အခန်း ၂၆၈
Vol. 14 Ch. 268
အပိုင်း(၂၆၈) ဒီငတုံးက ဘယ်သူပါလိမ့်
ကမ္ဘာပျက်ကပ် ခံတပ်ယာဉ်ကြီး၏ ခေါင်မိုးပေါ်တွင် မြင့်မားစွာ လွှင့်ထူထားသော အလံ။
ထိုအလံပေါ်ရှိ အလွန် မောက်မာဝင့်ကြွားနေသော "ဧကရာဇ်" ဟူသည့် စာလုံးကြီး နှစ်လုံး။
ထိုအရာများက ဤကမ္ဘာပျက်ကပ် ခံတပ်ယာဉ်ကြီး၏ ပိုင်ရှင်သည် မည်မျှပင် မောက်မာကြောင်းကို ကြိုတင် ပြသနေသည်။
ကမ္ဘာပျက်ကပ်ကြီး ကျရောက်နေသည်ဆိုလျှင်တောင် သာမန်လူတစ်ယောက်က ဤစာလုံးနှစ်လုံးကို ဤမျှ ပေါ်ပေါ်တင်တင် အသုံးပြုရဲမည် မဟုတ်ပေ။
ဤကမ္ဘာပျက်ကပ် ခံတပ်ယာဉ်ကြီးက သိပ္ပံရုပ်ရှင်ကားများထဲမှ အထူးပြုလုပ်ချက် မြင်ကွင်းများနှင့်ပင် တူနေသေး၏။
ကောင်းကင်ယံက အလွန် မှောင်မိုက်နေခဲ့ပြီ ဖြစ်ရာ အစွမ်းပိုင်ရှင်တစ်ယောက်၏ အမြင်အာရုံဖြင့်ပင် အလံပေါ်ရှိ စာလုံးများကို အလွယ်တကူ မြင်တွေ့နိုင်ရန် မလွယ်ကူလှချေ။
သို့သော် ဤကားကြီးက အလွန်တရာ ကြွားဝါချင်လွန်းစွာဖြင့် အောက်မှနေ၍ အလင်းရောင်တစ်ခုဖြင့် ထိုအလံကို ထိုးပြထားသေးသည်။
ဒါက တကယ်ကိုပင်။
စကားလုံး တစ်လုံးတည်းဖြင့်သာ ဖော်ပြနိုင်ပေလိမ့်မည်။
"ကြွားလွန်း" သည်ထက် ပို၍ "ကြွားလွန်း" နေခြင်းပင် ဖြစ်သည်။
ဤကမ္ဘာပျက်ကပ် ခံတပ်ယာဉ်ကြီး၏ ပိုင်ရှင်ကို မမြင်ရသေးခင်မှာပင် ချန်းရီက ထိုသူသည် မည်ကဲ့သို့သော လူစားမျိုး ဖြစ်မည်ကို ခန့်မှန်းကြည့်၍ ရနေပြီ ဖြစ်သည်။
ထိုမျှသာမက ဤကမ္ဘာပျက်ကပ် ခံတပ်ယာဉ်ကြီး၏ ပတ်ပတ်လည်တွင် မီးရောင်များ လင်းထိန်နေပြီး ခေါင်မိုးပေါ်ရှိ "ဧကရာဇ်" အလံကိုသာ လင်းထိန်နေစေခြင်း မဟုတ်ပေ။
ယာဉ်ကိုယ်ထည် တစ်ခုလုံးကိုပါ မီးရောင်များဖြင့် လင်းထိန်နေစေသည်။
ကားတစ်စီးလုံးကို ရှင်းလင်းပြတ်သားစွာ မြင်တွေ့နေရ၏။
သိပ္ပံစိတ်ကူးယဉ် ဆန်မှုများဖြင့် ပြည့်နှက်နေသည်။
ကားဘီး အရေအတွက်ကမူ မည်မျှရှိသည်ကိုပင် ရေတွက်၍ မရနိုင်လောက်အောင် များပြားလှသည်။
ချန်းရီက ထိုကားပေါ်ရှိ လူအတော်များများက သူတို့၏ ယာဉ်တန်းဘက်သို့ လှမ်းကြည့်နေကြသည်ကို မြင်တွေ့လိုက်ရသည်။
ကားပြတင်းမှန်များမှတစ်ဆင့် မျက်နှာအမူအရာကို သဲကွဲစွာ မမြင်ရသော မျက်နှာများကို မြင်တွေ့နိုင်လေသည်။
