← Chapters

အခန်း ၄၅၇

Vol. 46 Ch. 457

အခန်း ၄၅၇

Vol. 46 Ch. 457

အခန်း ၄၅၇ မိဖုရားခေါင်နှင့် အတူအိပ်စက်ခြင်း၊ နန်ယွဲ့မင်းကြီး အကြီးအကျယ် ထိတ်လန့်သွားခြင်း

"မိဖုရားခေါင် သူများဆီက အကူအညီတောင်းတဲ့ ပုံစံက တကယ်ကို ထူးခြားဆန်းပြားတာပဲ"

ဟု ကျန်းချဲ့က ခုတင်ပေါ်ရှိ ပြည့်ဖြိုးလှပသော မိန်းမချောလေးကို အကဲခတ်ကြည့်ရင်း ပြောလိုက်သည်။ ကျီဟုန်လျန်၏ အလှတရားက နင်မင်းသား၏ ကြင်ယာတော်ထက် အနည်းငယ်မျှပင် မလျော့ကျဘဲ ပြိုင်ဘက်ကင်း အလှပိုင်ရှင်ဟု ခေါ်ဆိုလျှင်ပင် လွန်မည်မဟုတ်ကြောင်း သူ ဝန်ခံရပေမည်။

သို့သော် ဤအရာကို အသုံးပြု၍ သူ့ကို စမ်းသပ်ချင်သည်ဆိုပါက သူ့ကို အထင်သေးလွန်းရာ ကျနေပေလိမ့်မည်။

သူ ဖြတ်သန်းလာခဲ့သော ခရီးတစ်လျှောက်တွင် အမျိုးသမီး အများအပြားနှင့် ကြုံတွေ့ခဲ့ဖူးသော်လည်း သူက ရမ္မက်ကြီးလွန်းသူ တစ်ယောက်မဟုတ်သလို အောက်ပိုင်း၏ စေခိုင်းမှုကို ခံမည့်သူလည်း မဟုတ်ပေ။ ထို့ကြောင့် ယခုအချိန်တွင် သူ၏ မျက်နှာပေါ်၌ ပြုံးစိစိ အမူအရာတစ်ခုသာ ပေါ်လာခဲ့သည်။

ကျီဟုန်လျန်၏ မျက်နှာလေး ချက်ချင်းပင် နီမြန်းသွားသည်။ သို့သော် ယင်းက ရှက်ရွံ့ခြင်းကြောင့် မဟုတ်ဘဲ ကျန်းချဲ့၏ အထင်သေးခြင်းကို ခံလိုက်ရသလို ခံစားလိုက်ရသောကြောင့် ဖြစ်သည်။ ကျန်းချဲ့၏ အကြည့်များထဲတွင် သရော်လှောင်ပြောင်မှုများ ပါဝင်နေသည်ဟု သူမ ထင်မှတ်နေမိသည်။

ထိုသို့တွေးမိသည်နှင့် သူမ၏ အမူအရာက အနည်းငယ် အေးစက်သွားပြီး ချက်ချင်း ရှင်းပြလိုက်သည်။

"ရှင် အထင်မလွဲပါနဲ့ ကျွန်မက ပေါ့ပျက်ပျက် နေတတ်တဲ့ မိန်းမတစ်ယောက် မဟုတ်ပါဘူး အခုလို လုပ်ရတာကလည်း ရှင့်ဆီက အကူအညီတောင်းဖို့ ကျွန်မမှာ တခြားပေးစရာ ဘာဖဲချပ်မှ မရှိတော့လို့ပါ"

အကယ်၍ ကျန်းချဲ့က ရွှမ်တန်အဆင့် သိုင်းသခင် တစ်ဦးသာ ဖြစ်နေသေးပါက ကျီဟုန်လျန်တွင် ဤနှစ်များအတွင်း စုဆောင်းထားသော ရတနာများစွာ ရှိနေသေးသည်။ သို့သော် ယခုအခါ ကျန်းချဲ့၏ နာမည်က လောကတစ်ခွင် ကျော်ကြားနေပြီ ဖြစ်ပြီး အလယ်ပိုင်းလွင်ပြင်၏ နံပါတ်တစ် ပါရမီရှင်အဖြစ် သတ်မှတ်ခံထားရသည်။

ထို့အပြင် သူမ သိထားသလောက်ဆိုလျှင် ကျန်းချဲ့က ဖုန်းယွင် အဆင့်သတ်မှတ်ချက်စာရင်းတွင်ပင် ပါဝင်နေပြီဖြစ်ပြီး ယွမ်ရှန်းအဆင့် စစ်မှန်သောသခင်များနှင့် ယှဉ်ပြိုင်နိုင်သော တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ထားသည်။ သူက အတိတ်ကလူ မဟုတ်တော့ပေ။ သာမန် ဝိညာဉ်ရတနာ အနည်းငယ်က ကျန်းချဲ့၏ စိတ်ကို ဆွဲဆောင်နိုင်မည် မဟုတ်တော့ပေ။

ထို့ကြောင့် သူမ စဉ်းစားနိုင်သော တစ်ခုတည်းသော ဖဲချပ်မှာ သူမကိုယ်တိုင်ပင် ဖြစ်သည်။

ပထမဆုံးအကြိမ် တွေ့ဆုံခဲ့စဉ်က ကျန်းချဲ့က သူမ၏ ခန္ဓာကိုယ်အပေါ် တပ်မက်လိုချင်စိတ် ရှိနေခဲ့သည်ကို သူမ ခံစားခဲ့ရပြီး မထွက်ခွာမီလေးတွင်ပင် သူမထံမှ အခွင့်အရေး ယူသွားခဲ့သေးသည်။ ဤအရာများ အားလုံးက ကျန်းချဲ့သည် သူမအပေါ် စိတ်ဝင်စားမှု ရှိနေကြောင်း သက်သေပြနေသည်။ ထို့အပြင် စောစောက သူမ၏ ခါးပေါ်သို့ ရောက်လာသော ကျန်းချဲ့၏ လက်ကြီးကြောင့် သူမ၏ ရင်ထဲတွင် တုန်လှုပ်သွားခဲ့ရပြီး ဤအောက်တန်းကျသော နည်းလမ်းကို မဖြစ်မနေ ရွေးချယ်ခဲ့ရခြင်း ဖြစ်သည်။

