တာအိုသခင်လီသည် ဂါထာရွတ်ဆိုခြင်းကို ရပ်တန့်လိုက်ကာ နဖူးမှချွေးများကို သုတ်လိုက်လေသည်။
ထို့နောက် မှော်ရတနာများသည် ကုတင်ပေါ်တွင် ငြိမ်သက်သွားတော့သည်။
ထို့နောက် တာအိုသခင်လီသည် နံရံကို ကျောမှီလိုက်ပြီး လက်များကို အောက်သို့ ချထားလိုက်သည်။
ယခုအခါတွင် သူသည် လေလျော့သွားသော ပူဖောင်းတစ်လုံးကဲ့သို့ စွမ်းအင်များ ခန်းခြောက်သွားချေပြီ။
လင်းဖန်သည် တာအိုသခင်လီ၏ပခုံးများကို အလျင်အမြန် ထိန်းပေးလိုက်သည်။
“ကျေးဇူးပဲ... အခု မင်း ဒီမှော်ရတနာတွေကို ယူသွားလို့ရပြီ...”
တာအိုသခင်လီကပြောလိုက်ပြီး သူ၏မျက်လုံးများ ပြန်လည်မှိတ်ကျသွားလေသည်။
လင်းဖန်သည် သူ၏သွေးခုန်နှုန်းကို စမ်းသပ်ကြည့်လိုက်ရာ ရပ်တန့်မသွားကြောင်း သိလိုက်ရသဖြင့် စိတ်သက်သာရာရသွားသည်။
သူက တာအိုသခင်လီကို ကုတင်ပေါ်တွင်လှဲအိပ်နိုင်ရန် အမြန်ကူညီပေးလိုက်သည်။
“တာအိုသခင်လီ အနားယူနိုင်အောင် ငါတို့ သွားကြစို့...”
လင်းဖန်ကပြောလိုက်ပြီး မှော်ရတနာများကို ကောက်ယူလိုက်သည်။
မှော်ရတနာများကို ထိတွေ့လိုက်ချိန်တွင် တစ္ဆေကျင့်ကြံသူများနှင့် တိုက်ခိုက်ခဲ့ရသည့် တိုက်ပွဲမြင်ကွင်းများက သူ့စိတ်ထဲသို့ ဝင်ရောက်လာလေသည်။
တစ္ဆေကျင့်ကြံသူများသည် ကိုယ်ကျင့်တရားကင်းမဲ့ကြပြီး သူတို့အကျိုးရှိစေရန် မည်သည့်အရာကိုမဆို အသုံးပြုကြသောကြောင့် ထိုတိုက်ပွဲများအားလုံးသည် ရက်စက်ကြမ်းကြုတ်ပြီး ခက်ခဲကြမ်းတမ်းလှပေသည်။
မှော်ရတနာများအား မည်သို့အသုံးပြုရမည်ဆိုသည့် အသိပညာများသည်လည်း သူ့စိတ်ထဲသို့ စီးဝင်လာတော့သည်။
မှော်ရတနာများ၏စွမ်းရည်များကို အသက်သွင်းရန်အတွက် သူ၏ချီစွမ်းအင်ကို ထည့်သွင်းပေးရန် လိုအပ်ပေသည်။
တစ္ဆေကျင့်ကြံသူများနှင့် တိုက်ခိုက်ခဲ့ရသည့် အတွေ့အကြုံများက လင်းဖန်အား လီရုံနှင့် ရှေ့ဆက်ဖြစ်လာမည့် တိုက်ပွဲအတွက် သတိထားမိလာစေသည်။
သူမသည် ယုတ်မာသည့် အကြံအစည်တစ်ခုခုကို ကြံစည်နေပြီဖြစ်ကြောင်း သူ သေချာပေါက် သိနေပေသည်။
သူတို့ ဘုရားကျောင်းထဲမှ ထွက်လာချိန်တွင် ရဲမက်များနှင့် တပည့်များအကြား ပဋိပက္ခမှာ ပြီးဆုံးနေခဲ့ပြီ ဖြစ်သည်။
မြေကြီးပေါ်ရှိ သွေးကွက်များနှင့် နေရာအနှံ့ ပြန့်ကျဲနေသော ဖိနပ်များကဲ့သို့ ကျန်ရစ်ခဲ့သည့် ပစ္စည်းများသာ ရှိတော့သည်။
လမ်းပေါ်တွင် လူသူကင်းမဲ့နေပြီး ဟုန်ဖုန်းမြို့သို့အလာ လမ်းခုလပ်တွင် သူတွေ့ခဲ့ရသောသူများသာ ဟိုဟိုဒီဒီ လျှောက်သွားနေကြသည်။
“တည်းခိုခန်းကို အရင် ပြန်ကြတာပေါ့...”
လင်းဖန်က ပြောလိုက်သည်။
ထိုနေရာသည် ဖြစ်ပျက်နေသည်တို့ကို နားလည်နိုင်ရန် သတင်းအချက်အလက်များ စုဆောင်းရာ၌ အကောင်းဆုံးနေရာ ဖြစ်ပေသည်။
ဟိုမင်နှင့် ဟိုကျဲ့တို့က ခေါင်းညိတ်လိုက်ကြပြီး သူ့နောက်မှ လိုက်ပါသွားကြသည်။
သူတို့ တည်းခိုခန်းသို့ ရောက်ရှိသွားချိန်တွင် စားပွဲထိုးများက လက်ထဲ၌ သစ်သားတုတ်များကို ကိုင်ဆောင်ကာ အဝင်ဝကို စောင့်ကြပ်နေကြလေသည်။