ဤဧရာမ ကားကြီးက အလွန် ကျဉ်းမြောင်းသော တောင်ကြားလမ်းကျဉ်းလေးထဲတွင် ရူးသွပ်စွာ ထွက်ပြေးနေပြီး ဝဝဖိုင့်ဖိုင့် လူတစ်ယောက်ကဲ့သို့ အလွန် သွက်လက်ဖျတ်လတ်နေ၏။
ထို့ပြင် အရှိန်ကလည်း အလွန် မြန်ဆန်လှသည်။
ထိုကမ္ဘာပျက်ကပ် ခံတပ်ယာဉ်ကြီး၏ ဘေးနားတွင် ရှိနေသော "ပျော်ရွှင်သော မင်းသားလေး" ကားငယ်လေး။
ထိုကားငယ်လေးကမူ မုဆိုးခွေးများ၏ လိုက်လံဖမ်းဆီးခြင်းကို ခံနေရသော ယုန်သူငယ်လေး တစ်ကောင်အလား တောင်တက်လမ်းပေါ်တွင် မယုံနိုင်လောက်အောင် မြန်ဆန်နေခဲ့သည်။
ချန်းရီပင်လျှင် အနည်းငယ် အံ့အားသင့်သွားရ၏။
ဤ "ပျော်ရွှင်သော မင်းသားလေး" ကားငယ်လေးက တကယ့်ကိုပင် သဘာဝတရား၏ စည်းမျဉ်းများကို ဆန့်ကျင်နေသကဲ့သို့ ဖြစ်နေသည်။
ဤကဲ့သို့သော လမ်းအခြေအနေမျိုးတွင်၊ ဤကဲ့သို့သော ကားမျိုးဖြင့်၊ ဤနေရာအထိ ထွက်ပြေးလာနိုင်လိမ့်မည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။
ယာဉ်တန်းထဲရှိ အခြားသူများကလည်း ထိုကားနှစ်စီးကို သတိထားမိသွားကြသည်မှာ ထင်ရှားသော်လည်း သူတို့၏ အရှိန်ကမူ အနည်းငယ်မျှ လျော့ကျသွားခြင်း မရှိပေ။
ရုတ်တရက် ကားကိုယ်ထည်က အနည်းငယ် တုန်ခါသွားပြီး ကားတစ်စီးလုံး စတင် ယိမ်းယိုင်သွားသည်။
ချန်းရီ၏ ရင်ထဲတွင် ဒိတ်ခနဲ ဖြစ်သွားပြီး တောင်တက်လမ်းပေါ်ရှိ ငေါထွက်နေသော ကျောက်တုံးကြီး တစ်တုံးကို သတိပြုမိလိုက်သည်။ သူက ခုနက ထိုအံ့မခန်း ကမ္ဘာပျက်ကပ် ခံတပ်ယာဉ်ကြီးကိုသာ အာရုံစိုက် ကြည့်နေခဲ့မိခြင်း ဖြစ်သည်။
ထို့ကြောင့် အာရုံလွင့်သွားကာ ရှောင်တိမ်းနိုင်ခြင်း မရှိခဲ့ပေ။
သို့မဟုတ်ပါက ကမ္ဘာပျက်ကပ် ပစ်ကပ်ကား၏ သီးသန့် နိုးကြားမှု စွမ်းရည်အရ ဤကဲ့သို့သော အခြေခံအမှားမျိုး ချန်းရီဆီတွင် ဖြစ်ပေါ်လာမည် မဟုတ်ချေ။
ကမ္ဘာပျက်ကပ် ပစ်ကပ်ကားကြီး လဲကျလုနီးပါး ဖြစ်သွားချိန်တွင် ချန်းရီ၏ ခါးနောက်ဘက်မှ မိုးမခကိုင်းက ထွက်ပေါ်လာပြီး လမ်းဘေးရှိ သစ်ပင်ကြီးတစ်ပင်ကို ရစ်ပတ်ကာ ကားကိုယ်ထည်ကို တိုက်ရိုက် ပြန်ဆွဲတင်လိုက်သည်။
ကားကိုယ်ထည် တည့်မတ်သွားချိန်တွင် မိုးမခကိုင်းက ချက်ချင်း ပြန်လည် ရုပ်သိမ်းသွား၏။
