အခန်း ၄၅၆
Vol. 46 Ch. 456
အခန်း ၄၅၆ တောင်ဆိုခြင်လို့ပါ
ကျန်းချဲ့အနေဖြင့် တောင်တန်းကြီး တစ်သိန်းသို့ မဖြစ်မနေ သွားရောက်ရမည် ဖြစ်သည်။ ယဇ်ပူဇော်မည့် ပစ္စည်းများနှင့် ပတ်သက်နေသဖြင့် သူ မသွား၍မဖြစ်ပေ။ သို့သော် ပိုင်ယွဲ့ မဟာမိတ်တပ်ဖွဲ့ ကိစ္စကြောင့် နန်ယွဲ့ပြည်သို့လည်း တစ်ခေါက် သွားရောက်ရမည် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ သူတို့၏ အချိန်ကို ဆွဲဆန့်ထားနိုင်ရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားရမည် ဖြစ်သည်။
သူ မရှိသည့် အချိန်ကို အခွင့်ကောင်းယူကာ ယွဲ့ပြည်နယ်ကို ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ခွင့် လုံးဝ မပေးနိုင်ပေ။
အကြောင်းမှာ သူ ထွက်ခွာသွားပါက ချီရွှယ်မိစ္ဆာသခင်နှင့် အောက်ခွန်းတို့ကဲ့သို့သော အင်အားကြီးမားသည့် တိုက်ခိုက်ရေးသမား နှစ်ဦးကို မဖြစ်မနေ ခေါ်ဆောင်သွားရမည် ဖြစ်သည်။ ထိုသို့ဆိုလျှင် ယွဲ့ပြည်နယ် တစ်ခုလုံးတွင် ကျောက်ရှန်းကျီနှင့် ချီထျန်းကျုံ့ ဆိုသည့် ယွမ်ရှန်းအဆင့် စစ်မှန်သောသခင် နှစ်ဦးသာ ကျန်ရှိနေမည် ဖြစ်သည်။
ထိုနှစ်ဦး၏ စွမ်းအားက မနည်းလှသော်လည်း လီချန်ကောနှင့် ပိုင်ယွဲ့ မဟာမိတ်တပ်ဖွဲ့ကိုတော့ ယှဉ်နိုင်စွမ်း ရှိမည်မဟုတ်ပေ။
ကျန်းချဲ့ တွေးတောနေသည်ကို မြင်သောအခါ နင်မင်းသား၏ ကြင်ယာတော်က ဆက်ပြောလိုက်သည်။
"ဒါ့အပြင် နောက်ထပ် ကိစ္စတစ်ခု ရှိသေးတယ်"
"ဘာကိစ္စလဲ"
"ပြီးခဲ့တဲ့အကြိမ်က ရှင် ကျွန်မကို သတင်းပို့ပြီးတဲ့နောက် ကျွန်မ ဝေ့မိသားစုနဲ့ ဆက်သွယ်ခဲ့တယ် ရှင်က ထျန်းလုံ ဘုန်းကြီးကျောင်းနဲ့ သွေးပင်လယ်ဂိုဏ်းကို ဖျက်ဆီးလိုက်တဲ့ အကြောင်းရင်းကြောင့် ထင်ပါရဲ့ ဝေ့မိသားစုက အစိုးရကို ထောက်ခံဖို့ ဆုံးဖြတ်လိုက်ပြီတဲ့"
နင်မင်းသား၏ ကြင်ယာတော်က ဝေ့မိသားစုနှင့် ပတ်သက်သော ကိစ္စရပ်များကို အစအဆုံး အသေးစိတ် ပြောပြလိုက်သည်။
ထိုစကားကို ကြားသောအခါ ကျန်းချဲ့၏ ရင်ထဲတွင် ဝမ်းသာသွားမိသည်။
ဝေ့မိသားစု၏ အင်အားက ယွဲ့ပြည်နယ်ရှိ ထိပ်တန်းအင်အားစုများကြားတွင် အနည်းငယ် အားနည်းသော်လည်း အဆုံးတွင်တော့ ထိပ်တန်းအင်အားစု တစ်ခုပင် ဖြစ်သည်။ မိသားစုအတွင်း ယွမ်ရှန်းအဆင့် စစ်မှန်သောသခင် တစ်ဦး ရှိနေပြီး သူ့ကို ထောက်ခံမည်ဆိုပါက ကြီးမားသော အကူအညီများ ရရှိလာမည် ဖြစ်သည်။
ထို့အပြင် သိုင်းလောက၏ ထိပ်တန်းအင်အားစု တစ်ခုဖြစ်သော ဝေ့မိသားစုကသာ သူ့ကို ထောက်ခံရန် ရွေးချယ်လိုက်ပါက သူ့ကို ဆန့်ကျင်နေသော သိုင်းလောက အင်အားစုများကြားတွင်လည်း သွေးကွဲသွားစေနိုင်သည်။ ဤအရာက လက်ရှိအချိန်တွင် တစ်ခုတည်းသော သတင်းကောင်းပင် ဖြစ်သည်။
"ဒီကိစ္စအတွက် ကြင်ယာတော် အများကြီး ကြိုးစားပေးခဲ့ရမှာပဲ ကျေးဇူးတင်ပါတယ်"
ကျန်းချဲ့က တည်ကြည်သော အသံဖြင့် ပြောလိုက်သည်။
နင်မင်းသား၏ ကြင်ယာတော်က အမူအရာမပျက်ဘဲ ရပ်နေသော ချီဝမ်ကျင်းကို တစ်ချက်ကြည့်လိုက်ပြီး ကျန်းချဲ့ကို မျက်စပစ်ပြကာ ပြုံးရွှင်စွာ ပြောလိုက်သည်။
"ဒါဆို နယ်စားမင်းက ကျွန်မကို ဘယ်လို ကျေးဇူးဆပ်မှာလဲ"
'သေချာပေါက် ကိုယ်ထိလက်ရောက် ကျေးဇူးဆပ်ရမှာပေါ့'
နင်မင်းသား၏ ကြင်ယာတော် ယခုလို လာရောက်ရခြင်းမှာ အလွန်အမင်း ဆာလောင်နေသောကြောင့် ဖြစ်ကြောင်း ကျန်းချဲ့ သိထားပြီး တစ်ဖက်လူကို သေချာပေါက် ဖြည့်ဆည်းပေးရန် လိုအပ်ပေသည်။ သို့သော် ဤစကားများကို ချီဝမ်ကျင်း၏ ရှေ့တွင်တော့ ပြော၍မရပေ။
