← Chapters

အခန်း ၄၀၉

Vol. 41 Ch. 409

အခန်း ၄၀၉

Vol. 41 Ch. 409

အခန်း (၄၀၉) ရွှမ်ဝူတိုက်သို့ ထပ်မံသွားရောက်ခြင်း

​ခင်ပွန်းဖြစ်သူ၏ ရယ်ရခက်ငိုရခက်ဖြစ်နေသော မျက်နှာကို မြင်လိုက်ရသောအခါ ဇနီးဖြစ်သူ လီဖန်းက သူ့ပခုံးကို အမြန်ဖက်လိုက်ပြီး ညင်သာစွာ နှစ်သိမ့်ပေးလိုက်၏။

"တခြားတစ်ဖက်ကနေ တွေးကြည့်လေကွယ်... ရှင်က ခေတ်သစ်ကမ္ဘာမှာ ချင်ရှီဟွမ်ကိုယ်တိုင် ဓာတ်ပုံတွဲရိုက်ဖို့ ခေါ်တာကို ငြင်းရဲတဲ့ ပထမဆုံးလူပဲလေ။ အဲ့ဒီအကြောင်းကို တစ်သက်လုံး ကြွားစားလို့ရပြီပေါ့..."

​ဝမ်လဲ့က ခဏမျှ ငြိမ်သွားပြီးနောက် သူ၏မိန်းမပြောသည်မှာ လုံးဝ ယုတ္တိရှိနေကြောင်းကို ရုတ်တရက် သဘောပေါက်သွားရသည်။

သူက မျက်နှာကို သပ်လိုက်ပြီး ရယ်မောကာ ပြောလိုက်သည်။

"အေး ဟုတ်သားပဲ... ငါက ဘိုးဘေးနဂါးကြီးကိုတောင် ငြင်းခဲ့တဲ့ကောင်ကွ..."

​သူက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ဖုန်းကို ကောက်ကိုင်လိုက်ပြီး မိသားစု ဂရုချက်ထဲတွင် သူကြုံခဲ့ရသော စွန့်စားခန်းအကြောင်း စတင် ကြွားလုံးထုတ်လေတော့သည်။

​အင်တာနက်ကုမ္ပဏီတစ်ခု၏ ရုံးခန်းထဲတွင် ရုတ်တရက် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။

​"အာားးးး..." လင်ရှောင်ဝမ်က သူမ၏ ခုံမှ ခုန်ထလိုက်ပြီး ခေါင်းကိုကိုင်ကာ ခြေဆောင့်ရင်း အော်လိုက်၏။ "ဒါရိုက်တာကျန်းပဲ... နေကာမျက်မှန်နဲ့ အဲ့ဒီလူက တကယ်ကြီး ဒါရိုက်တာကျန်းပဲ..."

​ဘေးခုံတွင် အလုပ်လုပ်နေသော ကျောက်ယွီရှင်းက လှမ်းကြည့်ပြီး အော်လိုက်ပြန်သည်။ "ဘုရားရေ... အဲ့ဒီနေ့က ငါတို့တွေ တကယ်ကြီး ချင်ရှီဟွမ်နဲ့ ဖူဆုကို တွေ့ခဲ့တာပဲ"

​ရုံးခန်းထဲရှိ အကြည့်များအားလုံးက သူတို့ဆီသို့ ရောက်လာခဲ့ကြသည်။ ကောင်မလေးနှစ်ယောက်က သူတို့၏ အသွင်အပြင်ကို လုံးဝ ဂရုမစိုက်နိုင်တော့ချေ။ တစ်ယောက်က ရင်ဘတ်ကိုထုပြီး ငိုယိုလိုက်၏။

"ဒါရိုက်တာကျန်းက တကယ့် လူလိမ်ကြီးပဲ... သူ့ကိုယ်သူ ကော့စ်ပလေးလုပ်နေတာပါဆိုပြီး အရမ်းပီပြင်အောင် သရုပ်ဆောင်သွားတာ။ ငါက တကယ်ကြီး ယုံသွားသေးတယ်....အီး..."