ကမ္ဘာပျက်ကပ် ပစ်ကပ်ကားက ရူးသွပ်စွာဖြင့် ရှေ့သို့ ဆက်လက် မောင်းနှင်သွားသည်။
မိုးပေါက်များက ကမ္ဘာပျက်ကပ် ပစ်ကပ်ကား၏ အရှေ့လေကာမှန်ပေါ်သို့ ရိုက်ခတ်နေသဖြင့် အရှေ့ဘက် အမြင်အာရုံကို အနည်းငယ် ဝါးတားတား ဖြစ်စေပြီး ချူချယ်၏ ကားနောက်မီးက ညအမှောင်ထဲတွင် သွေးရောင် အလင်းများ တောက်ပနေသည်။
နားထဲတွင် ပိုမိုကျယ်လောင်လာသော မိုးသံများနှင့်အတူ အနောက်ဘက်ရှိ ကျောင်းကားပေါ်မှ အသက်ရှင်ကျန်ရစ်သူများ၏ ထိတ်လန့်တကြား အော်ဟစ်သံများကို ကြားနေရသည်။
ပြဿနာက ထိုကျောက်တုံးကြီးပင် ဖြစ်နေပြန်သည်။
ချန်းရီတွင် ထိုငေါထွက်နေသော ကျောက်တုံးကြီးကြောင့် ဖြစ်ပေါ်လာမည့် ပြဿနာများကို ရှောင်ရှားနိုင်ရန် နည်းလမ်း ရှိသည်။
တင်းတုံတွင်လည်း သူမ၏ ကိုယ်ပိုင် နည်းလမ်း ရှိသည်။
သို့သော် ထိပ်ပြောင်ကြီး လောင်လီကမူ သာမန်လူ တစ်ယောက်သာ ဖြစ်ရာ အာရုံစူးစိုက်မှု ဖြစ်စေ၊ အမြင်အာရုံ ဖြစ်စေ၊ ယာဉ်မောင်းနှင်မှု စွမ်းရည် ဖြစ်စေ၊ အစွမ်းပိုင်ရှင် တစ်ယောက်နှင့် မည်သို့မျှ နှိုင်းယှဉ်၍ မရနိုင်ပေ။
ထို့ပြင် သည်းထန်စွာ ရွာသွန်းနေသော မိုးကြောင့် အမြင်အာရုံ ဝါးတားတား ဖြစ်နေသည့်အပြင် အမှောင်ထုကလည်း ကြီးစိုးနေသေးသည်။
ထိပ်ပြောင်ကြီး လောင်လီက ထိုကျောက်တုံးကို လုံးဝ သတိမထားမိခဲ့ပေ။
ကျောင်းကား၏ တစ်ဖက်ခြမ်းက ထိုငေါထွက်နေသော ကျောက်တုံးကြီးနှင့် တိုက်မိပြီး အထက်သို့ သိသိသာသာ လွင့်ပျံသွားသည်။
ချန်းရီ၏ မျက်ဝန်းများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။ ဤအချိန်တွင် သူနှင့် ကျောင်းကား၏ အကွာအဝေးက အနည်းငယ် ဝေးကွာနေ၏။
ယခုအချိန်တွင် လက်လှမ်းကူညီပေးရန် အချိန်မမီတော့ချေ။
ကားပေါ်ရှိ အသက်ရှင်ကျန်ရစ်သူများက တပြိုင်နက်တည်း ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။
ထိုအချိန်မှာပင် ထို "ပျော်ရွှင်သော မင်းသားလေး" ကားငယ်လေးက တောင်နံရံပေါ်မှနေ၍ တိုက်ရိုက် ခုန်ဆင်းလာပြီး ယိမ်းယိုင်နေသော ကျောင်းကား၏ ကိုယ်ထည်ကို ပြန်လည် တည့်မတ်သွားစေရန် ဝင်တိုက်ပေးလိုက်သည်ကို မြင်တွေ့လိုက်ရသည်။