သူက လည်ချောင်းတစ်ချက် ရှင်းလိုက်ပြီး ချီဝမ်ကျင်းကို ကြည့်ကာ ပြောလိုက်သည်။
"ဝမ်ကျင်း မင်း အကြီးအကဲချုပ်နဲ့ ရှန်းကျီတို့ကို ပင်မခန်းမဆီ သွားပင့်ပေးပါလား ကိုယ် ပြောစရာ အရေးကြီးကိစ္စ ရှိလို့"
"ကောင်းပါပြီ"
ချီဝမ်ကျင်းက တည်ကြည်သော မျက်နှာထားဖြင့် ပြန်ဖြေလိုက်သည်။ ယခုအချိန်တွင် ကျန်းချဲ့ ရင်ဆိုင်နေရသော ဖိအားများ မသေးငယ်ကြောင်း သူမ နားလည်ထားသဖြင့် တွေဝေမနေတော့ပေ။ နင်မင်းသား၏ ကြင်ယာတော်ကို ခေါင်းညိတ် နှုတ်ဆက်လိုက်ပြီးနောက် အခန်းထဲမှ လျင်မြန်စွာ ထွက်ခွာသွားတော့သည်။
သူမ ထွက်သွားသည်နှင့် တစ်ပြိုင်နက် ကျန်းချဲ့က ပတ်ဝန်းကျင်တွင် အတားအဆီးတစ်ခုကို ချက်ချင်း ဖန်တီးလိုက်သည်။
ထိုရင်းနှီးနေသော အပြုအမူကို မြင်လိုက်ရသောအခါ နင်မင်းသား၏ ကြင်ယာတော် အလွန်ဝမ်းသာသွားပြီး ပြည့်ဖြိုးလှပသော ခါးလေးကို လှုပ်ခါကာ ကျန်းချဲ့၏ အနီးသို့ ရောက်လာသည်။ ထို့နောက် ကျန်းချဲ့၏ ပေါင်ပေါ်သို့ တိုက်ရိုက် ထိုင်ချလိုက်ပြီး မျက်နှာတွင် အနည်းငယ် ညည်းတွားချင်သော အမူအရာဖြင့် ပြောလိုက်သည်။
"အရင်တုန်းက ကျွန်မကို အသုံးလိုတုန်းကကျတော့ နေ့တိုင်း အနားက မခွာဘူး အခု အိမ်ထောင်ကျသွားပြီး ကျွန်မကို အသုံးမလိုတော့ဘူး ဆိုတော့လည်း ပစ်ထားတော့တာပဲ ကျန်းချဲ့ ရှင် တကယ်ကို ရက်စက်လွန်းတယ်"
"ကြင်ယာတော်က နောက်နေပြန်ပါပြီ ပြီးခဲ့တဲ့ရက်ပိုင်းက ကျုပ်မှာ အလုပ်တွေ အရမ်းများနေလို့ တကယ်ကို အချိန်မရခဲ့တာပါ"
"ဟွန့် ဆင်ခြေတွေပါ"
နင်မင်းသား၏ ကြင်ယာတော်က နှုတ်ခမ်းမဲ့လိုက်သည်။
သူမတွင် အသုံးချစရာ တန်ဖိုး သိပ်မကျန်တော့သောကြောင့် ကျန်းချဲ့၏ လျစ်လျူရှုမှုကို ခံနေရခြင်း ဖြစ်ကြောင်း သူမ သိထားသည်။ သို့သော် ပြဿနာမှာ ဤကိစ္စအတွက် သူမတွင် မည်သည့် နည်းလမ်းကောင်းမှ မရှိခြင်းပင်။
နင်မင်းသား အသတ်ခံလိုက်ရပြီးနောက် နင်မင်းသား အိမ်တော်တစ်ခုလုံး ဆယ်စုနှစ်ပေါင်းများစွာ စုဆောင်းထားခဲ့သမျှမှာ ကျန်းချဲ့၏ လက်ထဲသို့ အကုန် ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ ယခုအချိန်တွင် ကျန်းချဲ့ စိတ်ဝင်စားလာစေမည့် တန်ဖိုးရှိသော ဖဲချပ်တစ်ခုမျှ သူမတွင် မရှိတော့ပေ။
သူမ၏ အလှအပဆိုလျှင်ပင် ကျန်းချဲ့အတွက် ရိုးအီနေပြီ ဖြစ်သည်။
"အချိန်ဆိုတာ တိုတောင်းလွန်းပါတယ် ကြင်ယာတော်က ဒီနေရာမှာပဲ အချိန်ဖြုန်းနေတော့မလို့လား"
ကျန်းချဲ့၏ သန်မာသော လက်ကြီးက နင်မင်းသား၏ ကြင်ယာတော်၏ ခါးပေါ်သို့ ရောက်ရှိသွားပြီး ဖွဖွလေး ပွတ်သပ်ရင်း ခပ်ဖျော့ဖျော့ အသံဖြင့် ပြောလိုက်သည်။
အခြေအနေကို သူက လွှမ်းမိုးထိန်းချုပ်ထားသကဲ့သို့ပင်။
ထိုအခိုက်တွင် နင်မင်းသား၏ ကြင်ယာတော်၏ ခန္ဓာကိုယ်လေး တောင့်တင်းသွားသည်။ ကျန်းချဲ့နှင့် အထိအတွေ့ မရှိခဲ့သည်မှာ အချိန်အတန်ကြာပြီ ဖြစ်ရာ ပြီးခဲ့သည့် အချိန်များကို သူမ မည်သို့ ဖြတ်သန်းခဲ့ရသည်ကို ကောင်းကင်ဘုံသာ သိပေလိမ့်မည်။ ယခု အခွင့်အရေး ရလာပြီဖြစ်ရာ သူမအနေဖြင့် သေချာပေါက် လက်လွှတ်ခံမည် မဟုတ်ပေ။
ချက်ချင်းပင် ကျန်းချဲ့၏ နားနားသို့ ကပ်ကာ မွှေးပျံ့သော လေငွေ့လေး တစ်ချက် မှုတ်ထုတ်လိုက်ပြီး တီးတိုးရေရွတ်လိုက်သည်။
"ကျန်းသံတမန် ကျွန်မကို..."