​နောက်တစ်ယောက်ကလည်း ဆံပင်ကို ဆွဲဖွပြီး ပေါက်ကွဲနေချေသည်။ "ငါက သခင်လေးဖူဆုရှေ့တည့်တည့်မှာ ရပ်နေခဲ့တာလေဟာ... ပြီးတော့ သူ့ကို ကော့စ်ပလေးလုပ်တာ အရမ်းတူတယ်ဆိုပြီးတောင် ပြောလိုက်သေးတယ်။ ငါ့ပါးစပ်ကတော့ တကယ့် အမှိုက်ပဲ..."

​လုပ်ဖော်ကိုင်ဖက်များက အကြောင်းစုံကို ဝိုင်းမေးကြပြီးနောက်တွင်တော့ ရုံးခန်းတစ်ခုလုံး ချက်ချင်း ပွက်လောရိုက်သွားတော့သည်။

​"နင်တို့နှစ်ယောက်ကတော့ တကယ် ကံဆိုးတာပဲဟာ..."

"သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး ဧကရာဇ်ကြီးရယ်.... ဒါရိုက်တာကျန်းရယ်နဲ့ ဒီလောက်နီးကပ်နေခဲ့တာကို မမှတ်မိလိုက်ဘူးလေ"

"ထီပေါက်တာထက်တောင် ရှားပါးတဲ့ အခွင့်အရေးကြီးက လွတ်သွားပြီပေါ့..."

​အပြင်ဘက်က ဆူညံသံများကို ကြားသောအခါ ဌာနမှူးက မျက်မှောင်ကြုတ်ပြီး ထွက်လာလေသည်။ သို့သော် ဘိုးဘေးနဂါးကြီးနှင့် ပတ်သက်သော ဇာတ်လမ်းအစအဆုံးကို ကြားသွားပြီးနောက်တွင်တော့ သူလည်း မနေနိုင်ဘဲ အတင်းအဖျင်းဝိုင်းထဲ ပါဝင်လာတော့၏။

​"မင်းတို့နှစ်ယောက် သေချာပြန်ပြောပြစမ်းပါဦး... အဲ့ဒီတုန်းက သူတို့ ဘာတွေပြောခဲ့တာလဲ။ ချင်ရှီဟွမ်က တကယ်ကြီး အဲ့လောက် အရှိန်အဝါ ကြီးမားလား..."

​လင်ရှောင်ဝမ်က မျက်ရည်ဝဲလျက် ပြန်ပြောပြလိုက်သည်။

"ဒါရိုက်တာကျန်းကလေ... သူ့ကော့စ်ပလေးက ပီပြင်ရဲ့လားလို့တောင် ကျွန်မကို မေးသွားသေးတာ။ ကျွန်မကလည်း အတည်ကြီး မှတ်ချက်တွေ ပေးလိုက်သေးတယ်..."

​ကျောက်ယွီရှင်းက ဝင်ပြောပြန်သည်။

"သခင်လေးဖူဆုက သိပ်သဘောကောင်းတာ... ကျွန်မက သူ့ကို ဘယ်ဇာတ်ကောင်ကို ကော့စ်ပလေးလုပ်နေတာလဲလို့တောင် သွားမေးလိုက်သေးတယ်..."