"မိဖုရားခေါင်က ကျုပ်ကို ဘာကူညီပေးစေချင်တာလဲ"

ထိုသို့မေးလိုက်ရင်း ကျန်းချဲ့က အလွန်လှပသော ကျီဟုန်လျန်ကို လျစ်လျူရှုကာ ဘေးရှိ ပိတောက်သား ကုလားထိုင်ပေါ်တွင် ဝင်ထိုင်လိုက်သည်။

ကျီဟုန်လျန်က မတ်တပ်ရပ်ကာ ကျန်းချဲ့ရှေ့သို့ လျှောက်သွားပြီး တိုးတိတ်သော အသံဖြင့် ပြောလိုက်သည်။

"ကျွန်မကို နန်ယွဲ့ကနေ ခေါ်ထုတ်သွားပြီး အလယ်ပိုင်းလွင်ပြင်ကို ပြန်ပို့ပေးပါ"

"ဘာဖြစ်လို့လဲ"

ကျန်းချဲ့၏ မျက်ခုံးများ ပင့်တက်သွားသည်။

"ဒီနှစ်တွေထဲမှာ နန်ယွဲ့မင်းကြီးက ကျွန်မအပေါ် ပိုပိုပြီး သံသယဝင်လာတယ် အထူးသဖြင့် အရင်တခေါက် သတင်းပို့တဲ့ ကိစ္စမှာ သူက ကျွန်မရဲ့ အားနည်းချက်ကို ဖမ်းမိသွားတာ သေချာသလောက်ပဲ အခုဆို နန်ယွဲ့က ယွဲ့ပြည်နယ်ကို အကြီးအကျယ် တိုက်ခိုက်ဖို့ ပြင်နေပြီ ကျွန်မရဲ့ အရေးပါမှုက အရင်ကလောက် မရှိတော့ဘူး အကယ်၍ ဒီအတိုင်း လက်ပိုက်ကြည့်နေမယ်ဆိုရင် ကျွန်မအတွက် အဆုံးသတ်က နှစ်ခုပဲ ရှိတယ် ဒီနန်းတော်ထဲမှာ တစ်သက်လုံး ပိတ်လှောင်ခံရတာ ဒါမှမဟုတ် သေရတာပဲ"

ထိုစကားကို ကြားသောအခါ ကျန်းချဲ့က ခေါင်းကို ဖြည်းညင်းစွာ မော့ကြည့်လိုက်ပြီး ကျီဟုန်လျန်ကို ကိုယ်ကိုကိုင်းညွှတ်ရန် လက်ယပ်ခေါ်လိုက်သည်။ သူ၏ ဖြူဖွေးပြီး သန်မာသော လက်ချောင်းများက သူမ၏ မေးစေ့ကို ဆုပ်ကိုင်လိုက်ပြီး သူမ၏ သေသပ်လှပသော မျက်နှာလေးကို ကြည့်ကာ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။

"ကျုပ်က သူများတွေ အထက်စီးကနေ ဆက်ဆံတာကို မကြိုက်ဘူး"

ကျီဟုန်လျန် ခေတ္တမျှ ကြက်သေသေသွားသော်လည်း လျင်မြန်စွာပင် သဘောပေါက်သွားသည်။ သူမ၏ ခန္ဓာကိုယ်နှင့် ကပ်နေသော အနီရောင် ဝတ်ရုံကို ဆွဲတင်လိုက်ပြီး ကျန်းချဲ့၏ ခြေရင်းတွင် တစ်ဝက်ခန့် ထိုင်ချလိုက်သည်။ ထို့နောက် ဒူးနှစ်ဖက်ကို ကြမ်းပြင်နှင့် ထိကာ ကျန်းချဲ့၏ ရှေ့တွင် ဒူးထောက်ထိုင်ချလိုက်သည်။ တင်းကျပ်နေသော အနီရောင်ဝတ်ရုံက သူမ၏ ပြည့်စုံလှပသော ခန္ဓာကိုယ် ကောက်ကြောင်းများကို ပေါ်လွင်စေပြီး လပြည့်ဝန်းတစ်စင်းအလား သေစေနိုင်လောက်သော ဆွဲဆောင်မှုများကို ထုတ်လွှင့်နေသည်။

တကယ်တော့ သူ ဤနေရာသို့ ရောက်လာရခြင်း၏ မူလရည်ရွယ်ချက်မှာ ပြဿနာကြီးတစ်ခု ဖန်တီးရန် ဖြစ်ပြီး သူမကို ခေါ်ထုတ်သွားခြင်းက အလွယ်တကူ လုပ်ပေးနိုင်သော ကိစ္စတစ်ခုမျှသာ ဖြစ်သည်။ သို့သော် ယင်းအတွက် အပေးအယူအနေဖြင့် ကျီဟုန်လျန်ကို စည်းကမ်းချက် အနည်းငယ် လက်ခံစေရန် သူ ပြင်ဆင်ထားခဲ့သည်။

"အင်း အရသာ မဆိုးဘူးပဲ"