ကျန်းချဲ့၏ မျက်ခုံးများ ပင့်တက်သွားပြီး နှုတ်ခမ်းထောင့်လေး ကွေးတက်သွားသည်။
"ကြင်ယာတော် ခင်ဗျားက တကယ်ကို ရမ္မက်ကြီးတာပဲ"
အချိန်ကျပ်တည်းနေသောကြောင့် ဤတစ်ကြိမ် နင်မင်းသား၏ ကြင်ယာတော်နှင့် ဆက်ဆံရာတွင် ကျန်းချဲ့က အမြန်တိုက် အမြန်သိမ်း နည်းလမ်းကိုသာ ရွေးချယ်ခဲ့သည်။ ထို့ကြောင့်ပင် လှုပ်ရှားမှုများက အနည်းငယ် ကြမ်းတမ်းနေခဲ့ပြီး နင်မင်းသား၏ ကြင်ယာတော်ကို မုန်တိုင်းဆန်သော အတွေ့အကြုံကို တိုက်ရိုက် ခံစားစေခဲ့သည်။
သို့သော် အတွေ့အကြုံရှိသူ တစ်ဦးအနေဖြင့် နင်မင်းသား၏ ကြင်ယာတော်က အရာအားလုံးကို ကောင်းစွာ လက်ခံနိုင်စွမ်း ရှိပေသည်။ ကျန်းချဲ့၏ လှုပ်ရှားမှုများက ပြင်းထန်လွန်းသော်လည်း သူမက အားလုံးကို အပြည့်အဝ လက်ခံပေးခဲ့သည်။
သို့သော် တိုက်ပွဲပြီးဆုံးသွားသောအခါ အမာရွတ်များစွာ ကျန်ရစ်ခဲ့ပြီး လမ်းလျှောက်ရာတွင်ပင် အနည်းငယ် သက်သောင့်သက်သာ မရှိဖြစ်နေသည်။ သို့သော် သူမ၏ မျက်နှာပေါ်တွင် နာကျင်မှု အနည်းငယ်မျှ မရှိဘဲ ပို၍ပင် တောက်ပလှပနေသေးသည်။
နောက်ဆုံးတွင် နင်မင်းသား၏ ကြင်ယာတော် သန့်ရှင်းရေး လုပ်ပြီးနောက် ကျန်းချဲ့က အချိန်ကိုက်ပင် ထိုနေရာမှ ထွက်ခွာလာခဲ့သည်။ နင်မင်းသား၏ ကြင်ယာတော်ကို သေချာ အနားယူစေပြီး သူကတော့ အရေးကြီးသော အလုပ်များ လုပ်ရန် ထွက်လာခဲ့သည်။
ကျန်းချဲ့ ရောက်ရှိသွားချိန်တွင် နယ်စားမင်း အိမ်တော်အတွင်း၌ ချီထျန်းကျုံ့၊ ကျောက်ရှန်းကျီ၊ ကျိုးရွှမ် တို့ အားလုံး ရောက်ရှိနေကြပြီ ဖြစ်သည်။ ကျန်းချဲ့ ဝင်လာသည်ကို မြင်သောအခါ အားလုံးက ခေါင်းညိတ်ပြခြင်း သို့မဟုတ် အရိုအသေပေးခြင်းများ ပြုလုပ်ကြသည်။
ကျန်းချဲ့ကလည်း စကားချီးများ ပြောမနေတော့ဘဲ ပိုင်ယွဲ့ နိုင်ငံများ အချင်းချင်း ပူးပေါင်းကာ မကြာမီ ယွဲ့ပြည်နယ်ကို စစ်ပြုတော့မည့်အကြောင်း အားလုံးကို တိုက်ရိုက်ပင် ပြောပြလိုက်သည်။
ထိုကိစ္စနှင့် ပတ်သက်၍ အားလုံးက အလွန်အမင်း တုန်လှုပ်သွားကြသည်။ မည်သို့ပင်ဆိုစေ သူတို့က ယခုလက်ရှိ ယွဲ့ပြည်နယ်၏ မတည်ငြိမ်မှုများကို ရင်ဆိုင်နေရဆဲ ဖြစ်ပြီး လီချန်ကောကိုပင် ရှာမတွေ့သေးပေ။ အကယ်၍ ပိုင်ယွဲ့ မဟာမိတ်တပ်ဖွဲ့ပါ ထပ်ပေါင်းလာမည် ဆိုပါက ဖိအားများက သေချာပေါက် အဆမတန် ကြီးမားသွားမည် ဖြစ်သည်။
"သခင် ပိုင်ယွဲ့ မဟာမိတ်တပ်ဖွဲ့ကို လျှော့တွက်လို့ မရဘူး ကျွန်တော့်အမြင်တော့ အင်ပါယာနန်းတော်ဆီက အကူအညီ တောင်းတာ အကောင်းဆုံးပဲ အင်ပါယာနန်းတော်က အင်အားများများစားစား မထုတ်ပေးနိုင်ဘူး ဆိုရင်တောင် တခြား ပြည်နယ်တွေဆီကနေ စစ်တပ်တချို့ ခေါ်ယူနိုင်ရင်လည်း ကောင်းတာပဲ"
ဟု ကျိုးရွှမ်က တည်ကြည်သော အသံဖြင့် ပြောလိုက်သည်။
"ဒီကိစ္စက သေချာပေါက် လုပ်ရမှာပါ ဒီတာဝန်ကို မင်းကိုပဲ လွှဲပေးလိုက်မယ်"
"ဒါဆိုရင် ငါတို့က ဘယ်လို ရင်ဆိုင်ကြမလဲ"
ချီထျန်းကျုံ့က ထောက်ခံကာ မေးလိုက်သည်။
ကျန်းချဲ့က သူ့ဘေးရှိ ကုလားထိုင် လက်ရန်းကို လက်ချောင်းများဖြင့် ခေါက်ရင်း ဆက်ပြောလိုက်သည်။