​ရုံးခန်းတစ်ခုလုံးက တစ်နေခင်းလုံး ဤ ဘီလီယံချီ တန်ဖိုးရှိသော အမှားကြီးကြောင့် ဖြစ်လာသည့် အလွဲဟာသဇာတ်လမ်းလေးထဲ နစ်မြုပ်နေခဲ့ပြီး ကောင်မလေးနှစ်ယောက်မှာတော့ ကုမ္ပဏီတစ်ခုလုံး၏ သနားကြင်နာမှု ဗဟိုချက်မလေးများ ဖြစ်သွားကြရသည်။

​ရှီးအန်းမြို့ရှိ တက္ကသိုလ်အဆောင်တစ်ခုတွင်တော့ ကောင်မလေး သုံးယောက်က ဖုန်းတစ်လုံးကို ဝိုင်းကြည့်ရင်း အော်ဟစ်နေခဲ့ကြသည်။

​"ငါတို့က တကယ်ကြီး သခင်လေးဖူဆုကို ဘလိန်းလိုက်တာဟ..." ဆံပင်တိုတိုနှင့် ကျန်းရှောင်မုန်က ရင်ဘတ်ကိုဖိရင်း ပြောလိုက်၏။ "ငါက သူ့ကို တုံးအတယ်... နားလည်မှုမရှိဘူးလို့တောင် ပြောလိုက်သေးတာ။ ဘုရားရေ... အခုတော့ ငါ တအား အပြစ်ရှိသလို ခံစားနေရပြီ..."

​လီစီချီကတော့ အရမ်းစိတ်လှုပ်ရှားနေသည်။ "ဒါပေမဲ့ ချင်ရှီဟွမ်က သူ့အကြောင်း ဘယ်လိုမြင်လဲလို့ ငါ့ကို ကိုယ်တိုင်ကိုယ်ကျ မေးခဲ့တာလေ။ ငါက သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးဧကရာဇ်ကြီးပါဆိုပြီး မျက်နှာချင်းဆိုင် ချီးကျူးလိုက်ရသေးတယ်...."

​သူမက ထိုနေ့က ခိုးရိုက်ထားသော ဗီဒီယိုလေးကို ထုတ်ပြလိုက်၏။ "ဒီမှာကြည့်... ငါ သူ့ကို ချီးကျူးလိုက်တော့ ဘိုးဘေးနဂါးကြီးရဲ့ နှုတ်ခမ်းထောင့်က နည်းနည်းလေး ကွေးတက်သွားတယ်မလား..."

​ဝမ်လီနာက ရယ်မောလိုက်၏။ "အဆိုးဆုံးကတော့ မင်းသားကောင်းပဲ... သူက ငါတို့ကို သိလားလို့ မေးတာ.... ငါတို့က မသိဘူးလို့ ဖြေလိုက်တော့ သူ့မျက်နှာကြီး ကြောင်အသွားတာလေ..."

​ကောင်မလေးသုံးယောက် အားရပါးရ ရယ်မောလိုက်ကြသော်လည်း ရယ်နေရင်းနှင့်ပင် လွမ်းဆွေးမှုတစ်ချို့ ဝင်ရောက်လာရသည်။

​ကျန်းရှောင်မုန်က သက်ပြင်းချလိုက်၏။ "တကယ်ကြီး အစစ်မှန်းသာ သိခဲ့ရင်... ငါ သခင်လေးဖူဆုကို သေချာပေါက် ပြောပြလိုက်မှာ။ သူက တကယ်တော့ အရမ်းသဘောကောင်းပေမဲ့ ခေတ်မှားပြီး မွေးလာတာလို့လေ..."

​တစ်ချိန်တည်းမှာပင် ထိုနေ့က ကြေးနီရုပ်တုစစ်သည်တော်တွင်းကြီးတွင် ရင်းကျန့်နှင့် စကားပြောခဲ့သော လူလတ်ပိုင်းခရီးသွား လျိုကျန့်ကျွင်းက သတင်းလင့်ခ်ကို သူ၏ ဆွေမျိုးသူငယ်ချင်း ဂရုများသို့ လိုက်ရှဲနေခဲ့သည်။

"ဒီမှာကြည့်ကြ.... ချင်ရှီဟွမ်ကိုယ်တိုင် ငါ့ကို သူ့အကြောင်း ဘယ်လိုမြင်လဲဆိုပြီး လာမေးတာကွ... ငါက သူ့မျက်နှာရှေ့မှာတင် သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး ဧကရာဇ်ကြီးပါဆိုပြီး ချီးကျူးပစ်လိုက်တာ..."