နန်ယွဲ့ အင်ပါယာနန်းတော်အတွင်း၌ နန်ယွဲ့မင်းကြီးက စွပ်ပြုတ်ဇွန်းကို ချလိုက်ပြီး အလွန် ကျေနပ်နေသော မျက်နှာထားကို ပြသလိုက်သည်။ ထို့နောက် ဘေးရှိ အစေခံမလေးကို သူ၏ ရှေ့မှ ပန်းကန်လုံးငယ်အား ယူသွားရန် လက်ကာပြလိုက်သည်။

"နောက်တစ်ခါ ချက်ရင် နောက်ထပ် အချိန်နည်းနည်းလောက် ပိုတည်ထားလိုက် အထဲက သားရဲအသားက နည်းနည်း မာနေသေးတယ်"

"မှန်လှပါ မင်းကြီး"

အစေခံမလေးက ခေါင်းငုံ့ကာ ပြန်ဖြေလိုက်သည်။

"မင်းကြီး ခဏလောက် အနားယူဦးမလား ဒါမှမဟုတ် အခုပဲ နောက်ဆောင်ကို ကြွမလား"

ကိုယ်ရံတော် တစ်ဦးက ရုတ်တရက် မေးလိုက်သည်။

"မနားတော့ဘူး မိဖုရားခေါင်ဆီ အရင်သွားမယ်"

နန်ယွဲ့မင်းကြီး၏ အသံက အနည်းငယ် အေးစက်သွားပြီး ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်သည်။

နောက်ဆောင်မှ ထိုမိန်းမနှင့် ပတ်သက်၍ သူက မိဖုရားရာထူးမှ ဖယ်ရှားပစ်ချင်နေသည်မှာ ကြာပြီ ဖြစ်သည်။ ယခုအချိန်အထိ မလုပ်ဆောင်ရသေးခြင်းမှာ အလယ်ပိုင်းလွင်ပြင် အင်ပါယာနန်းတော်၏ အရှိန်အဝါကို စိုးရိမ်နေသောကြောင့်သာ ဖြစ်သည်။ သို့သော် ယခုအခါ ပိုင်ယွဲ့ မဟာမိတ်တပ်ဖွဲ့က ဖွဲ့စည်းပြီးစီးသွားပြီ ဖြစ်သည်။ မကြာမီ မြောက်ပိုင်းသို့ စစ်ချီတော့မည် ဖြစ်ရာ မျက်နှာချင်းဆိုင် ရန်သူတွေ ဖြစ်သွားပြီဟု ဆိုနိုင်သည်။ ထို့ကြောင့် သူ စိုးရိမ်စရာ ဘာမှမရှိတော့ပေ။

ဤသည်မှာ သူ၏ စိတ်ထား သေးသိမ်လွန်းပြီး မိန်းမတစ်ယောက်ကိုပင် သည်းမခံနိုင်ခြင်းကြောင့် မဟုတ်ပေ။ ထိုမိန်းမက အလွန် လွန်ကျူးလွန်းနေသောကြောင့်သာ ဖြစ်သည်။ နန်းတော်အတွင်း၌ သူမ၏ လူများကို မွေးမြူထားရဲပြီး ထိုလူယုံများကလည်း အတော်များများ ရှိနေသည်။ ပြီးခဲ့သည့်အကြိမ်က နန်းတော်တစ်ခုလုံးကို ရှာဖွေပြီးနောက် ဤအချက်ကို သူ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

မကြာသေးမီက ထိုမိန်းမယုတ်က ပိုင်ယွဲ့ မဟာမိတ်တပ်ဖွဲ့များ စစ်ချီတော့မည့် သတင်းကို ယွဲ့ပြည်နယ်သို့ ပို့ဆောင်ခဲ့ကြောင်း သတင်းရရှိခဲ့ရာ ဤကိစ္စက သူ့ကို ပို၍ပင် သည်းခံနိုင်စွမ်း မရှိဖြစ်စေတော့သည်။

သေချာသည်မှာ ကျီဟုန်လျန်က အလယ်ပိုင်းလွင်ပြင် ဧကရာဇ်၏ ညီမတော် ဖြစ်ရာ သူမကို တကယ်တမ်း သတ်ပစ်မည်တော့ မဟုတ်ပေ။ ထိုသို့မဟုတ်ပါက အလယ်ပိုင်းလွင်ပြင် အင်ပါယာနန်းတော်ဘက်မှ အကြီးအကျယ် တန်ပြန်တိုက်ခိုက်လာပါက နန်ယွဲ့ပြည်အတွက် ဆိုးကျိုးသာ ဖြစ်လာပေလိမ့်မည်။

ထို့ကြောင့် သူ၏ ရည်ရွယ်ချက်မှာ သူမ၏ မိဖုရားခေါင် ရာထူးကို အရင်ဆုံး ဖယ်ရှားပြီး အေးစက်သော နန်းဆောင်တွင် ပိတ်လှောင်ထားရန် ဖြစ်သည်။ ထို့နောက် ဤစစ်ပွဲ၏ ရလဒ်ကို စောင့်ကြည့်မည်။ အကယ်၍ ပိုင်ယွဲ့ မဟာမိတ်တပ်ဖွဲ့က ယွဲ့ပြည်နယ်ကို ဝါးမျိုနိုင်ခဲ့ပါက ကျီဟုန်လျန်အနေဖြင့် အသေခံကာ အပြစ်ကြေစေရမည် ဖြစ်သည်။ အကယ်၍ ပိုင်ယွဲ့ မဟာမိတ်တပ်ဖွဲ့များ ရှုံးနိမ့်သွားပါက သူမကို မိဖုရားခေါင်အဖြစ် ပြန်လည် တင်မြှောက်မည် ဖြစ်သည်။