"ပိုင်ယွဲ့ မဟာမိတ်တပ်ဖွဲ့က သေချာပေါက် ရောက်လာလိမ့်မယ် ငါတို့က သူတို့ကို လွယ်လွယ်ကူကူ ဝင်ခွင့်ပြုလို့ မဖြစ်ဘူး ဒါပေမဲ့ ငါက တကယ်ကို မအားလို့ အပြင်ကို တစ်ခေါက် သွားရဦးမယ် ငါ မရှိတဲ့ အချိန်အတွင်းမှာ အကြီးအသေး ကိစ္စရပ် အားလုံးကို ရှန်းကျီနဲ့ အကြီးအကဲချုပ်တို့ တိုင်ပင်ပြီး ဆုံးဖြတ်ကြပါ"
"မင်း ဘယ်လောက်ကြာကြာ ထွက်သွားမှာလဲ"
ချီထျန်းကျုံ့က မနေနိုင်ဘဲ မေးလိုက်သည်။
ကျန်းချဲ့ ထွက်သွားမည်ကို သူ ကြိုတင်သိထားပြီး ဖြစ်သော်လည်း ပြဿနာမှာ လက်ရှိအခြေအနေက အလွန် ဆိုးရွားနေခြင်းပင်။ ကျန်းချဲ့က အလွန် အစွမ်းထက်သော တိုက်ခိုက်ရေးသမား တစ်ဦး ဖြစ်ရုံသာမက ယွဲ့ပြည်နယ် အစိုးရ တစ်ခုလုံး၏ အမာခံ အူတိုင်လည်း ဖြစ်သည်။
သူ မရှိပါက ပိုင်ယွဲ့ မဟာမိတ်တပ်ဖွဲ့ကို မည်သို့ ရင်ဆိုင်ကြမည်နည်း။ ပိုင်ယွဲ့ မဟာမိတ်တပ်ဖွဲ့ အပြင် လီချန်ကောနှင့် ချင်းထျန်းမိစ္ဆာဂိုဏ်း ဆိုသည့် အန္တရာယ်ကလည်း ရှိနေသေးသည် မဟုတ်ပါလား။
"အမြန်ဆုံး ပြန်လာခဲ့ပါ့မယ် အလွန်ဆုံးကြာရင် လဝက်လောက်ပဲ ဒီအတောအတွင်းမှာတော့ ငါ ယွဲ့ပြည်နယ်မှာ ရှိနေသေးတဲ့ ပုံစံမျိုးကို အတတ်နိုင်ဆုံး ဖန်တီးထားကြပါ ဒါ့အပြင် ငါ နန်ယွဲ့ပြည်ကိုလည်း တစ်ခေါက် သွားဦးမယ် ပိုင်ယွဲ့ မဟာမိတ်တပ်ဖွဲ့တွေ ဝင်လာမယ့် အချိန်ကို ဆွဲဆန့်နိုင်ဖို့ အတတ်နိုင်ဆုံး ပြဿနာတချို့ သွားရှာရမယ် သေချာတာပေါ့ အခြေအနေ မကောင်းတော့ဘူးဆိုရင် ကိုယ့်အသက်အန္တရာယ်ကို အဓိကထားပါ လူရှိနေရင် နယ်မြေဆုံးရှုံးလည်း ပြန်ယူလို့ရတယ် လူသေသွားရင် နယ်မြေကျန်လည်း အလကားပဲ လိုအပ်လာရင် နယ်မြေတချို့ကို ပေးလိုက်ရလည်း ကိစ္စမရှိဘူး အချုပ်ပြောရရင် ငါ ပြန်လာမယ့်အချိန်ထိ စောင့်နေကြပါ"
တာဝန်ထမ်းဆောင်နေစဉ်အတွင်း နယ်မြေဆုံးရှုံးခြင်းက ကြီးမားသော အပြစ်တစ်ရပ် ဖြစ်သော်လည်း ကျန်းချဲ့အနေဖြင့် ကျောက်ရှန်းကျီတို့ အဖွဲ့ကို မည်သည့် အန္တရာယ်မှ မကြုံတွေ့စေချင်ပေ။ နောက်ပိုင်းတွင် အခြေအနေကို ပြန်လည် ထိန်းချုပ်နိုင်မည် ဆိုပါက အင်ပါယာနန်းတော်ကလည်း မည်သည့် အပြစ်မှ ပေးလိမ့်မည် မဟုတ်ဟု သူ ယုံကြည်သည်။
"ဒီအဘိုးကြီး နားလည်ပါပြီ"
ချီထျန်းကျုံ့က သူ၏ တောင်ဝှေးကို ခေါက်ကာ တည်ကြည်သော မျက်နှာထားဖြင့် ပြောလိုက်ပြီး ကြီးမားသော ဖိအားကို ခံစားလိုက်ရသည်။
ကျန်းချဲ့ ထွက်ခွာသွားမည့် ကိစ္စက သေချာသွားပြီဖြစ်ရာ ယွဲ့ပြည်နယ်၏ အရှင်သခင် တစ်ဦးဖြစ်ရခြင်း၏ ဖိအားက မည်မျှ ကြီးမားကြောင်း သူ နားလည်သွားတော့သည်။ ကြီးမားသော ရည်မှန်းချက် မရှိပါက ဤကဲ့သို့ အန္တရာယ်များသော အခြေအနေကို ရင်ဆိုင်ကျော်ဖြတ်ရန် အလွန် ခက်ခဲပေလိမ့်မည်။
ကျောက်ရှန်းကျီက နှုတ်ခမ်းကို ဖိကိုက်လိုက်ပြီး "ဒီခရီးမှာ ဘေးကင်းရေးကို အဓိကထားပါ" ဟု ပြောလိုက်သည်။
"စိတ်ချပါ သိုင်းသူတော်စင် ထွက်မလာသရွေ့ ငါ့ကို ဘယ်သူမှ ဒဏ်ရာရအောင် မလုပ်နိုင်ပါဘူး သိုင်းသူတော်စင် ကိုယ်တိုင် ထွက်လာရင်တောင် ငါ့မှာ နည်းနည်းလေးမှ ပြန်မချနိုင်တဲ့ အင်အားမျိုး မရှိတာတော့ မဟုတ်ဘူး ငါ ထွက်သွားပြီးရင် ဝမ်ကျင်းနဲ့ ရှန်းရှန်းတို့ကို မင်းဆီပဲ အပ်ခဲ့မယ် သူတို့ရဲ့ ဘေးကင်းရေးကို အတတ်နိုင်ဆုံး ကာကွယ်ပေးပါ"