​ဇနီးဖြစ်သူက ရယ်မောလျက် မေးလေသည်။

"ဒါဆိုလည်း သူ့ကို ဓာတ်ပုံတွဲရိုက်ဖို့ ဘာလို့ မပြောလိုက်ရတာလဲ..."

​လျိုကျန့်ကျွင်းမှာ ချက်ချင်း လေလျော့သွားရသည်။

"ဟင်း... အဲ့ဒီအချိန်တုန်းက ငါ တကယ် မစဉ်းစားမိလိုက်ဘူးလေ။ ဒါပေမဲ့..."

​သူ ပြန်လည် တက်ကြွလာကာ"ဘိုးဘေးနဂါးကြီး မျက်နှာရှေ့မှာတင် သူ့ကို ချီးကျူးလိုက်ရတာက တစ်သက်လုံး ကြွားစားလို့ရတဲ့ အတွေ့အကြုံပဲကွ..."

​မိသားစုတစ်ခုလုံး ပွဲကျသွားပြီး ဧည့်ခန်းလေးထဲတွင် ပျော်ရွှင်စရာ အငွေ့အသက်များ ပြည့်နှက်သွားကြရသည်။

​အခြေစိုက်စခန်း၏ ညချမ်းအချိန်က တိတ်ဆိတ်ငြိမ်သက်နေသင့်သော်လည်း အခုအချိန်တွင်တော့ နေရာတိုင်း၌ ထိန်းမနိုင်သိမ်းမရ စိတ်လှုပ်ရှားမှုများ ဆူပွက်နေချေသည်။

​တစ်ယောက်ယောက်က အွန်လိုင်းတွင် ပြန့်နေသော သတင်းကို အရင်ဆုံး မြင်တွေ့သွားတာ ဖြစ်ရမည်။ အဆောင်ထဲမှနေ၍ "သောက်ကျိုးနည်း...." ဆိုသည့် အော်သံကြီး ထွက်ပေါ်လာပြီးနောက်တွင်တော့ အဆောက်အအုံတစ်ခုလုံး စိတ်လှုပ်ရှားမှုများနှင့် ပေါက်ကွဲထွက်သွားခဲ့သည်။

​"တပ်စုမှူး... အဲ့ဒီနေ့က ကျွန်တော်တို့နဲ့ ယှဉ်ချသွားတာ စစ်သူကြီးမုန့်ထျန်ဗျ... ပြီးတော့ ဝမ်ကျန့်..." စစ်သားငယ်လေးတစ်ယောက်က တပ်စုမှူးအခန်းထဲ အပြေးဝင်လာပြီး အသံများ တုန်ယင်လျက် ပြောလိုက်၏။ "ရှုံးနူတွေကို မြောက်ဘက်အထိ မောင်းထုတ်ခဲ့တဲ့ စစ်သူကြီးမုန့်ထျန်လေ... ပြီးတော့ ချူ နဲ့ ချီ ပြည်နယ်တွေကို ချေမှုန်းခဲ့တဲ့ စစ်သူကြီး ဝမ်ကျန့်..."

​သတင်းက တောမီးလို ပျံ့နှံ့သွားချေသည်။

​စင်္ကြံလမ်းတွင် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ရေး ဝတ်စုံများနှင့်သာ ထွက်လာကြသော စစ်သားများနှင့် ပြည့်ကျပ်နေပြီး သူတို့မျက်လုံးများက အရောင်လက်နေကာ အဲ့ဒီနေ့က အသေးစိတ် အဖြစ်အပျက်များကို ပြန်ပြောပြနေခဲ့ကြသည်။

​"အဲ့ဒီ မျက်နှာမည်းမည်းနဲ့ လူထွားကြီးက တိုက်ခိုက်တာ အရမ်းကျွမ်းမှန်း ငါသိသားပဲ။ သူ့လှုပ်ရှားမှုတိုင်းမှာ သတ်ဖြတ်ချင်တဲ့ အငွေ့အသက်တွေ အပြည့်ပဲ..."