နန်ယွဲ့မင်းကြီး၏ အမိန့်တစ်ခွန်းနှင့်အတူ သူ၏ အနီးရှိ ကိုယ်ရံတော်များ လျင်မြန်စွာ စုဝေးလာကြသည်။ တစ်ချိန်တည်းမှာပင် နန်းတော်တစ်ခုလုံးသည်လည်း ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်ခြင်း အခြေအနေသို့ ရုတ်တရက် ရောက်ရှိသွားတော့သည်။ ကျီဟုန်လျန်အပေါ် သစ္စာရှိသော နန်းတွင်းကိုယ်ရံတော် အားလုံးမှာ တစ်ယောက်မကျန် သတ်ဖြတ်ခံလိုက်ရသည်။

နန်ယွဲ့မင်းကြီးကမူ ဂုဏ်ယူဝင့်ကြွားသော အမူအရာဖြင့် ကိုယ်ရံတော်တစ်စုကို ခေါ်ဆောင်ကာ ကျီဟုန်လျန်ရှိရာ နန်းဆောင်ဆီသို့ တိုက်ရိုက် ဦးတည်သွားခဲ့သည်။ ယခုအချိန်တွင် သူ၏ ရင်ထဲ၌ အလွန်အမင်း သက်တောင့်သက်သာ ဖြစ်နေပြီး နှစ်ပေါင်းများစွာ စုပုံနေခဲ့သော ဒေါသများ အားလုံး လွင့်စင်သွားသကဲ့သို့ ခံစားနေရသည်။

အတိတ်က အလယ်ပိုင်းလွင်ပြင်က အင်အားကြီးမားပြီး နန်ယွဲ့က အားနည်းခဲ့စဉ်က သူက နန်ယွဲ့မင်းကြီး ဖြစ်လင့်ကစား အလယ်ပိုင်းလွင်ပြင် တော်ဝင်မိသားစု၏ သမီးတော်အပေါ် လွန်လွန်ကျူးကျူး မစော်ကားရဲခဲ့ပေ။ သို့သော် ကျီဟုန်လျန်က အမြဲတမ်း မာနကြီးသော အမူအရာကို ပြသနေခဲ့ရာ သူ့ရင်ထဲတွင် ဒေါသများစွာ စုပုံလာစေခဲ့သည်။

ယခုအခါတွင်မူ မျက်နှာချင်းဆိုင် ရန်သူတွေ ဖြစ်သွားခဲ့ပြီ ဖြစ်သည်။ သူ၏ ခြေလှမ်းများက ပိုမို မြန်ဆန်လာပြီး ကျီဟုန်လျန်က သူ့ရှေ့တွင် ဒူးထောက်ကာ တောင်းပန်နေမည့် မြင်ကွင်းကိုပင် စိတ်ကူးယဉ်နေမိရာ မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာတော့သည်။

နန်ယွဲ့မင်းကြီး တွေးထင်ထားသည့်အတိုင်းပင် ယခုအချိန်တွင် နန်ယွဲ့၏ မိဖုရားခေါင် ကျီဟုန်လျန်သည် အမှန်တကယ်ပင် ဒူးထောက်နေသည်။ သို့သော် နန်ယွဲ့မင်းကြီး၏ ရှေ့တွင် ဒူးထောက်နေခြင်း မဟုတ်ဘဲ ကျန်းချဲ့၏ ခြေရင်းတွင် နူးညံ့စွာ ဒူးထောက်နေခြင်းသာ ဖြစ်သည်။

ကျီဟုန်လျန်က ခေါင်းမော့လိုက်ပြီး ကျန်းချဲ့ကို ဆွဲဆောင်မှုရှိစွာ ကြည့်ကာ တိုးတိတ်သော အသံဖြင့် မေးလိုက်သည်။

"သခင်လေးကျန်း ကျွန်မရဲ့ ပြုစုမှုက ဘယ်လိုနေလဲ"

"မဆိုးဘူး"

စစ်ပွဲများစွာကို ဖြတ်သန်းခဲ့ဖူးသော ကျန်းချဲ့ပင်လျှင် ကျီဟုန်လျန်၏ နည်းလမ်းများက သာမန်မဟုတ်ဘဲ အထူးတလည် လေ့ကျင့်ထားသည့်အလား ကျွမ်းကျင်လှကြောင်း ဝန်ခံရပေမည်။

"ဒါဆို သခင်လေးကျန်းက ကျွန်မကို ခစားခွင့်ပြုမှာလား"

ကျန်းချဲ့၏ ခန္ဓာကိုယ် အနည်းငယ် နောက်ဆုတ်သွားပြီး တစ်စုံတစ်ခုကို ခံစားမိလိုက်သည့်အလား မျက်လုံးများ မှေးကျဉ်းသွားကာ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။ သူ၏ စိတ်အာရုံဖြင့် ပတ်ဝန်းကျင်ရှိ အတားအဆီးများကို ချက်ချင်း ရုပ်သိမ်းလိုက်ပြီး ဂရုမစိုက်သည့်အလား ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။

"အရင်ဆုံး သန့်ရှင်းရေး လုပ်လိုက်ဦး"

"ကောင်းပါပြီ ရှင့်သဘောအတိုင်းပါပဲ"