ကျောက်ရှန်းကျီက ချီဝမ်ကျင်းကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းကို လေးနက်စွာ ညိတ်ပြလိုက်သည်။
"စိတ်ချပါ"
သူမနှင့် ချီဝမ်ကျင်းတို့ကြားတွင် အနည်းငယ် မတည့်သော်လည်း ယင်းမှာ အသေးအမွှား ကိစ္စသာ ဖြစ်ပြီး ဤကဲ့သို့သော အရေးကြီး ကိစ္စမျိုးတွင် သူမ အမှားအယွင်း ခံမည်မဟုတ်ပေ။
နောက်ဆုံးတွင် အားလုံးကို တစ်ယောက်ချင်းစီ နှုတ်ဆက်ပြီးနောက် သတင်းမပေါက်ကြားစေရန် ကျန်းချဲ့က ထပ်မံ၍ သတိပေးမှာကြားခဲ့သည်။ ထို့နောက် ယွဲ့ပြည်နယ်မြို့တော်မှ လျင်မြန်စွာ ထွက်ခွာလာခဲ့ပြီး အောက်ခွန်းနှင့် ချီရွှယ်မိစ္ဆာသခင်တို့ကို ခေါ်ဆောင်ကာ ပိုင်ယွဲ့ နိုင်ငံများဆီသို့ နောက်တစ်ကြိမ် ခရီးဆက်ခဲ့တော့သည်။
လမ်းခရီးနှင့် ပတ်သက်၍ ကျန်းချဲ့က အလွန် ရင်းနှီးကျွမ်းဝင်နေပြီ ဖြစ်ရာ မည်သူ့ကိုမျှ မသိစေဘဲ နန်ယွဲ့ပြည်၏ နယ်မြေအတွင်းသို့ တိတ်တဆိတ် ဝင်ရောက်သွားခဲ့သည်။ သူ၏ ပထမဆုံး ရပ်နားမည့်နေရာမှာ နန်ယွဲ့ မြို့တော်ပင် ဖြစ်သည်။
ပိုင်ယွဲ့ မဟာမိတ်တပ်ဖွဲ့က ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်ရာ တစ်ဖက်လူ၏ အချိန်ကို ဆွဲဆန့်နိုင်ရန် သူ အစွမ်းကုန် ကြိုးစားရမည် ဖြစ်သည်။
အကောင်းဆုံး နည်းလမ်းမှာ နန်ယွဲ့ တော်ဝင်မိသားစု တစ်ခုလုံးကို အမြစ်ပြတ် ဖျက်ဆီးပစ်ရန်ပင်။ ယခင်က အငြိုးအာဃာတ ဟောင်းများကို အဆုံးသတ်ရန် အချိန်ကျရောက်လာပြီ ဖြစ်သည်။
နန်ယွဲ့ပြည် အင်ပါယာနန်းတော်။
မိဖုရားခေါင်၏ အိပ်ဆောင်အတွင်း။
ဖုန်းရိ ခန်းမဆောင်အတွင်းတွင် ရပ်တည်နေသော ပုံရိပ်တစ်ခုမှာ ပန်းချီကားထဲမှ ထွက်လာသည့် နန်းတွင်းသူလေးတစ်ဦးအလား ပြည့်ဖြိုးလှပပြီး ဣန္ဒြေကြီးမားလှသည်။ မီးလျှံကဲ့သို့ နီရဲနေသော ဝတ်ရုံနှင့် ပါးလွှာသော ပိုးသားများကြားမှ နှင်းဆီပွင့်ဖတ်လေးများကဲ့သို့ ဖြူဖွေးနူးညံ့နေသော အသားအရေကို မြင်တွေ့နေရသည်။
ဖွဖွလေး ဆုပ်ကိုင်လိုက်ရုံဖြင့် နူးညံ့မှုကို ခံစားရနိုင်သည့်အလားပင်။ သူမ၏ မျက်ဝန်းများက နက်ရှိုင်းပြီး တောက်ပနေကာ လူတို့၏ စိတ်နှလုံးကို ထိုးထွင်းသိမြင်နိုင်စွမ်း ရှိပုံရသည်။ မျက်ခုံးများကြားတွင် ဒေါသတကြီး မရှိသော်လည်း ကြောက်ရွံ့ရိုသေဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ကိန်းအောင်းနေသည်။
ဆံကေသာကြားတွင် ထိုးစိုက်ထားသော ပုလဲဆံထိုးများရှိ တောက်ပနေသော ကျောက်မျက်ရတနာများက လင်းလက်နေပြီး အနီရောင် ဝတ်ရုံလေး လှုပ်ရှားသွားတိုင်း တည်ငြိမ်ခန့်ညားသော အရှိန်အဝါများ ထွက်ပေါ်နေသည်။
ထိုသူ၏ ကိုယ်ပိုင်အမှတ်အသားမှာ ကျီဝမ်ဟောင်၏ ညီမတော် တာ့ကျိုး နိုင်ငံတော်၏ မင်းသမီး နန်ယွဲ့ပြည်၏ မိဖုရားခေါင် ကျီဟုန်လျန် ပင် ဖြစ်သည်။
ယခုအချိန်တွင် ကြေးမုံပြင်ထဲမှ သူမ၏ မျက်နှာကို ကြည့်ရင်း သူမ၏ မျက်ဝန်းများထဲတွင် အနည်းငယ် တွေဝေမှုများနှင့် တိတ်တဆိတ် စိုးရိမ်ပူပန်မှုများ ရှိနေသည်။ နင်မင်းသား အိမ်တော်မှတစ်ဆင့် ကျန်းချဲ့ထံသို့ သတင်းပို့ထားပြီး ဖြစ်သော်လည်း တစ်ဖက်လူက မည်သို့ တုံ့ပြန်မည် ဆိုသည်မှာ လက်ရှိအချိန်အထိ မသိရသေးပေ။