"ငါ့ကို သုံးကွက်တည်းနဲ့ လှဲချသွားတဲ့လူက စစ်သူကြီး ဝမ်ကျန့်ကိုးကွ..."

"သူတို့က ငါတို့ကို အမိန့်နာခံမှု တင်းကျပ်ပြီး လှုပ်ရှားမှု မြန်ဆန်တယ်ဆိုပြီးတောင် ချီးကျူးသွားသေးတာနော်..."

​စစ်သူကြီးမုန့်ထျန် ကိုယ်တိုင် လှဲချခံလိုက်ရသော အထူးတပ်ဖွဲ့ဝင်တစ်ယောက်က သူ၏ဂုတ်ကို ပြန်ပွတ်ရင်း မကျေမနပ်ဖြစ်မှုနှင့် ဂုဏ်ယူမှုများ ရောယှက်လျက် ပြောလိုက်ပြန်သည်။ "ငါက စစ်သူကြီးမုန့်နဲ့ ယှဉ်ချခဲ့တာနော်။ ဆယ်ကွက်တောင် မခံလိုက်ရပေမဲ့ တစ်သက်လုံး ကြွားလို့ရပြီ..."

​စစ်သူကြီး ဝမ်ကျန့်နှင့် သိုင်းဖလှယ်ခဲ့သော နောက်ထပ် ကင်းထောက်တစ်ယောက်က စိတ်လှုပ်ရှားစွာ လက်ဟန်ခြေဟန်ဖြင့် ပြသည်။ "စစ်သူကြီးဝမ်ရဲ့ ချုပ်ကွက်ကို ငါ အခုထိ မှတ်မိသေးတယ်။ တအား ရက်စက်တာ... ရုန်းထွက်ဖို့ လမ်းကို မရှိဘူး"

​တပ်ခွဲမှူးက အစကတော့ စည်းကမ်းထိန်းရန် လုပ်သေးသော်လည်း ကောင်လေးများ၏ မျက်လုံးများနီရဲပြီး စိတ်လှုပ်ရှားနေသော အမူအရာများကို မြင်လိုက်ရတော့ သူလည်း မနေနိုင်ဘဲ ရယ်မောလိုက်၏။

"ကဲပါ ကဲပါ... တော်ကြတော့... နက်ဖြန် လေ့ကျင့်ရေး ရှိသေးတယ်နော်!"

​သို့သော် ထိုညက စခန်းထဲမှ ဘယ်သူမှ တည်ငြိမ်မနေနိုင်ခဲ့ကြချေ။

​မီးပိတ်ပြီးနောက်မှာတောင် အဆောင်ထဲတွင် တီးတိုး စကားပြောသံများ ကြားနေရဆဲဖြစ်သည်။

​စစ်သားတချို့က တိတ်တဆိတ် ထလာပြီး နေ့ခင်းက နာမည်ကျော် စစ်သူကြီး နှစ်ယောက်ဆီမှ သင်ယူလိုက်ရသော အကွက်များကို လရောင်အောက်တွင် ပြန်လေ့ကျင့်နေခဲ့ကြသည်။

​"ဒါက စစ်သူကြီးမုန့်ရဲ့ အဆစ်တွေကို ပြောင်းပြန်ချိုးတဲ့ အကွက်မလား..."

"မဟုတ်ဘူး မဟုတ်ဘူး... စစ်သူကြီးဝမ်က လက်ကောက်ဝတ်ကို ဒီလို လှည့်သွားတာ..."