အိပ်ဆောင်၏ အပြင်ဘက်တွင်။

ယခုအခါ နန်ယွဲ့မင်းကြီး ခေါ်ဆောင်လာသော ကိုယ်ရံတော်များက နန်းဆောင်တစ်ခုလုံးကို အပြည့်အဝ ဝိုင်းရံထားပြီး ဖြစ်သည်။ ရှေ့ဆုံးမှ လျှောက်လာသော နန်ယွဲ့မင်းကြီးက ဘာကိုမှ ဂရုမစိုက်ဘဲ အတင်း ဝင်ရောက်ရန် ပြင်ဆင်လိုက်သည်။ သို့သော် မကြာမီမှာပင် ကျီဟုန်လျန်၏ အနီးရှိ အစေခံမလေးများ အားလုံးက ရှေ့သို့ တက်လာကြသည်။

"မင်းကြီးကို အရိုအသေပေးပါတယ်"

"မိဖုရားခေါင်ကော ကိုယ်တော်ကို ထွက်တွေ့ခိုင်းလိုက်"

နန်ယွဲ့မင်းကြီးက အေးစက်စွာ ပြောလိုက်သည်။

အစေခံမလေး အချို့က တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။ ယခင်က သူတို့အားလုံး မိဖုရားခေါင်ထံမှ အသံပို့လွှတ်ချက် ရရှိထားပြီး သူမ ခန္ဓာကိုယ် အနည်းငယ် နေမကောင်းဖြစ်နေသဖြင့် မည်သူမျှ အိပ်ဆောင်အတွင်း ဝင်ရောက်ခွင့်မပြုရန်နှင့် အမိန့်ဖီဆန်ပါက သေဒဏ်ပေးမည်ဟု မှာကြားထားခဲ့သည်။ ထို့ကြောင့် ယခုအချိန်တွင် သူတို့ အားလုံး တွေဝေသွားကြတော့သည်။

"ဟင် ကိုယ်တော့် စကားကို နားမလည်ကြဘူးလား"

နန်ယွဲ့မင်းကြီး၏ မျက်လုံးများ စူးရှသွားပြီး သူ၏ ခန္ဓာကိုယ် ပတ်လည်တွင် ကြီးမားသော ဖိအားများ ပေါ်ထွက်လာသည်။ နန်ယွဲ့၏ မင်းကြီး တစ်ပါးအနေဖြင့် သူ၏ ကျင့်စဉ်အဆင့်ကလည်း မနိမ့်ကျသလို အထက်တန်းလွှာတွင် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ရသဖြင့် မွေးရာပါ အရှိန်အဝါတစ်ခုကို ပိုင်ဆိုင်ထားပေသည်။

"မှန်လှပါ မင်းကြီး မိဖုရားခေါင်က အခု အနားယူနေပြီး ကျွန်တော်မျိုးမတို့ကို အထဲဝင်မနှောင့်ယှက်ဖို့ အမိန့်ပေးထားပါတယ်"

ဟု ခေါင်းဆောင်ဖြစ်သော နန်းတွင်းအရာရှိ အမျိုးသမီးက တိုးတိတ်စွာ လျှောက်တင်လိုက်သည်။

"ဟွန့် အနားယူနေတယ် ကိုယ်တော်ကတော့ သူ ဘာလုပ်ရင်း အနားယူနေလဲဆိုတာ ကြည့်ချင်သေးတယ်"

နန်ယွဲ့မင်းကြီးက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ ယခင်က သူ လူလွှတ်၍ ကြိုတင် အကြောင်းကြားထားခဲ့သော်လည်း တစ်ဖက်လူက အနားယူနေသည်တဲ့လား။ ဤသည်မှာ သူ့ကို မတွေ့ချင်ကြောင်း ရှင်းရှင်းလင်းလင်း ပြသနေခြင်းပင်။ သို့သော် ယခုအချိန်တွင် တစ်ဖက်လူ၏ သဘောထားအတိုင်း လိုက်လျောပေးရန် မဖြစ်နိုင်တော့ပေ။

"ဖယ်စမ်း"

လက်တစ်ချက် ဝှေ့ယမ်းလိုက်ပြီး နန်ယွဲ့မင်းကြီးက အတင်း ဝင်ရောက်ရန် ပြင်လိုက်သည်။

အစေခံမလေး အချို့၏ မျက်နှာပေါ်တွင် တွေဝေမှုများ ပေါ်လာသည်။ သူတို့အားလုံးက ကျီဟုန်လျန်၏ အနီးကပ် လူယုံများ ဖြစ်ကြပြီး သူမနှင့်အတူ ကောင်းကျိုးဆိုးကျိုး အတူတကွ ခံစားရမည့် သူများ ဖြစ်သည်။ အကယ်၍ ကြိုတင် သတင်းမပို့ဘဲ လူဝင်ခွင့် ပြုလိုက်ပါက နောက်ပိုင်းတွင် သူတို့လည်း ဒဏ်ရာဒဏ်ချက်များ ရရှိလာမည်မှာ သေချာသည်။

"ကိုယ်တော့် စကားကို မင်းတို့ နားမလည်ကြဘူးလား"

ယခုအချိန်တွင် နန်ယွဲ့မင်းကြီးထံမှ သတ်ဖြတ်လိုစိတ်များ ပေါ်ထွက်လာပြီ ဖြစ်သည်။

သူ၏ ဘေးပတ်လည်ရှိ ကိုယ်ရံတော်များ အားလုံးက ချက်ချင်း သဘောပေါက်သွားကြပြီး ဓားများကို အသီးသီး ဆွဲထုတ်လိုက်ကြသည်။ ပြင်းထန်သော ဖိအားကြောင့် အစေခံမလေးများ ဘာလုပ်ရမှန်း မသိဖြစ်သွားကြပြီး နောက်ဆုံးတွင် နန်ယွဲ့မင်းကြီးကို မဆန့်ကျင်ရဲတော့ဘဲ လမ်းဖယ်ပေးလိုက်ကြသည်။