ယင်းက သူမကို စိတ်မအေးဖြစ်စေသည်မှာ သဘာဝပင်။
ဤသည်မှာ သူမက ကျန်းချဲ့ကို မည်မျှ သဘောကျနေသည်ဟူသော အဓိပ္ပာယ်မျိုး မဟုတ်ပေ။ တကယ်တော့ သူမနှင့် ကျန်းချဲ့တို့ တစ်ကြိမ်သာ တွေ့ဆုံဖူးပြီး တစ်ဖက်လူက သူမကို ရက်ရက်စက်စက် ရိုက်နှက်ခဲ့ဖူးရာ သူတို့၏ ဆက်ဆံရေးက သိပ်အဆင်ပြေလှသည် မဟုတ်ပေ။
သူမ စိုးရိမ်နေရခြင်း၏ အကြောင်းရင်းမှာ ကျန်းချဲ့ဘက်တွင် ပြဿနာတစ်ခုခု ဖြစ်သွားမည်ကို ကြောက်ရွံ့နေခြင်းကြောင့်သာ ဖြစ်သည်။
ပြီးခဲ့သည့် ကိစ္စရပ်များ ဖြစ်ပွားပြီးနောက် သူမ၏ မျှော်လင့်ချက် အများအပြားကို ကျန်းချဲ့၏ အပေါ်တွင် ပုံအပ်ထားခဲ့သည်။ ကျန်းချဲ့၏ စွမ်းအားက တစ်နေ့တခြား မြင့်မားလာသည်နှင့်အမျှ သူအပေါ်ထားရှိသော သူမ၏ မျှော်လင့်ချက်များကလည်း ပိုမို ကြီးမားလာခဲ့သည်။
သို့သော် တစ်ချိန်တည်းမှာပင် ဤအကြောင်းရင်းကြောင့်ပင် ကျန်းချဲ့က သူမနှင့် ယခင်က ထားရှိခဲ့သော ကတိကဝတ်များကို ဖောက်ဖျက်မည်ကိုလည်း သူမ ကြောက်ရွံ့နေမိသည်။
မည်သို့ပင်ဆိုစေ သေချာ တွက်ကြည့်မည်ဆိုပါက သူမ၏ လက်ရှိ အသုံးချခံနိုင်စွမ်းက သိပ်မကြီးမားတော့ပေ။ တစ်ဖက်လူက ကတိဖျက်မည် ဆိုလျှင်တောင် သူမတွင် ပြန်လည်ရင်ဆိုင်နိုင်စွမ်းနှင့် နည်းလမ်း မရှိပေ။
ကျီဟုန်လျန်က မတ်တပ်ရပ်ကာ ပြတင်းပေါက်ဆီသို့ ဖြည်းညင်းစွာ လျှောက်သွားပြီး အပြင်ဘက်ရှိ ရေကန်ကို နက်ရှိုင်းသော မျက်ဝန်းများဖြင့် ကြည့်နေလိုက်သည်။
"မိဖုရားခေါင် မင်းကြီးက ဒီနေ့ တစ်ခေါက် လာခဲ့မယ်ဆိုပြီး လူလွှတ် သတင်းပို့ခိုင်းထားပါတယ်"
ဟု အစေခံမလေး တစ်ဦးက ကျီဟုန်လျန်၏ ဘေးသို့ လျှောက်လာကာ တိုးတိတ်စွာ သတင်းပို့လိုက်သည်။
"သိပြီ သွားတော့"
ကျီဟုန်လျန်က လက်ကာပြလိုက်ပြီး ဝမ်းသာ ဝမ်းနည်းမှု တစ်စုံတစ်ရာကိုမျှ ခန့်မှန်း၍ မရနိုင်သော တည်ငြိမ်သည့် မျက်နှာထားဖြင့် ပြောလိုက်သည်။
သူမ၏ မူလ အခြေအနေက သိပ်ကောင်းလှသည် မဟုတ်ပေ။ နန်ယွဲ့မင်းကြီးက သူမကို အမြဲတမ်း သတိထား စောင့်ကြည့်နေခဲ့ပြီး ပြီးခဲ့သည့်အကြိမ် ကျန်းချဲ့ ထွက်ပြေးလွတ်မြောက်သွားပြီးနောက်တွင် တစ်ဖက်လူကို ပို၍ပင် သတိထားလာစေခဲ့သည်။
နန်းတော်တစ်ခုလုံးကို သေချာ ရှာဖွေရုံသာမက သူမ၏ အိပ်ဆောင်ကိုပါ ထိုနည်းတူ ရှာဖွေခဲ့သေးသည်။
လွန်ခဲ့သော နှစ်ဝက်ကျော် ကာလအတွင်း သူမက နန်ယွဲ့မင်းကြီးကို တွေ့ရသည့် အကြိမ်အရေအတွက်မှာ လက်ချိုးရေတွက်၍ ရနိုင်လောက်အောင်ပင် နည်းပါးလှသည်။ အရိပ်အယောင် အားလုံးက နန်ယွဲ့မင်းကြီးသည် သူမအပေါ် အလွန်အမင်း သတိထားနေပြီဖြစ်ကြောင်း ဖော်ပြနေသည်။
ယနေ့ ရုတ်တရက် ရောက်လာမည်ဆိုသဖြင့် သူမ၏ သတိထားမှုများ ပိုမို မြင့်တက်လာစေခဲ့သည်။
'သတင်းများ ပေါက်ကြားသွားတာလား'
ကျီဟုန်လျန်၏ စိတ်ထဲတွင် တွေးတောနေမိပြီး မျက်မှောင်ကြုတ်သွားသည်။ ပိုင်ယွဲ့ မဟာမိတ်တပ်ဖွဲ့၏ သတင်းများကို စုံစမ်းရန်အတွက် စုံစမ်းရုံသာမက သတင်းပါ ပို့ပေးခဲ့ရသည်။ ဤအရာက အလွန် အန္တရာယ်များသော ကိစ္စဖြစ်ရာ အကယ်၍ ဖမ်းမိသွားပါက သူမ၏ အဆုံးသတ်က သိပ်ကောင်းလိမ့်မည် မဟုတ်ပေ။
"ဟူး..."