​အမှောင်ထဲတွင် တစ်ယောက်ယောက်က တိုးတိုးလေး ပြောလိုက်၏။

"ဒါကို နှစ်ပေါင်း နှစ်ထောင်ကျော်ကို ဖြတ်ကျော်လာတဲ့ သိုင်းပညာဖလှယ်ပွဲလို့ ခေါ်လို့ရမလား"

​ထိုစကားက လူတိုင်းကို ငြိမ်ကျသွားစေလေသည်။

​ခဏအကြာတွင်တော့ အဆောင်ထဲ၌ ကြိတ်ရယ်သံများ ပျံ့နှံ့သွားခဲ့သည်။

​ထိုညက လူအများအပြားက နာမည်ကျော် စစ်သူကြီးကြီး နှစ်ဦးနှင့် သိုင်းပညာဖလှယ်ရသည်ဟု အိပ်မက်မက်ရင်း မျက်နှာပေါ်တွင် အပြုံးများ ဝေဆာနေခဲ့ကြသည်။

​နှစ်ထောင်ပေါင်းများစွာကို ကျော်လွန်ပေါင်းကူးလာသည့် ဤအံ့ဖွယ်ဆုံတွေ့မှုကြီးမှာ တွေ့ကြုံခဲ့ရသူတိုင်းအတွက်တော့ မေ့မရနိုင်ဆုံး စကားဝိုင်းခေါင်းစဉ်တစ်ခု ဖြစ်လာခဲ့ချေသည်။

​ကျန်းယဲ့က ရေချိုးခန်းထဲမှ ထွက်လာပြီး စိုစွတ်နေသော ဆံပင်များကို သုတ်နေလေသည်။ ဆံပင်ပေါ်မှ ရေပေါက်များပင် မခြောက်သေးခင်မှာပင် သူ၏နားထဲ၌ ကြည်လင်ပြတ်သားသော စနစ်၏ အသိပေးသံတစ်ခု ထွက်ပေါ်လာသည်။

​[ ဒင်... အထူးခရီးစဉ်တာဝန် မဟာချင်သံတမန် - နှစ်နှစ်ထောင် ပြန်လည်သုံးသပ်ခြင်း ပြီးဆုံးသွားပါပြီ]

​[ တာဝန် အဆင့်သတ်မှတ်ချက် : SSS+ ]

​[ အခြေခံ ဆုလာဘ်များ : သက်တမ်း + ရက် ၉၀၊ စနစ်ရမှတ် + ၅,၀၀၀ ]

​[ အထူးအောင်မြင်မှု ဆုလာဘ် : ]

​၁။ အချိန်နှင့် ဟင်းလင်းပြင်ကို ကျော်လွန်သက်သေခံခြင်း (အဓိက သမိုင်းဝင်ပုဂ္ဂိုလ်များကို အနာဂတ်ယဉ်ကျေးမှုအား သက်သေပြနိုင်ရန် အောင်မြင်စွာ လမ်းညွှန်နိုင်ခြင်း) - အချိန်နှင့် ဟင်းလင်းပြင် လမ်းညွှန်ဟူသော အထူးဂုဏ်ပုဒ်ကို ရရှိပါမည်။ တပ်ဆင်ထားပါက အခြားကမ္ဘာများနှင့် ရင်းနှီးကျွမ်းဝင်မှုကို အနည်းငယ် တိုးပွားစေပါသည်။

​၂။ ယဉ်ကျေးမှု မီးပွား (မိမိတို့ခေတ်ကာလကို ကျော်လွန်၍ အသိပညာများ ဖြန့်ဝေခြင်းကို ကူညီပေးခြင်း) - ယဉ်ကျေးမှု အမွေအနှစ် ရတနာသေတ္တာ ၁ လုံး ရရှိပါမည်။

​၃။ ဧကရာဇ်၏ အသိအမှတ်ပြုမှု (ရင်းကျန့်၏ သဘောကျနှစ်သက်မှု အမြင့်ဆုံးသို့ ရောက်ရှိခြင်း) - ချင်မင်းဆက်ကမ္ဘာအတွက် အထူးဝယ်ယူခွင့် အခွင့်အရေးများ ပွင့်သွားပ့မည်။