ထိုအခါမှသာ ကားပေါ်ရှိ လူအားလုံး သက်ပြင်းကြီး ချနိုင်သွားကြတော့သည်။
ချန်းရီကမူ မျက်စိကို အနည်းငယ် မှေးစင်းထားလိုက်သည်။
ထိုလူ၏ ကားမောင်းစွမ်းရည်က ရုပ်ရှင်ကားများထဲမှ အထူးပြုလုပ်ချက် မြင်ကွင်းများနှင့်ပင် လုံးဝ ယှဉ်ပြိုင်နိုင်စွမ်း ရှိနေသည်။
သူကိုယ်တိုင်လည်း ထိုသို့ လုပ်ဆောင်နိုင်သော်လည်း။
ယခုကဲ့သို့သော လူတစ်ယောက် ထပ်မံ ထွက်ပေါ်လာခြင်းက လူကို ပိုမို သတိထားလာစေရန် ပြုလုပ်လိုက်သကဲ့သို့ပင်။
ထိုကမ္ဘာပျက်ကပ် ခံတပ်ယာဉ်ကြီးကမူ ထိုငေါထွက်နေသော ကျောက်တုံးကြီးကို နင်းဖြတ်သွားချိန်တွင် ခံတပ်ကြီး တစ်ခုလုံး အနည်းငယ်မျှပင် ယိမ်းယိုင်သွားခြင်း မရှိပေ။ ဤကျောက်တုံးကြီးသည် ထိုကားကြီးအတွက် ဆင်ကြီးတစ်ကောင်၏ ခြေအောက်မှ ကျောက်စရစ်ခဲလေး တစ်လုံးသာသာမျှသာ ဖြစ်ကောင်း ဖြစ်ပေလိမ့်မည်။
"ခေါင်းဆောင်ချူ... ဒါက ဘာတွေလဲ"
ပန်းရောင်ဆံပင်နှင့် ကောင်မလေးက ဆက်သွယ်ရေးစက်ထဲမှ ပထမဆုံး အသံထွက်လာသူ ဖြစ်သည်။
ယုတ္တိအရ စဉ်းစားကြည့်လျှင် အခြားယာဉ်တန်းတစ်ခု ဖြစ်နေပါက ချူချယ် မသိစရာ အကြောင်း မရှိပေ။
သို့သော် ချူချယ်က အခြားယာဉ်တန်းနှင့် ပူးပေါင်းမည့် ကိစ္စကို တစ်ခွန်းမျှ ထုတ်ပြောခဲ့ခြင်း မရှိခဲ့ချေ။
ဤကိစ္စက အလွန် ပုံမှန်မဟုတ်ပေ။
"လမ်းပြသူရဲ့ အငွေ့အသက်ကို ငါ အာရုံမခံမိသလို လမ်းပြသူဆီက သတင်းစကားလည်း မရခဲ့ဘူး... ဒီယာဉ်တန်းမှာ လမ်းပြသူ မရှိဘူး"
"ဘာ... "
လမ်းပြသူ မရှိဘူး ဟုတ်လား။
ဤကိစ္စက တကယ့်ကိုပင် မယုံကြည်နိုင်စရာ ကောင်းလှသည်။
ကမ္ဘာပျက်ကပ်ကြီးထဲတွင် လမ်းပြသူ မပါဘဲနှင့် ဤလူတွေက မည်သို့ အသက်ရှင် ကျန်ရစ်နေခဲ့ကြသနည်း။
"ကားမောင်းတာကိုပဲ အာရုံစိုက်ထား... ဒီနေရာကနေ အရင် ထွက်သွားကြရအောင်"
"အချိန် သိပ်မကျန်တော့ဘူး"
"အားလုံးပဲ အရှိန်နည်းနည်း ထပ်တင်လိုက်ကြ"
ချူချယ်၏ အသံထဲတွင် အနည်းငယ် အလျင်လိုနေမှုများ ပါဝင်နေသည်။
"အမဝမ်းကွဲ... ရေ... ရေတွေ ရှိတယ်"
ထိုအသံမှာ ရှောင်ယွီ၏ ထိတ်လန့်တကြား အော်ဟစ်သံ ဖြစ်ပြီး သူမ၏ အသံထဲတွင် ထိတ်လန့်ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။