နန်ယွဲ့မင်းကြီးက ထိုလူများကို ကျော်ဖြတ်ကာ အိပ်ဆောင်၏ လှေကားထစ်များပေါ်သို့ တိုက်ရိုက် တက်သွားခဲ့သည်။ ထို့နောက် အိပ်ဆောင်၏ တံခါးကြီးကို ဆောင့်တွန်းဖွင့်လိုက်သည်။ မူလက ထိတ်လန့်တကြား ဖြစ်နေသော ကျီဟုန်လျန်၏ အမူအရာကို မြင်ရမည်ဟု သူ ထင်ထားခဲ့သည်။

သို့သော် သူ၏ မျက်စိရှေ့တွင် ပေါ်လာသော မြင်ကွင်းက သူ့ကို အလွန်အမင်း တုန်လှုပ်သွားစေခဲ့သည်။ အမြဲတမ်း မြင့်မြတ်မာနကြီးသော သူ၏ မိဖုရားခေါင်က ယခုအချိန်တွင် သူစိမ်း လူငယ်တစ်ယောက်၏ ရှေ့၌ ဒူးထောက် ခစားနေသည်။ နူးညံ့ယဉ်ကျေးသော အိမ်မွေးခွေးမလေး တစ်ကောင်ကဲ့သို့ သူ ရောက်လာသည်ကိုပင် အနည်းငယ်မျှ ဂရုမစိုက်သည့်ဟန် ပေါ်နေသည်။

ခဏအတွင်းမှာပင် နန်ယွဲ့မင်းကြီး၏ ရင်ထဲမှ ဒေါသမီးများ ရုတ်တရက် ပေါက်ကွဲထွက်လာတော့သည်။ သူက ကျီဟုန်လျန်ကို မကျေနပ်၍ ရာထူးမှ ဖယ်ရှားပစ်ချင်နေသည် ဆိုလျှင်တောင် မည်သို့ပင်ပြောစေကာမူ တစ်ဖက်လူက နန်ယွဲ့ပြည်၏ မိဖုရားခေါင် သူ၏ တရားဝင် ဇနီးမယား ဖြစ်ပြီး သူ၏ မျက်နှာစာကို ကိုယ်စားပြုနေသူ ဖြစ်သည်။

သို့သော် ယခုအခါ သူ၏ ဇနီးဖြစ်သူက အခြားလူတစ်ယောက် ရှေ့တွင် ဒူးထောက်နေသည်။ အတိတ်ကို ပြန်တွေးကြည့်လိုက်ရာ ကျီဟုန်လျန်က သူ၏ ရှေ့တွင် မည်မျှ မာနကြီးခဲ့ကြောင်း သတိရမိပြီး ယခုအချိန်တွင် သူ၏ ရင်ထဲ၌ ဒေါသများ ပိုမို ပေါက်ကွဲလာခဲ့သည်။

သွားကို တင်းတင်းကြိတ်ကာ သူက အော်ဟစ်လိုက်သည်။

"ရဲတင်းလှတဲ့ သူခိုး မင်း ဘာလုပ်နေလဲဆိုတာ မင်း သိရဲ့လား"

"သေချာပေါက် သိတာပေါ့"

ကျန်းချဲ့က ကျီဟုန်လျန်ကို ရင်ခွင်ထဲသို့ တစ်ချက်တည်း ဆွဲသွင်းလိုက်ပြီး နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။

တကယ်တော့ စောစောက နန်ယွဲ့မင်းကြီး အိပ်ဆောင်ထဲသို့ မဝင်ရောက်မီကပင် သူ၏ ဝိညာဉ်အာရုံက တစ်ဖက်လူကို တွေ့ရှိထားပြီး ဖြစ်သည်။ သို့သော် သေးငယ်လှသော နန်ယွဲ့မင်းကြီး တစ်ပါးက သူ့ကို သတိထားရလောက်အောင် အရေးမပါလှပေ။ ထို့ကြောင့် တစ်ဖက်လူကို တိုက်ရိုက် လျစ်လျူရှုထားလိုက်ခြင်း ဖြစ်သည်။

ကျီဟုန်လျန်က စောစောက တစ်ခုခုကို ဟန်ဆောင်ဖုံးကွယ်ရန် ကြိုးစားခဲ့သော်လည်း သူက အားလုံးကို ငြင်းဆန်ခဲ့သည်။ ဘာကို ဟန်ဆောင်ရမည်နည်း။ သူ ဤနေရာသို့ လာရခြင်းမှာ နန်ယွဲ့ တော်ဝင်မိသားစုကို သတ်ဖြတ်ရန်ပင် ဖြစ်သည်။ ချီဖျင်တောက် ဤနေရာတွင် မရှိသည်ကိုတော့ ထားလိုက်တော့။ အကယ်၍ ရှိနေမည်ဆိုလျှင်တောင် ကျန်းချဲ့က အနည်းငယ်မျှ ဂရုစိုက်မည် မဟုတ်ပေ။ ယခုအချိန်တွင် သူက အလယ်ပိုင်းလွင်ပြင်၌သာ အနည်းငယ် ချုပ်တည်းနေရန် လိုအပ်ကောင်း လိုအပ်မည် ဖြစ်သည်။ သို့သော် သိုင်းသူတော်စင် မရှိသော နန်ယွဲ့ပြည်တွင် သူသည် အရာအားလုံးကို တံမြက်လှည်း ရှင်းလင်းနိုင်သည့် ဘုရင်တစ်ပါးသာ ဖြစ်သည်။