ကျီဟုန်လျန်က အနည်းငယ် သက်ပြင်းချလိုက်ပြီး ကူကယ်ရာမဲ့သလို ခံစားလိုက်ရသည်။ နန်းတော်ထဲတွင် ပိတ်လှောင်ခံထားရပြီး အန္တရာယ် နီးကပ်လာပြီမှန်း သိနေလျှင်တောင် သူမတွင် မည်သည့် နည်းလမ်းမှ မရှိပေ။
သူမက နောက်ဆက်တွဲ ဘာဆက်လုပ်ရမည်ကို တွေးတောနေစဉ်မှာပင် ကြီးမားသော လက်တစ်စုံက သူမ၏ ခါးပေါ်သို့ တိတ်ဆိတ်စွာ ကျရောက်လာခဲ့သည်။ ထိုအခိုက်အတန့်တွင် ကျီဟုန်လျန်၏ မျက်လုံးများ မှေးကျဉ်းသွားပြီး အလွန်အမင်း အံ့အားသင့်သွားတော့သည်။
အံ့ဩဒေါသထွက်မှုနှင့်အတူ သူမက အသံကုန် အော်ဟစ်ရန် ပြင်ဆင်လိုက်ပြီး တစ်ချိန်တည်းမှာပင် တုံ့ပြန်မှုတစ်ခု လုပ်ရန် ပြင်လိုက်သည်။
သို့သော် သူမကို အထိတ်တလန့် ဖြစ်စေခဲ့သည်မှာ ယခုအချိန်တွင် သူမ၏ ခန္ဓာကိုယ်ထဲရှိ စွမ်းအားအားလုံး ဖိနှိပ်ခံထားရခြင်းပင်။ တန်ထျန်းအတွင်းရှိ ရွှမ်တန်ကပင် အမည်မသိ စွမ်းအားတစ်ခု၏ ပိတ်လှောင်မှုကို ခံထားရသည်။
တစ်ချိန်တည်းမှာပင် ရင်းနှီးကျွမ်းဝင်နေသော သူစိမ်းဆန်ဆန် အသံတစ်သံက သူမ၏ နားထဲသို့ ဝင်ရောက်လာသည်။
"မိဖုရားခေါင် လှည့်မကြည့်နဲ့ ငါက နန်ယွဲ့မင်းကြီးပဲ"
စကားပြောလိုက်သူမှာ သေချာပေါက် ကျန်းချဲ့ပင် ဖြစ်သည်။
နှစ်ရက်နီးပါး အချိန်ယူပြီးနောက် ကျန်းချဲ့က ယွဲ့ပြည်နယ်မြို့တော်မှ ထွက်ခွာလာကာ တောင်ဘက်သို့ တိုက်ရိုက် ဦးတည်ပြီး နန်ယွဲ့ မြို့တော်ဆီသို့ ဦးတည်သွားခဲ့သည်။ ထိုကာလအတွင်း မည်သည့် မတော်တဆမှုမျှ မရှိခဲ့ဘဲ မူလက တိုက်ရိုက် လှုပ်ရှားရန် စဉ်းစားထားခဲ့သည်။
သို့သော် ကျီဟုန်လျန်ဆိုသည့် ယခင် အသိမိတ်ဆွေဟောင်းကို သတိရမိသွားသဖြင့် အခြေအနေကို အရင်ဆုံး လေ့လာရန် သူ ဆုံးဖြတ်လိုက်သည်။ ထိုသို့မဟုတ်ပါက နန်ယွဲ့ မြို့တော်တွင် နိုင်ငံအသီးသီးမှ အစွမ်းထက်သူများ စုဝေးနေချိန်နှင့် ကြုံကြိုက်သွားပြီး သူက ပြဿနာကြီးအောင် ဖန်တီးလိုက်မည်ဆိုပါက တိုက်ဆိုင်လွန်းရာ ကျပြီး တစ်ချိန်တည်းမှာပင် အလွန်လည်း အန္တရာယ်များလှသည်။
ထွက်ခွာလာစဉ်က ခက်ခဲမှုများနှင့် နှိုင်းယှဉ်ပါက ကျန်းချဲ့ နန်ယွဲ့ အင်ပါယာနန်းတော်သို့ ခိုးဝင်ခြင်းက အလွန် လွယ်ကူလှသည်။ ပြတင်းပေါက်ရှေ့တွင် ရပ်ကာ တွေဝေနေသော ကျီဟုန်လျန်ကို မြင်လိုက်ရသောအခါ ကျန်းချဲ့က နောက်ပြောင်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
ရုတ်တရက် လေးနက်သော အမျိုးသားတစ်ဦး၏ အသံကို ကြားလိုက်ရသောအခါ ကျီဟုန်လျန်၏ ခန္ဓာကိုယ်လေး တောင့်တင်းသွားသည်။ သို့သော် ချက်ချင်းဆိုသလိုပင် သတိပြန်ဝင်လာပြီး အံ့ဩသင်္ကာမကင်းဖြစ်နေသော မျက်ဝန်းများဖြင့် ဖြည်းညင်းစွာ လှည့်ကြည့်လိုက်သည်။
"ကျန်းချဲ့"
"မိဖုရားခေါင် မတွေ့ရတာ ကြာပြီနော်"
"တကယ်ပဲ ရှင်လား ဘယ်လိုလုပ်ပြီး ရုတ်တရက်..."