ကားမီးရောင်အောက်တွင် တောင်တက်လမ်းပေါ်၌ ရေဝပ်မှုများ စတင် ဖြစ်ပေါ်နေပြီကို ချန်းရီ ရှင်းလင်းပြတ်သားစွာ မြင်တွေ့နိုင်လေသည်။
ကားဘီးများ ဖြတ်သန်းသွားတိုင်း ရေဗွက်များ မြင့်မားစွာ လွင့်စင်သွားသည်။
ဤကဲ့သို့သော အချိန်မျိုးတွင် ရေဝပ်နေခြင်းက သေချာပေါက် ကောင်းသော လက္ခဏာ မဟုတ်ပေ။
ရေဝပ်မှုက ကားအရှိန်ကို လျော့ကျသွားစေနိုင်သည်။
ချူချယ်၏ အသံထဲမှ တစ်ဆင့် ယခုအချိန်သည် မည်မျှ တန်ဖိုးရှိနေကြောင်းကို နားလည်နိုင်ရန် မခက်ခဲလှချေ။
"အမဝမ်းကွဲ... ဘယ်လို လုပ်ကြမလဲဟင်"
ရှောင်ယွီ၏ အသံထဲတွင် ငိုသံလေးပင် ပါဝင်နေသည်။
ဤကောင်မလေးက ပုံမှန်ဆိုလျှင် အမြဲတမ်း မောက်မောက်မာမာ နေတတ်သော်လည်း ဤကဲ့သို့ ကြောက်လန့်သွားရသည့် နေ့တစ်နေ့ ရှိလာလိမ့်မည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။
"ဘယ်လိုလုပ်ရမလဲဆိုတော့ ငိုချလိုက်ပေါ့... ခဏလောက် ငိုလိုက်ရင် သက်သာသွားလိမ့်မယ်"
ဆက်သွယ်ရေးစက်ထဲမှ ချန်းရီ၏ နောက်ပြောင်နေသော အသံ ထွက်ပေါ်လာသည်။
"ချန်းရီ... လူယုတ်မာ"
"ငါ့ရဲ့ တိုင်းသူပြည်သားတို့... မင်္ဂလာပါ"
ထိုအချိန်မှာပင် အလွန်တရာ ကြွားဝါမောက်မာနေသော အသံတစ်သံက ဆက်သွယ်ရေးစက် လိုင်းထဲသို့ ဝင်ရောက်လာသည်။
ထို့ပြင် ထိုအသံနေအသံထားနှင့် စကားလုံးများက ဂန္တဝင်ဆန်ချင်ယောင် ဆောင်ထားသလို ကြွားဝါချင်ယောင် ဆောင်ထားသလို ဖြစ်နေပြီး အနည်းငယ် အရိုက်ခံချင်စရာ ကောင်းနေသည်။
ချန်းရီက သူ၏ သွေးရောင် မျက်ဝန်းများကို အနည်းငယ် မှေးစင်းလိုက်ပြီး ရုတ်တရက် သူ့လက်ဖဝါးများ ယားယံလာသကဲ့သို့ ခံစားလိုက်ရသည်။ တစ်ခွန်းတည်းသာ ကြားလိုက်ရသော်လည်း။
လူတစ်ယောက်ကို ရိုက်နှက်ချင်လာသော စိတ်ဆန္ဒက ပြင်းပြလာသည်။
ထို့ပြင် ထိုခံစားချက်က ရူးသွပ်စွာပင် ကြီးထွားလာနေ၏။
"ငါကိုယ်တော်က ဧကရာဇ်ပဲ... မင်းတို့က ကိုယ်တော့်ကို အရှင်မင်းကြီး ဒါမှမဟုတ် အရှင်သခင်... ဒါမှမဟုတ် ခမည်းတော် လို့ ခေါ်လို့ရတယ်"
"ငါကိုယ်တော်... ဘာကိုမှ စိတ်မရှိဘူး"
"ငါကိုယ်တော်က ကောင်းကင်ဘုံရဲ့ သားတော် ဖြစ်တဲ့အတွက်... ဒီလောက် သည်းခံနိုင်စွမ်းလေးတော့ ရှိပါတယ်"