ယနေ့သည် အတိတ်ကလို မဟုတ်တော့ပေ။ သူ ထပ်ပြီး ကြောက်ရွံ့တုံ့ဆိုင်းနေစရာ မလိုတော့ပေ။

ကျန်းချဲ့၏ လက်ရှိ စွမ်းအားကို တွေးမိပြီးနောက် ကျီဟုန်လျန်ကလည်း ဆက်လက် မတားဆီးတော့ပေ။ သို့သော် နန်ယွဲ့မင်းကြီး တံခါးကို တွန်းမဖွင့်မီလေးတွင် ကျန်းချဲ့၏ အဝတ်အစားများကိုတော့ သေသပ်အောင် ပြင်ဆင်ပေးလိုက်သေးသည်။

ကျန်းချဲ့၏ ရင်ခွင်ထဲသို့ မှီခိုရင်း ကျီဟုန်လျန်က ကျေနပ်နေသော အမူအရာကို ပြသလိုက်ပြီး နန်ယွဲ့မင်းကြီးကိုပင် အေးစက်စက် ပြုံးပြလိုက်သေးသည်။

"မိန်းမယုတ် မင်းက ကိုယ်တော့်ကို သစ္စာဖောက်ရဲတယ်ပေါ့လေ"

နန်ယွဲ့မင်းကြီး၏ ခန္ဓာကိုယ်က ယခုအခါ အနည်းငယ် တုန်ယင်နေပြီး မျက်ဝန်းထဲရှိ သတ်ဖြတ်လိုစိတ်များက အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

"မင်းကြီးတဲ့လား နင့်လို သေးငယ်တဲ့ နန်ယွဲ့ လူရိုင်းက မင်းကြီးလို့ အခေါ်ခံဖို့ ထိုက်တန်လို့လား တကယ်ကို ရယ်စရာကောင်းလိုက်တာ"

ကျီဟုန်လျန်ထံမှ မြင့်မြတ်သော မာနတရားများ ပေါ်ထွက်လာပြီး ထိုအခေါ်အဝေါ်အပေါ် အလွန်အမင်း အထင်သေးနေဟန် ရှိသည်။

"သေစမ်း သေစမ်း နင် နင် ဘာလို့ ဒီလို လုပ်ရတာလဲ"

နန်ယွဲ့မင်းကြီး၏ အသက်ရှူနှုန်းများပင် ယခုအခါ အနည်းငယ် မတည်မငြိမ် ဖြစ်နေသည်ကို ခံစားလိုက်ရသည်။ သူ၏ မိန်းမက သူ့ကို အထင်မကြီးဘဲ အခြားယောကျ်ားတစ်ယောက်၏ ရင်ခွင်ထဲသို့ မှီခိုသွားခဲ့သည်။ ဤကဲ့သို့သော မြင်ကွင်း၏ ရိုက်ခတ်မှုက သူ့ကို တစ်ခဏအတွင်းမှာပင် လုံးဝ လက်ခံနိုင်စွမ်း မရှိဖြစ်သွားစေသည်။

ကျီဟုန်လျန်က သူမ၏ လက်ဖဝါးကို ကျန်းချဲ့၏ ထူထဲသော ရင်အုပ်ပေါ်သို့ နူးညံ့စွာ တင်လိုက်ပြီး ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။

"ဒါက သေချာပေါက် သူက ငါ့ကို သာမန်မဟုတ်တဲ့ ပျော်ရွှင်မှုတွေ ပေးနိုင်လို့ပဲလေ"

"မိန်းမယုတ် တန်ဖိုးမရှိတဲ့ မိန်းမယုတ် လူတွေ လာကြစမ်း သူတို့ကို သတ်စမ်း သူတို့ကို သတ်စမ်း"

နန်ယွဲ့မင်းကြီးက ဒေါသတကြီး အော်ဟစ်လိုက်သည်။

ရင်ထဲရှိ ဒေါသမီးများ ရုတ်တရက် ပေါက်ကွဲသွားသည်ကို ခံစားလိုက်ရပြီး ထပ်မံ၍ သည်းမခံနိုင်တော့သဖြင့် နန်ယွဲ့မင်းကြီးက သူ၏ အနီးရှိ ကိုယ်ရံတော် အားလုံးကို ရှေ့မှ လူယုတ်မာ နှစ်ယောက်လုံးကို ဖမ်းဆီးရန် ချက်ချင်း လက်ဝှေ့ယမ်း အမိန့်ပေးလိုက်သည်။ ထိုလူနှစ်ယောက်ကို သူ ရက်ရက်စက်စက် နှိပ်စက်ပစ်မည် ဖြစ်သည်။

နန်ယွဲ့မင်းကြီး၏ အမိန့်ပေးသံနှင့်အတူ ကိုယ်ရံတော်များ အားလုံး တပြိုင်နက်တည်း လှုပ်ရှားလိုက်ကြသည်။

ထိုအထဲတွင် ရွှမ်တန်အဆင့် သိုင်းသခင် နှစ်ဦးပင် ပါဝင်နေပြီး ဘယ်ညာ နှစ်ဖက်ခွဲကာ ကျန်းချဲ့ထံသို့ အလွန် လျင်မြန်သော အရှိန်ဖြင့် ပြေးဝင်လာကြသည်။ သို့သော် ကျန်းချဲ့၏ မျက်လုံးထဲတွင်မူ ထိုလူများ၏ အရှိန်က လိပ်တစ်ကောင် တွားသွားနေသကဲ့သို့သာ ဖြစ်နေသည်။

"ဘုန်း..."

"ဘုန်း..."

"ဘုန်း..."