ကျီဟုန်လျန်၏ မျက်ဝန်းများထဲတွင် အံ့အားသင့်မှုများ ပြည့်နှက်နေသည်။
"နင်မင်းသားရဲ့ ကြင်ယာတော်ဆီကို ခင်ဗျား သတင်းပို့လိုက်တဲ့ ကိစ္စကို ကျုပ် သိပြီးပြီ အသေးစိတ်က ဘယ်လိုလဲ"
ဟု ကျန်းချဲ့က တည်ကြည်သော အသံဖြင့် မေးလိုက်သော်လည်း သူ၏ လက်နှစ်ဖက်ကိုတော့ မချသေးဘဲ ကျီဟုန်လျန်၏ ခါးပေါ်တွင် ဆက်လက် ထားရှိထားသည်။
ကျီဟုန်လျန်က အကြည့်ကို အနည်းငယ် နှိမ့်ချလိုက်ပြီးနောက် ဘာမှမဖြစ်သကဲ့သို့ ပုံမှန်အတိုင်း စကားစလိုက်သည်။
"ဒီတစ်ကြိမ် နန်ယွဲ့က..."
"ဘယ်လောက်ထိ ခရီးရောက်နေပြီလဲ"
"ကျွန်မက အခု နန်းတော်ထဲမှာ ပိတ်လှောင်ခံထားရတော့ သတင်းလမ်းကြောင်းတွေက အရင်ကလောက် မကောင်းတော့ဘူး မင်ယွဲ့ပြည်က ဒီကိစ္စကို သဘောတူလိုက်ပြီဆိုတာလောက်ပဲ သိတယ် နန်ယွဲ့ ဘိုးဘေး ချီဖျင်တောက် ကတော့ တခြား ပိုင်ယွဲ့ နိုင်ငံငယ်တချို့ကို စည်းရုံးနေတယ် ထင်တာတော့ အောင်မြင်သွားပုံရတယ်"
"ချီဖျင်တောက် မရှိဘူးလား"
ကျန်းချဲ့က အနည်းငယ် စိတ်ပျက်သွားသည်။ သူ ဤနေရာသို့ လာရသည့် နောက်ထပ် ရည်ရွယ်ချက်တစ်ခုမှာ အငြိုးအာဃာတများကို ရှင်းလင်းပြီး ချီဖျင်တောက်ကို သတ်ဖြတ်ရန်ပင်။
"ဒါဆို ဒီကိစ္စက လီချန်ကောနဲ့ကော ပတ်သက်နေလား"
သူ ဆက်မေးလိုက်သည်။
"ဒီကိစ္စကိုတော့ ကျွန်မ မသိဘူး"
ကျန်းချဲ့ ခေါင်းညိတ်လိုက်သည်။ သူမထံမှ သိပ်များများစားစား မသိနိုင်တော့ကြောင်း သိလိုက်သဖြင့် လက်နှစ်ဖက်ကို အောက်သို့ ချလိုက်သည်။ ထို့နောက် ဤအခွင့်အရေးကို အသုံးချကာ ပြဿနာကြီးတစ်ခု ဖန်တီးသင့်သလား သို့မဟုတ် ချီဖျင်တောက်၏ သဲလွန်စကို အရင်စုံစမ်းပြီးမှ သူ့ကို ချောင်းမြောင်း သတ်ဖြတ်သင့်သလား ဟူ၍ တွေးတောနေမိသည်။
ကျန်းချဲ့က သူမအပေါ် ကြီးမားသော လိုအင်ဆန္ဒ ရှိပုံမပေါ်သည်ကို မြင်သောအခါ ကျီဟုန်လျန်က နှုတ်ခမ်းကို ဖိကိုက်လိုက်သည်။ လက်ရှိ အခြေအနေကို တွေးတောပြီးနောက် ချက်ချင်းပင် ဆုံးဖြတ်ချက်ချလိုက်ကာ ကျန်းချဲ့၏ လက်ကို ဆွဲယူပြီး သူမ၏ ရင်အုံပေါ်သို့ တင်လိုက်သည်။
"ကျန်းချဲ့ ကျွန်မ..."
"မိဖုရားခေါင် ဘာလုပ်တာလဲ"
ကျန်းချဲ့၏ မျက်ခုံးများ ပင့်တက်သွားသော်လည်း လက်ကိုတော့ ရုပ်မသွားပေ။
ကျီဟုန်လျန်က နောက်သို့ ဖြည်းညင်းစွာ တစ်လှမ်းဆုတ်လိုက်ပြီး ခုတင်ပေါ်သို့ လှဲချလိုက်ကာ ခြေထောက်နှစ်ချောင်းကို အနည်းငယ် ကားထားလိုက်သည်။
"ကျွန်မ ရှင့်ကို ကိစ္စတစ်ခုလောက် တောင်းဆိုချင်လို့ပါ”