ချန်းရီ၏ မျက်ထောင့်များ အနည်းငယ် တွန့်လိမ်သွားသည်။ ဤမျှ အရိုက်ခံချင်စရာကောင်းသော လူမျိုးကို သူ တစ်ခါမျှ မကြုံဖူးခဲ့ချေ။
ယခုအချိန်တွင် ရူးသွပ်စွာ ထွက်ပြေးနေရသည့် အခြေအနေမျိုး ဖြစ်နေလျှင်တောင်မှ။
ချန်းရီက ဤလူကို အသေအလဲ ထိုးကြိတ်ချင်စိတ် ပေါက်နေဆဲပင်။
ချန်းရီက သူ့လက်ဖဝါးကို ကုတ်လိုက်ပြီး ရင်ထဲတွင်လည်း လူကို အရမ်း အရမ်း အရမ်း ရိုက်ချင်နေသော ခံစားချက်မျိုး ဖြစ်ပေါ်လာသည်။
ယခု အခြေအနေက အလွန် အရေးပေါ် ဖြစ်နေလျှင်တောင်မှ။
ဤခံစားချက်ကို တားဆီးနိုင်ရန် နည်းလမ်း မရှိသေးပေ။
"ငါကိုယ်တော်ရဲ့ ဒီတစ်ခေါက် တောင်ပိုင်းခရီးစဉ်မှာ... ဒီလို သဘာဝဘေးအန္တရာယ်မျိုးနဲ့ ကြုံတွေ့ခဲ့ရတယ်... ဟူး... "
"ကိုယ်တော့်ကိုပဲ အပြစ်တင်ရမှာပါ... ငါကိုယ်တော်က သီလနည်းပါးခဲ့လို့... ကောင်းကင်ဘုံက ဒီလို ဘေးအန္တရာယ်မျိုး ကျရောက်စေပြီး... ငါကိုယ်တော်ရဲ့ တိုင်းသူပြည်သားတွေကို ဒုက္ခရောက်စေခဲ့တာပါ"
"ငါကိုယ်တော်... အရမ်း ရင်နာရပါတယ်"
"မင်းတို့လို အောက်ခြေလူတန်းစားတွေက... သိပ်ပြီး အသုံးမဝင်လှပေမယ့်... အားလုံးက ငါကိုယ်တော်ရဲ့ တိုင်းသူပြည်သားတွေပါပဲ"
"ငါကိုယ်တော်က ဧကရာဇ် ဖြစ်တဲ့အတွက်... မင်းတို့ရဲ့ အဖေလည်း ဖြစ်တယ်"
"ထားပါတော့... ဆက်မပြောတော့ပါဘူး... မင်းတို့က အရှေ့ကနေ လမ်းသေချာပြပေးကြ... ခဏနေရင် ငါကိုယ်တော် ဆုလာဘ်ကြီးကြီး ချီးမြှင့်ပေးမယ်"
"ရှောင်ချန်းလေး... ခုနက မင်းလုပ်သွားတာ မဆိုးပါဘူး... ခဏနေရင် ငါကိုယ်တော်... ဆုလာဘ်ကြီးကြီး ချီးမြှင့်ပေးမယ်"
ရှောင်ချန်းလေး။
ချန်းရီ၏ သွေးရောင် မျက်ဝန်းများက ရူးသွပ်စွာ တွန့်လိမ်သွားသည်။
မဟုတ်သေးဘူး... ဒီသောက်ရူးက ဘယ်သူလဲ။
ငါ့မျိုးရိုးနာမည်က ချန်း မှန်း ဘယ်လိုလုပ် သိနေတာလဲ။
ဒီအခေါ်အဝေါ်က။
ရှောင်ချန်းလေး ဟုတ်လား။
ဘယ်လို နားထောင်နားထောင် အဆင်မပြေလိုက်တာ။
လူကို အရမ်း ရိုက်ချင်လာပြီ။
အရမ်းကို ရိုက်ချင်နေပြီ။
ငါ လုပ်တာ မဆိုးဘူးလို့တောင် ပြောသွားသေးတယ် ဟုတ်လား။
သောက်ခွေး။
"မဟုတ်သေးဘူး... ဒီငတုံးက ဘယ်သူလဲ"
ဆက်ရန်...