ကျန်းချဲ့အနီးသို့ ချဉ်းကပ်ရန် ရည်ရွယ်ချက်ဖြင့် ပြေးဝင်လာသော နန်ယွဲ့ အင်ပါယာနန်းတော်၏ ကိုယ်ရံတော်များက တစ်ယောက်ပြီး တစ်ယောက် သွေးမိုးများအဖြစ် ပြောင်းလဲသွားကြပြီး အိပ်ဆောင် တစ်ခုလုံးကို သွေးရောင်အဖြစ် ချက်ချင်း ပြောင်းလဲသွားစေသည်။ သွေးမိုး ရွာကျသွားသည့်အလားပင်။

ယခုအခိုက်အတန့်တွင် ယခင်က ကျန်းချဲ့၏ မျက်စိထဲ၌ ခက်ခဲသော ပြိုင်ဘက်များဟု ထင်ရမည့် ရွှမ်တန်အဆင့် သိုင်းသခင်များမှာ မြေကြီးပေါ်ရှိ လက်ဖြင့် အလွယ်တကူ ညှစ်သတ်နိုင်သော ပုရွက်ဆိတ်များနှင့် ကြီးမားသော ကွာခြားချက် မရှိတော့ပေ။ သူ လက်လှုပ်ရှားရန်ပင် မလိုဘဲ ဝိညာဉ်အာရုံကို ဖြန့်ကြက်လိုက်ရုံဖြင့် ထိုကြီးမားသော ဖိအားက ရွှမ်တန်အဆင့် သိုင်းသခင်များကို ကြောက်မက်ဖွယ် ဖိအားများဖြင့် ပေါက်ကွဲသွားစေရန် လုံလောက်နေပြီ ဖြစ်သည်။

သွေးမိုးများ ဆက်တိုက် ပေါက်ကွဲသွားသော်လည်း ကျန်းချဲ့၏ ကိုယ်ပတ်လည် ဆယ်ပေအကွာအဝေးအတွင်းသို့ မည်သည့် သွေးတစ်စက်မျှ ချဉ်းကပ်လာနိုင်ခြင်း မရှိပေ။ သူ၏ ခန္ဓာကိုယ် ပတ်လည်တွင် မျက်မြင်မရသော နံရံတစ်ခု ရှိနေပြီး ဂယက်ရိုက်ခတ်မှု အားလုံးကို တားဆီးပေးထားသည့်အလားပင်။ အသက်ရှူကြိမ် အနည်းငယ် အတွင်းမှာပင် နန်ယွဲ့မင်းကြီး၏ အနီးရှိ ကိုယ်ရံတော်များ အားလုံး နေရာမှာပင် သေဆုံးသွားခဲ့ကြသည်။

ခဏအတွင်းမှာပင်။

နန်းတော် အိပ်ဆောင် တစ်ခုလုံး အပ်ကျသံ ကြားရလောက်အောင် တိတ်ဆိတ်သွားပြီး ယခုအချိန်တွင် လေဟာနယ် တစ်ခုလုံး အေးခဲသွားသည့်အလား ဖြစ်သွားတော့သည်။

နန်ယွဲ့မင်းကြီးမှာ ယခုအခါ မရေမတွက်နိုင်သော သွေးများဖြင့် ဖုံးလွှမ်းနေပြီး အလောင်းတောင်တန်းနှင့် သွေးပင်လယ်ထဲမှ တွားသွားထွက်လာသူ တစ်ယောက်ကဲ့သို့ စုတ်ပြတ်သတ်နေသည်။ ကျန်းချဲ့ကို ထပ်မံ ကြည့်လိုက်သောအခါ သူ၏ အကြည့်များထဲတွင် အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့မှုများ ပြည့်နှက်နေပြီ ဖြစ်သည်။ ပြိုင်ဘက်ကင်း ကြီးမားသော ဖိအားကို ခံစားလိုက်ရသည့်အလား သူ၏ ခန္ဓာကိုယ်ကပင် ယခုအခိုက်အတန့်တွင် ထိန်းချုပ်မရဘဲ တုန်ယင်နေတော့သည်။

"ဘုန်း..."

ခပ်တိုးတိုး အသံတစ်ခုနှင့်အတူ နန်ယွဲ့မင်းကြီး မြေကြီးပေါ်သို့ ဖင်ထိုင်လျက် ကျသွားသည်။ သူ၏ မျက်ဝန်းများ အနည်းငယ် ဝေဝါးနေပြီး အသက်ရှူကြိမ် အနည်းငယ်ခန့် တိတ်ဆိတ်သွားပြီးနောက် ကျန်းချဲ့အပေါ်သို့ သူ၏ အကြည့်များ ပြန်လည် ရောက်ရှိသွားကာ တုန်ယင်နေသော အသံဖြင့် မေးလိုက်သည်။

"မင်း မင်းက တကယ်တော့ ဘယ်သူလဲ"

ကျန်းချဲ့က အေးစက်စွာ ပြုံးလိုက်ပြီး အရေးမစိုက်ပေ။

သို့သော် ဘေးတွင်ရှိသော ကျီဟုန်လျန်က စကားလုံး တစ်လုံးချင်းစီကို ပီပီသသ ပြောလိုက်သည်။

"နင့်ရှေ့မှာ ရပ်နေတာက အလယ်ပိုင်းလွင်ပြင်ရဲ့ နံပါတ်တစ် ပါရမီရှင် ဧကရာဇ်ကိုယ်တိုင် အိမ်ခြေ ငါးထောင်စား ချီးမြှင့်ထားတဲ့ ကွမ်ကျွင်းနယ်စား တောင်ပိုင်းသုံးပြည်နယ် အနက်ရောင်ရုံးတော် ကျူးချွဲဌာနခွဲရဲ့ အဆင့်သုံး နတ်သံတမန် ယွဲ့ပြည်နယ် မြို့တော်ဝန် ကျန်းချဲ့ ပဲ”

All Chapters