​စိတ်ထဲမှ တွေးလိုက်သည်နှင့် ကျန်းယဲ့က စနစ် ဈေးဝယ်စင်တာ၏ နောက်ကွယ် မျက်နှာပြင်ကို ခေါ်ထုတ်လိုက်၏။

​သူ၏ ကော်မရှင်လက်ကျန်ငွေမှာ ဂဏန်း ၇ လုံးရှိသော ဝင်ငွေတစ်ခုအဖြစ် လေးစားဖွယ် ပေါ်လာသော်လည်း သူက တစ်ချက်သာ ကြည့်လိုက်လေသည်။

​ဒီငွေပမာဏက အရည်အသွေးနိမ့် အင်မော်တယ်ဆေးကို သူဌေးကြီးဆီ ရောင်းလိုက်ရတဲ့ အမြတ်လောက်တောင် မများလှချေ။

​"ဘယ်လိုပဲဖြစ်ဖြစ် အခုလောလောဆယ် ငါ ပိုက်ဆံမရှားပါဘူးလေ..." သူက ဖျော်ထားခါစလက်ဖက်ရည်ကို ဇိမ်ကျကျ တစ်ငုံ သောက်လိုက်၏။

​ထို့နောက် လက်ဖက်ရည်ပန်းကန်ကို ချမလို့ ပြင်လိုက်ချိန်မှာပင် စနစ်က နောက်တစ်ကြိမ် မြည်လာပြန်သည်။

​[ ဒင်... နောက်ဆုံးပေါ် ခရီးစဉ်အသစ် ထွက်ရှိပါပြီ။ ]

​[ ခရီးစဉ်အမည် ] : ရွှမ်ဝူတိုက် - သက်ရှည်ကျန်းမာခြင်းကို ရှာဖွေခြင်း

[ ကမ္ဘာ့နောက်ခံ ] : ရွှမ်ဝူတိုက်၊ ကျင့်ကြံခြင်း ယဉ်ကျေးမှု ထွန်းကားရာမြေဖြစ်ပြီး ဝိညာဉ်စွမ်းအင်များ ပေါကြွယ်ဝကာ ဂိုဏ်းပေါင်းများစွာ တည်ရှိသည်။

[ ခရီးစဉ် ကြာမြင့်ချိန် ] : ၃ ရက်

[ ခေါ်ယူမည့် လူဦးရေ ] : ၃၆ ဦး

[ ခရီးစဉ် ဈေးနှုန်း ] : တစ်ဦးလျှင် ယွမ် ၅၀,၀၀၀

[ အော်ဒါ လက်ခံမည့်အချိန် ] : ယခုအပတ် တနင်္ဂနွေနေ့ ၁၂:၀၀ နာရီ

[ အော်ဒါ ကန့်သတ်ချိန် ]: ၃၀ မိနစ်

[ အထူးသတိပေးချက် ] : ဤခရီးစဉ်တွင် တောင်တက်လမ်း အချို့ပါဝင်သဖြင့် သက်တောင့်သက်သာရှိသော အဝတ်အစားများ ဝတ်ဆင်လာရန် အကြံပြုအပ်ပါသည်။

[ တာဝန် ဆုလာဘ် ]: သက်တမ်း + ရက် ၉၀၊ ဘောနပ်စ် ယွမ် ၅၀၀,၀၀၀

​ကျန်းယဲ့က အလင်းဖန်သားပြင်ပေါ်တွင် ပေါ်လာသော ရွှမ်ဝူတိုက်၏ ရှုခင်းပန်းချီကားကို ကြည့်ကာ စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ချေ။

​"အဲ့ဒီဘက်ကို သွားရင် ငါရော ဝိညာဉ်စွမ်းအင်တွေကို ခံစားသိရှိနိုင်မလား မသိဘူး...."

အခန်း ၄၀၉ပြီး၏။

All Chapters